Lucas 24

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ရက်သတ္တပတ်၏ ပထမနေ့ နံနက်စောစောတွင် အမျိုးသမီးများသည် မိမိတို့ပြင်ဆင်ထားသော နံ့သာမျိုးကို ယူဆောင် လျက် သခင်္ျိုင်းတော်သို့ သွားကြ လျှင်၊-
1 No primeiro dia da semana, bem cedo, as mulheres foram ao túmulo, levando as especiarias que haviam preparado,
2 ကျောက်တုံးမှာ သခင်္ျိုင်းဂူ၀မှ လှိမ့်ဖယ်ထားလျက် ရှိသည်ကို တွေ့ ကြ၏။-
2 e viram que a pedra tinha sido afastada da entrada.
3 သူတို့သည် သခင်္ျိုင်းဂူအတွင်းသို့ ဝင်ကြသောအခါ၌မူ ယေဇူးသခင်၏အလောင်းတော် ကိုမတွေ့ ကြရပေ။-
3 Quando entraram no túmulo, não encontraram o corpo do Senhor Jesus.
4 သူတို့သည်လည်း ဤအဖြစ်အပျက် ကြောင့် စိတ်ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောဝတ် ရုံများကို ဝတ်ဆင်ထားသော လူနှစ်ဦးသည် ရုတ်တရက် ပေါ်လာပြီး သူတို့အနီး၌ ရပ်နေကြ၏။-
4 Enquanto estavam ali, perplexas, dois homens apareceram, vestidos com mantos resplandecentes.
5 အမျိုးသမီးတို့ သည် ကြောက်ရွံ့၍ မိမိတို့၏ မျက်နှာများကို မြေတွင်အပ်ကာ ပျပ်ဝပ်လျက်ရှိကြစဉ် ထိုသူတို့က သင်တို့သည် အသက်ရှင်သောသူကို သေသူတို့အစုတွင် အဘယ်ကြောင့်ရှာဖွေကြသနည်း။-
5 As mulheres ficaram amedrontadas e se curvaram com o rosto em terra. Então os homens perguntaram: “Por que vocês procuram entre os mortos aquele que vive?
6 ကိုယ်တော်သည် ဤနေရာတွင်မရှိ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက်တော်မူလေပြီ။ ဂါလေလေးယနယ်တွင် ကိုယ်တော်ရှိတော်မူခဲ့စဉ်က၊-
6 Ele não está aqui. Ressuscitou! Lembrem-se do que ele lhes disse na Galileia:
7 လူသားသည် အပြစ်ရှိသူတို့၏လက်သို့ အပ်နှံခြင်းခံရမည်၊ လက်ဝါးကပ်တိုင်တင်ခံရပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ရမည်ဟူ၍ သင်တို့အား မိန့်တော်မူခဲ့သည်ကို သတိရကြလော့ဟု ဆိုလေ၏။-
7 ‘É necessário que o Filho do Homem seja traído e entregue nas mãos de pecadores, seja crucificado e ressuscite no terceiro dia’”.
8 ထိုအခါ သူတို့သည် ကိုယ်တော် မိန့်တော်မူခဲ့သော စကားများကို ပြန်လည်၍သတိရကြသဖြင့်၊-
8 Então lembraram-se dessas palavras de Jesus
9 သခင်္ျိုင်းတော်မှ ပြန်လာကြပြီးလျှင် တစ်ကျိပ်တစ်ပါးတို့နှင့် အခြားသူအားလုံးတို့အား ဤအကြောင်းအရာအလုံးစုံတို့ကို ပြောပြကြ၏။-
9 e, voltando do túmulo, foram contar aos onze discípulos e a todos os outros o que havia acontecido.
10 တမန်တော်တို့အား ဤသတင်းတော်ကို ပြောကြားသောသူတို့မှာ မာရိယာမာဒလေးနာ၊ ဂျိုအန္နာ၊ ယာကုပ်၏အမိ မာရိယာနှင့် သူတို့နှင့်အတူပါသော အခြားအမျိုးသမီးများ ဖြစ်ကြ၏။-
10 Maria Madalena, Joana, Maria, mãe de Tiago, e as outras mulheres que as acompanhavam relataram tudo aos apóstolos.
11 သို့ရာတွင် သူတို့ပြောသောစကားများမှာ တမန်တော်တို့အတွက် ယုတ္တိမရှိသောပုံပြင် သဖွယ်ဖြစ်သောကြောင့် တမန်တော်တို့သည် သူတို့ကို မယုံကြည်ကြချေ။-
11 Para eles, porém, a história pareceu absurda, e não acreditaram nelas.
12 ပေတရုမူကား ထ၍ သခင်္ျိုင်းတော်သို့ ပြေးသွားလျက် အထဲသို့ ငုံ့ကြည့်သောအခါ ပိတ်အဝတ်များကိုသာ တွေ့ရလေ၏။ ထို့နောက် သူသည် ထိုအဖြစ်အပျက်ကြောင့် အံ့ဩလျက် အိမ်သို့ပြန်သွားလေ၏။
12 Mas Pedro se levantou e correu até o túmulo. Abaixando-se, olhou atentamente para dentro e viu os panos de linho vazios; então voltou para casa, admirado com o que havia acontecido.
13 ထိုတစ်နေ့တည်းတွင်ပင် သူတို့အထဲမှ နှစ်ဦးသည် ဂျေရုဆလင်မြို့မှ ခုနစ်မိုင်ခန့်ဝေးသော ဧမာဦးရွာသို့ ခရီးသွားကြ၏။-
13 Naquele mesmo dia, dois dos seguidores de Jesus caminhavam para o povoado de Emaús, a onze quilômetros de Jerusalém.
14 လမ်းခရီးတွင် သူတို့သည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်းပြောဆိုကြလေ၏။-
14 No caminho, falavam a respeito de tudo que havia acontecido.
15 ထိုသို့သူတို့အချင်းချင်း ပြောဆိုဆွေးနွေးလျက်ရှိစဉ် ယေဇူးကိုယ်တော်တိုင် ချဉ်းကပ်လာ၍ သူတို့နှင့်အတူ ခရီးသွား တော်မူ၏။-
15 Enquanto conversavam e discutiam, o próprio Jesus se aproximou e começou a andar com eles.
16 သို့ရာတွင် ကိုယ်တော်ဖြစ်သည်ကို မမှတ်မိစေရန် သူတို့၏မျက်စိများသည် ထိန်း ချုပ်ခြင်းခံကြရ၏။-
16 Os olhos deles, porém, estavam como que impedidos de reconhecê-lo.
17 ကိုယ်တော်က သင်တို့သည် ခရီးသွားစဉ် မည်သည့်အကြောင်းအရာကို ဆွေးနွေးပြောဆို နေကြသနည်းဟု သူတို့အား မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းကြေကွဲသေ ာမျက်နှာနှင့် ရပ်တန့်သွားကြလေ၏။-
17 Jesus lhes perguntou: “Sobre o que vocês tanto debatem enquanto caminham?”. Eles pararam, com o rosto entristecido.
18 ထို့နောက် သူတို့တွင် ကလေအိုဖအမည်ရှိသောသူက ဂျေရုဆလင်မြို့၌ သင်တစ်ဦးတည်းသာ ဧည့်သည်ဖြစ်လျက် ဤနေ့ရက်များတွင် ဤမြို့ ၌ဖြစ်ပျက်ခဲ့ သည့် အကြောင်းအရာများကို မသိပါသလောဟု ပြန်မေး လေ၏။-
18 Então um deles, chamado Cleopas, respondeu: “Você deve ser a única pessoa em Jerusalém que não sabe das coisas que aconteceram lá nos últimos dias”.
19 ကိုယ်တော်ကလည်း မည်သည့်အကြောင်း အရာများနည်းဟုမေးတော်မူလျှင် သူတို့ကပြန်ဖြေသည်မှာ ဘုရားသခင်နှင့် လူအပေါင်းတို့၏ ရှေ့မျက်မှောက်တွင် အပြုအမူနှင့် ဟောပြောချက်တို့၌ တန်ခိုးကြီးသောပရော ဖက်ဖြစ်သည့် နာဇရက်မြို့သား ယေဇူး၏ အကြောင်းနှင့်၊-
19 “Que coisas?”, perguntou Jesus. “As coisas que aconteceram com Jesus de Nazaré”, responderam eles. “Ele era um profeta de palavras e ações poderosas aos olhos de Deus e de todo o povo.
20 ကျွန်ုပ်တို့၏ရဟန်းအကြီးအကဲများနှင့် အုပ်ချုပ်သူအရာရှိတို့သည် သူ့ကိုသေဒဏ်စီရင်ရန် အပ်နှံကြ၍ လက်ဝါး ကပ်တိုင် တင်ကြသည့် အကြောင်းများပင်ဖြစ်ပါသည်။-
20 Mas os principais sacerdotes e outros líderes religiosos o entregaram para que fosse condenado à morte e o crucificaram.
21 ကျွန်ုပ်တို့မူကား သူသည် အစ္စရာအဲလ်လူမျိုးကို ကယ်တင်မည့်သူ ဖြစ်သည်ဟူ၍ မျှော်လင့်ထားခဲ့ကြ၏။ ထိုမျှမကသေး၊ ဤယနေ့သည် ထိုအကြောင်းအရာများဖြစ်ခဲ့ပြီး သုံးရက်မြောက်သောနေ့ဖြစ်ပါသည်။-
21 Tínhamos esperança de que ele fosse aquele que resgataria Israel. Isso tudo aconteceu há três dias.
22 ထို့ပြင် ကျွန်ုပ်တို့အထဲမှ အချို့သောအမျိုးသမီးများသည် ကျွန်ုပ်တို့ကို အံ့အားသင့်စေခဲ့ပါသည်။ သူတို့သည် ယနေ့နံနက်စောစောတွင် သခင်္ျိုင်းတော်သို့ သွားခဲ့ကြပြီး၊-
22 “Algumas mulheres de nosso grupo foram até seu túmulo hoje bem cedo e voltaram contando uma história surpreendente.
23 ကိုယ်တော်၏ အလောင်းတော်ကို မတွေ့ခဲ့ကြပေ။ သူတို့သည် ပြန်လာ၍ ကိုယ်တော်သည် အသက်ရှင်လျက်ရှိသည်ဟု ပြောဆိုသော ကောင်းကင်တမန်တော်များကို တွေ့ မြင်ခဲ့ကြကြောင်း ပြောပြကြပါသည်။-
23 Disseram que o corpo havia sumido e que viram anjos que lhes disseram que Jesus está vivo.
24 ထိုအခါ ကျွန်ုပ်တို့နှင့်အတူ ရှိနေကြသောသူများထဲမှ အချို့သည် သခင်္ျိုင်းတော်သို့ သွားကြရာ အမျိုးသမီးများ ပြောခဲ့သည့်အတိုင်း တွေ့ မြင်ခဲ့ကြရသော်လည်း ကိုယ်တော့်ကိုမူ မတွေ့ခဲ့ကြပါဟု ဆိုကြလေ၏။
24 Alguns homens de nosso grupo correram até lá para ver e, de fato, tudo estava como as mulheres disseram, mas não o viram.”
25 ထိုအခါ ကိုယ်တော်က အိုမိုက်မဲသောလူတို့၊ ပရောဖက်တို့ဟောပြောခဲ့သမျှကို သင်တို့ယုံကြည်ရန် နှောင့်နှေးကြ လေပြီတကား။-
25 Então Jesus lhes disse: “Como vocês são tolos! Como custam a entender o que os profetas registraram nas Escrituras!
26 ခရစ်တော်သည် မိမိ၏ဘုန်း ဂုဏ်တော်သို့ ကြွဝင်တော်မူရန်အတွက် ဤအရာများကို ခံထမ်းရန် လိုအပ်သည် မဟုတ်လောဟု မိန့်တော်မူ၏။-
26 Não percebem que era necessário que o Cristo sofresse essas coisas antes de entrar em sua glória?”.
27 ထို့နောက် ကိုယ်တော်သည် မိုးဇက်မှစ၍ ပရောဖက်ရှိသမျှတို့က မိမိကို အကြောင်းပြုလျက် ရေးထားသော ကျမ်းချက်များ၏ အဓိပ္ပာယ်ကို သူတို့အား ရှင်းလင်းဖော်ပြတော်မူ၏။
27 Então Jesus os conduziu por todos os escritos de Moisés e dos profetas, explicando o que as Escrituras diziam a respeito dele.
28 သူတို့ခရီးပြုနေသည့် ရွာအနီးသို့ရောက်ကြသောအခါ ကိုယ်တော်သည် ရှေ့သို့ခရီးဆက်မည့်ဟန်ပြုတော်မူ၏။-
28 Aproximando-se de Emaús, o destino deles, Jesus fez como quem seguiria viagem,
29 သို့သော် သူတို့က ကျွန်ုပ်တို့နှင့်အတူတည်းခိုပါ။ အဘယ်ကြောင့်ဆိုသော် ညနေစောင်း၍ နေ့တာလည်း ကုန်လုနီးပါပြီဟု အနူးအညွတ်တောင်းပန်ကြသဖြင့် ကိုယ်တော်သည် သူတို့နှင့်အတူ ဝင်၍တည်းခိုတော်မူ၏။-
29 mas eles insistiram: “Fique conosco esta noite, pois já é tarde”. E Jesus foi para casa com eles.
30 ကိုယ်တော်သည် သူတို့နှင့်အတူ စားပွဲ၌ ရှိတော်မူသောအခါ ပေါင်မုန့်ကိုယူ၍ ကောင်းချီးပေးပြီးမှ ဖဲ့၍ ၎င်းကို သူတို့အား ပေးတော်မူ၏။-
30 Quando estavam à mesa, ele tomou o pão e o abençoou. Depois, partiu-o e lhes deu.
31 ထိုအခါ သူတို့၏မျက်စိများပွင့်လာကြ၍ သူတို့သည် ကိုယ်တော်ဖြစ်မှန်းသိကြလေ၏။ ကိုယ်တော်သည်လည်း သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားတော်မူ၏။-
31 Então os olhos deles foram abertos e o reconheceram. Nesse momento, ele desapareceu.
32 သူတို့က လမ်းခရီး၌ ကိုယ်တော်သည် ငါတို့နှင့်အတူစကားပြောလျက် ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆို ပြတော်မူသောအခါ ငါတို့၏နှလုံးသားများသည် ငါတို့အတွင်း၌ မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည် မဟုတ်လောဟု အချင်းချင်းပြောဆိုကြ၏။-
32 Disseram um ao outro: “Não ardia o nosso coração quando ele falava conosco no caminho e nos explicava as Escrituras?”.
33 သူတို့သည်လည်း ထိုအချိန်နာရီ၌ပင် ထ၍ ဂျေရုဆလင်မြို့သို့ပြန်သွားကြပြီးလျှင် တစ်ကျိပ်တစ်ပါးနှင့် သူတို့၏အပေါင်း အဖော်များအတူ တကွစုဝေးနေသည်ကိုတွေ့ ကြ၏။-
33 E, na mesma hora, levantaram-se e voltaram para Jerusalém. Ali, encontraram os onze discípulos e os outros que estavam reunidos com eles,
34 ထိုသူတို့က သခင်ဘုရားသည် ဧကန်အမှန်ရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည် စီမွန်ကို ထင်ရှားပြတော်မူပြီ ဟုဆိုကြ၏။-
34 que lhes disseram: “É verdade que o Senhor ressuscitou! Ele apareceu a Pedro!”.
35 ထိုအခါ ထိုသူနှစ်ယောက်တို့သည်လည်း လမ်းခရီး၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာကိုလည်းကောင်း၊ ပေါင်မုန့်ကို ဖဲ့တော်မူရာ၌ ကိုယ်တော်ဖြစ်ကြောင်း သိရ သည်ကိုလည်းကောင်း ပြောပြကြလေ၏။
35 Então os dois contaram como Jesus tinha aparecido enquanto andavam pelo caminho, e como o haviam reconhecido quando ele partiu o pão.
36 သူတို့သည် ဤအကြောင်းအရာကိုပြောနေကြစဉ် ယေဇူးသည် ကိုယ်တော်တိုင် သူတို့အလယ်၌ရပ်လျက် သင်တို့၌ ငြိမ်ချမ်းသာယာခြင်း ရှိစေသတည်းဟု သူတို့အား မိန့်တော်မူ၏။-
36 Enquanto contavam isso, o próprio Jesus apareceu entre eles e lhes disse: “Paz seja com vocês!”.
37 သူတို့မူကား ကြောက်ရွံ့တုန်လှုပ်၍ တစ္ဆေကို မြင်ရသည်ဟုထင်မှတ်ကြ၏။-
37 Eles se assustaram e ficaram amedrontados, pensando que viam um fantasma.
38 ကိုယ်တော်က လည်း သင်တို့သည် အဘယ်ကြောင့် ကြောက်ရွံ့တုန် လှုပ်ကြသနည်း။ အဘယ်ကြောင့် သင်တို့၏စိတ်နှလုံး ထဲ၌ ယုံမှားသံသယဖြစ်ကြသနည်း။-
38 “Por que estão perturbados?”, perguntou ele. “Por que seu coração está cheio de dúvida?
39 ငါ၏လက်နှင့် ခြေတို့ကိုကြည့်ကြလော့။ ငါကိုယ်တိုင်ပင်ဖြစ်၏။ ငါ့ကို စမ်းသပ်ကြည့်ရှုကြလော့။ အကြောင်းမူကား ငါ၌ အရိုးနှင့်အသားရှိသည်ကို သင်တို့မြင်ကြရသကဲ့သို့ တစ္ဆေ၌ ထိုအရာများမရှိဟု သူတို့အား မိန့်တော်မူ၏။-
39 Vejam minhas mãos e meus pés. Sou eu mesmo! Toquem-me e vejam que não sou um fantasma, pois fantasmas não têm carne nem ossos e, como veem, eu tenho.”
40 ထိုသို့မိန့် တော်မူပြီးမှ ကိုယ်တော်သည် မိမိ၏လက်တော်နှင့် ခြေ တော်တို့ကို သူတို့အား ပြတော်မူ၏။-
40 Enquanto falava, mostrou-lhes as mãos e os pés.
41 သူတို့သည်ကား ဝမ်းမြောက်ကြလျက်ပင် မယုံကြည်နိုင်ဘဲ အံ့အားသင့်နေကြသောအခါ ကိုယ်တော်က ဤနေရာတွင် သင်တို့၌ စားစရာတစ်စုံတစ်ခုရှိသလောဟု မေးတော်မူ၏။-
41 Eles continuaram sem acreditar, cheios de alegria e espanto. Então Jesus perguntou: “Vocês têm aqui alguma coisa para comer?”.
42 ထိုအခါ သူတို့သည် ငါးကင်တစ်ပိုင်းကို ကိုယ်တော်အား ပေးကြ၏။-
42 Eles lhe deram um pedaço de peixe assado,
43 ကိုယ်တော်သည်လည်းယူ၍ သူတို့ရှေ့တွင် စားတော်မူ၏။
43 e ele comeu diante de todos.
44 ထို့နောက် ကိုယ်တော်က မိုးဇက်၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတို့၌ ငါ့ကိုရည်ညွန်း၍ ရေးသားထားသမျှတို့သည် ပြည့်စုံရမည်ဟု သင်တို့နှင့်အတူ ငါရှိစဉ်က ပြောခဲ့သောစကားများသည် ဤအကြောင်းအရာများ ဖြစ်သတည်းဟု သူတို့အား မိန့်တော်မူ၏။-
44 Em seguida, disse: “Enquanto ainda estava com vocês, eu lhes falei que devia se cumprir tudo que a lei de Moisés, os profetas e os salmos diziam a meu respeito”.
45 ထို့နောက် ကျမ်းချက်များကို နားလည်စေရန် ကိုယ်တော်သည် သူတို့၏အသိဉာဏ်ကိုဖွင့်လျက်၊-
45 Então ele lhes abriu a mente para que entendessem as Escrituras,
46 သူတို့အား မိန့်တော်မူသည်ကား ကျမ်းစာတော်မြတ်၌ ဤသို့ရေးထားလျက်ရှိ၏။ ခရစ်တော်သည် ဒုက္ခခံထမ်း၍ သုံးရက်မြောက်သောနေ့၌ သေသူတို့အစုမှ ရှင်ပြန်ထမြောက်ရမည်။-
46 e disse: “Sim, está escrito que o Cristo haveria de sofrer, morrer e ressuscitar no terceiro dia,
47 ဂျေရုဆလင်မြို့မှအစပြု၍ လူမျိုးတကာတို့အား နောင်တတရားနှင့် အပြစ်မှခွင့်လွှတ်ခြင်းတရားကို သူ၏နာမတော်၌ ဟောပြောရမည်။-
47 e que a mensagem de arrependimento para o perdão dos pecados seria proclamada com a autoridade de seu nome a todas as nações, começando por Jerusalém.
48 သင်တို့သည်ကား ဤအကြောင်းအရာတို့ကို သက်သေခံသူများဖြစ်ကြ၏။-
48 Vocês são testemunhas dessas coisas.
49 ကြည့်လော့၊ ငါသည် ငါ၏ခမည်းတော်ကတိ ထားတော်မူရာကို သင်တို့အပေါ်သို့ စေလွှတ်မည်။ သို့ သော် သင်တို့သည် အထက်အရပ်မှလာသော တန်ခိုးတော်နှင့် ပြည့်စုံသည့်တိုင်အောင် ဤမြို့တွင်နေကြလော့ဟု မိန့်တော်မူ၏။
49 “Agora, envio a vocês a promessa de meu Pai. Mas fiquem na cidade até que sejam revestidos do poder do céu”.
50 ထို့နောက် ကိုယ်တော်သည် သူတို့ကို ဘက်သနီရွာသို့တိုင်အောင် ခေါ်ဆောင်သွားပြီးမှ မိမိ၏လက်တော်ကိုမြှောက်၍ သူတို့အား ကောင်းချီးပေးတော်မူ၏။-
50 Depois Jesus os levou a Betânia e, levantando as mãos para o céu, os abençoou.
51 ဤသို့ ကောင်းချီးပေးတော်မူစဉ်တွင် ကိုယ်တော်သည် သူတို့ ထံမှထွက်ခွာ၍ ကောင်းကင်သို့ ပင့်ဆောင်ခြင်းကို ခံတော် မူ၏။-
51 Enquanto ainda os abençoava, deixou-os e foi elevado ao céu.
52 သူတို့သည်လည်း ကိုယ်တော့်ကို ရှိခိုးကြပြီးမှ ဝမ်းမြောက်ခြင်းကြီးစွာဖြင့် ဂျေရုဆလင်မြို့သို့ ပြန်သွားကြ ၍၊-
52 Então eles o adoraram e voltaram para Jerusalém cheios de grande alegria.
53 ဗိမာန်တော်၌ ဘုရားသခင်ကို အစဉ်မပြတ် ချီးမွမ်း ထောမနာပြုကြလေ၏။
53 E estavam sempre no templo, louvando a Deus.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.