Lucas 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 ကိုယ်တော်သည် မိမိ၏တရားတော်ကို လူတို့ ကြားနာကြစေရန် ဟောပြောသွန်သင်ပြီးသောအခါ ကာဖာနာအုမ်မြို့သို့ ဝင်တော်မူ၏။-
1 Quando Jesus acabou de dizer essas coisas ao povo, foi para a cidade de Cafarnaum.
2 ထိုအခါ ထိုမြို့၌ရှိသော လူတစ်ရာတပ်မှူးတွင် သူအလွန်အားထားရသောအစေခံတစ်ဦးရှိပြီး ထိုသူသည် သေလုနီးပါးဖျား နာလျက်ရှိ၏။-
2 Havia ali um oficial romano que tinha um empregado a quem estimava muito. O empregado estava gravemente doente, quase morto.
3 လူတစ်ရာတပ်မှူးသည် ယေဇူးသခင်၏ အကြောင်းကိုကြားသောအခါ ဂျူးလူမျိုးသက်ကြီးဝါကြီးတို့ကို အထံတော်သို့ စေလွှတ်၍ မိမိ၏အစေခံအား လာရောက်ကုသပေးပါမည့်အကြောင်း လျှောက်ထားလေ၏။-
3 Quando o oficial ouviu falar de Jesus, enviou alguns líderes judeus para pedirem a ele que viesse curar o seu empregado.
4 ထိုသူတို့သည်လည်း ယေဇူးထံတော်သို့ ရောက်ကြသောအခါ ကိုယ်တော်အား အသနားခံတောင်းလျှောက်ကြသည်မှာ ကိုယ်တော်သည် သူ့အတွက် ဤအရာကို ပြုလုပ်ပေးရန် သူသည် ထိုက်တန်ပါသည်။-
4 Eles foram falar com Jesus e lhe pediram com insistência: — Esse homem merece, de fato, a sua ajuda,
5 အကြောင်းမူကား သူသည် အကျွန်ုပ်တို့၏လူမျိုးကို ချစ်မြတ်နိုး၍ အကျွန်ုပ်တို့အတွက် တရားဇရပ်ကိုဆောက်လုပ်ပေး ထားပါသည်ဟုဆိုကြ၏။-
5 pois estima muito o nosso povo e até construiu uma sinagoga para nós.
6 ယေဇူးသည်လည်း ထိုသူတို့နှင့်အတူ လိုက်ပါသွား၍ အိမ်နှင့်မလှမ်းမကမ်းအရပ်သို့ ရောက်တော်မူသောအခါ လူတစ်ရာ တပ်မှူးသည် မိတ်ဆွေတို့ကို အထံတော်သို့စေလွှတ်၍ ကိုယ်တော်အား လျှောက်ထားစေသည်ကား သခင်၊ အပင်ပန်းခံတော်မမူ ပါနှင့်။ အကြောင်းမူကား အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွဝင်တော်မူသည်ကို အကျွန်ုပ်မခံထိုက်ပါ။-
6 Então Jesus foi com eles. Porém, quando já estava perto da casa, o oficial romano mandou alguns amigos dizerem a Jesus: — Senhor, não se incomode, pois eu não mereço que entre na minha casa.
7 ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်တော့်ထံသို့ ကိုယ်တိုင်လာထိုက်သူဟူ၍ မခံယူပါ။ သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိ တော်မူ၍ အကျွန်ုပ်၏အစေခံကိုရောဂါပျောက် ကင်းစေတော်မူပါ။-
7 E acho também que não mereço a honra de falar pessoalmente com o senhor. Dê somente uma ordem, e o meu empregado ficará bom.
8 အကြောင်းမူကား အကျွန်ုပ်သည်လည်း မင်းအာဏာစက်အောက်၌ရှိသူဖြစ်၍ အကျွန်ုပ်၏လက်အောက်တွင် စစ်သူရဲများ ရှိပါ၏။ တစ်ယောက်ကို သွားလော့ဟု အကျွန်ုပ်ဆိုလျှင် သူသည် သွားပါ၏။ အခြားတစ်ယောက်ကို လာခဲ့ဟု အကျွန်ုပ်ဆိုလျှင် သူသည် လာပါ၏။ အကျွန်ုပ်၏အစေခံကိုလည်း ဤအမှုကို လုပ်လော့ဟုဆိုလျှင် သူသည် ၎င်းကိုလုပ်ပါ၏ဟု လျှောက် ထားလေ၏။-
8 Eu também estou debaixo da autoridade de oficiais superiores e tenho soldados que obedecem às minhas ordens. Digo para um: “Vá lá”, e ele vai. Digo para outro: “Venha cá”, e ele vem. E digo também para o meu empregado: “Faça isto”, e ele faz.
9 ယေဇူးသည် ထိုစကားကိုကြားရလျှင် သူ့၌အံ့ဩ၍ မိမိ၏နောက်တော်တွင် လိုက်ပါလာကြသော လူအစုအဝေးဘက်သို့ လှည့်ပြီးလျှင် သင်တို့အား ငါဆိုသည်ကား ဤသို့သောယုံကြည်ခြင်းမျိုးကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။-
9 Jesus ficou muito admirado quando ouviu isso. Então virou-se e disse para a multidão que o seguia:
10 စေလွှတ်ခြင်းခံရသော သူတို့သည်လည်း အိမ်သို့ပြန်ရောက်ကြသောအခါ အစေခံဖြစ်သူမှာ ကျန်းမာလျက်ရှိနေသည်ကို တွေ့ ကြလေ၏။
10 Aí os amigos do oficial voltaram para a casa dele e encontraram o empregado curado.
11 ထို့နောက် ကိုယ်တော်သည် နာအိမ်ဟုခေါ်သော မြို့သို့ကြွတော်မူသောအခါ တပည့်တော်တို့နှင့် များစွာသော လူအစုအဝေး တို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါသွားကြ၏။-
11 Pouco tempo depois Jesus foi para uma cidade chamada Naim. Os seus discípulos e uma grande multidão foram com ele.
12 ကိုယ်တော်သည် မြို့တံခါးအနီးသို့ ချဉ်းကပ်တော်မူစဉ် သေပြီးသောသူတစ်ယောက်ကို ထုတ်ဆောင်လာကြ၏။ သေသောသူသည်ကား မိခင်မုဆိုးမ၏ တစ်ဦးတည်းသောသားဖြစ်၏။ များစွာသောမြို့ သူမြို့သားတို့သည်လည်း သူမနှင့်အတူ လိုက်ပါလာကြ ၏။-
12 Quando ele estava chegando perto do portão da cidade, ia saindo um enterro. O defunto era filho único de uma viúva, e muita gente da cidade ia com ela.
13 ကိုယ်တော်သည်လည်း သူမကိုမြင်လျှင် သူမအပေါ် သနားစိတ်ဖြစ်ပေါ်သဖြင့် မငိုကြွေးလေနှင့်ဟု သူမအား မိန့်တော်မူ၏။-
13 Quando o Senhor a viu, ficou com muita pena dela e disse:
14 ထို့နောက် ကိုယ်တော်သည် ချဉ်းကပ်လျက် အလောင်းစင်ကိုတို့ထိတော်မူသဖြင့် ထမ်းထားသောသူတို့သည်လည်း ရပ်နေကြလေ၏။ ကိုယ်တော်ကလည်း အချင်းလူငယ်၊ သင့်ကို ငါအမိန့်ပေး၏၊ ထလော့ဟု မိန့်တော်မူလျှင်၊-
14 Então ele chegou mais perto e tocou no caixão. E os que o estavam carregando pararam. Então Jesus disse:
15 သေသောသူသည် ထထိုင်၍ စကားပြောလေ၏။ ကိုယ်တော်သည်လည်း သူ့ကို သူ၏မိခင် ထံသို့ပြန်အပ်လိုက်လေ၏။-
15 O moço sentou-se no caixão e começou a falar, e Jesus o entregou à mãe.
16 ရှိသမျှသောလူတို့သည်လည်း ကြောက်ရွံ့တုန်လှုပ်ကြ၍ ဘုရားသခင်ကိုချီးမွမ်းကြလျက် ငါတို့အလယ်တွင် ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိ၏လူမျိုးတော်ကို ကြည့်ရှုတော်မူပြီဟုဆိုကြ၏။-
16 Todos ficaram com muito medo e louvavam a Deus, dizendo: — Que grande
17 ကိုယ်တော်၏ သတင်းတော်သည်လည်း ဂျုဒပြည်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်အရပ်ရပ်တို့တွင် ပျံ့နှံ့သွားလေ၏။
17 Essas notícias a respeito de Jesus se espalharam por todo o país e pelas regiões vizinhas.
18 ယောဟန်၏တပည့်တို့သည်လည်း ဤအကြောင်းအရာအားလုံးကို ယောဟန်အား ပြောကြားကြ၏။-
18 Os discípulos de João Batista contaram tudo isso a ele. Aí João chamou dois deles
19 ထိုအခါ ယောဟန်သည် မိမိ၏တပည့်နှစ်ယောက်ကို ခေါ်ပြီးလျှင် ယေဇူးထံတော်သို့စေလွှတ်၍ ကိုယ်တော်သည် ကြွလာတော်မူမည့်သူဖြစ်သလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသောသူကို စောင့်မျှော်ရမည်လောဟု မေးမြန်းစေ၏။-
19 e os enviou ao Senhor Jesus para perguntarem: “O senhor é aquele que ia chegar ou devemos esperar outro?”
20 သူတို့သည်လည်း အထံတော်သို့ ရောက်ကြသောအခါ ယောဟန်ဘတ္တိဇံက အကျွန်ုပ်တို့ကို ကိုယ်တော်ထံသို့စေလွှတ်၍ ဤသို့မေးလျှောက်စေပါသည်။ ကိုယ်တော်သည် ကြွလာတော်မူမည့်သူ ဖြစ်ပါသလော၊ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသော သူကို စောင့်မျှော်ရမည်လောဟု လျှောက်ထားကြ၏။-
20 Então eles foram até o lugar onde Jesus estava e disseram: — João Batista nos mandou perguntar o seguinte: o senhor é aquele que ia chegar ou devemos esperar outro?
21 ထိုအချိန်နာရီ၌ ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးပူးခြင်းတို့မှ ပျောက်ကင်းချမ်းသာ စေတော်မူပြီး မျက်စိမမြင်သူများစွာတို့ကိုလည်း မျက်စိအလင်းပြန်ရစေ ခဲ့ပြီးဖြစ်၏။-
21 Naquele momento Jesus curou muitas pessoas das suas doenças e dos seus sofrimentos, expulsou espíritos maus e também curou muitos cegos.
22 ကိုယ်တော်ကလည်း ထိုသူတို့အား သင်တို့ မြင်ရ၊ ကြားရသမျှတို့ကို ယောဟန်ထံသို့သွား၍ ပြောကြားလော့။ မျက်စိ မမြင်သောသူတို့သည် မျက်စိမြင်ကြ ရပြီ။ ခြေမသန်သောသူတို့သည် လျှောက်လှမ်းသွားကြပြီ။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြပြီ။ သေသောသူတို့သည် အသက်ပြန်ရှင်ကြ ပြီ။ ဆင်းရဲသားတို့သည်လည်း သတင်းကောင်းကို ကြား နာကြရပြီ။-
22 Depois respondeu aos discípulos de João:
23 ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု မိန့်တော်မူ၏။
23 E felizes são as pessoas que não duvidam de mim!
24 ယောဟန်စေလွှတ်လိုက်သောသူတို့ ထွက်သွားကြသောအခါ ကိုယ်တော်သည် ယောဟန်ကိုအကြောင်းပြု၍ လူအစုအဝေး တို့အား မိန့်တော်မူသည်ကား သင်တို့သည် မည်သည့်အရာကို ကြည့်ရှုအံ့သောငှာ တောအရပ်သို့ ထွက်သွားကြသနည်း။ လေအလာတွင် လှုပ်ခါယိမ်းထိုးနေသော ကျူပင်ကိုလော။-
24 Quando os discípulos de João foram embora, Jesus começou a dizer ao povo o seguinte a respeito de João:
25 သို့ဖြစ်လျှင် မည်သည့်အရာကိုကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ နူးညံ့သောဝတ်ရုံကို ဝတ်ဆင်ထားသော သူကိုလော။ လှပတင့်တယ်စွာဝတ်ဆင်၍ စည်းစိမ်ခံစားကြသော သူတို့သည်ကား ဘုရင့်နန်းတော်များ၌နေတတ်ကြ၏။-
25 O que foram ver? Um homem bem-vestido? Ora, os que se vestem bem e vivem no luxo moram nos palácios!
26 သို့ဖြစ်လျှင် မည်သည့်အရာကို ကြည့်ရှုခြင်းငှာ သင်တို့ထွက်သွားကြသနည်း။ ပရောဖက်ကိုလော။ မှန်ပေ၏။ ပရော ဖက်ထက် ကြီးမြတ်သောသူပင်ဖြစ်သည်ဟု သင်တို့အား ငါဆို၏။-
26 Então me digam: o que foram ver? Um
27 ကြည့်လော့။ သင်သွားရန်လမ်းကို ပြင်ဆင်မည့် ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားချက်သည် ဤသူကိုဆိုလို ခြင်းဖြစ်၏။-
27 Porque João é aquele a respeito de quem as
28 သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ ဖွားမြင်သောသူတို့တွင် ယောဟန်ဘတ္တိဇံထက် ပို၍ကြီးမြတ်သောသူမရှိချေ။ သို့သော် ဘုရားသခင်၏နိုင်ငံတော် ၌ အနိမ့်ကျဆုံးသောသူသည်ကား ယောဟန်ထက်ပို၍ ကြီးမြတ်၏။-
28 — Eu digo a vocês que de todos os homens que já nasceram João é o maior. Porém quem é o menor no
29 လူအပေါင်းတို့နှင့် အခွန်ခံသူတို့သည် ယောဟန်ထံမှ ဆေးကြောခြင်းကို ခံယူခဲ့ကြရသောကြောင့် ထိုစကားကို ကြားကြ သောအခါ ဘုရားသခင်၏ တရားမျှတခြင်းကို သိမှတ်ဝန်ခံကြ၏။-
29 Os cobradores de impostos e todo o povo ouviram isso. Eles eram aqueles que haviam obedecido às ordens justas de Deus e tinham sido batizados por João.
30 ဖာရီဇေးဦးများနှင့် ကျမ်းတတ်ဆရာတို့မူကား ယောဟန်ထံမှဆေးကြော ခြင်းကို မခံယူခဲ့ကြသဖြင့် မိမိတို့အတွက်ဖြစ်သော ဘုရားသခင်၏အစီအမံတော်ကို ငြင်းပယ်ကြလေ၏။
30 Mas os fariseus e os mestres da Lei não quiseram ser batizados por João e assim rejeitaram o plano de Deus para eles.
31 ထို့နောက် ကိုယ်တော်က သို့ဖြစ်လျှင် ငါသည် ဤလူမျိုးဆက်ကို မည်သည့်အရာနှင့် ပုံခိုင်းနှိုင်းရမည်နည်း။ သူတို့သည် မည်သည့်အရာနှင့်တူကြသနည်း။-
31 E Jesus terminou, dizendo:
32 ဤသူတို့သည် ဈေးအလယ်၌ထိုင်နေကြလျက် ငါတို့သည် သီဆိုတီးမှုတ်ပေးကြသော်လည်း သင်တို့သည် မကခုန်ကြ၊ ငါတို့ ညည်းတွားမြည်တမ်းသော်လည်း သင်တို့မငိုကြဟု အချင်းချင်းပြောဆိုနေကြသော ကလေးသူငယ်များနှင့်တူကြ၏။-
32 Elas são como crianças sentadas na praça. Um grupo grita para o outro:
33 အကြောင်းမူကား ယောဟန်ဘတ္တိဇံသည် အစားအစာကိုမစား၊ စပျစ်ရည်ကိုလည်း မသောက်ဘဲ လာသောအခါ သင်တို့က သူသည် နတ်ဆိုးပူးနေသည် ဟုဆိုကြ၏။-
33 João Batista jejua e não bebe vinho, e vocês dizem: “Ele está dominado por um demônio.”
34 လူသားသည် စားသောက်လျက်လာသောအခါ သင်တို့က ကြည့်လော့၊ ဤသူသည် အစားကြူးသောသူ၊ သေရည် သောက်ကြူးသောသူဖြစ်၍ အခွန်ခံသူတို့နှင့် အပြစ်ရှိသောသူတို့၏ မိတ်ဆွေပင်ဖြစ်သည်ဟု ဆိုကြ၏။-
34 O
35 ဉာဏ်ပညာတော်သည်ကား မိမိသားသမီးတို့ ၏အသိအမှတ်ပြုခြင်းကိုခံရသည်ဟု မိန့်တော်မူ၏။
35 Mas aqueles que aceitam a sabedoria de Deus mostram que ela é verdadeira.
36 ဖာရီဇေးဦးတစ်ယောက်သည် မိမိနှင့်အတူ အစာသုံးဆောင်ရန် ကိုယ်တော့်ကိုခေါ်ဖိတ်သဖြင့် ကိုယ်တော်သည် ထိုဖာရီဇေးဦး၏ အိမ်သို့ဝင်၍ စားပွဲ၌ထိုင်တော်မူလေ၏။-
36 Um fariseu convidou Jesus para jantar. Jesus foi até a casa dele e sentou-se para comer.
37 ထိုအချိန်၌ မြို့ထဲမှအပြစ်ရှိသူ အမျိုးသမီးတစ်ဦးသည် ဖာရီဇေးဦး၏ အိမ်ရှိစားပွဲ၌ ကိုယ်တော် ထိုင်နေတော်မူကြောင်းကို ကြားသိလျှင် ကျောက်ဖြူဘူးတစ်လုံးဖြင့် ဆီမွှေးကို ယူဆောင်လာ၏။-
37 Naquela cidade morava uma mulher de má fama. Ela soube que Jesus estava jantando na casa do fariseu. Então pegou um frasco feito de alabastro , cheio de perfume,
38 ထို့နောက် သူမသည် ကိုယ်တော်၏ အနောက်ဘက်၊ ခြေတော်ရင်း၌ရပ်ကာ ငိုကြွေးလျက် ကိုယ်တော်၏ ခြေတို့ကို သူမ၏မျက်ရည်တို့ဖြင့် စိုစွတ်စေပြီးမှ ယင်းတို့ကို သူမ၏ဦးခေါင်းရှိဆံပင်ဖြင့် သုတ်လေ၏။ သူမသည် ကိုယ်တော်၏ ခြေတို့ကိုလည်း နမ်းပြီးလျှင် ဆီမွှေးဖြင့် လိမ်းကျံလေ၏။-
38 e ficou aos pés de Jesus, por trás. Ela chorava e as suas lágrimas molhavam os pés dele. Então ela os enxugou com os seus próprios cabelos. Ela beijava os pés de Jesus e derramava o perfume neles.
39 ကိုယ်တော့်ကို ခေါ်ဖိတ်သော ဖာရီဇေးဦးသည်လည်း ဤအခြင်းအရာကို မြင်လေသော် ဤသူသည် ပရောဖက်ဖြစ်ပါလျှင် မိမိ၏ ခြေကိုကိုင်သောအမျိုးသမီးသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ သူမသည် မည်ကဲ့သို့သောအမျိုးသမီးဖြစ်သည် ကိုလည်းကောင်း သိပေလိမ့်မည်။ အကြောင်းမူကား သူမသည် အပြစ်ရှိသောသူဖြစ်သည်ဟု စိတ်ထဲ၌ဆိုလေ၏။-
39 Quando o fariseu viu isso, pensou assim: “Se este homem fosse, de fato, um profeta , saberia quem é esta mulher que está tocando nele e a vida de pecado que ela leva.”
40 ယေဇူးကလည်း စီမွန်၊ သင့်အား ငါပြောစရာ တစ်ခုရှိသည်ဟု သူ့အား မိန့်တော်မူလျှင် သူက အမိန့်ရှိတော်မူပါ ဆရာသခင်ဟု ပြန်ဖြေလေ၏။-
40 Jesus então disse ao fariseu: — Fale, Mestre! — respondeu Simão.
41 ကိုယ်တော်က ငွေချေးသောသူတစ်ဦးထံ၌ အကြွေးတင်နေသူနှစ်ဦးရှိ ၏။ တစ်ဦးသည် ငွေဒေနာရီငါးရာ၊ အခြားတစ်ဦးသည် ကား ငါးဆယ်အကြွေးတင်လျက်ရှိကြ၏။-
41 Jesus disse:
42 သူတို့သည် အကြွေးမဆပ်နိုင်ကြသဖြင့် ငွေချေးသူသည်လည်း သူတို့နှစ်ဦးစလုံး၏ အကြွေးများကို လျှော်ပစ်လိုက်လေ၏။ သို့ဖြစ်လျှင် ထိုသူနှစ်ဦးတွင် မည်သူသည် ကြွေးရှင်ကို ပို၍ချစ်မည်နည်းဟု မေးတော်မူ၏။-
42 mas nenhum dos dois podia pagar ao homem que havia emprestado. Então ele perdoou a dívida de cada um. Qual deles vai estimá-lo mais?
43 စီမွန်ကလည်း အကြွေးများစွာလျှော်ပစ်ခြင်းခံရသူသည် ပို၍ချစ်မည်ထင်ပါသည်ဟု လျှောက်လေ၏။ ကိုယ်တော်ကလည်း သင်သည် မှန်ကန်စွာဖြေဆိုလေပြီဟု မိန့်တော်မူ၏။
43 — Eu acho que é aquele que foi mais perdoado! — respondeu Simão.
44 ထို့နောက် ကိုယ်တော်သည် အမျိုးသမီးဘက်သို့ လှည့်၍ စီမွန်အား မိန့်တော်မူသည်မှာ ဤအမျိုးသမီးကို သင်မြင်သလော။ ငါသည် သင်၏အိမ်ထဲသို့ဝင်လာသောအခါ ငါ၏ခြေတို့ကိုဆေးရန် သင်သည် ငါ့အား ရေကိုမပေး။ သို့သော် သူမသည် မျက်ရည်ဖြင့် ငါ၏ခြေကိုဆေး ပြီးမှ သူမ၏ဆံပင်နှင့် သုတ်လေ၏။-
44 Então virou-se para a mulher e disse a Simão:
45 သင်သည် ငါ့ကို မနမ်း။ သူမသည်ကား ငါဝင်လာသည့်အချိန်မှစ၍ ငါ၏ခြေတို့ကို အဆက်မပြတ်နမ်း၏။-
45 Você não me beijou quando cheguei; ela, porém, não para de beijar os meus pés desde que entrei.
46 သင်သည် ငါ၏ဦးခေါင်းကို ဆီနှင့်မလိမ်း။ သူမသည်ကား ငါ၏ခြေကို ဆီမွှေးဖြင့် လိမ်းကျံ၏။-
46 Você não pôs azeite perfumado na minha cabeça , porém ela derramou perfume nos meus pés.
47 ထို့ကြောင့် သင့်အား ငါဆိုသည်ကား များပြားလှသောသူမ၏အပြစ်တို့သည် ခွင့်လွှတ်ခြင်းခံရလေပြီ။ အကြောင်းမူကား သူမသည် များစွာချစ်၏။ အနည်းငယ်သာ အပြစ်လွှတ်ခြင်းခံရသူသည် အနည်းငယ်သာချစ်၏ဟု မိန့်တော်မူ၏။-
47 Eu afirmo a você, então, que o grande amor que ela mostrou prova que os seus muitos pecados já foram perdoados. Mas onde pouco é perdoado, pouco amor é mostrado.
48 ထို့နောက် ကိုယ်တော်က သူမအား သင်၏အပြစ်များလွတ်လေပြီဟု မိန့်တော်မူ၏။-
48 Então Jesus disse à mulher:
49 ထိုအခါ ကိုယ်တော်နှင့်အတူ စားပွဲ၌ထိုင်နေကြသောသူတို့က အပြစ်များကိုပင် ဖြေလွှတ်သောဤသူသည် မည်သူနည်းဟု အချင်းချင်းပြောဆိုကြလေ၏။-
49 Os que estavam sentados à mesa começaram a perguntar: — Que homem é esse que até perdoa pecados?
50 ကိုယ်တော်ကလည်း သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်လေပြီ၊ ငြိမ်းချမ်းသာယာခြင်းနှင့် သွားလော့ဟု အမျိုးသမီးအား မိန့်တော်မူ၏။
50 Mas Jesus disse à mulher:
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.