Lucas 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ယေဇူးသည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက် ဂျော်ဒန်မြစ်မှပြန်ကြွတော်မူစဉ် ဝိညာဉ်တော်သည် ကိုယ်တော့်ကို တောကန္တာရသို့ ခေါ်ဆောင်သွားတော်မူ၏။-
1 Jesus, cheio do Espírito Santo, voltou do rio Jordão e foi conduzido pelo Espírito no deserto,
2 ထိုအရပ်တွင် ကိုယ်တော်သည် ရက် ပေါင်းလေးဆယ်တိုင်တိုင် နတ်ဆိုး၏နှောင့်ယှက်ခြင်းကို ခံရတော်မူ၏။ ကိုယ်တော်သည် ထိုကာလအတွင်း၌ မည်သည့်အစားအစာကိုမျှ သုံးဆောင်တော်မမူချေ။ ထိုနေ့ရက်များကုန်လွန်သောအခါ ကိုယ်တော်သည် ဆာလောင်တော်မူ၏။-
2 onde foi tentado pelo diabo durante quarenta dias. Não comeu nada durante todo esse tempo, e teve fome.
3 ထိုအခါ နတ်ဆိုးက သင်သည် ဘုရားသခင်၏သားတော်မှန်လျှင် ဤကျောက်ခဲကို ပေါင်မုန့်ဖြစ်လာစေရန် အမိန့်ပေးပါ လော့ဟု ကိုယ်တော်အား ဆိုလေ၏။-
3 Então o diabo lhe disse: “Se você é o Filho de Deus, ordene que esta pedra se transforme em pão”.
4 ယေဇူးကလည်း လူသည် အစားအစာအားဖြင့်သာ မဟုတ်၊ ဘုရားသခင်၏နှုတ်တော်ထွက်စကားအားဖြင့်လည်း အသက်ရှင်ရမည့်အကြောင်း ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိသည်ဟု သူ့အား ပြန်ဖြေတော်မူ၏။
4 Jesus, porém, respondeu: “As Escrituras dizem: ‘Uma pessoa não vive só de pão’”.
5 ထို့နောက် နတ်ဆိုးသည် ကိုယ်တော့်ကို မြင့်မားသောတောင်ပေါ်သို့ ခေါ်ဆောင်သွားပြီးလျှင် လောကတိုင်းနိုင်ငံအပေါင်း တို့အား တစ်ခဏချင်းညွန်ပြလျက်၊-
5 Então o diabo o levou a um lugar alto e, num momento, lhe mostrou todos os reinos do mundo.
6 ငါသည် သင့်အား ဤအရာအားလုံးအပေါ် အစိုးရခြင်းနှင့် ၎င်းတို့၏ဘုန်းစည်းစိမ်များကိုပေးမည်။ အကြောင်းမူကား ဤအရာများကို ငါပိုင်ဆိုင်၍ ငါပေးလိုသောသူအား ပေးနိုင်၏။-
6 “Eu lhe darei a glória destes reinos e autoridade sobre eles, pois são meus e posso dá-los a quem eu quiser”, disse o diabo.
7 အကယ်၍ သင်သည် ငါ့ကိုရှိခိုးလျှင် ဤအရာ အားလုံးကို သင်ပိုင်ဆိုင်လိမ့်မည်ဟု ဆိုလေ၏။-
7 “Eu lhe darei tudo se me adorar.”
8 ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို ရှိခိုးကိုးကွယ်ရမည်။ ကိုယ်တော်တစ်ပါးတည်းကိုသာ အစေခံရ မည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားထားသည်ဟု မိန့်တော်မူ၏။
8 Jesus respondeu: “As Escrituras dizem: ‘Adore o Senhor, seu Deus, e sirva somente a ele’”.
9 တစ်ဖန် နတ်ဆိုးသည် ကိုယ်တော့်ကို ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်သွား၍ ဗိမာန်တော်၏ထိပ်ဖျားတွင် ထားလျက် ကိုယ်တော်အား သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် သင့်ကိုယ်ကို ဤနေရာမှ အောက်သို့ပစ်ချပါလော့။-
9 Então o diabo o levou a Jerusalém, até o ponto mais alto do templo, e disse: “Se você é o Filho de Deus, salte daqui.
10 အကြောင်းမူကား ကျမ်းစာတော်မြတ်၌ ရေးထားသည်မှာ ကိုယ်တော်သည် သင့်ကိုစောင့်ရှောက်ရန် ကောင်းကင်တမန် တော်တို့အား မိန့်မှာထားတော်မူသည်ဖြစ်၍၊-
10 Pois as Escrituras dizem: ‘Ele ordenará a seus anjos que o protejam.
11 သင်၏ခြေကိုကျောက်ခဲတစ်လုံးနှင့်မျှ မထိခိုက်စေခြင်းငှာ သူတို့သည် သင့်ကို လက်ဖြင့် ချီပင့်ထားကြလိမ့်မည်ဟုဆို၏။-
11 Eles o sustentarão com as mãos, para que não machuque o pé em alguma pedra’”.
12 ယေဇူးကလည်း သင်၏အရှင် ထာ၀ရဘုရားသခင်ကို စုံစမ်းခြင်းမပြုရဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးထားသည်ဟု မိန့်တော်မူ၏။-
12 Jesus respondeu: “As Escrituras dizem: ‘Não ponha à prova o Senhor, seu Deus’”.
13 နတ်ဆိုးသည် နှောင့်ယှက်ခြင်းအလုံးစုံကိုပြုပြီးသောအခါ နောက်တစ်ဖန် အခွင့်ကောင်းရသည့်အချိန်တိုင်အောင် ကိုယ်တော်၏အထံတော်မှဆုတ်ခွာသွားလေ၏။
13 Quando o diabo terminou de tentar Jesus, deixou-o até que surgisse outra oportunidade.
14 ထိုအခါ ယေဇူးသည် ဝိညာဉ်တော်၏တန်ခိုးနှင့်ပြည့်၀လျက် ဂါလေလေးယနယ်သို့ ပြန်လာတော်မူ၏။ ကိုယ်တော်၏ သတင်းတော်သည်လည်း ထိုဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွားလေ၏။-
14 Então Jesus, cheio do poder do Espírito, voltou para a Galileia. Relatos a seu respeito se espalharam rapidamente por toda a região.
15 ကိုယ်တော်သည် သူတို့၏ တရားဇရပ်များ၌ သွန်သင်တော်မူ၍ လူအပေါင်းတို့သည် ကိုယ်တော့်ကိုချီးမွမ်းကြ၏။
15 Ele ensinava nas sinagogas, e todos o elogiavam.
16 ထို့နောက် ကိုယ်တော်သည် မိမိကြီးပြင်းခဲ့သော နာဇရက်မြို့သို့ကြွလာတော်မူသောအခါ မိမိ၏ထုံးစံအတိုင်း ဥပုသ်နေ့၌ တရားဇရပ်ထဲသို့ဝင်တော်မူ၏။ ကိုယ်တော်သည် ကျမ်းစာဖတ်ရှုခြင်းငှာ ထတော်မူလျှင်၊-
16 Quando Jesus chegou a Nazaré, cidade de sua infância, foi à sinagoga no sábado, como de costume, e se levantou para ler as Escrituras.
17 သူတို့သည် ကိုယ်တော်အား ပရောဖက်အီဇာယ၏ကျမ်းကို ပေးကြ၏။ ကိုယ်တော်သည် ကျမ်းစာလိပ်ကိုဖွင့်လျှင် တွေ့တော်မူသောကျမ်းချက်မူကား၊-
17 Entregaram-lhe o livro do profeta Isaías, e ele o abriu e encontrou o lugar onde estava escrito:
18 ထာ၀ရဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ရှိတော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ဟောပြောစေခြင်းငှာ ကိုယ်တော်သည် ငါ့ကို ဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသောသူတို့အား လွတ်ငြိမ်း ခြင်းကို ကြေညာရန်နှင့် မျက်စိမမြင်သောသူတို့အား မျက်စိအလင်းကိုပေးရန်လည်းကောင်း၊ ဖိနှိပ်ခံရသောသူတို့အား ကယ်တင် စေခြင်းငှာလည်းကောင်း၊-
18 “O Espírito do Senhor está sobre mim, pois ele me ungiu para trazer as boas-novas aos pobres. Ele me enviou para anunciar que os cativos serão soltos, os cegos verão, os oprimidos serão libertos,
19 ထာ၀ရဘုရားသခင်၏ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေညာရန်လည်းကောင်း ကိုယ်တော်သည် ငါ့ကိုစေလွှတ်တော်မူ ၏ဟူသောကျမ်းပိုဒ်ကိုဖတ်ကြားတော်မူ၏။-
19 e que é chegado o tempo do favor do Senhor”.
20 ထို့နောက် ယေဇူးသည် ကျမ်းစာကိုလိပ်ပြီးလျှင် ယင်းကို တရားဇရပ်မှူးအား ပြန်ပေး၍ ထိုင်တော်မူ၏။ တရားဇရပ်၌ ရှိသောလူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို စေ့စေ့ကြည့်နေကြ၏။-
20 Jesus fechou o livro, devolveu-o ao assistente e sentou-se. Todos na sinagoga o olhavam atentamente.
21 ထိုအခါ ကိုယ်တော်က ယခုသင်တို့ကြားရ သောကျမ်းစကားသည် ယနေ့ပင် ပြည့်စုံခြင်းသို့ရောက် လေပြီဟု မိန့်တော်မူ၏။-
21 Então ele começou a dizer: “Hoje se cumpriram as Escrituras que vocês acabaram de ouvir”.
22 လူအပေါင်းတို့သည်လည်း ကိုယ်တော့်ကို ချီးမွမ်းပြောဆိုကြ၍ ကိုယ်တော်၏နှုတ်တော်မှထွက်လာသည့် သိမ်မွေ့သော စကားများကို အံ့ဩကြလျက် ဤသူသည် ဂျိုးဇက်၏သားမဟုတ်လောဟု မေးကြ၏။-
22 Todos falavam bem dele e estavam admirados com as palavras de graça que saíam de seus lábios. Contudo, perguntavam: “Não é esse o filho de José?”.
23 ကိုယ်တော်ကလည်း သင်တို့သည် ငါ့အား အချင်းဆေးဆရာ၊ သင့်ကိုယ်သင်ကုသပါလော့ ဟူသောဆိုရိုးစကားဖြင့် လည်းကောင်း၊ ကာဖာနာအုမ်မြို့၌ သင်ပြုခဲ့သောအမှုတို့ကို ငါတို့ကြားသိပြီးဖြစ်၍ သင်၏နေရင်းမြို့၌လည်း ထိုနည်းတူပြုလော့ ဟူ၍လည်းကောင်း အမှန်ပင် ပြောဆိုကြလိမ့်မည်။-
23 Então ele disse: “Sem dúvida, vocês citarão para mim o ditado: ‘Médico, cure a si mesmo’, ou seja, ‘Faça aqui, em sua cidade, o mesmo que fez em Cafarnaum’.
24 သို့သော် သင်တို့အား ငါအမှန်ဆိုသည်ကား မည်သည့်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရချေ။-
24 Eu, porém, lhes digo a verdade: nenhum profeta é aceito em sua própria cidade.
25 အမှန်ဆိုရလျှင် ပရောဖက်ဧလိယ လက်ထက်၌ ကောင်းကင်သည် သုံးနှစ်နှင့် ခြောက်လပတ်လုံး ပိတ်လျက်ရှိ၍ နိုင်ငံ တစ်ဝန်းလုံး၌ ကြီးစွာသော အစာငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သည့်ကာလ၌ အစ္စရာအဲလ်ပြည်တွင် မုဆိုးမ များစွာရှိကြ၏။-
25 “Por certo havia muitas viúvas necessitadas em Israel no tempo de Elias, quando o céu se fechou por três anos e meio e uma fome terrível devastou a terra.
26 သို့ရာတွင် ပရောဖက်ဧလိယသည် စီဒွန်နယ်၊ ဇာရေဖတ်မြို့ရှိ မုဆိုးမတစ်ဦးမှတစ်ပါး အခြားမည်သူ့ထံသို့မျှ စေလွှတ်ခြင်း မခံခဲ့ရပေ။-
26 E, no entanto, Elias não foi enviado a nenhuma delas, mas sim a uma estrangeira, uma viúva de Sarepta, na região de Sidom.
27 ပရောဖက်ဧလိဇေးဦးလက်ထက်၌ အစ္စရာအဲလ်ပြည်တွင် အနာကြီးရောဂါစွဲသောသူများစွာရှိ သော်လည်း ဆီးရိယပြည်သား နာမန်မှတစ်ပါး မည်သူမျှ ပျောက်ကင်းစင်ကြယ်ခွင့်မရခဲ့ကြဟု မိန့်တော်မူ၏။-
27 E havia muitos leprosos em Israel no tempo do profeta Eliseu, mas o único que ele curou foi Naamã, o sírio”.
28 တရားဇရပ်တွင်ရှိသောလူအပေါင်းတို့သည်လည်း ဤစကားကိုကြားသောအခါ အမျက်ပြင်းစွာထွက်ကြ၏။-
28 Quando ouviram isso, aqueles que estavam na sinagoga ficaram furiosos.
29 ထိုအခါ သူတို့သည် ထ၍ ကိုယ်တော့်ကိုမြို့ ပြင်သို့ထုတ်ပြီးလျှင် မြို့တည်ရှိရာတောင်ထိပ်စွန်းမှ တွန်းချခြင်းငှာ ခေါ်ဆောင် သွားကြ၏။-
29 Levantaram-se, expulsaram Jesus da cidade e o arrastaram até a beira do monte sobre o qual a cidade tinha sido construída. Pretendiam empurrá-lo precipício abaixo,
30 သို့ရာတွင် ကိုယ်တော်သည် သူတို့ အလယ်မှလျှောက်၍ ကြွသွားတော်မူ၏။
30 mas ele passou por entre a multidão e seguiu seu caminho.
31 ကိုယ်တော်သည် ဂါလေလေးယနယ်၊ ကာဖာနာအုမ်မြို့သို့ ကြွသွား၍ ဥပုသ်နေ့တွင် သွန်သင်ဟောပြောတော်မူ၏။-
31 Então Jesus foi a Cafarnaum, uma cidade na Galileia, onde ensinava na sinagoga aos sábados.
32 ကိုယ်တော်သည် အခွင့်အာဏာနှင့် ဟောပြောတော်မူသောကြောင့် သူတို့သည် ကိုယ်တော်၏ တရားတော်ကို အံ့ဩကြ လေ၏။-
32 Ali também o povo ficou admirado com seu ensino, pois ele falava com autoridade.
33 ထိုအခါ တရားဇရပ်၌ ညစ်ညူးသောနတ်ဆိုးစီးခံရသူတစ်ယောက်ရှိ၍ ထိုသူသည် ကြီးစွာသောအသံဖြင့် ဟစ်အော် သည်ကား၊-
33 Certa ocasião, estando ele na sinagoga, um homem possuído por um demônio, um espírito impuro, gritou:
34 အို နာဇရက်မြို့သား ယေဇူး၊ ကိုယ်တော်သည် အကျွန်ုပ်တို့ နှင့် မည်သို့သက်ဆိုင်ပါသနည်း။ အကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းငှာ လာသလော။ ကိုယ်တော် မည်သူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသောသူဖြစ်ပါ သည်ဟု ဆိုလေ၏။-
34 “Por que vem nos importunar, Jesus de Nazaré? Veio para nos destruir? Sei quem é você: o Santo de Deus!”.
35 သို့ရာတွင် ယေဇူးက တိတ်ဆိတ်စွာနေလော့။ ဤသူ့ထံမှ ထွက်သွားလော့ဟု သူ့အား ကြိမ်းမောင်းတော်မူ၏။ ထိုအခါ နတ်ဆိုးသည် ထိုသူကို လူများအလယ်တွင်လှဲချပြီးမှ ဘေးဥပဒ်တစ်စုံတစ်ခုမျှမပြုဘဲ သူ့ထံမှ ထွက်သွားလေ၏။-
35 Jesus o repreendeu, dizendo: “Cale-se! Saia deste homem!”. Então o espírito jogou o homem no chão à vista da multidão e saiu dele, sem machucá-lo.
36 လူအပေါင်းတို့သည်လည်း အံ့ဩကြလျက် ဤ သူ၏အမိန့်စကားသည် မည်သို့ဖြစ်မည်နည်း။ အကြောင်းမူကား သူသည် ညစ်ညူးသောနတ်ဆိုးတို့ကို အာဏာတန်ခိုးဖြင့် အမိန့်ပေးလျှင် သူတို့သည် ထွက်သွားကြရပေသည်တကားဟု အချင်းချင်း ပြောဆိုကြ၏။-
36 Admirado, o povo exclamava: “Que autoridade e poder ele tem! Até os espíritos impuros lhe obedecem e saem quando ele ordena!”.
37 ကိုယ်တော်၏ သတင်းတော်သည် ထိုဒေသပတ်ဝန်းကျင်တစ်ခုလုံး သို့ပျံ့ နှံ့သွားလေ၏။
37 E as notícias a respeito de Jesus se espalharam pelos povoados de toda a região.
38 ကိုယ်တော်သည် ထ၍ တရားဇရပ်မှ ထွက်ခွာပြီးလျှင် စီမွန်၏အိမ်သို့ဝင်တော်မူ၏။ ထိုအချိန်တွင် စီမွန်၏ ယောက္ခမ သည် ပြင်းထန်သောအဖျားရောဂါခံစားနေရ သောကြောင့် သူတို့သည် သူမအတွက် ကိုယ်တော့်ကို တောင်းလျှောက်ပေးကြ၏။-
38 Depois de sair da sinagoga naquele dia, Jesus foi à casa de Simão, onde encontrou a sogra dele muito doente, com febre alta. Quando os presentes suplicaram por ela,
39 ကိုယ်တော်သည် သူမ၏အနီးတွင်ရပ်လျက် အဖျားရောဂါပျောက်ကင်းစေရန် အမိန့်ပေးတော်မူလျှင် သူမသည် ရောဂါပျောက်ကင်း၍ ချက်ချင်းထကာ သူတို့ကိုဧည့်ဝတ်ပြုလေ၏။
39 Jesus se pôs ao lado da cama e repreendeu a febre, que a deixou. Ela se levantou de imediato e passou a servi-los.
40 နေဝင်ချိန်ရောက်သောအခါ အမျိုးမျိုးသော ရောဂါဝေဒနာစွဲကပ်သူတို့၏ ဆွေမျိုးအပေါင်းတို့သည် လူနာများကို အထံတော်သို့ ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်လည်း လူနာအသီးသီးအပေါ်၌ မိမိ၏လက်တော်ကိုတင်လျက် သူတို့၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။-
40 Quando o sol se pôs, as pessoas trouxeram seus familiares enfermos até ele. Qualquer que fosse a doença, ao pôr as mãos sobre eles, Jesus curava a todos.
41 နတ်ဆိုးတို့သည်လည်း ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်ဟု ဟစ်အော်လျက် များစွာသော လူတို့ထဲမှ ထွက်သွားကြ၏။ သို့သော် ကိုယ်တော်သည် သူတို့အား ဟန့်တား၍ ထိုသို့ပြောဆိုခြင်းကို ခွင့်ပြုတော် မမူချေ။ အကြောင်းမူကား ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို ၎င်းတို့သိကြသောကြောင့်ဖြစ်၏။
41 Muitos estavam possuídos por demônios, que saíam gritando: “Você é o Filho de Deus!”. Jesus, no entanto, os repreendia e não permitia que falassem, pois sabiam que ele era o Cristo.
42 နောက်တစ်နေ့တွင် ကိုယ်တော်သည် ထွက်ခွာ၍ လူသူကင်းဝေးရာအရပ်သို့ ကြွသွားတော်မူ၏။ ထိုအခါ လူတို့သည် ကိုယ်တော့်ကိုရှာကြပြီး အထံတော်သို့လာ ကြလျက် မိမိတို့ထံမှ ထွက်ခွာမသွားပါရန် ကိုယ်တော့်ကို တောင်းပန်ကြလေ၏။-
42 Logo cedo na manhã seguinte, Jesus retirou-se para um lugar isolado. As multidões o procuravam por toda parte e, quando finalmente o encontraram, suplicaram que não as deixasse.
43 သို့သော် ကိုယ်တော်က ငါသည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်ရာသတင်းကောင်းကို အခြားသောမြို့များတွင်လည်း ဟောပြောကြေညာရမည်။ အကြောင်းမူကား ငါသည် ဤအကြောင်းကြောင့် စေလွှတ်ခြင်းခံရသည်ဟု မိန့်တော်မူ၏။-
43 Ele, porém, disse: “Preciso anunciar as boas-novas do reino de Deus também em outras cidades, pois para isso fui enviado”.
44 ထို့နောက် ကိုယ်တော်သည် ဂျူဒေးယပြည်ရှိ တရားဇရပ်များတွင် ဟောပြောသွန်သင်တော်မူ၏။
44 E continuou a anunciar sua mensagem nas sinagogas da Judeia.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.