Lucas 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 ထိုကာလ၌ ဆီဇာဪဂုစ္စတုသည် နိုင်ငံတော် တစ်ဝန်းလုံး၌ သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။-
1 E aconteceu, naqueles dias, que saiu um decreto da parte de César Augusto, para que todo o mundo se alistasse.
2 ဤသန်းခေါင်စာရင်း ကောက်ယူခြင်းသည် ဆီးရိယဘုရင်ခံ ကွီရီနီဦးလက်ထက်၌ ပထမဆုံးအကြိမ်ဖြစ်၏။-
2 (Este primeiro alistamento foi feito sendo Cirênio governador da Síria.)
3 ထိုအခါ လူအားလုံးတို့သည် စာရင်းဝင်ခြင်းငှာ မိမိတို့၏ဇာတိမြို့ ရွာများသို့ အသီးသီးသွားကြ၏။- ၄-၅။ ဂျိုးဇက်သည်လည်း မိမိနှင့်ထိမ်းမြားရန် ကတိပြုထားပြီး ပဋိသန္ဓေအရင့်အမာရှိသောမာရိယာနှင့်အတူ စာရင်းဝင်ခြင်းငှာ ဂါလေလေးယပြည်၊ နာဇရက်မြို့ မှထွက်ခွာ၍ ဂျုဒပြည်ရှိ ဘက်သလေဟင်မြို့ဟု အမည်တွင်သော ဒါဝိဒ် ၏မြို့သို့သွားလေ၏။ အကြောင်းမူကား သူသည် ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သောကြောင့်တည်း။-
3 E todos iam alistar-se, cada um à sua própria cidade.
4 — ausente —
4 E subiu da Galileia também José, da cidade de Nazaré, à Judeia, à cidade de Davi chamada Belém (porque era da casa e família de Davi),
5 — ausente —
5 a fim de alistar-se com Maria, sua mulher, que estava grávida.
6 သူတို့သည်လည်း ဘက်သလေဟင်မြို့တွင်ရှိနေကြစဉ် မာရိယာသည် ဖွားမြင်ရန် နေ့လစေ့လေ၏။-
6 E aconteceu que, estando eles ali, se cumpriram os dias em que ela havia de dar à luz.
7 ထိုအခါ သူမသည် မိမိ၏သားဦး ကိုဖွားမြင်၍ အနှီးနှင့်ရစ်ပတ်ပြီး နွားစားခွက်ထဲတွင် သိပ်ထားလေ၏။ အကြောင်းမူကား တည်းခိုခန်းတွင် သူတို့ အဖို့ နေရာမရှိသောကြောင့်ဖြစ်၏။
7 E deu à luz o seu filho primogênito, e envolveu-o em panos, e deitou-o numa manjedoura, porque não havia lugar para eles na estalagem.
8 ထိုအရပ်ဒေသ၌ ညအခါတွင် မိမိတို့၏သိုးများကို စောင့်နေကြသောသိုးထိန်းတို့သည် ကွင်းပြင်ထဲ၌ရှိကြ၏။-
8 Ora, havia, naquela mesma comarca, pastores que estavam no campo e guardavam durante as vigílias da noite o seu rebanho.
9 ထိုအခါ ထာ၀ရဘုရားသခင်၏ ကောင်းကင်တမန်တော်တစ်ပါးသည် သူတို့အား ထင်ရှားပြလေ၏။ ထာ၀ရဘုရားသခင်၏ ဘုန်းဂုဏ်တော်သည်လည်း သူတို့ပတ်လည်တွင် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြ၏။-
9 E eis que um anjo do Senhor veio sobre eles, e a glória do Senhor os cercou de resplendor, e tiveram grande temor.
10 ကောင်းကင်တမန်တော်ကလည်း မကြောက်ကြနှင့်။ လူအပေါင်းတို့အတွက် အလွန်ဝမ်းမြောက်ရာဖြစ်စေမည့် သတင်း ကောင်းကို ငါသည် သင်တို့ထံသို့ယူဆောင်လာ၏။-
10 E o anjo lhes disse: Não temais, porque eis aqui vos trago novas de grande alegria, que será para todo o povo,
11 အကြောင်းမူကား ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်၏မြို့၌ သင်တို့အဖို့ ဤယနေ့တွင်ဖွားမြင် တော်မူပြီ။-
11 pois, na cidade de Davi, vos nasceu hoje o Salvador, que é Cristo, o Senhor.
12 သင်တို့သိရှိနိုင်မည့်အမှတ်အသားသည်ကား အနှီးနှင့်ပတ်လျက် နွားစားခွက်၌ သိပ်ထားသောသူငယ်ကို သင်တို့ တွေ့ရ လိမ့်မည်ဟု မိန့်ဆိုလေ၏။-
12 E isto vos será por sinal: achareis o menino envolto em panos e deitado numa manjedoura.
13 ထို့နောက် ထိုကောင်းကင်တမန်တော်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ရုတ်တရက်ပေါ်လာ၍ ဘုရားသခင် အား ချီးမွမ်းသီဆိုလျက် ကြွေးကြော်ကြသည်မှာ၊-
13 E, no mesmo instante, apareceu com o anjo uma multidão dos exércitos celestiais, louvando a Deus e dizendo:
14 အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်အား ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ မြေကြီးပေါ်၌လည်း ဘုရားသခင်နှစ်သက် မြတ်နိုးသောသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်းဟူ၍ဖြစ်၏။
14 Glória a Deus nas alturas, paz na terra, boa vontade para com os homens!
15 ကောင်းကင်တမန်တော်တို့သည် သူတို့ထံမှထွက်ခွာ၍ ကောင်းကင်သို့တက်သွားကြသောအခါ သိုးထိန်းတို့က ဘက်သလေဟင်မြို့သို့ သွားကြစို့၊ ငါတို့အား ထာ၀ရဘုရားသခင် ဗျာဒိတ်တော်ပေးသည့် ဤအဖြစ်အပျက်ကို သွား၍ ကြည့်ကြစို့ဟု အချင်းချင်းပြောဆိုကြလေ၏။-
15 E aconteceu que, ausentando-se deles os anjos para o céu, disseram os pastores uns aos outros: Vamos, pois, até Belém e vejamos isso que aconteceu e que o Senhor nos fez saber.
16 ထို့နောက် သူတို့သည် အလျင်အမြန်သွားကြလျှင် မာရိယာနှင့် ဂျိုးဇက်ကိုလည်းကောင်း၊ နွားစားခွက်၌သိပ်ထားသော သူငယ်တော်ကိုလည်းကောင်း တွေ့ ကြ၏။-
16 E foram apressadamente e acharam Maria, e José, e o menino deitado na manjedoura.
17 သိုးထိန်းတို့သည် ဤဖြစ်ရပ်ကိုတွေ့မြင်ကြသောအခါ သူငယ်တော်နှင့်စပ်လျဉ်း၍ မိမိတို့အား ဗျာဒိတ်တော်ပေးသည့် မိန့်ကြားချက်ကို ပြန်ပြောကြ၏။-
17 E, vendo- o, divulgaram a palavra que acerca do menino lhes fora dita.
18 ကြားရသောသူ အပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြော သည့်အကြောင်းအရာများ၌ အံ့ဩကြ၏။-
18 E todos os que a ouviram se maravilharam do que os pastores lhes diziam.
19 မာရိယာမူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိ၏စိတ်နှလုံး တွင် စဉ်းစားဆင်ခြင်လျက် သိမ်းထားလေ၏။-
19 Mas Maria guardava todas essas coisas, conferindo- as em seu coração.
20 သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောပြထားသည့်အတိုင်း မြင်ရကြားရသောကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြလေ၏။
20 E voltaram os pastores glorificando e louvando a Deus por tudo o que tinham ouvido e visto, como lhes havia sido dito.
21 ထို့နောက် ရှစ်ရက်မြောက်သောနေ့တွင် သူငယ်တော်ကို အရေဖျားလှီးခြင်းမင်္ဂလာပေးသောအခါ အမိဝမ်း၌ ပဋိသန္ဓေ မစွဲမီကပင် ကောင်းကင်တမန်တော်က ပေးထားသည့် ယေဇူးအမည်ဖြင့် သူ့ကိုမှည့်ခေါ် ကြ၏။
21 E, quando os oito dias foram cumpridos para circuncidar o menino, foi-lhe dado o nome de Jesus, que pelo anjo lhe fora posto antes de ser concebido.
22 ထို့နောက် မိုးဇက်၏ပညတ်ဥပဒေနှင့်အညီ သန့်ရှင်းစင်ကြယ်ခြင်း ဝိနည်းကို ပြုအပ်သောနေ့ရက် ရောက်လာသောအခါ သူတို့သည် သူငယ်တော်ကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရန် ဂျေရုဆလင်မြို့သို့ခေါ် ဆောင်ခဲ့ကြ၏။-
22 E, cumprindo-se os dias da purificação, segundo a lei de Moisés, o levaram a Jerusalém, para o apresentarem ao Senhor
23 ထာ၀ရဘုရားသခင်၏ ပညတ်တရားကျမ်းတွင် သားဦးဟူသမျှကို ထာ၀ရဘုရားသခင်အား ဆက်ကပ်ပူဇော်ရမည် ဟူ၍လည်းကောင်း၊-
23 (segundo o que está escrito na lei do Senhor: Todo macho primogênito será consagrado ao Senhor)
24 ချိုးငှက်တစ်စုံ၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရမည်ဟူ၍လည်းကောင်း ရေးသားထားသည့်အတိုင်း သူတို့သည် သူငယ်တော်နှင့် ပူဇော်သကာတို့ကို ဆက်ကပ်ပူဇော်ရန် ရောက်လာကြခြင်းဖြစ်၏။
24 e para darem a oferta segundo o disposto na lei do Senhor: um par de rolas ou dois pombinhos.
25 ထိုအချိန်၌ စီမေအွန်အမည်ရှိသော သူတစ်ဦးသည် ဂျေရုဆလင်မြို့တွင်ရှိလေ၏။ ဤသူသည် ဖြောင့်မတ်၍ ဘုရားတရား ကြည်ညိုသောသူဖြစ်ပြီး အစ္စရာအဲလ်လူမျိုးတို့ နှစ်သိမ့်ခြင်းခံရမည်ကို မျှော်လင့်စောင့်စားနေသောသူဖြစ်၏။ ဝိညာဉ်တော်မြတ် သည်လည်း သူ့အပေါ် ၌ တည်တော်မူ၏။-
25 Havia em Jerusalém um homem cujo nome era Simeão; e este homem era justo e temente a Deus, esperando a consolação de Israel; e o Espírito Santo estava sobre ele.
26 သူသည် ထာ၀ရဘုရားသခင်၏ ခရစ်တော်ကို မဖူးမြင်ရမီ သေခြင်းသို့မရောက်ရဟူ၍ ဝိညာဉ်တော်မြတ်ထံမှ ဗျာဒိတ် တော်ကို ရရှိထားသောသူလည်းဖြစ်၏။-
26 E fora-lhe revelado pelo Espírito Santo que ele não morreria antes de ter visto o Cristo do Senhor.
27 စီမေအွန်သည် ဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရ၍ ဗိမာန်တော်ထဲသို့ဝင်ရောက်လာလေ၏။ မိဘတို့သည်လည်း ပညတ်တရားထုံးစံရှိသည့်အတိုင်း ဆောင်ရွက်ရန် သူငယ်တော်ယေဇူးကို ဗိမာန်တော်အတွင်းသို့ ခေါ်ဆောင်လာသောအခါ၊-
27 E, pelo Espírito, foi ao templo e, quando os pais trouxeram o menino Jesus, para com ele procederem segundo o uso da lei,
28 သူသည် သူငယ်တော်ကို မိမိ၏လက်ဖြင့်ပွေ့ချီ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊-
28 ele, então, o tomou em seus braços, e louvou a Deus, e disse:
29 အိုထာ၀ရဘုရားသခင်၊ ကိုယ်တော်ကတိထားတော်မူသည့်အတိုင်း ကိုယ်တော်၏အစေခံကို ယခုအခါ၌ ငြိမ်သက်စွာ သွားခွင့်ပြုတော်မူပါ။-
29 Agora, Senhor, podes despedir em paz o teu servo, segundo a tua palavra,
30 အကြောင်းမူကား အကျွန်ုပ်၏မျက်စိများသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ဖူးမြင်ရလေပြီ။-
30 pois já os meus olhos viram a tua salvação,
31 ထိုကယ်တင်ခြင်းကို ကိုယ်တော်သည် လူမျိုးတကာတို့၏ရှေ့မှောက်တွင် ပြင်ဆင် ထားပြီး၊-
31 a qual tu preparaste perante a face de todos os povos,
32 ၎င်းသည် လူမျိုးခြားတို့အား ဖော်ပြတော်မူ သောအလင်းနှင့် ကိုယ်တော်၏လူမျိုးဖြစ်သော အစ္စရာအဲလ်လူမျိုးတို့အတွက် ဂုဏ်ကျက်သရေဖြစ်ပေသည်ဟူ ၍ မြွက်ဆိုလေ၏။
32 luz para alumiar as nações e para glória de teu povo Israel.
33 သူငယ်တော်၏ ဖခင်နှင့် မိခင်တို့သည်လည်း ကိုယ်တော်၏အကြောင်းနှင့်ပတ်သက်၍ ပြောဆိုသောစကားတို့ကို အံ့ဩကြ၏။-
33 José e Maria se maravilharam das coisas que dele se diziam.
34 ထို့နောက် စီမေအွန်သည် သူတို့ကို ကောင်းချီးပေး၍ သူငယ်တော်၏မယ်တော် မာရိယာအား ဆိုသည်မှာ ဤသူငယ်သည် အစ္စရာအဲလ်လူမျိုးတွင် လူအများ၏ပျက်စီးခြင်းအတွက်လည်းကောင်း၊ ထမြောက်ခြင်းအတွက်လည်းကောင်း၊ ဆန့်ကျင်ဘက် ပြုခြင်းခံရသည့် အမှတ်လက္ခဏာအဖြစ်လည်းကောင်း ခန့်ထားခြင်းခံရသောသူဖြစ်၏။-
34 E Simeão os abençoou e disse à Maria, sua mãe: Eis que este é posto para queda e elevação de muitos em Israel e para sinal que é contraditado
35 ဤသို့ဖြင့် များစွာသောလူတို့၏ စိတ်နှလုံးအတွင်းမှ အကြံအစည်များသည် ဖော်ထုတ်ပြသခြင်းခံရလိမ့်မည်။ သင်၏နှလုံးကိုလည်း သန်လျက် ထိုးဖောက်လိမ့်မည်ဟု ဆိုလေ၏။
35 (e uma espada traspassará também a tua própria alma), para que se manifestem os pensamentos de muitos corações.
36 ထိုနေရာ၌ အာရှဲအမျိုးအနွယ်ဝင် ဖာနူအဲလ်၏သမီး အန္နာအမည်ရှိသေ ာပရောဖက်မတစ်ဦးရှိပြီး သူမသည် အသက်အရွယ်ကြီးရင့်ပြီဖြစ်၏။ သူမသည် ပျိုရွယ်သော အချိန်မှစ၍ ခင်ပွန်းသည်နှင့် ခုနစ်နှစ်သာပေါင်းသင်းခဲ့ပြီး၊-
36 E estava ali a profetisa Ana, filha de Fanuel, da tribo de Aser. Esta era já avançada em idade, e tinha vivido com o marido sete anos, desde a sua virgindade,
37 အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင် မုဆိုးမဘ၀ဖြင့် နေထိုင်ခဲ့၏။ သူမသည် ဗိမာန်တော်မှ မည်သည့်အခါမျှ ထွက်ခွာခြင်း မရှိဘဲ ဝတ်ပြုကိုးကွယ်လျက် အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို နေ့ညမပြတ်ပြုလုပ်လေ၏။-
37 e era viúva, de quase oitenta e quatro anos, e não se afastava do templo, servindo a Deus em jejuns e orações, de noite e de dia.
38 သူမသည်လည်း ထိုအချိန်နာရီ၌ ရောက်လာ၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကာ ဂျေရုဆလင်၏ ကယ်တင်ခြင်းကို မျှော်လင့်နေကြသော လူအပေါင်းတို့အား သူငယ်တော်၏အကြောင်းကို ပြောကြားလေ၏။
38 E, sobrevindo na mesma hora, ela dava graças a Deus e falava dele a todos os que esperavam a redenção em Jerusalém.
39 သူတို့သည်လည်း ထာ၀ရဘုရားသခင်၏ ပညတ်တရားထုံးစံများကို ပြည့်စုံစွာဆောင်ရွက်ပြီးသောအခါ ဂါလေလေးယ နယ်ရှိ မိမိတို့၏မြို့ဖြစ်သော နာဇရက်မြို့သို့ ပြန်သွားကြ၏။-
39 E, quando acabaram de cumprir tudo segundo a lei do Senhor, voltaram à Galileia, para a sua cidade de Nazaré.
40 သူငယ်တော်သည် ကြီးထွားသန်စွမ်းလာ၍ ဉာဏ်ပညာနှင့်ပြည့်စုံပြီးလျှင် ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌ သက်ရောက်လေ၏။
40 E o menino crescia e se fortalecia em espírito, cheio de sabedoria; e a graça de Deus estava sobre ele.
41 ကိုယ်တော်၏ မိဘနှစ်ပါးတို့သည် နှစ်စဉ်နှစ်တိုင်း ပါစကားပွဲတော်တွင် ဂျေရုဆလင်မြို့သို့သွားကြ၏။-
41 Ora, todos os anos, iam seus pais a Jerusalém, à Festa da Páscoa.
42 ကိုယ်တော်သည် တစ်ဆယ့်နှစ်နှစ်အရွယ်ရောက်သောအခါ ပါစကားထုံးစံရှိသည့်အတိုင်း သူတို့သည် ဂျေရုဆလင်မြို့ သို့တက်သွားကြလေ၏။-
42 E, tendo ele já doze anos, subiram a Jerusalém, segundo o costume do dia da festa.
43 ထို့နောက် ပွဲတော်ရက်များ ပြီးဆုံး၍ သူတို့ပြန်လာကြသောအခါ သူငယ်တော်ယေဇူးသည် ဂျေရုဆလင်မြို့၌ နေရစ်ခဲ့ လေ၏။ ကိုယ်တော်၏ မိဘတို့သည် ထိုအကြောင်းကိုမသိကြချေ။-
43 E, regressando eles, terminados aqueles dias, ficou o menino Jesus em Jerusalém, e não o souberam seus pais.
44 သူတို့သည် အပေါင်းအဖော်အစုအဝေးတို့တွင် ကိုယ်တော်ပါရှိသည်ဟု ထင်မှတ်၍ တစ်နေ့တာခရီး ပြုကြပြီးမှ မိမိတို့၏ ဆွေမျိုးအသိအကျွမ်းများထဲတွင် ကိုယ်တော့်ကိုရှာကြ၏။-
44 Pensando, porém, eles que viria de companhia pelo caminho, andaram caminho de um dia e procuravam-no entre os parentes e conhecidos.
45 သူတို့သည် ကိုယ်တော့်ကို မတွေ့သောအခါ ဂျေရုဆလင်မြို့ သို့ပြန်သွား၍ရှာလေ၏။-
45 E, como o não encontrassem, voltaram a Jerusalém em busca dele.
46 သုံးရက်လွန်သောအခါ သူတို့သည် ကိုယ်တော့်ကို ဗိမာန်တော်ထဲ၌ ကျမ်းတတ်ဆရာများနှင့် အတူထိုင်ကာ သူတို့ပြောသော စကားများကို နားထောင်၍ မေးခွန်းများ မေးမြန်းလျက်ရှိသည်ကို တွေ့ကြ၏။-
46 E aconteceu que, passados três dias, o acharam no templo, assentado no meio dos doutores, ouvindo-os e interrogando-os.
47 ကိုယ်တော်၏စကားကို ကြားကြသောသူအပေါင်းတို့သည် ကိုယ်တော်၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့ဩ ကြလေ၏။-
47 E todos os que o ouviam admiravam a sua inteligência e respostas.
48 မိဘတို့သည်လည်း ကိုယ်တော့်ကိုတွေ့လျှင် အံ့အားသင့်လျက် မယ်တော်က ကိုယ်တော်အား ငါ့သား၊ အဘယ်ကြောင့် ငါတို့အား ဤသို့ပြုသနည်း။ သင့်ဖခင်နှင့် ငါသည် စိတ်ပူပန်လျက် သင့်ကိုရှာခဲ့ကြရပြီ ဟုဆိုလေ၏။-
48 E, quando o viram, maravilharam-se, e disse-lhe sua mãe: Filho, por que fizeste assim para conosco? Eis que teu pai e eu, ansiosos, te procurávamos.
49 ထိုအခါ ကိုယ်တော်က အဘယ်ကြောင့် ကျွန်ုပ်ကို ရှာကြပါသနည်း။ ကျွန်ုပ်သည် ခမည်းတော်၏ အိမ်တော်တွင် ရှိနေရ မည်ကို မသိကြသလောဟု သူတို့အား မိန့်တော်မူ၏။-
49 E ele lhes disse: Por que é que me procuráveis? Não sabeis que me convém tratar dos negócios de meu Pai?
50 သူတို့မူကား မိမိတို့အား ကိုယ်တော်ပြောသောစကားကို နားမလည်ကြချေ။-
50 E eles não compreenderam as palavras que lhes dizia.
51 ထို့နောက် ကိုယ်တော်သည် မိဘတို့နှင့်အတူလိုက်ပါသွား၍ နာဇရက်မြို့သို့ရောက်သော် သူတို့ကို နာခံလျက်နေထိုင်လေ၏။ ကိုယ်တော်၏ မယ်တော်သည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို နှလုံးသွင်းထားလေ၏။
51 E desceu com eles, e foi para Nazaré, e era-lhes sujeito. E sua mãe guardava no coração todas essas coisas.
52 ယေဇူးသည်လည်း ဉာဏ်ပညာနှင့် ပြည့်စုံလျက် ကြီးပြင်းလာပြီး ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ လူတို့ရှေ့၌ လည်းကောင်း မျက်နှာရလေ၏။
52 E crescia Jesus em sabedoria, e em estatura, e em graça para com Deus e os homens.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.