Lucas 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 များစွာသောလူတို့သည် ငါတို့အကြားတွင် ပြီးမြောက်ခဲ့သောအကြောင်းအရာတို့ကို မှတ်တမ်းတင်ရန် အားထုတ်ခဲ့ကြ၏။-
1 Muitos já se dedicaram a elaborar um relato dos fatos que se cumpriram entre nós,
2 ထိုသို့အားထုတ်ရာ၌ အစဦးကပင် မျက်မြင်သက်သေများဖြစ်ကြပြီး နှုတ်တော်ထွက်စကားအတွက် အမှုတော်ဆောင် ဖြစ်ခဲ့သူများက ငါတို့အား လက်ဆင့်ကမ်းဟောပြောခဲ့သည့်အတိုင်း ရေး သားနိုင်ရန် ကြိုးပမ်းခဲ့ကြ၏။-
2 conforme nos foram transmitidos por aqueles que desde o início foram testemunhas oculares e servos da palavra.
3 ထို့ကြောင့် မွန်မြတ်သော သီအိုဖိလု၊ ငါသည်လည်း ထိုဖြစ်ရပ်အလုံးစုံတို့ကို အချိန်ယူ၍ သေချာစွာ လေ့လာခဲ့ပြီးနောက် သင့်အတွက် အစဉ်အတိုင်းရေးသားပေးလျှင် သင့်လျော်မည်ဟုငါယူဆ၏။-
3 Eu mesmo investiguei tudo cuidadosamente, desde o começo, e decidi escrever-te um relato ordenado, ó excelentíssimo Teófilo,
4 ဤသို့ဖြင့် သင်သည် သင်ကြားနာခဲ့ရသော အကြောင်းအရာများနှင့် သက်ဆိုင်သည့် အမှန်တရားကို သိရှိနားလည်နိုင်ပေ လိမ့်မည်။
4 para que tenhas a certeza das coisas que te foram ensinadas.
5 ဂျုဒပြည်၏ဘုရင် ဟေရုဒ်မင်းလက်ထက်၌ အာဘီဂျရဟန်းအသင်းဝင်ဖြစ်သော ဇခါရိယအမည်ရှိသည့် ရဟန်း တစ်ပါးရှိ၏။ သူ၏ဇနီးသည်ကား အာရွန်အနွယ်ဝင်ဖြစ်ပြီး သူမ၏အမည်မှာ ဧလိဇဘက်ဖြစ်၏။-
5 No tempo de Herodes, rei da Judéia, havia um sacerdote chamado Zacarias, que pertencia ao grupo sacerdotal de Abias; Isabel, sua mulher, também era descendente de Arão.
6 သူတို့နှစ်ဦးစလုံးသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ဖြောင့်မတ်ကြပြီး ထာ၀ရဘုရားသခင်၏ပညတ်တော်များနှင့် ကျင့်ထုံးဥပဒေများကို အပြစ်တင်ခွင့်မရှိအောင် လိုက်နာခဲ့ကြ၏။-
6 Ambos eram justos aos olhos de Deus, obedecendo de modo irrepreensível a todos os mandamentos e preceitos do Senhor.
7 သို့ရာတွင် သူတို့၌ သားသမီးမထွန်းကားချေ။ အကြောင်းမူကား ဧလိဇဘက်သည် အမြုံဖြစ်ပြီး သူတို့နှစ်ဦးစလုံးမှာလည်း အသက်အရွယ် ကြီးရင့်လာကြသောကြောင့်ဖြစ်၏။
7 Mas eles não tinham filhos, porque Isabel era estéril; e ambos eram de idade avançada.
8 ထိုအချိန်၌ ဇခါရိယသည် မိမိ၏အဖွဲ့အလှည့်ကျသဖြင့် ဘုရားသခင်၏ရှေ့တော်တွင် ရဟန်းအမှုတော်ကို ဆောင်ရွက်နေစဉ်၊-
8 Certa vez, estando de serviço o seu grupo, Zacarias estava servindo como sacerdote diante de Deus.
9 ရဟန်းတို့၏ ဝိနည်းထုံးစံအရ ထာ၀ရဘုရားသခင်၏သန့်ရှင်းရာဌာနအတွင်းသို့ဝင်၍ လော်ဗန်နံ့သာကို မီးရှို့ပူဇော်ရန် သူ့အပေါ် မဲကျလေ၏။-
9 Ele foi escolhido por sorteio, de acordo com o costume do sacerdócio, para entrar no santuário do Senhor e oferecer incenso.
10 ထိုသို့ လော်ဗန်နံ့သာပူဇော်နေချိန်တွင် များစွာသောလူအပေါင်းတို့သည် အပြင်၌ ဆုတောင်းနေကြ၏။-
10 Chegando a hora de oferecer incenso, o povo todo estava orando do lado de fora.
11 ထိုအခါ ထာ၀ရ ဘုရားသခင်၏ကောင်းကင်တမန်တော်သည် လော်ဗန်နံ့သာမီးရှို့ပူဇော်ရာယဇ်ပလ္လင်၏ လက်ယာဘက်၌ ရပ်လျက် သူ့အား ထင်ရှားပြလေ၏။-
11 Então um anjo do Senhor apareceu a Zacarias, à direita do altar do incenso.
12 ဇခါရိယသည်လည်း ကောင်းကင်တမန်တော်ကိုမြင်သောအခါ စိတ်နှလုံးမငြိမ်မသက်ဖြစ်လျက် ကြောက်ရွံ့တုန်လှုပ် လေ၏။-
12 Quando Zacarias o viu, perturbou-se e foi dominado pelo medo.
13 သို့သော်ကောင်းကင်တမန်တော်က ဇခါရိယ၊ မကြောက်ရွံ့နှင့်။ အကြောင်းမူကား သင်၏ဆုတောင်းပတ္ထနာမှာ နား ညောင်းတော်မူခြင်းခံရလေပြီ။ သင်၏ဇနီး ဧလိဇဘက်သည် သင့်အတွက် သားယောက်ျားကို ဖွားမြင်ပေးလိမ့်မည်။ သူ၏ အမည်ကို ယောဟန်ဟု သင်မည့်ခေါ်ရလိမ့်မည်။-
13 Mas o anjo lhe disse: "Não tenha medo, Zacarias; sua oração foi ouvida. Isabel, sua mulher, lhe dará um filho, e você lhe dará o nome de João.
14 ထိုအခါ သင်သည် ဝမ်းမြောက်ရွှင်လန်းခြင်းရှိလိမ့်မည်။ လူတို့သည်လည်း သူ၏ဖွားမြင်ခြင်း၌ ဝမ်းမြောက်ကြလိမ့်မည်။-
14 Ele será motivo de prazer e de alegria para você, e muitos se alegrarão por causa do nascimento dele,
15 အကြောင်းမူကား သူသည် ထာ၀ရဘုရားသခင်၏ရှေ့တော်၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ သူသည် စပျစ်ရည်နှင့် သေရည်သေရက်တို့ကိုမသောက်ရ။ သူသည် အမိဝမ်းထဲကပင် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လိမ့်မည်။-
15 pois será grande aos olhos do Senhor. Ele nunca tomará vinho nem bebida fermentada, e será cheio do Espírito Santo desde antes do seu nascimento.
16 သူသည် များစွာသောအစ္စရာအဲလ်လူမျိုးတို့ကို ၎င်းတို့၏အရှင် ထာ၀ရဘုရားသခင်ထံတော်သို့ ပြန်လည်ခေါ်ဆောင် လိမ့်မည်။-
16 Fará retornar muitos dentre o povo de Israel ao Senhor, o seu Deus.
17 သူသည် အဖတို့ကို သားသမီးတို့နှင့် ပြန်လည်သင့်မြတ်စေ၍ နာခံခြင်းမရှိသော သူတို့ကို ဖြောင့်မတ်သောသူတို့၏ ပညာတရားလမ်းသို့ ပြောင်းလဲစေရန်နှင့် အသင့်ပြင်ဆင်ထားသော လူမျိုးတော်ကို ထာ၀ရဘုရားသခင်အတွက် အဆင်သင့်ဖြစ် စေရန် ဧလိယ၏စိတ်သဘောနှင့် တန်ခိုးတို့ဖြင့် ကိုယ် တော်၏ရှေ့တော်မှ သွားလိမ့်မည်ဟု မိန့်ဆိုလေ၏။
17 E irá adiante do Senhor, no espírito e no poder de Elias, para fazer voltar o coração dos pais a seus filhos e os desobedientes à sabedoria dos justos, para deixar um povo preparado para o Senhor".
18 ထိုအခါ ဇခါရိယက ဤအရာကို အကျွန်ုပ်မည်သို့သိရပါမည်နည်း။ အကျွန်ုပ်သည် အသက်အရွယ်ကြီးရင့်သူ တစ်ယောက် ဖြစ်ပြီး အကျွန်ုပ်၏ဇနီးသည်လည်း အရွယ်လွန်ပါပြီဟု ကောင်းကင်တမန်တော်အား ပြန်ပြော၏။-
18 Zacarias perguntou ao anjo: "Como posso ter certeza disso? Sou velho, e minha mulher é de idade avançada".
19 ကောင်းကင်တမန်တော်ကလည်း ငါသည် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ခစားသော ဂါဘရီအဲလ်ဖြစ်၏။ သင့်အား ဝမ်းမြောက်စရာသတင်းကို ကြားပြောရန် ငါသည် စေလွှတ်ခြင်းခံရ၏။-
19 O anjo respondeu: "Sou Gabriel, o que está sempre na presença de Deus. Fui enviado para lhe transmitir estas boas novas.
20 ကြည့်လော့၊ အချိန်တန်လျှင် ပြည့်စုံခြင်းသို့ရောက်မည့် ငါ၏စကားကို သင်မယုံကြည်သောကြောင့် ဤအကြောင်းအရာ များဖြစ်ပေါ်လာသည့်တိုင်အောင် သင်သည် စကားမပြောနိုင်ဘဲ ဆွံ့အနေလိမ့်မည်ဟုမိန့်ဆိုလေ၏။-
20 Agora você ficará mudo. Não poderá falar até o dia em que isso acontecer, porque não acreditou em minhas palavras, que se cumprirão no tempo oportuno".
21 လူတို့သည် ဇခါရိယကိုစောင့်မျှော်နေကြ၍ သူသည် ဗိမာန်တော်ထဲ၌ ကြန့်ကြာနေသည့်အတွက် အံ့ဩခြင်းရှိကြ၏။-
21 Enquanto isso, o povo esperava por Zacarias, estranhando sua demora no santuário.
22 ဇခါရိယသည် ဗိမာန်တော်ထဲမှ ထွက်လာသောအခါ သူတို့အား စကားမပြောနိုင်သဖြင့် သူသည် ဗိမာန်တော်ထဲတွင် နိမိတ်ရူပါရုံမြင်ခဲ့ရကြောင်းကို သူတို့သိရှိကြ၏။ ဇခါရိယသည်လည်း သူတို့အား ကိုယ်လက်အမူအရာဖြင့်သာပြောပြနိုင်ပြီး ဆွံ့အ လျက်နေ၏။-
22 Quando saiu, não conseguia falar nada; o povo percebeu então que ele tivera uma visão no santuário. Zacarias fazia sinais para eles, mas permanecia mudo.
23 ထို့နောက် သူသည် မိမိအမှုတော်ထမ်းရသည့်ကာလပြီးဆုံးသောအခါ မိမိ၏အိမ်သို့ ပြန်သွားလေ၏။-
23 Quando se completou seu período de serviço, ele voltou para casa.
24 ထိုနေ့ရက်များကုန်လွန်သောအခါ သူ၏ဇနီး ဧလိဇဘက်သည် ပဋိသန္ဓေစွဲ၍ ငါးလပတ်လုံး လူတို့၏မျက်ကွယ်တွင် နေလျက် ဆိုသည်ကား၊-
24 Depois disso, Isabel, sua mulher, engravidou e durante cinco meses não saiu de casa.
25 ထာ၀ရဘုရားသခင်သည် လူတို့ရှေ့၌ ငါ၏ရှက်ဖွယ်သောအမှုကိုဖယ်ရှားရန် ငါ့ကိုကြည့်ရှုတော်မူ၍ ဤသို့ပြုတော်မူပြီ ဟူ၍ဖြစ်၏။
25 E ela dizia: "Isto é obra do Senhor fez! Agora ele olhou para mim com favor, para desfazer a minha humilhação perante o povo. "
26 ဆဋ္ဌမလသို့ရောက်သောအခါ ဘုရားသခင်သည် ကောင်းကင်တမန်တော် ဂါဘရီအဲလ်ကို ဂါလေလေးယပြည်၊ နာဇရက်မြို့ရှိ၊-
26 No sexto mês Deus enviou o anjo Gabriel a Nazaré, cidade da Galiléia,
27 ဒါဝိဒ်မျိုးနွယ်ဝင် ဂျိုးဇက်အမည်ရှိသောသူနှင့် စေ့စပ်ထားသည့်အပျိုကညာတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ အပျိုကညာ၏အမည်ကား မာရိယာ ဖြစ်သတည်း။-
27 a uma virgem prometida em casamento a certo homem chamado José, descendente de Davi. O nome da virgem era Maria.
28 ထိုအခါ ကောင်းကင်တမန်တော်သည် သူမထံသို့လာ၍ ကျေးဇူးတော်အပေါင်းနှင့် ပြည့်စုံသော သခင်မ၊ သင်၌ မင်္ဂလာရှိ စေသတည်း။ ထာ၀ရဘုရားသခင်သည် သင်နှင့်အတူရှိတော်မူ၏ဟု နှုတ်ခွန်းဆက်လေ၏။-
28 O anjo, aproximando-se dela, disse: "Alegre-se, agraciada! O Senhor está com você! "
29 သို့သော် သူမသည် အလွန်စိတ်ဇဝေဇဝါဖြစ်၍ ဤနှုတ်ဆက်ခြင်းကား အဘယ်သို့ဖြစ်မည်နည်းဟု တွေးတောဆင်ခြင် လျက်နေ၏။-
29 Maria ficou perturbada com essas palavras, pensando no que poderia significar esta saudação.
30 ကောင်းကင်တမန်တော်ကလည်း မာရိယာ၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်သည် ဘုရားသခင်၏ အရေးပေးခြင်းကို ခံရလေပြီ။-
30 Mas o anjo lhe disse: "Não tenha medo, Maria; você foi agraciada por Deus!
31 သင်၏ဝမ်း၌ ပဋိသန္ဓေစွဲ၍ သင်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သူ၏အမည်ကို ယေဇူးဟုမှည့်ခေါ်ရမည်။-
31 Você ficará grávida e dará à luz um filho, e lhe porá o nome de Jesus.
32 သူသည် ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောအရှင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုလည်း ခံရလိမ့်မည်။ ထာ၀ရအရှင် ဘုရားသခင်သည် သူ့အဖဒါဝိဒ်၏ ရာဇပလ္လင်ကို သူ့အား ပေးအပ်တော်မူလိမ့်မည်။-
32 Ele será grande e será chamado Filho do Altíssimo. O Senhor Deus lhe dará o trono de seu pai Davi,
33 ထိုအခါ သူသည် ယာကုပ်၏ အမျိုးအနွယ်ကို အစဉ်အမြဲအုပ်စိုးတော်မူလိမ့်မည်။ သူ၏နိုင်ငံတော်သည်လည်း အဆုံးမရှိ အစဉ်တည်နေလိမ့်မည်ဟု မိန့်ဆိုလေ၏။-
33 e ele reinará para sempre sobre o povo de Jacó; seu Reino jamais terá fim".
34 မာရိယာကလည်း ဤအမှုအရာသည် မည်သို့ဖြစ်နိုင်မည်နည်း။ အကြောင်းမူကား ကျွန်မ၌ ခင်ပွန်းမရှိပါဟု ကောင်းကင်တမန်တော်အား ဆိုလေ၏။-
34 Perguntou Maria ao anjo: "Como acontecerá isso, se sou virgem? "
35 ထိုအခါ ကောင်းကင်တမန်တော်က ဝိညာဉ်တော်မြတ်သည် သင့်အပေါ်သို့ဆင်းသက်လိမ့်မည်။ အမြင့်ဆုံးသော အရှင်၏ တန်ခိုးတော်သည်လည်း သင့်ကိုလွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတ္တံ့သောသူငယ်သည် သန့်ရှင်းမွန်မြတ်ပြီး ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ် ခြင်းခံရလိမ့်မည်။
35 O anjo respondeu: "O Espírito Santo virá sobre você, e o poder do Altíssimo a cobrirá com a sua sombra. Assim, aquele que há de nascer será chamado santo, Filho de Deus.
36 ထို့ပြင် ကြည့်လော့။ သင်၏ဆွေမျိုး ဧလိဇဘက်သည် အိုမင်းသောအရွယ်၌ ပဋိသန္ဓေစွဲ၍ အမြုံမဟု အခေါ်ခံရသော သူမသည် ယခု ဆဋ္ဌမလရှိလေပြီ။-
36 Também Isabel, sua parenta, terá um filho na velhice; aquela que diziam ser estéril já está em seu sexto mês de gestação.
37 အကြောင်းမူကား ဘုရားသခင်မတတ်နိုင်သောအရာတစ်စုံတစ်ခုမျှ မရှိဟု မိန့်ဆိုလေ၏။-
37 Pois nada é impossível para Deus".
38 မာရိယာကလည်း ကျွန်မသည် ထာ၀ရဘုရားသခင်၏ အစေခံဖြစ်ပါ၏။ သင်၏စကားအတိုင်း ကျွန်မ၌ ဖြစ်ပါစေဟုဆို၏။ ထို့နောက် ကောင်းကင်တမန်တော်သည် သူမထံမှ ထွက်ခွာသွားလေ၏။
38 Respondeu Maria: "Sou serva do Senhor; que aconteça comigo conforme a tua palavra". Então o anjo a deixou.
39 ထိုနေ့ရက်တို့၌ မာရိယာသည် ထ၍ တောင်ကုန်းအရပ်ရှိ ဂျုဒမြို့တစ်မြို့သို့ အလျင်အမြန်သွားပြီးလျှင်၊-
39 Naqueles dias, Maria preparou-se e foi depressa para a uma cidade da região montanhosa da Judéia,
40 ဇခါရိယ၏အိမ်သို့ဝင်ကာ ဧလိဇဘက်ကိုနှုတ်ဆက်လေ၏။-
40 onde entrou na casa de Zacarias e saudou Isabel.
41 ဧလိဇဘက်သည်လည်း မာရိယာ၏နှုတ်ဆက်သံကို ကြားသောအခါ သူမ၏သားငယ်သည် ဝမ်းတွင်း၌ခုန်မြူးလေ၏။ ထိုအခါ ဧလိဇဘက်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀လျက်၊-
41 Quando Isabel ouviu a saudação de Maria, o bebê agitou-se em seu ventre, e Isabel ficou cheia do Espírito Santo.
42 ကျယ်သောအသံဖြင့် ကြွေးကြော်သည်ကား သင်သည် မိန်းမတကာတို့တွင် မြတ်သောမင်္ဂလာရှိသူဖြစ်၏။ သင်၏ဝမ်းတွင်းမှ အသီးတော်သည်လည်း မင်္ဂလာရှိတော်မူ၏။-
42 Em alta voz exclamou: "Bendita é você entre as mulheres, e bendito é o filho que você dará à luz!
43 ကျွန်မသခင်၏မယ်တော်သည် ကျွန်မထံသို့ကြွလာသောကျေးဇူးတော်ကို ကျွန်မသည် အဘယ်ကြောင့် ခံထိုက်ပါသနည်း။-
43 Mas por que sou tão agraciada, a ponto de me visitar a mãe do meu Senhor?
44 အကြောင်းမူကား သင်၏နှုတ်ဆက်စကားသံသည် ကျွန်မ၏နားသို့ရောက် သည်နှင့် ကျွန်မ၏ဝမ်းတွင်းမှ သားငယ်သည် ဝမ်းမြောက်ခြင်းဖြင့် ခုန်မြူးလေပြီ။-
44 Logo que a sua saudação chegou aos meus ouvidos, o bebê que está em meu ventre agitou-se de alegria.
45 မိမိအား ထာ၀ရဘုရားသခင် မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏ဟု ဆိုလေ၏။
45 Feliz é aquela que creu que se cumprirá aquilo que o Senhor lhe disse! "
46 ထိုအခါ မာရိယာက မြွက်ဆိုသည်ကား ငါ၏ဝိညာဉ်သည် ထာ၀ရဘုရားသခင်ကိုချီးမွမ်း၏။-
46 Então disse Maria: "Minha alma engrandece ao Senhor
47 ငါ၏စိတ်နှလုံးသည်လည်း ငါ၏ကယ်တင်ရှင် ဘုရားသခင်၌ ရွှင်လန်းဝမ်းမြောက်ခြင်းရှိ၏။
47 e o meu espírito se alegra em Deus, meu Salvador,
48 အကြောင်းမူကား ကိုယ်တော်သည် မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူလေပြီ။ ယခုမှစ၍ ခပ်သိမ်းသော လူမျိုးအစဉ်အဆက်တို့သည် ငါ့ကို မင်္ဂလ ရှိသောသူဟု ခေါ်ဝေါ် ကြလိမ့်မည်။
48 pois atentou para a humildade da sua serva. De agora em diante, todas as gerações me chamarão bem-aventurada,
49 အကြောင်းမူကား တန်ခိုးကြီးတော်မူသော သခင်သည် ငါ့အဖို့ ကြီးမြတ်သောအမှုအရာတို့ကို ပြုတော်မူပြီ။ ကိုယ်တော်၏ နာမတော်သည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
49 pois o Poderoso fez grandes coisas em meu favor; santo é o seu nome.
50 ကိုယ်တော်၏ကရုဏာတော်သည်လည်း မိမိကို ကြောက်ရွံ့ရိုသေသော သူတို့အပေါ်သို့ သားစဉ်မြေးဆက် သက်ရောက် လေ၏။
50 A sua misericórdia estende-se aos que o temem, de geração em geração.
51 ကိုယ်တော်သည် လက်ရုံးတော်အားဖြင့် ခွန်အားတန်ခိုးကိုပြတော်မူ၍ စိတ်၌ မာနထောင်လွှားသော သူတို့ကို ကွဲလွင့်စေ တော်မူပြီ။
51 Ele realizou poderosos feitos com seu braço; dispersou os que são soberbos no mais íntimo do coração.
52 ကိုယ်တော်သည် အင်အားကြီးသောသူတို့ကို အရိုက်အရာမှချတော်မူ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။
52 Derrubou governantes dos seus tronos, mas exaltou os humildes.
53 ကိုယ်တော်သည် ငတ်မွတ်သောသူတို့ကို ကောင်းသောအရာတို့နှင့်ပြည့်၀စေ၍ ကြွယ်၀သောသူတို့ကို လက်ချည်း သက်သက် လွှတ်လိုက်တော်မူပြီ။
53 Encheu de coisas boas os famintos, mas despediu de mãos vazias os ricos.
54 ကိုယ်တော်သည် မိမိ၏ကရုဏာတော်ကို အောက်မေ့တော်မူသဖြင့် မိမိ၏အစေခံ အစ္စရာအဲလ်ကို ကူညီစောင်မတော်မူပြီ။-
54 Ajudou a seu servo Israel, lembrando-se da sua misericórdia
55 ငါတို့၏ဘိုးဘေးများဖြစ်သော အာဘရာဟံမှစ၍ သူ၏မျိုးနွယ်အစဉ်အဆက်တို့၌ ထားခဲ့သော ကတိတော်အတိုင်း ကိုယ်တော်သည် အစဉ်ထာ၀ရ ကူညီစောင်မတော်မူလေပြီဟု မြွက်ဆိုလေ၏။
55 para com Abraão e seus descendentes para sempre, como dissera aos nossos antepassados".
56 ထို့နောက် မာရိယာသည် ဧလိဇဘက်နှင့်အတူ သုံးလခန့်နေပြီးမှ မိမိ၏အိမ်သို့ပြန်လေ၏။
56 Maria ficou com Isabel cerca de três meses e depois voltou para casa.
57 ဧလိဇဘက်သည် မွေးဖွားရန် နေ့လစေ့သောအခါ သားယောက်ျားကို ဖွားမြင်လေ၏။-
57 Ao se completar o tempo de Isabel dar à luz, ela teve um filho.
58 သခင်ဘုရားသည် ဧလိဇဘက်အား မိမိ၏မဟာကရုဏာတော်ကို ပြတော်မူကြောင်း အိမ်နီးချင်းများနှင့် ဆွေမျိုးသားချင်းတို့ ကြားကြသောအခါ သူမနှင့်အတူဝမ်းမြောက်ကြ၏။-
58 Seus vizinhos e parentes ouviram falar da grande misericórdia que o Senhor lhe havia demonstrado e se alegraram com ela.
59 ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ သူငယ်ကို အရေဖျားလှီးခြင်း မင်္ဂလာပေးခြင်းငှာ သူတို့သည် လာကြ၍ သူငယ်၏ အမည်ကိုလည်း အဖ၏အမည်အတိုင်း ဇခါရိယဟု မှည့်ခေါ်မည်ပြုကြ၏။-
59 No oitavo dia foram circuncidar o menino e queriam dar-lhe o nome do pai, Zacarias;
60 သို့သော် သူ၏မိခင်က ထိုသို့မဟုတ်ပါ။ သူ့ကို ယောဟန်အမည်ဖြင့် မှည့်ခေါ်ရမည်ဟုဆို၏။-
60 mas sua mãe tomou a palavra e disse: "Não! Ele será chamado João".
61 သူတို့ကလည်း သင်၏ဆွေမျိုးတို့တွင် တစ်ယောက်မျှဤ အမည်ဖြင့်မှည့်ခေါ်ထားခြင်းမရှိပါဟု သူမအား ပြန်ပြောကြ၏။-
61 Disseram-lhe: "Você não há nenhum parente com esse nome".
62 ထို့နောက် သူငယ်ကို မည်ကဲ့သို့မှည့်ခေါ်စေလို ကြောင်း ဖခင်ဖြစ်သူအား ကိုယ်လက်အမူအရာဖြင့် မေးမြန်းကြ၏။-
62 Então fizeram sinais ao pai do menino, para saber como queria que a criança se chamasse.
63 ထိုအခါ ဇခါရိယသည် သင်ပုန်းတစ်ချပ်ကို တောင်းပြီးလျှင် သူငယ်၏အမည်ကား ယောဟန်ဖြစ်သည်ဟု ရေးလေ၏။ ထိုသူတို့သည်လည်း အံ့ဩကြလေ၏။-
63 Ele pediu uma tabuinha e, para admiração de todos, escreveu: "O nome dele é João".
64 ထိုခဏချင်းတွင်ပင် ဇခါရိယ၏နှုတ်သည် ပွင့်၍ သူ၏လျှာသည်လည်း အနှောင်အဖွဲ့မှ ကင်းလွတ်ကာ သူသည် ဘုရားသခင် ကိုချီးမွမ်းထောမနာပြုလေ၏။-
64 Imediatamente sua boca se abriu, sua língua se soltou e ele começou a falar, louvando a Deus.
65 သူတို့၏အိမ်နီးချင်းတို့သည်လည်း ကြောက်ရွံ့ထိတ်လန့်ကြကုန်၏။ ဤအကြောင်းအရာအလုံးစုံကို ဂျူဒေးယပြည် တောင်ကုန်းဒေသအနှံ့အပြားတွင် ပြောဆိုကြလေ၏။-
65 Todos os vizinhos ficaram cheios de temor, e por toda a região montanhosa da Judéia se falava sobre essas coisas.
66 ကြားသိကြသောသူအပေါင်းတို့သည်လည်း ထိုအဖြစ်အပျက်များကိုနှလုံးသွင်းကြ၍ သို့ဖြစ်လျှင် ဤသူငယ်သည်ကား မည်ကဲ့သို့သောသူ ဖြစ်လာလိမ့်မည်နည်းဟုဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်၏လက်တော်သည် သူနှင့်အတူရှိတော်မူ သောကြောင့်တည်း။
66 Todos os que ouviam falar disso se perguntavam: "O que vai ser este menino? " Pois a mão do Senhor estava com ele.
67 သူ၏အဖ ဇခါရိယသည်လည်း ဝိညာဉ်တော်မြတ် နှင့် ပြည့်၀လျက် မြွက်ဆိုသည်ကား၊-
67 Seu pai, Zacarias, foi cheio do Espírito Santo e profetizou:
68 အစ္စရာအဲလ်လူမျိုး၏ ထာ၀ရအရှင် ဘုရားသခင်အား မင်္ဂလာရှိစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် မိမိ၏ လူမျိုးတော် ကို အကြည့်အရှုပြုရန် ကြွလာတော်မူ၍ သူတို့ကို ကယ်တင်တော်မူလေပြီ။
68 "Louvado seja o Senhor, o Deus de Israel, porque visitou e redimiu o seu povo.
69 ကိုယ်တော်သည် မိမိ၏အစေခံ ဒါဝိဒ်အမျိုးအနွယ်တွင် ကယ်တင်ခြင်း၏ဦးချိုကို ပေါ်ထွန်းစေတော်မူပြီ။
69 Ele promoveu poderosa salvação para nós, na linhagem do seu servo Davi,
70 ရှေးကာလက ပေါ်ထွန်းခဲ့သော ပရောဖက်တို့၏နှုတ်ဖြင့် ကတိထားတော်မူခဲ့သည့်အတိုင်း၊-
70 ( como falara pelos seus santos profetas, na antigüidade ),
71 ငါတို့သည်လည်း ငါတို့၏ရန်သူတို့ လက်မှလည်းကောင်း၊ ငါတို့ကို မုန်းတီးသောသူအပေါင်းတို့၏လက်မှလည်းကောင်း ကယ်တင်ခြင်းခံရလိမ့်မည်။
71 salvando-nos dos nossos inimigos e da mão de todos os que nos odeiam,
72 ဤသို့ဖြင့် ကိုယ်တော်သည် ငါတို့၏ဘိုးဘေးတို့အား ကတိထားတော်မူခဲ့သည့် ကရုဏာတော်ကို ပြသ၍ မိမိ၏ပဋိညာဉ် တော်မြတ်ကို သတိရအောက်မေ့တော်မူလေပြီ။
72 para mostrar sua misericórdia aos nossos antepassados e lembrar sua santa aliança,
73 ငါတို့၏အဖ အာဘရာဟံအား ဘုရားသခင်ထားတော်မူသော ကတိတော်နှင့်အညီ၊-
73 o juramento que fez ao nosso pai Abraão:
74 ငါတို့သည် ရန်သူတို့၏ လက်မှ လွတ်မြောက်သောအခါ ကြောက်ရွံ့ ခြင်းမရှိ ဘဲ၊-
74 resgatar-nos da mão dos nossos inimigos para servi-lo sem medo,
75 ကိုယ်တော်၏မျက်မှောက်တော်တွင် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တစ်သက်ပတ်လုံး အစေခံကြရန် ဖြစ်သတည်း။
75 em santidade e justiça, diante dele todos os nossos dias.
76 အချင်းသူငယ်၊ သင်သည် အမြင့်ဆုံးသောအရှင်၏ ပရောဖက်ဟု ခေါ်ဝေါ် ခြင်းကိုခံရလိမ့်မည်။ အကြောင်းမူကား သင်သည် သခင်ဘုရား၏ လမ်းများကို ပြင်ဆင်ရန်နှင့်၊-
76 E você, menino, será chamado profeta do Altíssimo, pois irá adiante do Senhor, para lhe preparar o caminho,
77 ကိုယ်တော်၏လူမျိုးတော်အား သူတို့၏အပြစ်များမှ ခွင့်လွှတ်ခြင်းအားဖြင့် ကယ်တင်ခြင်း၏အသိတရားကို ပေးရန် ကိုယ်တော်၏ရှေ့တော်မှ သွားရလိမ့်မည်။
77 para dar ao seu povo o conhecimento da salvação, mediante o perdão dos seus pecados,
78 ငါတို့ဘုရားသခင်၏ ကြင်နာတတ်သောကရုဏာတော်အားဖြင့် ကောင်းကင်မှပေါ်ထွက်လာသော အရုဏ်ဦး၏ အလင်းရောင်သည် ငါတို့အပေါ်သို့ သက်ရောက်ပြီးလျှင်၊-
78 por causa das ternas misericórdias de nosso Deus, pelas quais do alto nos visitará o sol nascente
79 မှောင်မိုက်နှင့် သေမင်း၏အရိပ်တွင် ထိုင်နေကြသောသူတို့ကို အလင်းပေး၍ ငါတို့အား ငြိမ်းချမ်းသာယာခြင်း လမ်းစဉ်ကို ပြတော်မူလိမ့်မည်ဟု ပရောဖက်ဉာဏ်ဖြင့်ဟောပြောလေ၏။
79 para brilhar sobre aqueles que estão vivendo nas trevas e na sombra da morte, e guiar nossos pés no caminho da paz".
80 သူငယ်သည်ကား ကြီးပြင်းလာ၍ ဉာဏ်ပညာနှင့် ပြည့်စုံလေ၏။ သူသည် အစ္စရာအဲလ်လူမျိုးတို့ထံသို့ ထင်ရှားစွာ ထွက်ပေါ်မလာမီတိုင်အောင် တောကန္တာရ၌ နေလေ၏။
80 E o menino crescia e se fortalecia no espírito; e viveu no deserto, até aparecer publicamente a Israel.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.