Lucas 20

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို သွန်သင်ဆုံးမလျက် ဧဝံဂေလိတရားတော်ကို ဟောပြောတော် မူစဉ် ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် သက်ကြီးဝါကြီးများနှင့်အတူ အထံတော်သို့လာကြ၏။-
1 E aconteceu, num daqueles dias, que, estando ele ensinando o povo no templo e anunciando o evangelho, sobrevieram os principais dos sacerdotes e os escribas com os anciãos
2 သူတို့က သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုလုပ်သနည်း၊ ထိုအခွင့်အာဏာကို သင့်အား မည်သူပေးထားသနည်း၊ ကျွန်ုပ်တို့အား ပြောပြပါဟု ကိုယ်တော့်ကို မေးမြန်းကြ၏။-
2 e falaram-lhe, dizendo: Dize-nos: com que autoridade fazes essas coisas? Ou quem é que te deu esta autoridade?
3 ထိုအခါ ကိုယ်တော်က ငါသည်လည်း သင်တို့အား မေးခွန်းတစ်ခုမေးမည်။ ငါ့အား ဖြေကြားကြပါလော့။-
3 E, respondendo ele, disse-lhes: Também eu vos farei uma pergunta: dizei-me, pois:
4 ယောဟန်၏ ဆေးကြောခြင်းသည် ကောင်းကင်မှ လာသလော။ သို့မဟုတ် လူတို့ထံမှလောဟု သူတို့အား မေး တော်မူ၏။-
4 o batismo de João era do céu ou dos homens?
5 ထိုသူတို့သည်လည်း အချင်းချင်း ပြောဆိုကြသည်ကား ကောင်းကင်မှလာသည်ဟုငါတို့ဖြေကြလျှင် အဘယ်ကြောင့် သင်တို့သည် သူ့ကိုမယုံခဲ့ကြသနည်းဟု သူက ဆိုလိမ့်မည်။-
5 E eles arrazoavam entre si, dizendo: Se dissermos: do céu, ele nos dirá: Então, por que o não crestes?
6 လူတို့ထံမှလာသည်ဟု ငါတို့ ပြောလျှင် လူအပေါင်းတို့သည် ငါတို့ကို ကျောက်ခဲနှင့် ပေါက်ကြလိမ့်မည်။ အကြောင်းမူကား လူတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် လက်ခံထားကြသောကြောင့်ဖြစ်သည်ဟု ဆိုကြ၏။-
6 E, se dissermos: dos homens, todo o povo nos apedrejará, pois têm por certo que João era profeta.
7 ထို့ကြောင့် သူတို့က အဘယ်ကလာသည်ကို ကျွန်ုပ်တို့မသိပါဟု ပြန်ဖြေကြ၏။-
7 E responderam que não sabiam de onde era.
8 ထိုအခါ ယေဇူးက ငါသည်လည်း ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့် ပြုလုပ်ကြောင်း သင်တို့အား ပြောလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
8 E Jesus lhes disse: Tampouco vos direi com que autoridade faço isto.
9 ထို့နောက် ကိုယ်တော်သည် လူတို့အား ဤပုံဥပမာစကားကို စတင်ဟောကြားတော်မူ၏။ လူတစ်ဦးသည် စပျစ်ဥယျာဉ် တစ်ခြံကိုစိုက်ပျိုး၍ သီးစားလုပ်သူတို့အား ငှားရမ်းထားပြီးမှ ရပ်ဝေးသို့ထွက်သွားလျက် ကာလကြာမြင့်စွာ နေလေ၏။-
9 E começou a dizer ao povo esta parábola: Certo homem plantou uma vinha, e arrendou-a a
10 အချိန်ကျရောက်သောအခါ သူသည် သီးစားချထားသောသူတို့ထံမှ သီးစားခအဖြစ် စပျစ်ခြံ ထွက်စပျစ်သီးအချို့ကိုရယူရန် အစေခံတစ်ဦးကို ထိုသူတို့ထံသို့ စေလွှတ်လိုက်လေ၏။ သို့သော် သီးစားလုပ်သူတို့သည် ထိုအစေခံကို ရိုက်နှက်ကြပြီး လက်ချည်းပြန် လွှတ်လိုက်ကြ၏။-
10 E, no devido tempo, mandou um servo aos lavradores, para que lhe dessem dos frutos da vinha; mas os lavradores, espancando-o, mandaram-no vazio.
11 ထို့နောက် သူသည် အခြားသော အစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် သီးစားလုပ်သူတို့သည် ထိုသူ့ကိုလည်း ရိုက်နှက်၍ အရှက်တကွဲဖြစ်စေပြီးမှ လက်ချည်းပင်ပြန်လွှတ်လိုက်ကြ၏။-
11 E tornou ainda a mandar outro servo; mas eles, espancando também a este e afrontando-
12 နောက်တစ်ဖန် သူသည် တတိယအစေခံတစ်ယောက်ကို စေလွှတ်ပြန်လျှင် ထိုသူတို့သည် သူ့ကို ဒဏ်ရာများရစေပြီး အပြင်သို့နှင်ထုတ်လိုက်ကြ၏။-
12 E tornou ainda a mandar um terceiro; mas eles, ferindo também a este,
13 ထိုအခါ စပျစ်ဥယျာဉ် ပိုင်ရှင်က ငါမည်ကဲ့သို့ပြုရမည်နည်း။ ငါ၏ချစ်သားကို ငါစေလွှတ်မည်။ ထိုသူတို့သည် သူ့ကို လေးစားကြပေလိမ့်မည်ဟုဆို၏။-
13 E disse o senhor da vinha: Que farei? Mandarei o meu filho amado; talvez, vendo-o, o respeitem.
14 သို့သော် သီးစားလုပ်သူတို့သည် သူ့ ကိုမြင်ကြလျှင် ဤသူသည် အမွေခံသားဖြစ်၏။ သူ့ကိုသတ်၍ သူ၏အမွေကိုယူကြစို့ဟု အချင်းချင်းပြောဆိုကြပြီးမှ၊-
14 Mas, vendo-o os lavradores, arrazoaram entre si dizendo: Este é o herdeiro; vinde, matemo-lo, para que a herança seja nossa.
15 သူတို့သည် ထိုသူ့ကို စပျစ်ဥယျာဉ်အပြင်သို့ ထုတ်၍ သတ်ပစ်ကြလေ၏။ သို့ဖြစ်လျှင် စပျစ်ဥယျာဉ်ရှင်သည် ထိုသူတို့ကို မည်ကဲ့သို့ပြုလိမ့်မည်နည်း။-
15 E, lançando-o fora da vinha,
16 သူသည် လာ၍ ထိုသီးစားလုပ်သူများကို သုတ်သင်ပြီးလျှင် ထိုစပျစ် ဥယျာဉ်ကို အခြားသူတို့အား ပေးအပ်လိမ့်မည်ဟု မိန့် တော်မူ၏။ ထိုအကြောင်းကို သူတို့ကြားလျှင် ဤသို့မဖြစ်ပါစေနှင့်ဟု ဆိုကြ၏။-
16 Irá, e destruirá estes lavradores, e dará a outros a vinha. E, ouvindo eles isso, disseram: Não seja assim!
17 သို့သော် ကိုယ်တော်သည် သူတို့ ကိုကြည့်လျက် သို့ဖြစ်လျှင် တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အဓိကကျသော ထောင့်ချုပ်ကျောက်ဖြစ်လေပြီဟူ၍ ရေးထားသော ကျမ်းချက်၏ အနက်အဓိပ္ပာယ်ကား မည်သည်ကို ဆိုလိုသနည်း။-
17 Mas ele, olhando para eles, disse: Que é isto, pois, que está escrito? A pedra que os edificadores reprovaram, essa foi feita cabeça da esquina.
18 ထိုကျောက်ပေါ်သို့ ကျသောသူသည် အပိုင်းပိုင်းကျိုးပဲ့လိမ့်မည်။ သို့သော် ၎င်းသည် တစ်စုံတစ်ယောက်ပေါ်သို့ ကျလျှင် လည်း ထိုသူကို ကြေမွစေလိမ့်မည်ဟု မိန့်တော်မူ၏။
18 Qualquer que cair sobre aquela pedra ficará em pedaços, e aquele sobre quem ela cair será feito em pó.
19 ထိုအခါ ရဟန်းအကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့က ကိုယ်တော်သည် မိမိတို့အား ရည်ညွန်း၍ ဤဥပမာ စကားက ပြောဆိုတော်မူကြောင်း သိကြသဖြင့် ထိုအချိန်နာရီတွင် ကိုယ်တော့်ကို ဖမ်းဆီးရန် ကြိုးစားအားထုတ်ကြ၏။ သို့သော် သူတို့သည် လူအစုအဝေးကို ကြောက်ရွံ့ ကြလေ၏။
19 E os principais dos sacerdotes e os escribas procuravam lançar mão dele naquela mesma hora; mas temeram o povo, porque entenderam que contra eles dissera esta parábola.
20 ထို့ကြောင့် သူတို့သည် အခွင့်ကောင်းကို စောင့်နေကြလျက် ကိုယ်တော်၏စကားတွင် အပြစ်ရှာ၍ ကိုယ်တော့်ကို အာဏာပိုင်နှင့် ဘုရင်ခံတို့၏လက်သို့ အပ်နိုင်ရန် လူရိုးလူကောင်းအယောင်ဆောင်ထားသောသူလျှိုများကို အထံတော်သို့ စေလွှတ်ကြ၏။-
20 E, trazendo- o debaixo de olho, mandaram espias que se fingiam de justos, para o apanharem em alguma palavra e o entregarem à jurisdição e poder do governador.
21 ထိုသူတို့ကလည်း ဆရာသခင်၊ ကိုယ်တော်သည် မှန်ကန်စွာဟောပြောသွန် သင်၍ မျက်နှာကြီးငယ်မလိုက်ဘဲ ဘုရားသခင်၏ တရားလမ်းတော်ကို ဖြောင့်မှန်စွာ သွန်သင်တော်မူကြောင်း အကျွန်ုပ်တို့သိရှိကြပါ၏။-
21 E perguntaram-lhe, dizendo: Mestre, nós sabemos que falas e ensinas bem e retamente e que não consideras a aparência da pessoa, mas ensinas com verdade o caminho de Deus.
22 သို့ဖြစ်၍ အကျွန်ုပ်တို့သည် ဆီဇာအား အခွန်တော်ကိုပေးသင့်သလော၊ မပေးသင့် သလောဟု ကိုယ်တော်အား မေးကြ၏။-
22 É-nos lícito dar tributo a César ou não?
23 သို့သော် ကိုယ်တော်သည် သူတို့၏ ကောက်ကျစ်သော ပရိယာယ်ကို သိမြင်တော်မူသဖြင့်၊-
23 E, entendendo ele a sua astúcia, disse-lhes: Por que me tentais?
24 ဒေနာရီတစ်ပြားကို ငါ့အားပြကြလော့။ မည်သူ၏ ရုပ်ပုံနှင့် ကမ္ပည်းလိပ်စာပါရှိသနည်းဟု သူတို့အား မေးတော်မူ၏။ သူတို့ကလည်း ဆီဇာ၏ပုံနှင့် သူ၏ကမ္ပည်းလိပ်စာ ပါရှိပါသည်ဟု ဆိုကြ၏။-
24 Mostrai-me uma moeda. De quem tem a imagem e a inscrição? E, respondendo eles, disseram: De César.
25 ကိုယ်တော်က သို့ဖြစ်လျှင် ဆီဇာနှင့်ဆိုင်သောအရာကို ဆီဇာအား ပေးကြလော့။ ဘုရားသခင်နှင့် ဆိုင်သောအရာကို ဘုရားသခင်အား ပေးဆက်ကြလော့ဟု မိန့်တော်မူ၏။-
25 Disse-lhes, então: Dai, pois, a César o que
26 သူတို့သည်လည်း လူတို့ရှေ့တွင် ကိုယ်တော်၏ စကား၌ အပြစ်ရှာမတွေ့ နိုင်ကြသောကြောင့် ကိုယ်တော်၏ ဖြေကြားချက်ကို အံ့ဩလျက် တိတ်ဆိတ်စွာနေကြ၏။
26 E não puderam apanhá-lo em palavra alguma diante do povo; e, maravilhados da sua resposta, calaram-se.
27 ရှင်ပြန်ထမြောက်ခြင်း မရှိဟု ဆိုကြသော ဇာဒူခေးဦးအချို့တို့သည် အထံတော်သို့ချဉ်းကပ်၍၊-
27 E, chegando-se alguns dos saduceus, que dizem não haver ressurreição, perguntaram-lhe,
28 ကိုယ်တော်အား မေးလျှောက်ကြသည်မှာ ဆရာသခင်၊ လူတစ်ဦး ၏အစ်ကိုသည် မယားရှိလျက် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် ထိုသူသည် အစ်ကို၏မယားကို ထိမ်းမြား၍ အစ်ကို၏ အမျိုးအနွယ်ကို ဆက်လက်တည်တံ့စေရမည် ဟူ၍ မိုးဇက်သည် အကျွန်ုပ်တို့အား ရေးသားသွန်သင်ခဲ့ပါ၏။-
28 dizendo: Mestre, Moisés nos deixou escrito que, se o irmão de alguém falecer, tendo mulher e não deixar filhos, o irmão dele tome a mulher e suscite posteridade a seu irmão.
29 တစ်ခါက ညီအစ်က ိုခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် မိန်းမတစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သေဆုံးသွားခဲ့ပါ၏။-
29 Houve, pois, sete irmãos, e o primeiro tomou mulher e morreu sem filhos;
30 ထိုအခါ ဒုတိယ တစ်ယောက်သည်လည်းကောင်း၊-
30 e o segundo
31 ထို့နောက် တတိယတစ်ယောက်သည်လည်းကောင်း သူမနှင့် အိမ်ထောင်ဆက်ခဲ့ပါ၏။ ဤသို့ဖြင့် ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုနည်းတူပြု၍ သားသမီးမရဘဲ သေဆုံးကြလေ၏။-
31 e o terceiro também a tomaram, e, igualmente, os sete. Todos eles morreram e não deixaram filhos.
32 နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးလေ၏။-
32 E, por último, depois de todos, morreu também a mulher.
33 သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောနေ့၌ သူမသည် မည်သူ၏ဇနီး ဖြစ်မည်နည်း။ အကြောင်းမူကား ညီအစ်ကို ခုနစ်ယောက်တို့သည် သူမ၏ခင်ပွန်းဖြစ်ခဲ့ကြလေပြီဟု ကိုယ်တော်အား လျှောက်ကြ၏။
33 Portanto, na ressurreição, de qual deles será a mulher, pois que os sete por mulher a tiveram?
34 ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဤလောက၏သားသမီးတို့သည် ထိမ်းမြားပေးစားခြင်း အမှုကိုပြုကြ၏။-
34 E, respondendo Jesus, disse-lhes: Os filhos deste mundo casam-se e dão-se em casamento,
35 သို့သော် နောင်ဘ၀ကိုလည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း ခံထိုက်သောသူတို့သည် ထိမ်းမြားပေးစားခြင်းမပြုကြပေ။-
35 mas os que forem havidos por dignos de alcançar o mundo vindouro e a ressurreição dos mortos nem hão de casar, nem ser dados em casamento;
36 သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏ သားသမီးများဖြစ်ကြသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြပြီးလျှင် ကောင်းကင်တမန်တော်တို့နှင့် တူညီကြသောကြောင့် မသေနိုင်ကြတော့ပေ။-
36 porque já não podem mais morrer, pois são iguais aos anjos e são filhos de Deus, sendo filhos da ressurreição.
37 သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍မူကား မိုးဇက်က မီးတောက်လောင်နေသော ချုံပုတ် အကြောင်းကိုရေးထားသည့် ကျမ်းပိုဒ်တွင် ထာ၀ရဘုရားသခင်ကို အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရား ဟူ၍ ခေါ်ဆိုကြောင်း ဖော်ပြထား၏။-
37 E que os mortos hão de ressuscitar também o mostrou Moisés junto da sarça, quando chama ao Senhor Deus de Abraão, e Deus de Isaque, e Deus de Jacó.
38 ထို့ကြောင့် ဘုရားသခင်သည် သေသူတို့၏ဘုရားမဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ အကြောင်းမူကား ခပ်သိမ်းသော သူတို့သည် ကိုယ်တော်၌ အသက်ရှင်ကြသောကြောင့်ဖြစ် သတည်းဟု မိန့်တော်မူ၏။-
38 Ora, ele vivem todos.
39 ထိုအခါ ကျမ်းတတ်ဆရာ အချို့က ဆရာသခင်၊ ကိုယ်တော်သည် ကောင်းမွန်သင့်လျော်စွာပြောဆိုလေပြီဟု ပြန်ဖြေကြ၏။-
39 E, respondendo alguns dos escribas, disseram: Mestre, disseste bem.
40 ထို့နောက် သူ တို့သည် ကိုယ်တော့်ကို နောက်ထပ်မေးခွန်းများမမေးဝံ့ ကြတော့ချေ။
40 E não ousavam perguntar-lhe mais coisa alguma.
41 ထို့နောက် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ခရစ်တော်သည် ဒါဝိဒ်၏သားတော်ဟု လူတို့သည် မည်သို့ ဆိုနိုင်ကြမည်နည်း။-
41 E ele lhes disse: Como dizem que o Cristo é Filho de Davi?
42 အကြောင်းမူကား ဒါဝိဒ်မင်းကြီးကိုယ်တိုင် ဆာလံကျမ်း၌ ထာ၀ရဘုရားသခင်က ငါ၏သခင်အား မိန့်တော်မူသည်မှာ၊-
42 Visto como o mesmo Davi diz no livro dos Salmos: Disse o
43 ငါသည် သင်၏ရန်သူများကို သင့်ခြေတင်ခုံဖြစ်စေသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်လော့ဟူ၍ဖြစ်၏။-
43 até que eu ponha os teus inimigos por escabelo de teus pés.
44 သို့ဖြစ်၍ ဒါဝိဒ်မင်းကြီးသည် ခရစ်တော်ကို သခင်ဟုခေါ်ဆိုလျှင် သူသည် ဒါဝိဒ်၏သားတော် မည်ကဲ့သို့ဖြစ်မည်နည်းဟု မေးတော်မူ၏။
44 Se Davi lhe chama Senhor, como é ele seu filho?
45 လူအားလုံးတို့သည် နားထောင်လျက်ရှိစဉ် ကိုယ်တော်သည် မိမိ၏တပည့်တော်တို့အား ဤသို့မိန့်တော်မူ၏။-
45 E, ouvindo-o todo o povo, disse Jesus aos seus discípulos:
46 ကျမ်းတတ်ဆရာများကို သတိနှင့် ရှောင်ကြဉ်ကြလော့။ သူတို့သည် ဝတ်ရုံရှည်များကိုဝတ်ဆင်၍ သွားလာလိုကြ၏။ သူတို့သည် ဈေးအလယ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ တရားဇရပ်များ၌ အကောင်းဆုံးနေရာများနှင့် စားသောက်ပွဲ များ၌ ဦးစားပေးခံရသော နေရာများကိုလည်းကောင်း နှစ်သက်ကြ၏။-
46 Guardai-vos dos escribas, que querem andar com vestes compridas e amam as saudações nas praças, e as principais cadeiras nas sinagogas, e os primeiros lugares nos banquetes;
47 သူတို့သည် မုဆိုးမတို့၏ အိုးအိမ်များကို သိမ်းယူကြပြီးလျှင် လူမြင်ကောင်းစေရန် ဆုတောင်းပတ္ထနာများကို ရှည်လျားစွာ ရွတ်ဆိုတတ်ကြ၏။ သူတို့သည် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံကြရလိမ့်မည်ဟု မိန့်တော်မူ၏။
47 que devoram as casas das viúvas, fazendo, por pretexto, largas orações. Estes receberão maior condenação.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.