Lucas 22
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA
1 ထိုအချိန်တွင် ပါစကားဟုခေါ်သော တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့သည် နီးကပ်လာပြီဖြစ်၏။-
1 Estava próxima a Festa dos Pães sem Fermento, chamada Páscoa.
2 ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ကိုယ်တော့်ကို သတ်နိုင်မည့်နည်းလမ်းကို ရှာကြံကြ၏။ အကြောင်းမူကား သူတို့သည် လူတို့ကို ကြောက်ရွံ့ ကြသောကြောင့်ဖြစ်၏။
2 Os principais sacerdotes e os escribas procuravam uma forma de matar Jesus; porque temiam o povo.
3 ထိုအချိန်၌ စာတန်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးတွင် ပါဝင်သော ဂျုဒအစ္စကာရီယုဒ်၌ ဝင်လေ၏။-
3 Ora, Satanás entrou em Judas, chamado Iscariotes, que era um dos doze.
4 သူသည် ရဟန်းအကြီးအကဲများနှင့် ဗိမာန်တော်စောင့် အရာရှိများထံသို့ သွားပြီးလျှင် ကိုယ်တော့်ကို သူတို့လက်သို့ မည်ကဲ့သို့ အပ်နှံမည့်အကြောင်း တိုင်ပင်လေ၏။-
4 Judas foi entender-se com os principais sacerdotes e os capitães sobre como lhes entregaria Jesus.
5 သူတို့သည်လည်း နှစ်သက်ကျေနပ်ကြ၍ သူ့အား ငွေပေး ရန် သဘောတူကြ၏။-
5 Eles se alegraram e combinaram em lhe dar dinheiro.
6 ဤသို့ဖြင့် သူသည် သဘောတူလက်ခံ၍ လူအစုအဝေးမရှိသည့်အချိန်တွင် ကိုယ်တော့်ကို ထိုသူတို့လက်သို့ အပ်နှံနိုင်မည့် အခွင့်အလမ်းကို ရှာကြံလေ၏။
6 Judas concordou e buscava uma boa ocasião para lhes entregar Jesus, longe da multidão.
7 ထို့နောက် ပါစကားသိုးသူငယ်ကို သတ်၍ ပူဇော်ရသည့် တဆေးမပါသော ပေါင်မုန့်ပွဲတော်နေ့ ကျရောက်လေ၏။-
7 Chegou o dia da Festa dos Pães sem Fermento, em que era necessário fazer o sacrifício do cordeiro pascal.
8 ကိုယ်တော်က ငါတို့စားရန် ပါစကားပွဲညစာကို သွား၍ပြင်ဆင်ကြလော့ဟု မိန့်မှာလျက် ပေတရုနှင့် ယောဟန်တို့အား စေလွှတ်လိုက်၏။-
8 Então Jesus enviou Pedro e João, dizendo:
9 ထိုအခါ သူတို့က ကိုယ်တော်သည် တပည့်တော်တို့အား မည်သည့်နေရာတွင် ပြင်ဆင်စေလိုပါသနည်းဟု ကိုယ်တော်အား မေးလျှောက်ကြလေ၏။-
9 Eles lhe perguntaram: — Onde o senhor quer que a preparemos?
10 ကိုယ်တော်ကလည်း ကြည့်လော့၊ သင်တို့သည် မြို့တွင်းသို့ဝင်ကြသောအခါ ရေအိုးသယ်ဆောင်လာသော လူတစ်ဦးသည် သင်တို့ကိုကြိုဆိုလိမ့် မည်။ ထိုသူဝင်သော အိမ်အတွင်းသို့လိုက်၍ ဝင်ကြ လော့။-
10 Jesus lhes explicou:
11 ထို့နောက် ဆရာသခင်က ငါ၏တပည့်များနှင့်အတူ ငါညစာစားမည့်ဧည့်ခန်းကား အဘယ်မှာနည်းဟူ၍ သင်တို့ကို မေးတော်မူသည်ဟု အိမ်ရှင်အား ပြောကြားကြလော့။-
11 e digam ao dono da casa: “O Mestre pergunta: ‘Onde fica o aposento no qual comerei a Páscoa com os meus discípulos?’”
12 ထိုအခါ သူသည် အပေါ်ထပ်တွင် ခင်းကျင်းထားသော အခန်းကျယ်ကြီးတစ်ခုကို သင်တို့အား ပြလိမ့်မည်။ ထိုနေရာတွင် ပြင်ဆင်ကြလော့ဟု မိန့်တော်မူ၏။-
12 Ele lhes mostrará um espaçoso cenáculo mobiliado; ali façam os preparativos.
13 သူတို့သည်လည်း သွားကြ၍ ကိုယ်တော် မိန့်မှာတော်မူသည့်အတိုင်း တွေ့ကြသဖြင့် ပါစကားပွဲ ညစာအတွက် အသင့် ပြင်ဆင်ကြ၏။
13 E, indo, acharam tudo como Jesus lhes tinha dito e prepararam a Páscoa.
14 အချိန်နာရီကျရောက်သောအခါ ကိုယ်တော်သည် တမန်တော်တို့နှင့်အတူ စားပွဲ၌ ထိုင်တော်မူ၏။-
14 Chegada a hora, Jesus se pôs à mesa, e os apóstolos estavam com ele.
15 ကိုယ်တော်က ငါသည် ဒုက္ခဝေဒနာမခံမီ ပါစကားညစာကို သင်တို့နှင့်အတူစားရန် ပြင်းစွာသောအလိုဆန္ဒရှိခဲ့၏။-
15 Então Jesus lhes disse:
16 သင်တို့အား ငါဆိုသည်ကား ဤပါစကားသည် ဘုရားသခင် ၏နိုင်ငံတော်၌ ပြည့်စုံခြင်းသို့ ရောက်သည့်တိုင်အောင် ၎င်းကို နောက်တစ်ဖန် ငါစားလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
16 Pois eu lhes digo que nunca mais a comerei, até que ela se cumpra no Reino de Deus.
17 ထို့နောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးလျှင် မိန့်တော်မူသည်ကား ဤခွက်ကိုယူ၍ သင်တို့အချင်းချင်း ဝေမျှသောက်ကြလော့။-
17 E, pegando um cálice, depois de ter dado graças, disse:
18 အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ ဘုရားသခင်၏ နိုင်ငံတော် ရောက်လာမည့်တိုင်အောင် စပျစ်ပင်၏အသီးမှ စပျစ်ရည်ကို နောက်တစ်ဖန် ငါသောက်လိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
18 Pois eu digo a vocês que, de agora em diante, não mais beberei do fruto da videira, até que venha o Reino de Deus.
19 ထို့နောက် ကိုယ်တော်သည် ပေါင်မုန့်ကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ ၎င်းကိုဖဲ့ကာ သူတို့အား ပေးတော်မူလျက် ဤသည်ကား သင်တို့အဖို့ အပ်နှံခြင်း ခံရသည့် ငါ၏ခန္ဓာကိုယ်ဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှာ ဤအမှုကိုပြုကြလော့ဟု မိန့်တော်မူ၏။-
19 E, pegando um pão, tendo dado graças, o partiu e lhes deu, dizendo:
20 ဤနည်းတူ ညစာစားပြီးနောက် ကိုယ်တော်သည် စပျစ်ရည်ခွက်ကိုယူ၍ ဤခွက်သည်ကား သင်တို့အဖို့ သွန်းလောင်းခြင်း ခံရမည့်၊ ငါ၏အသွေးတော်၌တည်သော ပဋိညာဉ်အသစ်ဖြစ်၏ဟု မိန့်တော်မူ၏။
20 Do mesmo modo, depois da ceia, pegou o cálice, dizendo:
21 သို့သော် ငါ့ကိုအပ်နှံမည့် သူ၏လက်သည် ငါနှင့်အတူ ဤစားပွဲပေါ်တွင်ရှိ၏။-
21 — Mas eis que a mão do traidor está comigo à mesa.
22 အကြောင်းမူကား လူသားသည် သတ်မှတ်ထားသည့်အတိုင်း သွားရမည်မှန်၏။ သို့သော် ငါ့ကို သစ္စာဖောက်၍ အပ်နှံသော သူသည်ကား ဘေးဒုက္ခရောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
22 Pois o Filho do Homem vai segundo o que está determinado, mas ai daquele por quem ele está sendo traído!
23 ထိုအခါ သူ တို့က ဤအမှုကိုပြုမည့်သူသည် မိမိတို့ထဲမှ မည်သူဖြစ်လိမ့်မည်နည်းဟု အချင်းချင်းစတင်မေးမြန်းကြ၏။
23 Então começaram a perguntar entre si qual deles seria o que estava para fazer isso.
24 ထို့နောက် တပည့်တော်တို့သည် မိမိတို့တွင် မည်သူသည် အကြီးမြတ်ဆုံး ဖြစ်မည်နည်းဟူ၍ အချင်းချင်း အငြင်းပွား နေကြ၏။-
24 Houve também entre eles uma discussão sobre qual deles parecia ser o maior.
25 ထိုအခါ ကိုယ်တော်က လူမျိုးခြားတို့၏ ဘုရင်များသည် ပြည်သူပြည်သားတို့အပေါ် အုပ်စိုးမင်းမူကြ၏။ ထိုသူတို့ အပေါ်တွင် အုပ်ချုပ်သူများသည်လည်း ကျေးဇူးရှင်ဟု အခေါ်ခံကြ၏။-
25 Mas Jesus lhes disse:
26 သင်တို့တွင်မူကား ဤသို့မဖြစ်စေရ။ သင်တို့တွင် အကြီးမြတ်ဆုံးသောသူသည် အငယ်ဆုံးကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည်လည်း အစေခံကဲ့သို့ဖြစ်ရမည်။-
26 Mas vocês não são assim; pelo contrário, o maior entre vocês seja como o menor; e aquele que dirige seja como o que serve.
27 အကြောင်းမူကား မည်သူသည် သာ၍ကြီးမြတ်သနည်း။ စားပွဲ၌ထိုင်သောသူလော၊ သို့မဟုတ် စားပွဲ၌ အစေခံသော သူလော။ စားပွဲ၌ ထိုင်သူသည် ကြီးမြတ်သောသူမဟုတ်လော။ သို့သော် ငါသည် သင်တို့အလယ်တွင် အစေခံသောသူဖြစ်၏။
27 Pois qual é maior: aquele que está à mesa ou aquele que serve? Não é verdade que é aquele que está à mesa? Pois, no meio de vocês, eu sou como quem serve.
28 သင်တို့သည် ငါစုံစမ်းနှောင့်ယှက်ခြင်းခံရသော အချိန်များ၌ ငါနှင့်အတူ သစ္စာရှိစွာ ရပ်တည်သူများဖြစ်ကြ၏။-
28 Vocês são os que têm permanecido comigo nas minhas tentações.
29 ငါ၏ခမည်းတော်သည် ငါ့အား နိုင်ငံတော်ကို အပ် နှင်းတော်မူသကဲ့သို့ ငါသည်လည်း သင်တို့အား အပ်နှင်း၏။-
29 E eu confio a vocês um reino, assim como o meu Pai confiou a mim,
30 သို့ဖြစ်၍ သင်တို့သည် ငါ၏နိုင်ငံတော်ရှိ ငါ၏စားပွဲတွင် စားသောက်ကြရလိမ့်မည်။ သင်တို့သည် ရာဇပလ္လင် များပေါ်၌ ထိုင်ကြလျက် အစ္စရာအဲလ်လူမျိုး တစ်ဆယ့်နှစ်မျိုးတို့ကို တရားစီရင်ကြရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
30 para que comam e bebam à minha mesa no meu Reino; e vocês se assentarão em tronos para julgar as doze tribos de Israel.
31 တစ်ဖန် ကိုယ်တော်က စီမွန်၊ စီမွန်၊ စာတန်သည် သင်တို့ကို ဂျုံစပါးကဲ့သို့ ဆန်ခါနှင့်ချရန် တောင်းဆို၏။-
31 — Simão, Simão, eis que Satanás pediu para peneirar vocês como trigo!
32 သို့သော် သင်၏ယုံကြည်ခြင်း မလျော့နည်းစေရန် ငါသည် သင့်အတွက်ဆုတောင်းခဲ့ပြီ။ သင်တစ်ဖန်ပြောင်းလဲလာ သောအခါ သင်၏ညီအစ်ကိုများကို ခွန်အားဖြည့်တင်း ပေးပါလော့ဟု မိန့်တော်မူ၏။-
32 Eu, porém, orei por você, para que a sua fé não desfaleça. E você, quando voltar para mim, fortaleça os seus irmãos.
33 ထိုအခါ ပေတရုက သခင်ဘုရား၊ တပည့်တော်သည် ထောင်ထဲသို့လည်းကောင်း၊ သေခြင်းသို့လည်းကောင်း ကိုယ်တော်နှင့် အတူသွားရန် အသင့်ရှိပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
33 Porém Pedro respondeu: — Estou pronto para ir com o Senhor, tanto para a prisão como para a morte.
34 ကိုယ်တော်ကလည်း ပေတရု၊ သင့်အား ငါအမှန်ဆိုသည်ကား ယနေ့ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။
34 Mas Jesus lhe disse:
35 ထို့နောက် ကိုယ်တော်က သင်တို့အား ငွေအိတ်၊ လွယ်အိတ်နှင့် ဖိနပ်မပါဘဲ ငါစေလွှတ်သောအခါ သင်တို့၌ လိုအပ်ချက် တစ်စုံတစ်ရာရှိခဲ့သလောဟု တပည့်တော်တို့ကို မေးတော်မူ၏။ သူတို့ကလည်း တစ်ခုမျှမရှိပါဟုပြန် လျှောက်ကြ၏။-
35 A seguir, Jesus perguntou aos discípulos: Eles responderam: — Não faltou nada!
36 ကိုယ်တော်က ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည်လည်း ထိုနည်းတူပြုစေ။ ဓားလွယ်မရှိသော သူသည်လည်း မိမိ ၏ဝတ်ရုံကိုရောင်း၍ ဓားကိုဝယ်စေ။-
36 Então Jesus lhes disse:
37 အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ သူသည် ရာဇဝတ်သားတို့တွင် စာရင်းဝင်ပြီဟူသော ကျမ်းချက်သည် ငါ၌ ပြည့်စုံရလိမ့်မည်။ အမှန်စင်စစ် ငါ့ကိုရည်ညွန်း၍ ရေးထားသော အကြောင်းအရာသည် ပြည့်စုံခြင်းသို့ ရောက်လေပြီဟု မိန့်တော်မူ၏။-
37 Pois eu lhes digo que é preciso que se cumpra em mim o que está escrito: “Ele foi contado com os malfeitores.” Pois o que a mim se refere está sendo cumprido.
38 သူတို့ကလည်း သခင်ဘုရား၊ ကြည့်တော်မူပါ။ ဓားနှစ်လက်ရှိပါသည်ဟု လျှောက်ကြလေ၏။ ကိုယ်တော်ကလည်း လုံလောက်လေပြီဟု မိန့်တော်မူ၏။
38 Então lhe disseram: — Senhor, aqui estão duas espadas! Jesus lhes respondeu:
39 ထို့နောက် ကိုယ်တော်သည် မိမိသွားလေ့ရှိသည့် အတိုင်း သံလွင်တောင်သို့ကြွသွားတော်မူရာ တပည့်တော်တို့သည်လည်း နောက်တော်သို့ လိုက်ကြ၏။-
39 E, saindo, Jesus foi, como de costume, para o monte das Oliveiras; e os discípulos o acompanharam.
40 ထိုနေရာသို့ရောက်ကြသောအခါ ကိုယ်တော်က စုံစမ်းနှောင့်ယှက်ခြင်း၌ သင်တို့မပါဝင်စေရမည့်အကြောင်း ဆုတောင်းကြလော့ဟု သူတို့အား မိန့်တော်မူ၏။-
40 Chegando ao lugar escolhido, Jesus lhes disse:
41 ထို့နောက် ကိုယ်တော်သည် သူတို့နှင့် ကျောက်ခဲတစ်ပစ်စာခန့် ကွာဝေးသောနေရာသို့သွား၍ ဒူးထောက်လျက် ဆုတောင်း လေ၏။-
41 Ele, por sua vez, se afastou um pouco, e, de joelhos, orava,
42 ကိုယ်တော်က အိုအဖ၊ ကိုယ်တော် အလိုတော်ရှိပါလျှင် ဤခွက်ကို အကျွန်ုပ်ထံမှ လွှဲဖယ်တော်မူပါ။ သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်း မဟုတ်ဘဲ ကိုယ်တော်၏အလိုတော်အတိုင်းသာ ဖြစ်ပါစေသော်ဟု ဆုတောင်းတော်မူ၏။-
42 dizendo:
43 ထိုအခါ ကောင်းကင်မှ တမန်တော်တစ်ပါးသည် ကိုယ်ထင်ပြ၍ ကိုယ်တော့်ကို အားပေးနှစ်သိမ့်လေ၏။-
43 Então lhe apareceu um anjo do céu que o confortava.
44 ကိုယ်တော်သည်လည်း ကြီးစွာပူပင်သောကရောက်လျက် ပိုမိုပြင်းထန်စွာ ဆုတောင်းတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏ ချွေးစက်များသည် သွေးစက်သွေးပေါက်များသဖွယ် မြေပေါ်သို့ကျလေ၏။-
44 E, estando em agonia, orava mais intensamente. E aconteceu que o suor dele se tornou como gotas de sangue caindo sobre a terra.
45 ထို့နောက် ကိုယ်တော်သည် ဆုတောင်းနေရာမှ ထလာသောအခါ တပည့်တော်တို့သည် ဝမ်းနည်းပူဆွေးစိတ်ဖြင့် အိပ်ပျော်နေကြသည်ကို တွေ့တော်မူ၏။-
45 Levantando-se da oração, Jesus foi até onde os discípulos estavam, e os encontrou dormindo de tristeza.
46 ကိုယ်တော်က သင်တို့သည် အဘယ်ကြောင့် အိပ်နေကြသနည်း။ ထကြ၊ နှောင့်ယှက်ခြင်းသို့ မပါဝင်စေရန် ဆုတောင်းကြ လော့ဟု မိန့်တော်မူ၏။
46 E disse:
47 ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် လူတစ်စုသည် ရုတ်တရက်ရောက်လာ၏။ တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သော ဂျုဒသည် သူတို့ကိုဦးဆောင်လာ၍ ယေဇူးကိုနမ်းရန် အထံတော်သို့ချဉ်းကပ်လာလေ၏။-
47 Enquanto Jesus ainda falava, eis que chegou uma multidão. E um dos doze, que se chamava Judas, vinha à frente deles e se aproximou de Jesus para o beijar.
48 သို့သော် ကိုယ်တော်က ဂျုဒ၊ သင်သည် အနမ်းဖြင့် လူသားကို အပ်နှံသလောဟု မေးတော်မူ၏။-
48 Jesus, porém, lhe disse:
49 ကိုယ်တော်၏ ထံပါးတွင်ရှိကြသော သူတို့သည် ဖြစ်လာမည့် အခြေအနေကိုမြင်လျှင် သခင်ဘုရား၊ တပည့်တော်တို့သည် ဓားဖြင့် ခုတ်ရမည်လောဟု မေးလျှောက်ကြ၏။-
49 Os que estavam ao redor de Jesus, vendo o que estava por acontecer, perguntaram: — Senhor, devemos atacar com as espadas?
50 ထို့နောက် သူတို့တွင် တစ်ဦးသည် ရဟန်းအကြီးအကဲ၏ အစေခံကို ဓားနှင့်ခုတ်သဖြင့် ထိုသူ၏ လက်ယာနားရွက်ပြတ် လေ၏။-
50 Um deles golpeou o servo do sumo sacerdote e cortou-lhe a orelha direita.
51 သို့သော် ယေဇူးက နောက်တစ်ဖန် ဤသို့မပြုနှင့်ဟု မိန့်တော်မူပြီးမှ ထိုသူ၏နားရွက်ကိုတို့ထိ၍ သူ၏အနာကို ပျောက်ကင်း စေတော်မူ၏။
51 Mas Jesus interveio, dizendo: E, tocando na orelha do homem, o curou.
52 ထို့နောက် ယေဇူးသည် မိမိကို ဖမ်းဆီးရန် လာကြသော ရဟန်းအကြီးအကဲများ၊ ဗိမာန်တော်စောင့် အရာရှိများနှင့် သက်ကြီးဝါကြီးတို့အား သင်တို့သည် ဓားပြဖမ်းသကဲ့သို့ တုတ်များ၊ ဓားများကိုစွဲကိုင်လျက် လာကြသလော။-
52 Então Jesus disse aos principais sacerdotes, capitães do templo e anciãos que vieram prendê-lo:
53 ငါသည် ဗိမာန်တော်၌ နေ့စဉ်နေ့တိုင်း သင်တို့အလယ်တွင် ရှိနေသောအခါ ငါ့ကို သင်တို့ မဖမ်းဆီးကြ။ သို့သော် ဤအချိန်ကား သင်တို့၏အချိန်နှင့် အမိုက်မှောင် စိုးမိုးရာအချိန်ပေတည်းဟု မိန့်တော်မူ၏။
53 Todos os dias, estando eu com vocês no templo, vocês não tentaram me prender. Esta, porém, é a hora de vocês e a hora do poder das trevas.
54 ထို့နောက် သူတို့သည် ကိုယ်တော့်ကို ဖမ်းဆီးပြီးလျှင် ရဟန်းအကြီးအကဲ၏အိမ်သို့ ခေါ်ဆောင်သွားကြ၏။ ပေတရုသည်လည်း ခပ်လှမ်းလှမ်းမှလိုက်ပါသွားလေ၏။-
54 Então, prendendo Jesus, levaram-no e o introduziram na casa do sumo sacerdote. Pedro seguia de longe.
55 ထိုလူများသည် အိမ်တော်ဝင်းအလယ်၌ မီးဖို၍စုဝေးကာ ထိုင်နေကြချိန်တွင် ပေတရုသည်လည်း သူတို့နှင့်အတူ ထိုင်လေ၏။-
55 Quando acenderam um fogo no meio do pátio e se assentaram juntos, Pedro tomou lugar entre eles.
56 ထိုအခါ အစေခံအမျိုးသမီးတစ်ဦးသည် မီးဖို၏အလင်း၌ ထိုင်နေသော သူ့ကိုမြင်လျှင် စိုက်ကြည့်လျက် ဤသူသည်လည်း ထိုသူနှင့်အတူရှိခဲ့သည်ဟု ဆိုလေ၏။-
56 Uma empregada, vendo-o sentado perto do fogo, fixou os olhos nele e disse: — Este também estava com ele.
57 သို့သော် ပေတရုက အချင်းအမျိုးသမီး၊ သူ့ကို ငါမသိဟု ငြင်းဆိုလေ၏။-
57 Mas Pedro negou, dizendo: — Mulher, não o conheço.
58 တစ်ခဏမျှ ကြာသောအခါ အခြားသူတစ်ဦးသည် သူ့ကိုမြင်လျှင် သင်သည်လည်း ထိုသူတို့တွင် တစ်ဦး အပါအဝင်ဖြစ်သည်ဟုဆိုသော် ပေတရုက အချင်းလူ၊ ငါမဟုတ်ဟု ဆိုလေ၏။-
58 Pouco depois, outro homem, ao ver Pedro, disse: — Você também é um deles. Mas Pedro disse: — Homem, eu não sou um deles.
59 တစ်နာရီခန့်ကြာပြီးနောက် အခြားသောသူတစ်ဦးက ထပ်မံပြောသည်မှာ အမှန်စင်စစ် ဤသူသည်လည်း ထိုသူနှင့်အတူ ရှိခဲ့၏။ အကြောင်းမူကား သူသည် ဂါလေလေးယနယ်သား ဖြစ်သည်ဟုဆို၏။-
59 E, tendo passado cerca de uma hora, outro afirmou, dizendo: — Com certeza este também estava com ele, porque também é galileu.
60 သို့ရာတွင် ပေတရုက အချင်းလူ၊ သင်ပြောနေသော အကြောင်းအရာကို ငါမသိ ဟုဆို၏။ သူသည် ထိုကဲ့သို့ပြောနေစဉ်တွင် ချက်ချင်းပင် ကြက်ဖတွန်လေ၏။-
60 Mas Pedro insistiu: — Homem, não sei do que você está falando. E logo, enquanto Pedro ainda falava, o galo cantou.
61 သခင်ဘုရားသည်လည်း လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ထိုအခါ ပေတရုသည် ယနေ့ ကြက်ဖမတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်ဟု ကိုယ်တော်မိန့်တော်မူခဲ့သော စကားကို သတိရလေ၏။-
61 Então, o Senhor voltou-se e fixou os olhos em Pedro. E Pedro se lembrou da palavra do Senhor, como lhe tinha dito: “Hoje, antes que o galo cante, você me negará três vezes.”
62 ထို့နောက် သူသည် အပြင်သို့ ထွက်သွား၍ ပြင်းထန်စွာငိုကြွေးလေ၏။
62 E Pedro, saindo dali, chorou amargamente.
63 ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ထားသော သူတို့ သည် ကိုယ်တော့်ကို ပြက်ရယ်ပြုကြလျက် ရိုက်ပုတ်ကြ၏။-
63 Os homens que detinham Jesus zombavam dele, davam-lhe pancadas e,
64 သူတို့သည် ကိုယ်တော်၏ မျက်စိများကို ဖုံးအုပ်၍ မျက်နှာတော်ကို ရိုက်ပုတ်ကြပြီး သင့်ကိုမည်သူရိုက်ပုတ်သနည်း၊ ပရောဖက်ဉာဏ်နှင့် ဟောပါလော့ဟုဆိုကြ၏။-
64 colocando uma venda sobre os olhos dele, diziam: — Profetize! Quem foi que bateu em você?
65 သူတို့သည် များစွာသောကဲ့ရဲ့စကားတို့ကိုလည်း ပြောဆို၍ ကိုယ်တော့်ကို ထိခိုက်စော်ကားကြ၏။
65 E muitas outras coisas diziam contra ele, blasfemando.
66 မိုးလင်းသောအခါ လူတို့ထဲမှ သက်ကြီးဝါကြီးများ၊ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် စုဝေးကြ၍ ကိုယ်တော့်ကို မိမိတို့၏ ဘာသာရေးလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။-
66 Logo que amanheceu, reuniu-se a assembleia dos anciãos do povo, tanto os principais sacerdotes como os escribas, e o conduziram ao Sinédrio, onde lhe disseram:
67 သူတို့က သင်သည် ခရစ်တော်ဖြစ်လျှင် ငါတို့အား ပြောပါလော့ဟုဆိုကြ၏။ သို့သော် ကိုယ်တော်က ငါပြောလျှင် သင်တို့ ယုံကြည်ကြလိမ့်မည်မဟုတ်။-
67 — Se você é o Cristo, diga-nos. Então Jesus lhes respondeu:
68 သင်တို့ကို ငါမေးလျှင်လည်း သင်တို့ ပြန်ဖြေကြလိမ့်မည်မဟုတ်။-
68 E, se eu perguntar, vocês não me darão resposta.
69 သို့သော် ယခုအချိန်မှစ၍ လူသားသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်လက်ယာဘက်၌ ထိုင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။-
69 Desde agora, o Filho do Homem estará sentado à direita do Deus Todo-Poderoso.
70 ထိုသူအားလုံးတို့က ထိုသို့ဖြစ်လျှင် သင်သည် ဘုရားသခင်၏ သားတော်ဖြစ်သလောဟု မေးကြသော် ကိုယ်တော်က သင်တို့ဆိုသည့်အတိုင်း ငါဖြစ်သည်ဟု မိန့်တော်မူ၏။-
70 Todos perguntaram: — Então você é o Filho de Deus? Jesus respondeu:
71 ထိုအခါ သူတို့က ငါတို့၌ မည်သည့်သက်သေများ လိုပါသေးသနည်း။ သူ၏နှုတ်မှ ထွက်သောစကားကို ငါတို့ ကိုယ်တိုင်ကြားရပြီဟု ဆိုကြ၏။
71 Eles disseram: — Que necessidade ainda temos de testemunho? Porque nós mesmos ouvimos o que ele falou.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 22, comparar traduções ou montar um estudo — tudo direto pelo WhatsApp.