Lucas 6
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ဥပုသ်နေ့တစ်နေ့တွင် ယေဇူးသည် ဂျုံခင်းများကို ဖြတ်လျှောက်၍ သွားစဉ် ကိုယ်တော်၏ တပည့်တော်တို့သည် ဂျုံအနှံ များကို ဆွတ်ခူးကာ လက်ဖြင့်ပွတ်နယ်၍ စားကြ၏။-
1 Certo sábado, enquanto Jesus passava pelas lavouras de cereal, seus discípulos começaram a colher e a debulhar espigas com as mãos, comendo os grãos.
2 သို့သော် အချို့သောဖာရီဇေးဦးတို့က သင်တို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို အဘယ်ကြောင့် ပြုကြသနည်းဟု ဆိုကြ၏။-
2 Alguns fariseus perguntaram: "Por que vocês estão fazendo o que não é permitido no sábado? "
3 ထိုအခါ ယေဇူးကလည်း ဒါဝိဒ်မင်းကြီးသည် ဆာလောင်သောအခါ မိမိနှင့်အတူပါလာသော သူတို့နှင့်တကွ မည်သို့ပြုမူ ခဲ့ကြောင်းကို သင်တို့မဖတ်ဖူးကြသလော။-
3 Jesus lhes respondeu: "Vocês nunca leram o que fez Davi, quando ele e seus companheiros estavam com fome?
4 သူသည် ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ရဟန်းများမှတစ်ပါး မည်သူမျှမစားအပ်သော ရှေ့တော်တင်မုန့်ကိုယူ၍ စားပြီးလျှင် ၎င်းကို မိမိနှင့်ပါလာသောသူတို့အားလည်း ဝေပေးခဲ့ကြောင်းကို သင်တို့ မဖတ်ဖူးကြသလောဟု ပြန်လည်မိန့်တော်မူ ၏။-
4 Ele entrou na casa de Deus e, tomando os pães da Presença, comeu o que apenas aos sacerdotes era permitido comer, e os deu também aos seus companheiros".
5 ထို့နောက် ကိုယ်တော်က လူသားသည် ဥပုသ်နေ့ ၏အရှင်သခင်ဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
5 E então lhes disse: "O Filho do homem é Senhor do sábado".
6 အခြားသော ဥပုသ်နေ့တစ်နေ့၌ ကိုယ်တော်သည် တရားဇရပ်သို့ဝင်၍ ဟောပြောသွန်သင်တော်မူ၏။ ထိုနေရာ၌ လက်ယာလက်သေနေသော သူတစ်ယောက်ရှိလေ၏။-
6 Noutro sábado, ele entrou na sinagoga e começou a ensinar; estava ali um homem cuja mão direita era atrofiada.
7 ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည်လည်း ကိုယ်တော့်ကို အပြစ်တင်စွပ်စွဲလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့၌ အနာရောဂါကို ပျောက်ကင်းစေတော်မူမည်လောဟု စောင့်ကြည့်နေကြ၏။-
7 Os fariseus e os mestres da lei estavam procurando um motivo para acusar Jesus; por isso o observavam atentamente, para ver se ele iria curá-lo no sábado.
8 သို့သော် ကိုယ်တော်သည် သူတို့၏အကြံအစည်ကို သိမြင်တော်မူသဖြင့် လက်တစ်ဖက်သေနေသောသူအား လာ၍ ဤ နေရာ၌ရပ်လော့ဟု မိန့်တော်မူ၏။ သူသည်လည်း ထ၍ ရှေ့တော်၌ရပ်နေလေ၏။-
8 Mas Jesus sabia o que eles estavam pensando e disse ao homem da mão atrofiada: "Levante-se e venha para o meio". Ele se levantou e foi.
9 ယေဇူးကလည်း သင်တို့အား ငါမေးမြန်းလို၏။ ဥပုသ်နေ့၌ ကောင်းမှုကိုပြုအပ်သလော၊ သို့မဟုတ် မကောင်းမှုကို ပြုအပ်သလော။ လူ၏အသက်ကို ကယ်အပ်သလော၊ သို့မဟုတ် ဖျက်ဆီးအပ်သလော ဟု သူတို့အား မိန့်တော်မူ၏။-
9 Jesus lhes disse: "Eu lhes pergunto: o que é permitido fazer no sábado: o bem ou o mal, salvar a vida ou destruí-la? "
10 ထို့နောက် ကိုယ်တော်သည် ထိုသူအပေါင်းတို့ကို လှည့်ကြည့်တော်မူပြီးလျှင် လက်သေနေသောသူအား သင်၏လက်ကို ဆန့်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း လက်ကိုဆန့်လိုက် ရာ သူ၏လက်သည် အကောင်းပကတိပြန်ဖြစ်သွားလေ၏။-
10 Então, olhou para todos os que estavam à sua volta e disse ao homem: "Estenda a mão". Ele a estendeu, e ela foi restaurada.
11 သူတို့မူကား ဒေါသဖြစ်ကြလျက် ယေဇူးအား မည်သို့ပြုမူရမည့်အကြောင်းကို အချင်းချင်းတိုင်ပင်ကြ၏။
11 Mas eles ficaram furiosos e começaram a discutir entre si o que poderiam fazer contra Jesus.
12 ထိုနေ့ရက်တို့၌ ကိုယ်တော်သည် ဆုတောင်းရန် တောင်ပေါ်သို့တက်၍ တစ်ညလုံး ဘုရားသခင်ထံသို့ ဆုတောင်း ပတ္ထနာပြုလျက် နေတော်မူ၏။-
12 Num daqueles dias, Jesus saiu para o monte a fim de orar, e passou a noite orando a Deus.
13 နေ့အချိန်ရောက်သောအခါ ကိုယ်တော်သည် မိမိ၏တပည့်တော်တို့ကိုခေါ်ပြီးလျှင် သူတို့အထဲမှ တစ်ဆယ့်နှစ်ပါးကို ရွေးချယ်၍ ၎င်းတို့အား တမန်တော်အဖြစ် ခန့်အပ်တော်မူ၏။-
13 Ao amanhecer, chamou seus discípulos e escolheu doze deles, a quem também designou como apóstolos:
14 ထိုသူတို့သည်ကား ပေတရုဟု ကိုယ်တော်မှည့်ခေါ်သော စီမွန်နှင့် သူ၏ညီ အန္ဒြေးယ၊ ယာကုပ်နှင့် ယောဟန်၊ ဖိလိပုနှင့် ဘာသိုလိုမေးဦး၊-
14 Simão, a quem deu o nome de Pedro; seu irmão André; Tiago; João; Filipe; Bartolomeu;
15 မာတေးဦးနှင့်သောမ၊ အာလ်ဖေးဦး၏သား ယာကုပ်နှင့် ဇေလော့ဟုခေါ်သော စီမွန်၊-
15 Mateus; Tomé; Tiago, filho de Alfeu; Simão, chamado zelote;
16 ယာကုပ်၏သား ဂျုဒနှင့် ကိုယ်တော့်အပေါ်သစ္စာဖောက်မည့် ဂျုဒ အစ္စကာရီယုဒ်တို့ဖြစ်ကြလေ၏။
16 Judas, filho de Tiago; e Judas Iscariotes, que veio a ser o traidor.
17 ကိုယ်တော်သည် သူတို့နှင့်အတူ တောင်ခြေသို့ ဆင်းပြီးလျှင် မြေညီရာကွင်းပြင်၌ရပ်တော်မူ၏။ ကိုယ်တော်နှင့်အတူ တပည့်တော်တို့၏အစုအဝေးအပြင် ဂျူဒေးယပြည်အရပ်ရပ်နှင့် ဂျေရုဆလင်မြို့မှလည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ တီရာနှင့် စီဒွန်မြို့တို့မှလည်းကောင်း လာကြသောသူ အမြောက်အမြားရှိကြ၏။ ထိုသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာ ရန်နှင့် မိမိတို့၏အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြခြင်းဖြစ်၏။-
17 Jesus desceu com eles e parou num lugar plano. Estava ali muitos dos seus discípulos e imensa multidão procedente de toda a Judéia, de Jerusalém e do litoral de Tiro e de Sidom;
18 ညစ်ညူးသောနတ်ဆိုး၏ ညှဉ်းဆဲခြင်းခံရသောသူများသည်လည်း ပျောက်ကင်းချမ်းသာရကြလေ၏။-
18 que vieram para ouvi-lo e serem curadas de suas doenças. Os que eram perturbados por espíritos imundos ficaram curados,
19 လူအစုအဝေးတို့သည်လည်း ကိုယ်တော့်ကို တို့ထိနိုင်ရန် ကြိုးစားကြလေ၏။ အကြောင်းမူကား ကိုယ်တော့်ထံမှ တန်ခိုးတော်ထွက်၍ လူခပ်သိမ်းတို့ကို ပျောက်ကင်း ချမ်းသာစေသောကြောင့်ဖြစ်၏။
19 e todos procuravam tocar nele, porque dele saía poder que curava a todos.
20 ထို့နောက် ကိုယ်တော်သည် သူတို့ကို စေ့စေ့ကြည့်လျက် မိန့်တော်မူသည်ကား ဆင်းရဲသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။
20 Olhando para os seus discípulos, ele disse: "Bem-aventurados vocês os pobres, pois a vocês pertence o Reino de Deus.
21 ယခု ဆာလောင်မွတ်သိပ်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပြည့်၀ကြလိမ့်မည်။ ယခုငိုကြွေးကြသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြရလိမ့်မည်။
21 Bem-aventurados vocês, que agora têm fome, pois serão satisfeitos. Bem-aventurados vocês, que agora choram, pois haverão de rir.
22 လူသားကို အကြောင်းပြု၍ သင်တို့အား လူတို့က မုန်းတီးကြသောအခါ၌လည်းကောင်း၊ ပစ်ပယ်၍ကဲ့ရဲ့ကြသောအခါ၌ လည်းကောင်း၊ သင်တို့၏အသရေကို ဖျက်ကြသောအခါ၌လည်းကောင်း သင်တို့သည် မင်္ဂလာရှိကြ၏။-
22 Bem-aventurados serão vocês, quando os odiarem, expulsarem e insultarem, e eliminarem o nome de vocês, como sendo mau, por causa do Filho do homem.
23 ထိုနေ့ရက်၌ ဝမ်းမြောက်ကြလော့။ ပျော်ရွှင်သောစိတ်ဖြင့် ခုန်မြူးကြလော့။ အကြောင်းမူကား ကောင်းကင်နိုင်ငံ၌ သင်တို့ခံစားရမည့် ဆုလာဘ်သည် ဧကန်ကြီးမားလှပေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဘိုးဘေးတို့သည်လည်း ပရောဖက် များကို ဤသို့ပြုခဲ့ကြ၏။
23 "Regozijem-se nesse dia e saltem de alegria, porque grande é a recompensa de vocês no céu. Pois assim os antepassados deles trataram os profetas.
24 သို့ရာတွင် ကြွယ်၀ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏စိတ်နှစ်သိမ့်မှုကို ရရှိခဲ့ကြလေပြီ။
24 "Mas ai de vocês, os ricos, pois já receberam sua consolação.
25 ယခုအခါ၌ ၀လင်စွာစားသုံးရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာငတ်ကြလိမ့်မည်။ ယခု ရယ်မောကြသော သင်တို့သည် အမင်္ဂလာရှိ ကြ၏။ အကြောင်းမူကား သင်တို့သည် ငိုကြွေးပူဆွေး ကြရလိမ့်မည်။
25 Ai de vocês, que agora têm fartura, porque passarão fome. Ai de vocês, que agora riem, pois haverão de se lamentar e chorar.
26 လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့၏ ဘိုးဘေးတို့သည် ပရောဖက်အတုအယောင်များကို ဤသို့ပြုခဲ့ကြလေပြီ။
26 Ai de vocês, quando todos falarem bem de vocês, pois assim os antepassados deles trataram os falsos profetas".
27 သို့ရာတွင် ငါ၏တရားကို ကြားနာကြသောသင်တို့အား ငါဆိုသည်မှာ သင်တို့၏ရန်သူများကို ချစ်ကြလော့။ သင်တို့ကို မုန်းတီးသောသူတို့အား ကောင်းကျိုးပြုကြလော့။-
27 "Mas eu digo a vocês que estão me ouvindo: Amem os seus inimigos, façam o bem aos que os odeiam,
28 သင်တို့ကို ကျိန်ဆဲသောသူတို့အား ကောင်းချီးမင်္ဂလာပေးကြလော့။ သင်တို့ကို စော်ကားသောသူတို့အတွက် မေတ္တာပို့ ကြလော့။-
28 abençoem os que os amaldiçoam, orem por aqueles que os maltratam.
29 သင်၏ပါးတစ်ဖက်ကို ရိုက်သောသူအား အခြားတစ်ဖက်ကိုလည်း လှည့်၍ပေးဦးလော့။ သင်၏ဝတ်ရုံကို သိမ်းယူ သွားသောသူအား သင်၏အင်္ကျီကို ထုတ်မပေးဘဲမထားနှင့်။-
29 Se alguém lhe bater numa face, ofereça-lhe também a outra. Se alguém lhe tirar a capa, não o impeça de tirar-lhe a túnica.
30 သင့်ထံမှ တောင်း ခံသောသူအား ပေးကမ်းလော့။ သင့်ထံမှ ဥစ္စာပစ္စည်း များကိုသိမ်းယူသွားသောသူထံမှလည်း ၎င်းတို့ကို ပြန်၍ မတောင်းနှင့်။-
30 Dê a todo o que lhe pedir, e se alguém tirar o que pertence a você, não lhe exija que o devolva.
31 သင်တို့၌ သူတစ်ပါးတို့ပြုစေလိုသည့်အတိုင်း သင်တို့သည်လည်း သူတစ်ပါးတို့၌ ပြုကြလော့။
31 Como vocês querem que os outros lhes façam, façam também vocês a eles.
32 သင်တို့သည် မိမိတို့အား ချစ်သောသူများကိုသာ ချစ်ခင်ကြပါမူ မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူ များပင်လျှင် မိမိတို့ကိုချစ်သောသူများအား ချစ်ကြသည်မဟုတ်လော။-
32 "Que mérito vocês terão, se amarem aos que os amam? Até os ‘pecadores’ amam aos que os amam.
33 သင်တို့သည် မိမိတို့အား ကောင်းကျိုးပြုသောသူများကိုသာ ကောင်းကျိုးပြုကြပါလျှင် မည်သည့်အကျိုးကို သင်တို့ ခံစားရ မည်နည်း။ အပြစ်ရှိသူများပင်လျှင် ဤသို့ပြုမူကြ၏။-
33 E que mérito terão, se fizerem o bem àqueles que são bons para com vocês? Até os ‘pecadores’ agem assim.
34 သင်တို့သည် ပြန်လည်ပေးဆပ်မည်ဟု မျှော်လင့်ရသောသူများကိုသာ ချေးငှားကြပါလျှင် မည်သည့်အကျိုးကို သင်တို့ခံစားရမည်နည်း။ အပြစ်ရှိသူများပင်လျှင် တူညီသောပမာဏကို ပြန်လည်ရရှိရန် အပြစ်သားများကို ချေးငှားကြ၏။-
34 E que mérito terão, se emprestarem a pessoas de quem esperam devolução? Até os ‘pecadores’ emprestam a ‘pecadores’, esperando receber devolução integral.
35 သင်တို့မူကား သင်တို့၏ရန်သူများကို ချစ်ကြလော့။ သူတို့ကို ကောင်းကျိုးပြုကြလော့။ ပြန်ရမည်ဟု မမျှော်လင့်ဘဲ ချေး ငှားကြလော့။ ထိုအခါ သင်တို့ရရှိမည့်ဆုလာဘ်သည် ကြီးမားလိမ့်မည်။ သင်တို့သည်လည်း အမြင့်ဆုံးသော အရှင်၏သားသမီး များဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် ကျေးဇူးမသိတတ်သောသူများနှင့် တစ်ကိုယ်ကောင်းဆန်သော သူများကို သနားတတ်၏။-
35 Amem, porém, os seus inimigos, façam-lhes o bem e emprestem a eles, sem esperar receber nada de volta. Então, a recompensa que terão será grande e vocês serão filhos do Altíssimo, porque ele é bondoso para com os ingratos e maus.
36 သင်တို့၏အဖခမည်းတော်သည် သနားကြင်န တော်မူသည့်နည်းတူ သင်တို့သည်လည်း သနားကြင်နာ ခြင်းရှိကြလော့။
36 Sejam misericordiosos, assim como o Pai de vocês é misericordioso".
37 သူတစ်ပါး၏အမှုကို စီရင်ဆုံးဖြတ်ခြင်းမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း စီရင်ဆုံးဖြတ်ခြင်းကို ခံကြရ လိမ့်မည်မဟုတ်။ ပြစ်တင်ရှုတ်ချခြင်းကိုမပြုကြနှင့်။ သို့ဖြစ်လျှင် သင်တို့သည်လည်း ပြစ်တင်ရှုတ်ချခြင်းကို ခံကြရလိမ့်မည် မဟုတ်။ ခွင့်လွှတ်ကြလော့။ သို့ဖြစ်လျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းခံရလိမ့်မည်။-
37 "Não julguem, e vocês não serão julgados. Não condenem, e não serão condenados. Perdoem, e serão perdoados.
38 ပေးကမ်းကြလော့။ ထိုအခါ သင်တို့ကိုလည်း ပေးကမ်းကြလိမ့်မည်။ လှုပ်ခါ၍ ဖိသိပ်ထည့်ထားပြီး ပြည့်လျှံနေသည့် ကောင်းသောပမာဏကို သင်တို့၏ရင်ခွင်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့ပေးခဲ့သော ပမာဏအတိုင်း သင်တို့ပြန်လည်ရရှိကြလိမ့်မည်ဟု မိန့် တော်မူ၏။
38 Dêem, e lhes será dado: uma boa medida, calcada, sacudida e transbordante será dada a vocês. Pois a medida que usarem, também será usada para medir vocês".
39 ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကိုလည်း မိန့်တော်မူ၏။ မျက်မမြင်တစ်ဦးသည် အခြားမျက်မမြင်တစ်ဦးကို လမ်းပြနိုင်သလော။ ဤသို့ပြုလျှင် ထိုသူနှစ်ဦးစလုံး တွင်းထဲသို့ကျကြလိမ့်မည်မဟုတ်လော။-
39 Jesus fez também a seguinte comparação: "Pode um cego guiar outro cego? Não cairão os dois no buraco?
40 တပည့်သည် ဆရာထက် မကြီးမြတ်နိုင်။ သို့သော် လူတိုင်းသည် ပြီးပြည့်စုံအောင် သင်ယူပြီးသောအခါ ဆရာကဲ့သို့ဖြစ် လိမ့်မည်။-
40 O discípulo não está acima do seu mestre, mas todo aquele que for bem preparado será como o seu mestre.
41 အဘယ်ကြောင့် သင်သည် မိမိ၏မျက်စိထဲ၌ ရှိသောသစ်တုံးကို မမြင်ဘဲ သင့်ညီအစ်ကို၏မျက်စိထဲရှိ သစ်သားစကို မြင်ရသနည်း။-
41 "Por que você repara no cisco que está no olho do seu irmão e não se dá conta da viga que está em seu próprio olho?
42 မိမိ၏မျက်စိထဲတွင် ရှိနေသည့်သစ်တုံးကိုမမြင်ပါဘဲလျက် မိမိ၏ညီအစ်ကိုအား သင်၏မျက်စိထဲမှ သစ်သားစကို ထုတ်ပေး ပါရစေဟု သင်မည်သို့ဆိုနိုင်မည်နည်း။ အသင် သူတော်ကောင်းယောင် ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာ ထုတ်ပစ်လော့။ သို့မှသာ သင်သည် သင့်ညီအစ်ကို၏ မျက်စိထဲမှသစ်သားစကို ထုတ်ပစ်ရန် ကောင်းစွာမြင်နိုင်ပေလိမ့်မည်။
42 Como você pode dizer ao seu irmão: ‘Irmão, deixe-me tirar o cisco do seu olho’, se você mesmo não consegue ver a viga que está em seu próprio olho? Hipócrita, tire primeiro a viga do seu olho, e então você verá claramente para tirar o cisco do olho do seu irmão".
43 ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။-
43 "Nenhuma árvore boa dá fruto ruim, nenhuma árvore ruim dá fruto bom.
44 အကြောင်းမူကား အသီးကိုကြည့်၍ အပင်ကိုသိရ၏။ သဖန်းသီးကို ဆူးပင်မှ ဆွတ်ခူးလေ့မရှိ။ စပျစ်သီးကိုလည်း ဆူးချုံမှဆွတ်ခူးလေ့မရှိ။-
44 Toda árvore é reconhecida por seus frutos. Ninguém colhe figos de espinheiros, nem uvas de ervas daninhas.
45 ကောင်းသောသူသည် မိမိ၏စိတ်နှလုံးတွင် သိမ်းဆည်းထားသည့် ကောင်းသောအရာများထဲမှ အကောင်းကို ထုတ်ဖော် တတ်၏။ မကောင်းသောသူသည်လည်း သူ၏ မကောင်းသောအရာများထဲမှ မကောင်းမှုကို ထုတ်ဖော်တတ်၏။ အကြောင်း မူကား စိတ်နှလုံး၌ပြည့်လျှံနေသော အရာများကို နှုတ်ကမြွက်ဆိုတတ်သောကြောင့်တည်း။
45 O homem bom tira coisas boas do bom tesouro que está em seu coração, e o homem mau tira coisas más do mal que está em seu coração, porque a sua boca fala do que está cheio o coração".
46 ငါပြောသောအရာကို သင်တို့မကျင့်ဘဲ အဘယ်ကြောင့် ငါ့ကို သခင်၊ သခင်ဟုခေါ် ကြသနည်း။-
46 "Por que vocês me chamam ‘Senhor, Senhor’ e não fazem o que eu digo?
47 ငါ့ထံသို့ လာ၍ ငါ့စကားကိုကြားနာပြီး လိုက်နာကျင့်ကြံသောသူ ဟူသမျှသည် မည်သူနှင့်တူကြောင်းကို သင်တို့အား ငါ ခိုင်းနှိုင်းပြမည်။-
47 Eu lhes mostrarei a que se compara aquele que vem a mim, ouve as minhas palavras e as pratica.
48 ဤသူသည်ကား မြေကိုနက်စွာတူး၍ ကျောက်ပေါ်၌ အုတ်မြစ်ချပြီးမှ အိမ်ကိုဆောက်သော သူနှင့်တူ၏။ ရေလွှမ်းမိုး သောအခါ မြစ်ရေစီးကြောင်းသည် အိမ်ကို အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ခတ်သော်လည်း ၎င်းကို လှုပ်ခါစေနိုင်ခြင်းမရှိချေ။ အကြောင်းမူကား ထိုအိမ်သည် ကျောက်ပေါ်တွင် တည်ဆောက်ထားသောကြောင့်ဖြစ်၏။-
48 É como um homem que, ao construir uma casa, cavou fundo e colocou os alicerces na rocha. Quando veio a inundação, a torrente deu contra aquela casa, mas não a conseguiu abalar, porque estava bem construída.
49 သို့သော် ငါ့စကားကို ကြားနာ၍ မလိုက် နာသောသူသည်ကား အုတ်မြစ်မချဘဲ မြေပေါ်၌ အိမ်ကို ဆောက်သောသူနှင့်တူ၏။ မြစ်ရေစီးကြောင်းသည် အိမ်ကိုရိုက်ခတ်လျှင် အိမ်သည် ချက်ချင်းပြိုလဲ၍ ၎င်း၏ပျက်စီးခြင်းသည်လည်း ကြီးမားလှပေ၏ဟု မိန့်တော်မူ၏။
49 Mas aquele que ouve as minhas palavras e não as pratica, é como um homem que construiu uma casa sobre o chão, sem alicerces. No momento em que a torrente deu contra aquela casa, ela caiu, e a sua destruição foi completa".
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.