Lucas 21

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ကိုယ်တော်သည် လှမ်း၍ကြည့်လျှင် ဥစ္စာကြွယ်၀ချမ်းသာသော သူတို့သည် မိမိတို့၏အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ ထည့်နေကြသည်ကို မြင်တော်မူ၏။-
1 Jesus, levantando os olhos, viu os ricos deitarem as suas ofertas no cofre;
2 ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော် မြင်တော်မူ၏။-
2 viu também uma pobre viúva lançar ali dois leptos;
3 ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက် ပို၍အလှူငွေ ထည့်ဝင်လေပြီ။-
3 e disse: Em verdade vos digo que esta pobre viúva deu mais do que todos;
4 အကြောင်းမူကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသောငွေထဲမှ အလှူထည့်ဝင်ကြ၏။ သူမမူကား ဆင်းရဲနွမ်းပါးသည့် အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မူ၏။
4 porque todos aqueles deram daquilo que lhes sobrava; mas esta, da sua pobreza, deu tudo o que tinha para o seu sustento.
5 အချို့သောသူများက ဗိမာန်တော်သည် လှပသော ကျောက်တုံးများနှင့်လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ်ပူဇော် ထားသည့် လှူဖွယ်ပစ္စည်းများနှင့်လည်းကောင်း တန်ဆာဆင်ထားကြောင်း ပြောဆိုကြ၏။-
5 E falando-lhe alguns a respeito do templo, como estava ornado de formosas pedras e dádivas, disse ele:
6 ကိုယ်တော်က ယခုသင်တို့ မြင်တွေ့ကြရသော ဤအရာအားလုံးတို့သည် ကျောက်တုံး တစ်တုံးအပေါ် တစ်တုံး တင်၍ မကျန်ရစ်သည့်တိုင်အောင် အားလုံးပြိုပျက်သည့်နေ့များ ရောက်လာလိမ့်မည်ဟု မိန့်တော်မူ၏။
6 Quanto a isto que vedes, dias virão em que não se deixará aqui pedra sobre pedra, que não seja derribada.
7 ထိုအခါ သူတို့က ဆရာသခင်၊ ဤအရာများသည် မည်သည့်အချိန်ကာလတွင် ဖြစ်ပျက်မည်နည်း။ ဤသို့ မဖြစ်မီ မည်သည့် နိမိတ်လက္ခဏာများ ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြလေ၏။-
7 Perguntaram-lhe então: Mestre, quando, pois, sucederão estas coisas? E que sinal haverá, quando elas estiverem para se cumprir?
8 ကိုယ်တော်ကလည်း သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောလူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ အချိန်ကာလသည် နီးလာလေပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့ မလိုက်ကြလေနှင့်။-
8 Respondeu então ele: Acautelai-vos; não sejais enganados; porque virão muitos em meu nome, dizendo: Sou eu; e: O tempo é chegado; não vades após eles.
9 သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန် ထကြွခြင်းအကြောင်းများကို ကြားရသောအခါ ထိတ် လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤအမှုအရာများသည် ပထမဦးစွာ ဖြစ်ပျက်ရမည်။ သို့ရာတွင် နောက်ဆုံးသော ကာလသည် ချက်ချင်း ရောက်လာလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
9 Quando ouvirdes de guerras e tumultos, não vos assusteis; pois é necessário que primeiro aconteçam essas coisas; mas o fim não será logo.
10 ထို့နောက် သူတို့အား မိန့်တော်မူသည်ကား လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။-
10 Então lhes disse: Levantar-se-á nação contra nação, e reino contra reino;
11 နေရာအရပ်ရပ်တို့၌ မြေငလျင်ပြင်းစွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများ ကျရောက်ခြင်းတို့ ဖြစ်ပေါ် လိမ့်မည်။ ကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာနိမိတ်များနှင့် ကြီးကျယ်သော အမှတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။-
11 e haverá em vários lugares grandes terremotos, e pestes e fomes; haverá também coisas espantosas, e grandes sinais do céu.
12 သို့သော် ဤအခြင်းအရာများ အားလုံးမဖြစ်ပျက်မီ လူတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် သင်တို့ကို တရားဇရပ်များနှင့် အကျဉ်းထောင်များတွင် အပ်နှံကြ၍ သင်တို့သည် ဘုရင်များနှင့် မြို့ဝန်များ၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်။-
12 Mas antes de todas essas coisas vos hão de prender e perseguir, entregando-vos às sinagogas e aos cárceres, e conduzindo-vos à presença de reis e governadores, por causa do meu nome.
13 ဤသည်ကား သင်တို့ သက်သေခံရန် အချိန်အခါကောင်းဖြစ်လိမ့်မည်။-
13 Isso vos acontecerá para que deis testemunho.
14 ထို့ကြောင့် သင်တို့မည်ကဲ့သို့ဖြေကြားရမည်ကို ကြိုတင်၍ တွေးဆမထားရန် စိတ်ပိုင်းဖြတ်ကြလော့။-
14 Proponde, pois, em vossos corações não premeditar como haveis de fazer a vossa defesa;
15 အကြောင်းမူကား သင်တို့၏ ရန်သူများသည် သင်တို့ကို ငြင်းခုံဆန့်ကျင်ခြင်း မပြုနိုင်ရန် နှုတ်အစွမ်းနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်။-
15 porque eu vos darei boca e sabedoria, a que nenhum dos vossos adversário poderá resistir nem contradizer.
16 သင်တို့ကို သင်တို့၏ မိဘညီအစ်ကိုများ၊ ဆွေမျိုးနှင့် မိတ်ဆွေများကပင် အပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့ကို သူတို့သတ်ကြလိမ့်မည်။-
16 E até pelos pais, e irmãos, e parentes, e amigos sereis entregues; e matarão alguns de vós;
17 သင်တို့သည် ငါ၏နာမကြောင့် လူအပေါင်းတို့၏မုန်းတီးခြင်းကို ခံကြရလိမ့်မည်။-
17 e sereis odiados de todos por causa do meu nome.
18 သို့သော် သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ ပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်။-
18 Mas não se perderá um único cabelo da vossa cabeça.
19 တည်ကြည် ခိုင်မာခြင်းအားဖြင့် သင်တို့သည် သင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည်။
19 Pela vossa perseverança ganhareis as vossas almas.
20 သို့ရာတွင် ဂျေရုဆလင်မြို့အား စစ်သည်များ ဝိုင်းရံလျက်ရှိသည်ကို သင်တို့မြင်ရသောအခါ ထိုမြို့၏ ပျက်စီးဆိတ်သုဉ်း ခြင်းသည် နီးလာပြီဟု သိမှတ်ကြလော့။-
20 Mas, quando virdes Jerusalém cercada de exércitos, sabei então que é chegada a sua desolação.
21 ထိုအခါ ဂျူဒေးယပြည်တွင် ရှိသောသူတို့သည် တောင်ကုန်းများဆီသို့ ထွက်ပြေးကြစေ။ မြို့တွင်း၌ ရှိသောသူတို့သည် မြို့မှထွက်ခွာကြစေ။ တောအရပ်၌ ရှိကြသော သူတို့သည်လည်း မြို့တွင်းသို့မဝင်ကြစေနှင့်။-
21 Então, os que estiverem na Judéia fujam para os montes; os que estiverem dentro da cidade, saiam; e os que estiverem nos campos não entrem nela.
22 အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာတော်မြတ်၌ ရေးထားသမျှ ပြည့်စုံစေခြင်းငှာ အပြစ်ဒဏ်စီရင်မည့် နေ့ရက်များဖြစ် သောကြောင့်တည်း။-
22 Porque dias de vingança são estes, para que se cumpram todas as coisas que estão escritas.
23 ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်သော မိန်းမတို့နှင့် နို့စို့သူငယ်ရှိသော မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်း မူကား ကမ္ဘာမြေကြီးပေါ်၌ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်၍ ဤလူမျိုးအပေါ်သို့လည်း အမျက်တော် သက်ရောက်လိမ့်မည်။-
23 Ai das que estiverem grávidas, e das que amamentarem naqueles dias! porque haverá grande angústia sobre a terra, e ira contra este povo.
24 သူတို့သည် ဓားလက်နက်ဘေးဖြင့် သေဆုံးကြ၍ သုံ့ပန်းများအဖြစ် တိုင်းနိုင်ငံအပေါင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရလိမ့်မည်။ လူမျိုးခြားတို့ ကြီးစိုးသည့် အချိန်ကာလ မကုန်မချင်း ဂျေရုဆလင်မြို့သည် ထိုသူတို့၏ နင်းခြေခြင်းကို ခံရလိမ့်မည်။
24 E cairão ao fio da espada, e para todas as nações serão levados cativos; e Jerusalém será pisada pelos gentios, até que os tempos destes se completem.
25 နေ၊ လနှင့်ကြယ်များ၌ နိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်၌လည်း ပင်လယ်နှင့် လှိုင်းတံပိုးတို့၏ မြည်ဟီးသံကြောင့် စိတ်ရှုပ်ထွေးနေကြသော လူမျိုးအပေါင်းတို့သည် ပူပင်သောကရောက်ကြလိမ့်မည်။-
25 E haverá sinais no sol, na lua e nas estrelas; e sobre a terra haverá angústia das nações em perplexidade pelo bramido do mar e das ondas.
26 လူတို့သည် ကမ္ဘာပေါ်၌ ဖြစ်လတ္တံ့သော ဘေးဒုက္ခများကို မျှော်တွေး၍ ကြောက်ရွံ့တုန်လှုပ်ကြလျက် မေ့မြောလဲကျ ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်၏စွမ်းအား တန်ခိုးတို့သည် တုန်ခါကြလိမ့်မည်။-
26 os homens desfalecerão de terror, e pela expectação das coisas que sobrevirão ao mundo; porquanto os poderes do céu serão abalados.
27 ထို့နောက် လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။-
27 Então verão vir o Filho do homem em uma nuvem, com poder e grande glória.
28 ဤအခြင်းအရာများ စတင်ဖြစ်ပေါ်လာသောအခါ သင်တို့သည် မျှော်ကြည့်ကြလျက် သင်တို့၏ဦးခေါင်းကို မော့ထား ကြလော့။ အကြောင်းမူကား သင်တို့၏ ကယ်တင်ခြင်းသည် နီးလာလေပြီဟု မိန့်တော်မူ၏။
28 Ora, quando essas coisas começarem a acontecer, exultai e levantai as vossas cabeças, porque a vossa redenção se aproxima.
29 ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်ကား သဖန်းပင်နှင့် သစ်ပင်ရှိသမျှကို ကြည့်ကြလော့။-
29 Propôs-lhes então uma parábola: Olhai para a figueira, e para todas as árvores;
30 ရွက်သစ်များ ထွက်လာသည်ကို သင်တို့မြင်သည်နှင့် နွေရာသီရောက်လုနီးပြီဟု သင်တို့သိကြလေပြီ။-
30 quando começam a brotar, sabeis por vós mesmos, ao vê-las, que já está próximo o verão.
31 ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်းအရာများ ဖြစ်ပျက်သည်ကို မြင်ရသောအခါ ဘုရားသခင်၏ နိုင်ငံတော်သည် နီးလာပြီဟု သိမှတ်ကြလော့။-
31 Assim também vós, quando virdes acontecerem estas coisas, sabei que o reino de Deus está próximo.
32 သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာများအားလုံး ဖြစ်ပျက်ပြီးသည့်တိုင်အောင် ဤလူမျိုးဆက်သည် ကွယ်ပျောက် လိမ့်မည်မဟုတ်။-
32 Em verdade vos digo que não passará esta geração até que tudo isso se cumpra.
33 ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသော်လည်း ငါ၏စကားများမူကား ကွယ်ပျောက်လိမ့်မည်မဟုတ်။
33 Passará o céu e a terra, mas as minhas palavras jamais passarão.
34 သို့သော်လည်း သင်တို့သည် သုံးဖြုန်းပျော်ပါးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် လောကီရေးရာအတွက် စိုးရိမ်ခြင်းတို့ဖြင့် စိတ်နှလုံး လေးလံဖိစီးမှု မရှိစေရန် သတိပြုကြလော့။ သို့မဟုတ်လျှင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လိမ့်မည်။-
34 Olhai por vós mesmos; não aconteça que os vossos corações se carreguem de glutonaria, de embriaguez, e dos cuidados da vida, e aquele dia vos sobrevenha de improviso como um laço.
35 အကြောင်းမူကား ထိုနေ့ရက်သည် မြေမျက်နှာပြင်တစ်ခုလုံးတွင် နေထိုင်ကြသော သူများအားလုံးအပေါ်သို့ ကျရောက် လိမ့်မည်။-
35 Porque há de vir sobre todos os que habitam na face da terra.
36 သင်တို့မူကား သတိဝီရိယနှင့် အချိန်ပြည့် စောင့်နေကြလော့။ ဖြစ်လတ္တံ့သောဤအကြောင်း အရာအားလုံးတို့မှ လွတ်မြောက်နိုင်စွမ်း ရှိရန်နှင့် လူသား၏ ရှေ့မှောက်တွင် ရပ်တည်နိုင်ရန် ဆုတောင်းကြလော့ ဟုမိန့်တော်မူ၏။
36 Vigiai, pois, em todo o tempo, orando, para que possais escapar de todas estas coisas que hão de acontecer, e estar em pé na presença do Filho do homem.
37 ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်တော်မူလျက် ညအချိန်၌မူကား သံလွင်ဟုခေါ်သော တောင်ပေါ်သို့ သွား၍ သီတင်းသုံးတော်မူ၏။-
37 Ora, de dia ensinava no templo, e à noite, saindo, pousava no monte chamado das Oliveiras.
38 လူအပေါင်းတို့သည် ဗိမာန်တော်၌ ကိုယ်တော်၏တရားတော်ကို ကြားနာရန် နံနက်စောစော အထံတော်သို့လာကြ၏။
38 E todo o povo ia ter com ele no templo, de manhã cedo, para o ouvir.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 21, comparar traduções ou montar um estudo — tudo direto pelo WhatsApp.