Lucas 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ကိုယ်တော်သည် ဂျေနားဇရက်အိုင်အနီးတွင် ရပ်နေတော်မူစဉ် လူအစုအဝေးတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားကိုကြားနာခြင်းငှာ အထံတော်သို့ တိုးဝှေ့လာကြ၏။-
1 Aconteceu que Jesus estava junto ao lago de Genesaré, e a multidão o apertava para ouvir a palavra de Deus.
2 ကိုယ်တော်သည်လည်း ကမ်းနားတွင် ဆိုက်ကပ်ထားသော လှေနှစ်စင်းကို မြင်တော်မူ၏။ တံငါသည်တို့မူကား လှေများ ပေါ်မှဆင်းကြပြီးလျှင် မိမိတို့၏ပိုက်ကွန်များကို ဆေးလျက်နေကြ၏။-
2 Então ele viu dois barcos junto à praia do lago. Os pescadores tinham desembarcado e estavam lavando as redes.
3 ထိုအခါ ကိုယ်တော်သည် လှေနှစ်စင်းရှိသည့်အနက် စီမွန် ၏လှေပေါ်သို့တက်၍ လှေကိုကမ်းမှ အနည်းငယ်ခွာစေပြီးနောက် ထိုင်လျက် လူအစုအဝေးတို့ကို လှေပေါ်မှ သွန်သင်တော်မူ၏။-
3 Entrando num dos barcos, que era o de Simão, Jesus pediu-lhe que o afastasse um pouco da praia; e, assentando-se, do barco ensinava as multidões.
4 ထိုသို့ သွန်သင်တော်မူပြီးသောအခါ ကိုယ်တော်က ရေနက်ရာသို့ရွှေ့လော့၊ ငါးဖမ်းရန် သင်တို့၏ ပိုက်ကွန်များကို ချကြ လော့ဟု စီမွန်အား မိန့်တော်မူ၏။-
4 Quando acabou de falar, Jesus disse a Simão:
5 စီမွန်ကလည်း ဆရာသခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံး ကြိုးစားပါသော်လည်း ငါးတစ်ကောင်ကိုမျှ မဖမ်းမိခဲ့ကြပါ။ သို့ရာတွင် ကိုယ်တော်အမိန့်ရှိသည့်အတိုင်း ပိုက်ကွန်ကို အကျွန်ုပ်ချပါမည်ဟု ပြန်၍လျှောက်လေ၏။-
5 Em resposta, Simão disse: — Mestre, havendo trabalhado toda a noite, nada apanhamos; mas, sob esta sua palavra, lançarei as redes.
6 ထို့နောက် သူတို့သည် အမိန့်တော်အတိုင်းပြုကြသောအခါ များစွာသော ငါးတို့ကို ဖမ်းမိသဖြင့် ပိုက်ကွန်တို့မှာ စုတ်ပြဲ စပြုလေ၏။-
6 Fazendo isso, apanharam grande quantidade de peixes; e as redes deles começaram a se romper.
7 ထို့ကြောင့် သူတို့သည် အခြားသောလှေ တစ်စင်းပေါ်ရှိ မိမိတို့၏အဖော်များအား မိမိတို့ကိုလာ၍ ကူညီစေခြင်းငှာ အချက်ပြ၍ ခေါ်ကြ၏။ ထိုသူတို့သည် လည်း လာကြ၍ လှေနှစ်စင်းလုံး၌ ငါးများဖြင့်ပြည့်စေသဖြင့် လှေတို့သည် နစ်လုမတတ်ရှိလေ၏။-
7 Então fizeram sinais aos companheiros do outro barco, para que fossem ajudá-los. E foram e encheram ambos os barcos, a ponto de quase afundarem.
8 စီမွန်ပေတရုမူကား ထိုအခြင်းအရာကိုမြင်လျှင် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် သခင်ဘုရား၊ အကျွန်ုပ်ထံမှ ကြွသွားတော်မူပါ။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် အပြစ်ရှိသောသူဖြစ်ပါသည်ဟူ၍လျှောက်လေ၏။-
8 Vendo isto, Simão Pedro prostrou-se aos pés de Jesus, dizendo: — Senhor, afaste-se de mim, porque sou pecador.
9 အကြောင်း မူကား စီမွန်မှစ၍ သူနှင့်အတူရှိသောသူအပေါင်းတို့သည် ဖမ်းမိသောငါးများကြောင့် အံ့အားသင့်လျက်ရှိကြသော ကြောင့်ဖြစ်၏။-
9 Pois, à vista da pesca que fizeram, a admiração se apoderou dele e de todos os seus companheiros,
10 ထိုနည်းတူပင် စီမွန်၏အဖော်များဖြစ်ကြသော ဇေဘေဒေးဦး၏သား ယာကုပ်နှင့် ယောဟန်တို့သည်လည်း အံ့ဩကြ၏။ ယေဇူးကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ယခုမှစ၍ သင်တို့သည် လူကိုဖမ်းကြရလိမ့်မည်ဟု စီမွန်အား မိန့်တော်မူ၏။-
10 bem como de Tiago e João, filhos de Zebedeu, que eram seus sócios. Então Jesus disse a Simão:
11 သူတို့သည်လည်း လှေတို့ကို ကမ်းနားတွင် ဆိုက်ကပ်ထားပြီးနောက် ရှိသမျှအရာတို့ကို စွန့်ခဲ့၍ နောက်တော်သို့ လိုက်ကြလေ၏။
11 E, arrastando eles os barcos para a praia, deixando tudo, o seguiram.
12 ကိုယ်တော်သည် မြို့တစ်မြို့၌ ရှိတော်မူစဉ်တွင် တစ်ကိုယ်လုံး၌ အနာကြီးရောဂါစွဲသောသူတစ်ဦးသည် လာ၍ ကိုယ်တော့်ကိုမြင်သောအခါ ပျပ်ဝပ်လျက် သခင်အလိုတော်ရှိပါလျှင် အကျွန်ုပ်ကို သန့်ရှင်းစေနိုင်ပါသည်ဟု တောင်းပန် လျှောက်ထားလေ၏။-
12 Aconteceu que, estando Jesus numa das cidades, um homem coberto de lepra veio à sua presença. Quando ele viu Jesus, prostrou-se com o rosto em terra e pediu: — Senhor, se quiser, pode purificar-me.
13 ထိုအခါ ကိုယ်တော်သည် လက်တော်ကိုဆန့်၍ သူ့ကိုတို့ထိကာ ငါအလိုရှိ၏၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ထိုခဏချင်းတွင် သူ၌ အနာကြီးရောဂါမရှိတော့ချေ။-
13 E Jesus, estendendo a mão, tocou nele, dizendo: E, no mesmo instante, a lepra daquele homem desapareceu.
14 ကိုယ်တော်ကလည်း သူ့အား မည်သူ့ကိုမျှမပြောရန် မိန့်မှာပြီးနောက် ဆက်လက်၍မိန့်ဆိုသည်မှာ သို့သော် သွား၍ သင့်ကိုယ်ကို ရဟန်းအား ပြလော့။ လူတို့ရှေ့၌ သက်သေဖြစ်စေခြင်းငှာ မိုးဇက်မိန့်မှာထားခဲ့သည့်အတိုင်း လှူဖွယ်ဝတ္ထုကို ဆက်သပူဇော်လော့ဟု မိန့်တော်မူ၏။-
14 Jesus ordenou-lhe que não contasse isso a ninguém. E acrescentou:
15 သို့သော်လည်း ကိုယ်တော်၏သတင်းတော်သည် ပိုမိုပျံ့နှံ့သွားသဖြင့် များစွာသောလူအစုအဝေးတို့သည် ကိုယ်တော်၏ တရားတော်ကို ကြားနာခြင်းငှာလည်းကောင်း၊ မိမိတို့၏အနာရောဂါများကို ပျောက်ကင်းစေရန်လည်းကောင်း စုဝေးလာကြ၏။-
15 Porém o que se dizia a respeito de Jesus se espalhava cada vez mais, e grandes multidões afluíam para o ouvir e para serem curadas de suas enfermidades.
16 ကိုယ်တော်မူကား လူသူကင်းဝေးသောအရပ်သို့ ထွက်ခွာသွား၍ ဆုတောင်းတော်မူ၏။
16 Jesus, porém, se retirava para lugares solitários e orava.
17 တစ်နေ့သ၌ ကိုယ်တော်သည် ဟောပြောသွန်သင်တော်မူစဉ် ဂါလေလေးယနှင့် ဂျူဒေးယပြည်ရှိ ကျေးရွာအသီးသီးမှ လည်းကောင်း၊ ဂျေရုဆလင်မြို့မှလည်းကောင်း ရောက်လာကြသောဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့သည် မလှမ်းမကမ်းတွင် ထိုင်လျက်ရှိကြ၏။ ရောဂါဝေဒ နာများကို ပျောက်ကင်းစေခြင်းငှာ ထာ၀ရဘုရားသခင် ၏တန်ခိုးတော်သည် ကိုယ်တော်၌ရှိ၏။-
17 E aconteceu que, num daqueles dias, Jesus estava ensinando, e achavam-se ali assentados fariseus e mestres da Lei, vindos de todas as aldeias da Galileia, da Judeia e de Jerusalém. E o poder do Senhor estava com ele para curar.
18 ထိုအခါ လူတို့သည် လေဖြတ်နေသောသူတစ်ယောက်ကို အိပ်ရာပေါ်တွင်တင်၍ ကိုယ်တော်၏ရှေ့တော်သို့ခေါ် ဆောင်ခဲ့ရန် ကြိုးစားကြ၏။-
18 Vieram, então, alguns homens trazendo um paralítico deitado num leito. Eles procuravam levá-lo para dentro e colocá-lo diante de Jesus.
19 သို့ရာတွင် သူတို့သည် လူအစုအဝေးတို့ကြောင့် သူ့အားအတွင်းသို့ သယ်ဆောင်ရန်လမ်းကို မတွေ့သဖြင့် အိမ်မိုးပေါ်သို့ တက်ပြီးမှ လူတို့၏အလယ်၌ရှိသော ယေဇူး၏ရှေ့တော်သို့ ထိုသူ့ကို အုတ်ပြားများကြားမှ အိပ်ရာနှင့်တကွ လျှောချကြ၏။-
19 E, não encontrando uma forma de fazer isso por causa da multidão, subiram ao telhado e, por entre as telhas, desceram o paralítico no seu leito, deixando-o no meio das pessoas, diante de Jesus.
20 ကိုယ်တော်သည် လည်း ထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား အချင်းလူ၊ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု မိန့်တော်မူ၏။-
20 Vendo-lhes a fé, Jesus disse ao paralítico:
21 ထိုအခါ ကျမ်းတတ်ဆရာတို့နှင့် ဖာရီဇေးဦးတို့က ဘုရားသခင်ကို ထိခိုက်ပြောဆိုသောဤသူကား မည်သူနည်း။ ဘုရားသခင်မှတစ်ပါး မည်သူသည် အပြစ်လွှတ်နိုင်သနည်းဟူ၍ မိမိတို့၏စိတ်ထဲ၌ တွေးတောကြ၏။-
21 E os escribas e fariseus começaram a pensar: — Quem é este que diz blasfêmias? Quem pode perdoar pecados, a não ser um, que é Deus?
22 ယေဇူးသည် သူတို့၏စိတ်ထဲမှတွေးတောချက်ကို သိမြင်သဖြင့် သူတို့အား ပြန်ဖြေတော်မူသည်ကား အဘယ်ကြောင့် သင်တို့၏ စိတ်နှလုံးထဲ၌မေးမြန်းကြသနည်း။-
22 Jesus, porém, conhecendo os pensamentos deles, disse-lhes:
23 မည်သည့်စကားသည် ပြောရန်သာ၍ လွယ်ကူသနည်း။ သင်၏အပြစ်များ အခွင့်လွှတ်ခြင်းခံရလေပြီဟု ဆိုခြင်းလော၊ သို့မဟုတ် ထ၍ လှမ်းသွားလော့ဟုဆိုခြင်းလော။-
23 O que é mais fácil? Dizer: “Os seus pecados estão perdoados”, ou dizer: “Levante-se e ande”?
24 သို့သော် လူသားသည် ကမ္ဘာပေါ်တွင် အပြစ်များကို ဖြေလွှတ်ပိုင်ကြောင်းကို သင်တို့သိမြင်စေမည်ဟုဆိုလျက် လေဖြတ်နေသောသူကို သင့်အား ငါဆိုသည်ကား ထလော့၊ သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟု မိန့်တော်မူ၏။-
24 Mas isto é para que vocês saibam que o Filho do Homem tem autoridade sobre a terra para perdoar pecados. E disse ao paralítico:
25 ထိုခဏချင်းတွင်ပင် သူသည် ထိုသူတို့၏ရှေ့ ၌ ထ၍ မိမိလျောင်းနေ သောအိပ်ရာကိုယူပြီးလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် အိမ်သို့ပြန်သွားလေ၏။-
25 E imediatamente ele se levantou diante de todos e, pegando o leito em que até então estava deitado, voltou para casa, glorificando a Deus.
26 လူအပေါင်းတို့သည်လည်း အလွန်အံ့ဩကြလျက် ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြ၍ ဤယနေ့၌ ငါတို့သည် ထူးဆန်းအံ့ဩဖွယ်သောအရာများကို တွေ့ မြင်ကြရပြီဟု အံ့ဩစိတ်ဖြင့် ပြောဆိုကြလေ၏။
26 Todos ficaram muito admirados, davam glória a Deus e, cheios de temor, diziam: — Hoje vimos coisas extraordinárias!
27 ထို့နောက် ကိုယ်တော်သည် ထိုမြို့မှ ထွက်တော်မူသောအခါ လေဝိအမည်ရှိသောအခွန်ခံသူသည် အခွန်ရုံး၌ ထိုင်လျက် ရှိသည်ကိုမြင်လျှင် သူ့အား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။-
27 Depois disso, Jesus saiu e viu um publicano, chamado Levi, sentado na coletoria. E lhe disse:
28 သူသည်လည်း ရှိသမျှ ဥစ္စာပစ္စည်းတို့ကို စွန့်ပြီးလျှင် ထ၍ နောက်တော်သို့လိုက်လေ၏။
28 Ele se levantou e, deixando tudo, o seguiu.
29 လေဝိသည် မိမိ၏အိမ်၌ ကိုယ်တော့်အတွက် ကြီးကျယ်သောစားသောက်ပွဲကို ကျင်းပလေ၏။ ထိုအခါ များစွာသော အခွန်ခံသူတို့နှင့် အခြားသောသူတို့သည် သူတို့နှင့်အတူ စားပွဲ၌ထိုင်၍ စားသောက်ကြ၏။-
29 Então Levi lhe ofereceu um grande banquete em sua casa; e era grande o número de publicanos e outras pessoas que estavam com eles à mesa.
30 ဖာရီဇေးဦးနှင့် ကျမ်းတတ်ဆရာတို့က သင်တို့သည် အဘယ်ကြောင့် အခွန်ခံသူများ၊ အပြစ်ရှိသူများနှင့်အတူ စားသောက်ကြသနည်းဟု ကိုယ်တော်၏တပည့်တော်တို့အား တီးတိုး ပြစ်တင်ကြ၏။-
30 Os fariseus e seus escribas murmuravam contra os discípulos de Jesus, perguntando: — Por que vocês comem e bebem com os publicanos e pecadores?
31 ယေဇူးကလည်း ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ပေ။ ဖျားနာသောသူတို့မူကား လိုအပ်၏။-
31 Jesus tomou a palavra e disse:
32 ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်၊ အပြစ်ရှိသောသူတို့ကို နောင်တရစေရန်သာ ငါလာခြင်းဖြစ်သည်ဟု သူတို့အား မိန့်တော်မူ၏။
32 Não vim chamar justos, e sim pecadores, ao arrependimento.
33 ထိုအခါ သူတို့က ယောဟန်၏တပည့်များသည် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို မကြာခဏ ပြုကြ၏။ ဖာရီဇေးဦးတို့၏တပည့်များသည်လည်း ထိုနည်းတူပြုကြ၏။ ကိုယ်တော်၏တပည့်များမှာမူ စားသောက်လျက် နေကြပါသည် တကားဟု ကိုယ်တော်အား လျှောက်ကြ၏။-
33 Então eles disseram a Jesus: — Os discípulos de João frequentemente jejuam e fazem orações, e os discípulos dos fariseus fazem o mesmo; mas os seus discípulos comem e bebem.
34 ယေဇူးကလည်း မင်္ဂလာဆောင်သတို့သား၏ အပေါင်းအဖော်များအား သူတို့နှင့်အတူ သတို့သားရှိနေစဉ် အစာရှောင်ခိုင်း၍ ရမည်လော။-
34 Jesus, porém, lhes disse:
35 သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားမည့်နေ့ရက်များ ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြ လိမ့်မည်ဟု သူ တို့အား မိန့်တော်မူ၏။-
35 No entanto, virão dias em que o noivo lhes será tirado, e então, naqueles dias, eles vão jejuar.
36 ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်ကြားတော်မူ၏။ မည်သူမျှ အဝတ်သစ်မှအစကိုဖြတ်ယူ၍ အဝတ်ဟောင်းတွင် ဖာထေးလေ့မရှိ။ ထိုသို့ပြုလုပ်ပါလျှင် အဝတ်သစ်သည် ပျက်စီး၍ အဝတ်စအသစ်နှင့် အဝတ်ဟောင်း တို့သည်လည်း လိုက်ဖက်မညီဖြစ်လိမ့်မည်။-
36 Também lhes contou uma parábola:
37 ထိုနည်းတူပင် မည်သူမျှ စပျစ်ရည်အသစ်ကို သားရေဘူးဟောင်းများတွင် ထည့်လေ့မရှိ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ် သည် သားရေဘူး များကိုကွဲစေသဖြင့် စပျစ်ရည်ယိုဖိတ်ကာ သားရေဘူးများ လည်း ပျက်စီးတတ်၏။-
37 E ninguém põe vinho novo em odres velhos, porque, se fizer isso, o vinho novo romperá os odres, o vinho se derramará, e os odres se estragarão.
38 စပျစ်ရည်အသစ်ကိုမူကား သားရေဘူး အသစ်များတွင် ထည့်ရ၏။-
38 Pelo contrário, vinho novo deve ser posto em odres novos.
39 ထို့ပြင် မည်သူမျှ စပျစ်ရည်ဟောင်းကို သောက်ပြီးလျှင် အသစ်ကို အလိုမရှိချေ။ ထိုသူက စပျစ်ရည်ဟောင်းသည် ပို၍ ကောင်းသည်ဟူ၍ ဆိုလိမ့်မည်ဟု မိန့်တော်မူ၏။
39 E ninguém, tendo bebido o vinho velho, prefere o novo, porque diz: “O velho é excelente.”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.