Lucas 23
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထိုအခါ ဘာသာရေးလွှတ်တော်၌ ရှိသောသူအားလုံးတို့သည် ထ၍ ကိုယ်တော့်ကို ပီလာတု မင်းထံသို့ ခေါ်ဆောင် သွားကြ၏။-
1 E levantando-se toda a multidão deles, conduziram Jesus a Pilatos.
2 သူတို့က ဤသူသည် ဆီဇာဘုရင်အား အခွန်ဆက်သခြင်းကို တားမြစ်၍ မိမိကိုယ်ကို ခရစ်တော်တည်းဟူသော ဘုရင် ဖြစ်သည်ဟု ပြောဆိုခြင်းအားဖြင့် အကျွန်ုပ်တို့လူမျိုးကို လမ်းမှားသို့ ပို့ဆောင်နေကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်ဟု ဆိုလျက် ကိုယ်တော်အား စတင်စွပ်စွဲကြ၏။-
2 E começaram a acusá-lo, dizendo: Achamos este homem pervertendo a nossa nação, proibindo dar o tributo a César, e dizendo ser ele mesmo Cristo, rei.
3 ပီလာတုမင်းကလည်း သင်သည် ဂျူးလူမျိုးတို့၏ ဘုရင်ဖြစ်သလောဟု ကိုယ်တော်အား မေးသော် ကိုယ်တော်က သင်ဆိုလေပြီဟု ပြန်ဖြေတော်မူ၏။-
3 Pilatos, pois, perguntou-lhe: És tu o rei dos judeus? Respondeu-lhe Jesus: É como dizes.
4 ထိုအခါ ပီလာတုမင်းက ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါမတွေ့ဟု ရဟန်းအကြီးအကဲတို့နှင့် လူအစုအဝေးတို့အား ဆိုလေ၏။-
4 Então disse Pilatos aos principais sacerdotes, e às multidões: Não acho culpa alguma neste homem.
5 သို့သော် ထိုသူတို့က ဤသူသည် ဂါလေလေးယနယ်မှစ၍ ဤအရပ်တိုင်အောင် ဂျူဒေးယပြည်အနှံ့အပြား၌ ဟောပြောသွန်သင် လျက် ပြည်သူပြည်သားများကို ရုန်းရင်းဆန်ခတ်ဖြစ်စေ ရန် လှုံ့ဆော်ပါသည်ဟု ဆက်လက်စွပ်စွဲကြလေ၏။
5 Eles, porém, insistiam ainda mais, dizendo: Alvoroça o povo ensinando por toda a Judéia, começando desde a Galiléia até aqui.
6 ပီလာတုသည် ဤစကားကိုကြားလျှင် ဤသူသည် ဂါလေလေးယနယ်သားဖြစ်သလောဟု မေးလေ၏။-
6 Então Pilatos, ouvindo isso, perguntou se o homem era galileu;
7 ကိုယ်တော်သည် ဟေရုဒ်မင်းအုပ်ချုပ်သောနယ်မြေမှဖြစ် ကြောင်းသိရလျှင် သူသည် ကိုယ်တော့်ကို ဟေရုဒ်ထံသို့ ပို့လေ၏။ ထိုအချိန်၌ ဟေရုဒ်သည်လည်း ဂျေရုဆလင်မြို့ ၌ရောက်ရှိနေ၏။-
7 e, quando soube que era da jurisdição de Herodes, remeteu-o a Herodes, que também naqueles dias estava em Jerusalém.
8 ဟေရုဒ်မင်းသည် ယေဇူးကို မြင်သောအခါ လွန်စွာဝမ်းမြောက်လေ၏။ အကြောင်းမူကား သူသည် ကိုယ်တော်၏သတင်းကို များစွာကြားရသဖြင့် ကာလကြာမြင့်စွာကပင် ကိုယ်တော့်ကိုတွေ့ရန် အလိုရှိခဲ့၏။ သူသည် ကိုယ်တော်ပြုတော်မူမည့် တန်ခိုးလက္ခဏာ အချို့ကို မြင်ရလိမ့်မည်ဟူ၍လည်း မျှော်လင့်လျက်ရှိ၏။-
8 Ora, quando Herodes viu a Jesus, alegrou-se muito; pois de longo tempo desejava vê-lo, por ter ouvido falar a seu respeito; e esperava ver algum sinal feito por ele;
9 သို့ဖြစ်၍ ဟေရုဒ်သည် ကိုယ်တော့်ကို မေးခွန်းများစွာ မေးလေ၏။ သို့သော် ကိုယ်တော်သည် တစ်ခွန်းမျှပြန်ဖြေ တော်မမူချေ။-
9 e fazia-lhe muitas perguntas; mas ele nada lhe respondeu.
10 ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည်ကား အနားတွင်ရပ်နေလျက် ကိုယ်တော့်ကို အပြင်းအထန် စွပ်စွဲပြောဆိုကြ၏။-
10 Estavam ali os principais sacerdotes, e os escribas, acusando-o com grande veemência.
11 ဟေရုဒ်မင်းသည်လည်း သူ၏စစ်သူရဲများနှင့်တကွ ကိုယ်တော့်ကို မခန့်လေးစားဖြင့် ပြက်ရယ်ပြုပြီးနောက် တင့်တယ်လှပသော ဝတ်ရုံကို ဝတ်ဆင်စေကာ ပီလာတုမင်းထံသို့ ပြန်ပို့လိုက် လေ၏။-
11 Herodes, porém, com os seus soldados, desprezou-o e, escarnecendo dele, vestiu-o com uma roupa resplandecente e tornou a enviá-lo a Pilatos.
12 ထိုနေ့၌ပင် ဟေရုဒ်နှင့် ပီလာတုတို့သည် မိတ်ဆွေများဖြစ်သွားကြ၏။ အကြောင်းမူကား သူတို့သည် ယခင်က ရန်ဘက်များ ဖြစ်ခဲ့ကြ၏။
12 Nesse mesmo dia Pilatos e Herodes tornaram-se amigos; pois antes andavam em inimizade um com o outro.
13 ပီလာတုမင်းသည် ရဟန်းအကြီးအကဲများ၊ အုပ်ချုပ် သူအရာရှိများနှင့် လူအပေါင်းတို့ကိုခေါ်ယူစုရုံးစေ၍ သူ တို့အား ဆိုသည်မှာ၊-
13 Então Pilatos convocou os principais sacerdotes, as autoridades e o povo,
14 သင်တို့သည် ဤသူ့ကို လူတို့အား လမ်းလွဲစေသူအဖြစ် ငါ့ထံသို့ခေါ်ဆောင်လာခဲ့ကြ၏။ ငါသည် သင်တို့ရှေ့ မှောက်တွင် သူ့ကိုစစ်ဆေးသော်လည်း သင်တို့စွပ်စွဲသော အပြစ်တစ်စုံတစ်ခုမျှ သူ၌ငါမတွေ့။-
14 e disse-lhes: Apresentastes-me este homem como pervertedor do povo; e eis que, interrogando-o diante de vós, não achei nele nenhuma culpa, das de que o acusais;
15 ဟေရုဒ်မင်းသည်လည်း အပြစ်မတွေ့သောကြောင့် သူ့ကို ငါတို့ထံသို့ ပြန်ပို့ခဲ့၏။ အမှန်စင်စစ် ဤသူသည် သေဒဏ် ခံထိုက်သော ပြစ်မှုတစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ချေ။-
15 nem tampouco Herodes, pois no-lo tornou a enviar; e eis que não tem feito ele coisa alguma digna de morte.
16 ထို့ကြောင့် ငါသည် သူ့ကိုရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု သူတို့အား ဆို၏။
16 Castigá-lo-ei, pois, e o soltarei.
17 ပီလာတုမင်းသည် ပါစကားပွဲ၌ အကျဉ်းသားတစ်ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမြဲထုံးစံရှိ၏။-
17 {E era-lhe necessário soltar-lhes um pela festa.}
18 သို့သော် လူအပေါင်းတို့က ဤသူ့ကို အလိုမရှိ၊ ဘာရဘကို ငါတို့အတွက် လွှတ်ပေးပါဟု တညီတညွတ်တည်း အော်ဟစ်ကြ၏။-
18 Mas todos clamaram à uma, dizendo: Fora com este, e solta-nos Barrabás!
19 ဘာရဘသည်ကား မြို့တွင်းပုန်ကန်ထကြွ မှုနှင့် လူသတ်မှုအတွက် အကျဉ်းကျခံနေရသောသူဖြစ် ၏။-
19 Ora, Barrabás fora lançado na prisão por causa de uma sedição feita na cidade, e de um homicídio.
20 ပီလာတုမင်းသည် ယေဇူးကိုလွှတ်ပေးရန် အလိုရှိသောကြောင့် သူတို့အား တစ်ဖန်ပြောဆိုပြန်၏။-
20 Mais uma vez, pois, falou-lhes Pilatos, querendo soltar a Jesus.
21 သို့ရာတွင် သူတို့သည် ဤသူ့ကို လက်ဝါးကပ်တိုင်တင်လော့၊ လက်ဝါးကပ်တိုင်တင်လော့ဟု အော်ဟစ်ကြ၏။-
21 Eles, porém, bradavam, dizendo: Crucifica-o! crucifica-o!
22 ပီလာတုမင်းကလည်း အဘယ်ကြောင့်နည်း၊ သူသည် မည်သည့်အပြစ်ကို ပြုခဲ့မိသနည်း။ သေဒဏ်ပေးထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ငါမတွေ့။ ထို့ကြောင့် ငါသည် သူ့ကို ရိုက်နှက်ဆုံးမ၍ လွှတ်လိုက်မည်ဟု တတိယအကြိမ် ပြောဆိုလေ၏။-
22 Falou-lhes, então, pela terceira vez: Pois, que mal fez ele? Não achei nele nenhuma culpa digna de morte. Castigá-lo-ei, pois, e o soltarei.
23 သို့သော် သူတို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်တင်ရန် ကျယ်လောင်စွာ အော်ဟစ်လျက် အတင်းအကျပ် တောင်းဆိုကြသဖြင့် သူတို့၏အော်သံများက ဖုံးလွှမ်းအနိုင်ရသွားလေ၏။-
23 Mas eles instavam com grandes brados, pedindo que fosse crucificado. E prevaleceram os seus clamores.
24 ထို့ကြောင့် ပီလာတုမင်းသည် သူတို့တောင်းဆိုကြသည့်အတိုင်း စီရင်ချက်ချလေ၏။-
24 Então Pilatos resolveu atender-lhes o pedido;
25 သူသည် ပုန်ကန်ထကြွမှု နှင့် လူသတ်မှုအတွက် အကျဉ်းကျနေသောသူကို သူတို့ တောင်းဆိုသည့်အတိုင်း လွှတ်ပေးလိုက်၍ ယေဇူးကိုမူကား သူတို့၏အလိုအတိုင်း ပြုကြစေရန် အပ်လိုက်လေ၏။
25 e soltou-lhes o que fora lançado na prisão por causa de sedição e de homicídio, que era o que eles pediam; mas entregou Jesus à vontade deles.
26 သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြစဉ် တောအရပ်မှလာသော စီမွန်အမည်ရှိ ဆီရီနေမြို့သားတစ်ဦးကို အဓမ္မခေါ်ဆောင်၍ ယေဇူး၏နောက်တော်မှ လက်ဝါးကပ်တိုင်ကိုထမ်းစေခြင်းငှာ သူ၏ပခုံးပေါ်တွင် လက်ဝါးကပ်တိုင်ကို တင်ကြလေ၏။-
26 Quando o levaram dali tomaram um certo Simão, cireneu, que vinha do campo, e puseram-lhe a cruz às costas, para que a levasse após Jesus.
27 များစွာသောလူ အစုအဝေးတို့သည်လည်း ကိုယ်တော်၏ နောက်တော်မှ လိုက်ကြ၏။ ထိုသူတို့အထဲတွင် အမျိုးသမီး အချို့သည် ကိုယ်တော်အတွက် ဝမ်းနည်းပူဆွေး၍ ငိုကြွေးကာ လိုက်ပါလာကြ၏။-
27 Seguia-o grande multidão de povo e de mulheres, as quais o pranteavam e lamentavam.
28 သို့သော်လည်း ယေဇူးသည် သူတို့ဘက်သို့လှည့်၍ မိန့်တော်မူသည်ကား ဂျေရုဆလင်မြို့၏ သမီးတို့၊ ငါ့အတွက် မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏ သားသမီးများအတွက်သာ ငိုကြွေးကြလော့။-
28 Jesus, porém, voltando-se para elas, disse: Filhas de Jerusalém, não choreis por mim; chorai antes por vós mesmas, e por vossos filhos.
29 အကြောင်းမူကား မြုံသောမိန်းမသည် မင်္ဂလာရှိ၏၊ ပဋိသန္ဓေ မတည်ဖူးသော ဝမ်းနှင့် နို့မတိုက်ဖူးသော သားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု လူတို့ဆိုကြမည့်နေ့ရက်ကာလများ မကြာမီကျရောက်တော့မည်။-
29 Porque dias hão de vir em que se dirá: Bem-aventuradas as estéreis, e os ventres que não geraram, e os peitos que não amamentaram!
30 ထိုအခါ သူတို့က တောင်များအား ငါတို့အပေါ်သို့ ပြိုကျကြပါလော့ဟူ၍ လည်းကောင်း၊ တောင်ကုန်းများအား ငါတို့ကို ဖုံးအုပ်ကြပါလော့ဟူ၍လည်းကောင်း ဆိုကြလိမ့်မည်။-
30 Então começarão a dizer aos montes: Caí sobre nós; e aos outeiros: Cobri-nos.
31 အကြောင်းမူကား စိမ်းစိုသောအပင်၌ ဤအရာကို သူတို့ပြုကြလျှင် ထိုအပင် ခြောက်သွေ့သွားသောအခါ ၎င်းကို မည်ကဲ့သို့ ပြုကြမည်နည်းဟု မိန့်တော်မူ၏။
31 Porque, se isto se faz no lenho verde, que se fará no seco?
32 သူတို့သည် ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်နှင့်အတူသတ်ရန် ခေါ်ဆောင်သွားကြ၏။-
32 E levavam também com ele outros dois, que eram malfeitores, para serem mortos.
33 ဦးခေါင်းခွံဟုခေါ်သော အရပ်သို့ သူတို့ရောက်ကြသောအခါ ထိုအရပ်၌ ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြ၏။ ထို့အတူ ရာဇဝတ်သားနှစ်ယောက်ကိုလည်း ကိုယ်တော်၏လက်ယာဘက်၌ တစ်ယောက်၊ လက်ဝဲဘက်၌ တစ်ယောက် လက်ဝါးကပ်တိုင်တင်ကြလေ၏။-
33 Quando chegaram ao lugar chamado Caveira, ali o crucificaram, a ele e também aos malfeitores, um à direita e outro à esquerda.
34 ထိုအခါ ယေဇူးက အိုအဖ၊ သူတို့ကို ခွင့်လွှတ်တော်မူပါ။ အကြောင်းမူကား သူတို့ပြုလုပ်သောအရာကို သူတို့ မသိကြပါဟု မြွက်ဆိုတော်မူ၏။ သူတို့သည်လည်း ကိုယ်တော်၏အဝတ်တော်များကို မဲချ၍ ခွဲဝေယူကြ၏။
34 Jesus, porém, dizia: Pai, perdoa-lhes; porque não sabem o que fazem. Então repartiram as vestes dele, deitando sortes sobre elas.
35 လူတို့သည်လည်း အနီးတွင်ရပ်လျက် ကြည့်နေကြ၏။ အုပ်ချုပ်သူအရာရှိတို့က ဤသူသည် အခြားသူများကို ကယ်တင်ခဲ့၏။ အကယ်၍ သူသည် ဘုရားသခင် ရွေးကောက်တော်မူသော ခရစ်တော်ဖြစ်ပါလျှင် မိမိကိုယ်မိမိ ကယ်တင်ပါစေဟု လှောင်ပြောင်ပြောဆိုကြ၏။-
35 E o povo estava ali a olhar. E as próprias autoridades zombavam dele, dizendo: Aos outros salvou; salve-se a si mesmo, se é o Cristo, o escolhido de Deus.
36 စစ်သူရဲတို့သည်လည်း ပြက်ရယ်ပြုကြပြီး အထံတော်သို့ ချဉ်းကပ်ကြ၍ ကိုယ်တော်သောက်ရန် ပုံးရည်ကို ပေးကြလျက်၊-
36 Os soldados também o escarneciam, chegando-se a ele, oferecendo-lhe vinagre,
37 သင်သည် ဂျုးလူမျိုးတို့၏ဘုရင်ဖြစ်ပါလျှင် သင့်ကိုယ်သင် ကယ်တင်ပါလော့ဟု ဆိုကြ၏။-
37 e dizendo: Se tu és o rei dos judeus, salva-te a ti mesmo.
38 ဤသူသည်ကား ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သတည်းဟူ၍ ရေးထိုးထားသော ကမ္ပည်းစာသည်လည်း ကိုယ်တော်၏ ဦးခေါင်းအထက်တွင် ရှိလေ၏။
38 Por cima dele estava esta inscrição {em letras gregas, romanas e hebraicas:} ESTE É O REI DOS JUDEUS.
39 လက်ဝါးကပ်တိုင် တင်ခံရသော ရာဇဝတ်သားနှစ်ဦးတွင် တစ်ဦးက သင်သည် ခရစ်တော်မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကိုယ်သင်နှင့် ငါတို့ကိုလည်း ကယ်တင်ပါလော့ဟု ကဲ့ရဲ့ပြောဆိုလေ၏။-
39 Então um dos malfeitores que estavam pendurados, blasfemava dele, dizendo: Não és tu o Cristo? salva-te a ti mesmo e a nós.
40 သို့ရာတွင် အခြားတစ်ဦးသည် ထိုသူကိုပြစ်တင်ဆုံးမကာ သင်သည်လည်း တူညီသော စီရင်ချက်ကို ခံရပါလျက် ဘုရားသခင်ကို မကြောက်ရွံ့ပါသလော။-
40 Respondendo, porém, o outro, repreendia-o, dizendo: Nem ao menos temes a Deus, estando na mesma condenação?
41 ငါတို့သည် တရားသဖြင့် အပြစ်ဒဏ်ခံကြရ၏။ အကြောင်းမူကား ငါတို့သည် ငါတို့ပြုမိသည့် လုပ်ရပ်များအတွက် ထိုက်သင့်စွာ ခံကြရ၏။ ဤသူသည်ကား မည်သည့်မကောင်းမှုကိုမျှ မကျူးလွန်ခဲ့ဟုဆိုပြီးမှ၊-
41 E nós, na verdade, com justiça; porque recebemos o que os nossos feitos merecem; mas este nenhum mal fez.
42 အိုယေဇူး၊ ကိုယ်တော်၏ နိုင်ငံတော်သို့ ကြွဝင်သောအခါ အကျွန်ုပ်ကို သတိရတော်မူပါဟု လျှောက်လေ၏။-
42 Então disse: Jesus, lembra-te de mim, quando entrares no teu reino.
43 ကိုယ်တော်ကလည်း သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ သင်သည် ငါနှင့်အတူ ပါရာဒီးဇူး၌ ရှိလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။
43 Respondeu-lhe Jesus: Em verdade te digo que hoje estarás comigo no paraíso.
44 ထိုအချိန်ကား မွန်းတည့်ချိန်ဖြစ်၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေတစ်ပြင်လုံး၌ မှောင်အတိကျရောက်ပြီး၊-
44 Era já quase a hora sexta, e houve trevas em toda a terra até a hora nona, pois o sol se escurecera;
45 နေ၏အလင်းရောင်သည်လည်း ကွယ်ပျောက်လျက်ရှိ၏။ ဗိမာန်တော်၏ ကန့်လန့်ကာသည်လည်း နှစ်ခြမ်းကွဲလေ၏။-
45 e rasgou-se ao meio o véu do santuário.
46 ထို့နောက် ယေဇူးသည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် အိုအဖ၊ ကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်၌ အပ်လိုက်ပါပြီဟု မိန့်တော်မူ၏။ ဤသို့မြွက်ဆိုပြီးသောအခါ ကိုယ်တော်သည် အသက်တော်ကို စွန့်လိုက် တော်မူ၏။
46 Jesus, clamando com grande voz, disse: Pai, nas tuas mãos entrego o meu espírito. E, havendo dito isso, expirou.
47 လူတစ်ရာတပ်မှူးသည် ဖြစ်ပျက်ခဲ့သောအရာတို့ကို မြင်ရလျှင် ဘုရားသခင်ကိုချီးမွမ်းလျက် ဤသူသည် အမှန်စင်စစ် ဖြောင့်မတ်သောသူဖြစ်သည်ဟုဆိုလေ၏။-
47 Quando o centurião viu o que acontecera, deu glória a Deus, dizendo: Na verdade, este homem era justo.
48 ဤအဖြစ်အပျက်ကို ကြည့်ရှုရန် ထိုနေရာ၌ စုရုံးလာကြ သော လူအပေါင်းတို့သည်လည်း ဖြစ်ပျက်သမျှကိုမြင်ကြ သောအခါ မိမိတို့ရင်ဘတ်ကိုထုလျက် ပြန်သွားကြ၏။-
48 E todas as multidões que presenciaram este espetáculo, vendo o que havia acontecido, voltaram batendo no peito.
49 ကိုယ်တော့်ကို သိကျွမ်းသောသူအပေါင်းတို့နှင့် ကိုယ်တော်၏နောက်တော်သို့ ဂါလေလေးယနယ်မှ လိုက်လာကြသော အမျိုးသမီးများသည်လည်း အဝေး၌ ရပ်နေကြ လျက် ဤအဖြစ်အပျက်များကို ကြည့်နေကြလေ၏။
49 Entretanto, todos os conhecidos de Jesus, e as mulheres que o haviam seguido desde a Galiléia, estavam de longe vendo estas coisas.
50 ထိုအချိန်၌ ဂျုဒပြည်ရှိ အာရီမာတေးယမြို့သားဖြစ်သည့် ဂျိုးဇက်အမည်ရှိသော သူတစ်ယောက်ရှိ၏။ သူသည် လွှတ်တော်အရာရှိတစ်ဦးဖြစ်ပြီး ကောင်းမွန်ဖြောင့်မတ်၍၊-
50 Então um homem chamado José, natural de Arimatéia, cidade dos judeus, membro do sinédrio, homem bom e justo,
51 အခြားသူတို့၏စီရင်ချက်နှင့် လုပ်ရပ်များကို သဘောမတူညီခဲ့ချေ။ သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို စောင့်မျှော် နေသူလည်းဖြစ်၏။-
51 o qual não tinha consentido no conselho e nos atos dos outros, e que esperava o reino de Deus,
52 ဤသူသည် ပီလာတုမင်းထံသို့သွား၍ ယေဇူး၏ အလောင်းတော်ကို တောင်းခံလေ၏။-
52 chegando a Pilatos, pediu-lhe o corpo de Jesus;
53 ထို့နောက် သူသည် အလောင်းတော်ကို လက်ဝါးကပ်တိုင်မှချ၍ ပိတ်ဖြူဖြင့် ရစ်ပတ်ပြီးလျှင် ကျောက်ဆောင်၌ ထွင်းထားသည့်၊ မည်သူ့ကိုမျှ သင်္ဂြိုဟ်ခြင်း မပြုရသေးသော သခင်္ျိုင်းဂူ၌ ကိုယ်တော့်ကိုထားလေ ၏။-
53 e tirando-o da cruz, envolveu-o num pano de linho, e pô-lo num sepulcro escavado em rocha, onde ninguém ainda havia sido posto.
54 ထိုနေ့သည်ကား ဥပုသ်နေ့အတွက် ပြင်ဆင်ရသော အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့သည်လည်း စတင်ရန် နီးလာပြီဖြစ်၏။-
54 Era o dia da preparação, e ia começar o sábado.
55 ဂါလေလေးယနယ်မှ ကိုယ်တော်နှင့်အတူပါ လာကြသော အမျိုးသမီးတို့သည်လည်း နောက်မှလိုက် သွားကြသဖြင့် သခင်္ျိုင်း တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ အလောင်းတော်ကို မည်ကဲ့သို့ထားသည်ကို လည်းကောင်း မြင်ကြလေ၏။-
55 E as mulheres que tinham vindo com ele da Galiléia, seguindo a José, viram o sepulcro, e como o corpo foi ali depositado.
56 ထို့နောက် သူတို့သည်လည်း ပြန်ကြ၍ ဆီမွှေးနှင့် နံ့သာမျိုးစုံကိုပြင်ဆင်ကြ၏။ ဥပုသ်နေ့၌မူကား သူတို့သည် ပညတ်တော် အတိုင်း လိုက်နာလျက် ငြိမ်သက်စွာနေကြ၏။
56 Então voltaram e prepararam especiarias e ungüentos. E no sábado repousaram, conforme o mandamento.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.