Lucas 19
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs AAI
1 ကိုယ်တော်သည် ဂျေရီခိုမြို့သို့ဝင်၍ မြို့တွင်းမှ ဖြတ်သွားတော်မူ၏။-
1 Jesu na Jericho tit naatu nati bar merar wanawanan remor inan,
2 ထိုအရပ်တွင် ဇာခေးဦး အမည်ရှိသောသူတစ်ဦးရှိလေ၏။ သူသည် အခွန်ခံသော သူတို့၏ အကြီးအကဲဖြစ်၍ ကြွယ်၀ ချမ်းသာ၏။-
2 basit nati’imaim orot totobuyoy wairafin wabin Zakias, kabay o’onayah hai orot ukwarin ma’am tit.
3 သူသည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လိုသော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင် တည်း။-
3 Kok kwanekwan Jesu ana yumat ta’itin, baise i orot kabumin sabuw rou’ay gagamin na’in nan hisumisum i men karam boro Jesu ta’itin.
4 ထို့ကြောင့် သူသည် ကိုယ်တော့်ကိုမြင်နိုင်ရန် ရှေ့မှကြိုပြေးလျက် သဖန်းပင်တစ်ပင်ပေါ်သို့ တက်လေ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် ထိုနေရာ မှဖြတ်သွားမည်ဖြစ်သောကြောင့်တည်း။-
4 Naatu sabuw aunah i’iyon nunuw in ai sycamore afe’en yen mare ma Jesu nan ta’itinimih, anayabin Jesu ef nati’iwat inan.
5 ယေဇူးသည်လည်း ထိုနေရာသို့ရောက်သောအခါ မော့ကြည့်၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်းမူကား သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့်တော်မူ၏။-
5 Baise Jesu na nati ai anamaim titit ana veya an kutan bat, naatu ai afe’en nuw ra’at eo, “Zakias saise kura’iy, anayabin ayu akokok boun o abaremaim airit tanama.” Jesus Zachaeus ai afe’en ma’am isan eafa’af ra’at|alt="Jesus talking to Zachaeus in tree" src="CN01776B.TIF" size="col" loc="Luk 19.5" copy="©1978 David C. Cook Publishing Co." ref="19.5"
6 သူသည်လည်း လျင်မြန်စွာဆင်းခဲ့၍ ကိုယ်တော့်ကိုဝမ်းမြောက် ဝမ်းသာကြိုဆိုဧည့်ခံလေ၏။-
6 Zakias matan kabiy kayam rena haw tit, kawasa auman Jesu ana merar yi
7 ဤအခြင်းအရာကို လူအပေါင်းတို့မြင်ကြသောအခါ သူသည် အပြစ်ရှိသူတစ်ဦး၏ အိမ်၌ဝင်၍ တည်းခိုလေပြီတကားဟု တီးတိုးပြစ်တင်ကြ၏။-
7 Sabuw etei’imak hi’i’itin men hiyasisir naatu higam hio, “Iti orot i bowabow kakafin wairafin ana nanawan orotomih matar hairi tenan ana bar.”
8 ဇာခေးဦးသည်ကား ရပ်လျက် သခင်၊ အကျွန်ုပ် ၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါသည်။ အကယ်၍ အကျွန်ုပ်သည် တစ်စုံတစ်ယောက်၏ ဥစ္စာပစ္စည်းကိုလိမ်လည်၍ ယူမိခဲ့လျှင် လေးဆပြန်ပေးပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
8 Zakias misir eo, “Regah ayu i boro au sawar founafoun ana kuru’um turin yababan wairafih anitih, naatu sabuw iyab aifufuwih hai sawar abowabow boro hai sawar tafanamaim matah kwakwafe’en auman anaya’abar anitih.”
9 ထိုအခါ ယေဇူးက သူ့အား ဤသူသည်လည်း အာဘရာဟံ၏သား ဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ။-
9 Jesu misir Zakias iu, “Boun iti baremaim God ana yawas natit orot ebiyawasi, anayabin iti orot auman i Abraham uwan ta.
10 အကြောင်းမူကား လူသားသည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။
10 Orot Natun i sabuw iyab hikasiy tema’am nuwihih bow naatu baiyawasih isan na.”
11 လူတို့သည် ဤအကြောင်းအရာများကို ကြားနာနေကြစဉ် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို ဆက်လက် မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ရောက်လုနီးပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပင် ပေါ်ထွန်းတော့မည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။-
11 Jesu na Jerusalem tit biyubin auman, sabuw abisa Jesu eo hinowar hinan hinotanot i God ana aiwob iti boro’omo tatit ana naniyanabe, baise Jesu i kofan maiye oroubonamaim iuwih eo,
12 သို့ဖြစ်၍ ကိုယ်တော်က မိန့်တော်မူသည်မှာ မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ ပြန်လာရန် ဝေးလံသော တိုင်းပြည်တစ်ပြည်သို့ ထွက်သွားလေ၏။-
12 “Ana veya ta orot gagamin tafaram ta’amaim roubinin aiwob baitin, imaibo matabir maiye isan in tafaram ta ef yok na’in imaim tit.
13 သူသည် မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အား ငွေ ဒင်္ဂါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန်လာသည့်တိုင် အောင် ကုန်သွယ်ကြလော့ဟု သူတို့အား ဆို၏။-
13 Baise na isan bobobunabuna ana veya, ana akirwairafih etei 10 e’af hina gold taita’imon faramih naatu iuwih. ‘Kabay iti abit kwanab, imaim kwanama kwanabowabow ayu ana matabir.’
14 သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် ကိုယ်စားလှယ်အဖွဲ့ကို သူ၏နောက်မှ စေလွှတ်၍ ဤသူ၏အုပ်စိုးမှုကို ငါတို့အလိုမရှိဟု ဆိုကြ၏။
14 Baise i taiyuwin ana tafaram sabuw hifa’ifai naatu men hikok nati orot ti’aiwob, imih sabuw hiyafarih hin hitit hio, ‘Aki men akokok iti orot aki isai ni’aiwob.’
15 ထိုသူသည် ဘုရင်အရိုက်အရာကိုခံယူပြီး ပြန်လာသောအခါ မိမိငွေအပ်နှံထားခဲ့သော အစေခံများသည် ကုန်သွယ်ခြင်းမှ အကျိုးအမြတ် မည်မျှရသည်ကို သိလိုသဖြင့် သူတို့ကို မိမိထံသို့ဆင့်ခေါ် လေ၏။-
15 Baise nati orot aiwob hitin naatu matabir na ana bar tit. Imaibo ana akirwairafih iyab kabay bitih hina hitit ibatiyih, kok taso’ob, kabay itih hibowabow baibi’ab tafan hiya’abar hibow.
16 ပထမအစေခံသည် သူ့ထံသို့လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါးပြား တစ်ပြားအားဖြင့် နောက်ထပ် ငွေဒင်္ဂါးပြား ဆယ်ပြား တိုးပွားစေခဲ့ပါပြီဟု ဆိုလေ၏။-
16 Orot ta wan run eo, “Regah ayu au kabay itu ama abowabow tafan i ten hiya’abar abai.’
17 သူကလည်း ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကို အုပ်စိုးရမည်ဟု ဆို၏။-
17 Ana regah eo, ‘O i bowayan orot gewas, au bowabow kikimin abit ikaif gewas, imih bar merar etei ten abit inakaifen.’
18 ဒုတိယအစေခံသည်လည်း လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါး တစ်ပြားဖြင့် ငွေဒင်္ဂါးငါးပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏။-
18 Orot bairou’abin run eo, ‘Regah ayu kabay itu ama abowabow tafan etei five aya’abar abai.’
19 သူက သင်သည်လည်း မြို့ငါးမြို့ကိုအုပ်စိုးရမည်ဟု ထိုသူအား ဆိုလေ၏။-
19 Naatu ana orot ukwarin iyasisir eo, ‘O i bar merar etei five abit inakaifen.’
20 ထို့နောက် အခြားသော အစေခံတစ်ဦးသည် လာ၍ သခင်၊ အရှင်ပေးခဲ့သောငွေဒင်္ဂါးတစ်ပြား ဤတွင် ရှိပါသည်။ အကျွန်ုပ်သည် ဤငွေကို ပုဝါနှင့်ထုပ်၍ သိမ်းထားပါသည်။-
20 Naatu orot baitounin run eo, ‘Regah a kabay ibitu i abai an koukufet wanawanan asum ai boun inu’in iti abai ana abit maiye.
21 အကြောင်းမူကား သခင်သည် တိကျသေချာသော သူဖြစ်၍ သခင် သိုလှောင်မထားသော ဥစ္စာကိုသိမ်းယူပြီး သခင် မစိုက်ပျိုးသော အရာကို ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို ကြောက်ရွံ့ပါသည်ဟု ဆို၏။-
21 Ayu o isa abir, anayabin o a tur fokarin, turanah arih o aribe asir kubowabow kwanekwan, naatu turanah hai masaw o kubobobe asir kufafour kwanekwan.’
22 သူကလည်း ထိုသူအား ဆိုးမိုက်သောအစေခံ၊ သင့်နှုတ်မှထွက်လာသောစကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် တိကျသေချာ၍ ငါမသိုလှောင်သောဥစ္စာကို သိမ်းယူပြီး ငါမစိုက်ပျိုးသောအရာကို ရိတ်သိမ်းတတ်ကြောင်း သင်သိပါလျှင်၊-
22 Regah misir iu, ‘O i bowayan orot kakaf nokonokow! Nati a tur i’o’omaim boro natatabir nafatumi! O iso’ob ayu i au tur fokarin, sabuw hai sawar abowabow kwanekwan, naatu hai masaw ayu abobobe afafour.
23 အဘယ်ကြောင့် ငါ၏ငွေကို ဘဏ်တွင်ထည့်မထားပါသနည်း။ ဤသို့သင်ပြုခဲ့ပါလျှင် ငါပြန်လာသောအချိန်၌ ထိုငွေကို အရင်းနှင့်တကွ အတိုးကိုပါ ငါရနိုင်ပေလိမ့်မည်ဟု သူ့အား ဆို၏။-
23 Gewasin au kabay banikamaim itayai tabowabow amatabir anan saise tafan hitaya’abar atab.’
24 ထို့နောက် သခင်က အနီးတွင်ရပ်နေသောသူတို့အား ဤသူ့ထံမှ ငွေ ဒင်္ဂါးတစ်ပြားကိုယူ၍ ငွေဒင်္ဂါးဆယ်ပြားရသောသူအား ပေးကြလော့ဟုဆို၏။-
24 Naatu tatabir sabuw nati’imaim hibatabat iuwih, ‘Iti orot uman kabay gold kwabosair kwabai kwan akir wairafin kabay etei ten bowabow i kwaitin.
25 ထိုသူတို့ကလည်း သခင်၊ သူ့၌ ငွေဒင်္ဂါးဆယ်ပြားရှိပါသည်ဟု ဆိုကြ၏။-
25 Baise hitatabir hio, ‘Regah nati orot i ana kabay etei ten bowaka.’
26 သခင်က သင်တို့အား ငါဆိုသည်ကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ့၌ ရှိသမျှကိုပင် သိမ်းယူ လိမ့်မည်။-
26 Iyafutih eo, ‘A tur ao’owen, sabuw iyab umah i’e’etaw sawar moumurih tebowabow boro tafan hinaya’abar nab, baise sabuw iyab umah nutanub tema’am aurin boro sawar en, naatu abisa kikimin nati biyahimaim tema’am boro hinabosairen.
27 ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက် မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ ဆိုသည်ဟု မိန့်တော်မူ၏။
27 Naatu boun i akokok sabuw iyab ayu bai’aiwob isan men hikokok kwabow kwana iti nou’umaim kwarouw temorob.”
28 ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေ့မှ ကြွသွားတော်မူ၏။-
28 Iti na’at eo ufunamaim sabuw au nah i’iyon, wan au Jerusalem yen in.
29 ကိုယ်တော်သည် သံလွင်တောင်ဟုခေါ်သော တောင်အနီးရှိ ဘက်ဖာဂျေရွာနှင့် ဘက်သနီရွာများအနီးသို့ ရောက်လျှင် တပည့်တော်နှစ်ပါးကိုစေလွှတ်၍၊-
29 Yen na tafaram Bethage naatu Bethany hairi sisibihimaim tit, Olive Oyaw an, basit ana bai’ufununayah orot rou’ab eobaimanih naatu wan iyafarih
30 သင်တို့၏ရှေ့တွင် ရှိသောရွာသို့ ဝင်သွားကြလော့။ ရွာတွင်းသို့ သင်တို့ဝင်သောအခါ မည်သူမျှ မစီးဖူးသေးသည့် မြည်း ကလေးတစ်ကောင်ချည်ထားလျက်ရှိသည်ကို တွေ့ရလိမ့်မည်။ ၎င်းကို ကြိုးဖြေ၍ ဤနေရာသို့ ယူဆောင်ခဲ့ကြလော့။-
30 eo, “Kwanan bar merar ta nati namaim kwanatit naatu kwanarur auman donkey boubun hi’utan ebatabat boro kwana’itih, nati donkey i men yait ta bai afe’en yen remoramih. Kwana rufam kwanab kwan iti kwanatit.
31 အကယ်၍ တစ်စုံတစ်ယောက်က သင်တို့အား အဘယ်ကြောင့်မြည်းကို ကြိုးဖြေကြသနည်းဟု မေးလျှင် သခင်အလိုရှိသည်ဟူ၍ ပြန်ဖြေကြလော့ဟု မိန့်တော်မူ၏။-
31 Naatu orot ta nati’imaim na’iti nibatiy nao, ‘Aisim kwarurufam?’ ana tur kwana’owen, ‘Ai Regah ekokok.’”
32 ဤသို့ဖြင့် စေလွှတ်ခြင်းခံရသော သူတို့သည် သွားကြသောအခါ ကိုယ်တော်မိန့်တော်မူသည့်အတိုင်း တွေ့ကြလေ၏။-
32 Orot hairi hiremor hin, sawar abisa Jesu eo na’atube etei isah himatar.
33 သူတို့သည် မြည်းကို ကြိုးဖြေနေစဉ် မြည်းပိုင်ရှင်က သင်တို့သည် အဘယ်ကြောင့် မြည်းကို ကြိုးဖြေ ကြသနည်းဟု သူတို့အား မေးလေ၏။-
33 Hina hitit donkey boubun hirurufam, ana matuwan itih naatu ibatiyih, “Aisim au donkey kwarurufam?”
34 ထိုအခါ သူတို့က သခင်အလိုရှိသည်ဟုဆိုကြ၏။-
34 Hiya’afut hio, “Ai Regah ekokok.”
35 သူတို့သည် မြည်းကလေးကို ယေဇူးထံတော်သို့ ဆွဲလာခဲ့ကြပြီးမှ ယင်းအပေါ်တွင် မိမိတို့၏ အဝတ်များကိုခင်း၍ ကိုယ်တော်အား မြည်းကို စီးစေကြ၏။-
35 Basit ihamiyih hirufam hibai hin Jesu biyan hitit, naatu hai biya baibiyon tafah hibosaisiren donkey tafan hiyabar uman hibai yen tafan mare.
36 ကိုယ်တော်သည်လည်း မြည်းကို စီးသွားတော်မူစဉ်တွင် သူတို့သည် မိမိတို့၏အဝတ်များကို လမ်းပေါ်၌ ခင်းကြ၏။-
36 Sabuw hai faifuw tafah hibosaisiren ef yan hiyabar tafanamaim remor in.
37 ကိုယ်တော်သည် သံလွင် တောင်ခြေအနီးသို့ ရောက်လာတော်မူသောအခါ များစွာသော တပည့်အပေါင်းတို့သည် မိမိတို့ တွေ့မြင်ခဲ့ရသည့် အံ့ဖွယ်တန်ခိုး လက္ခဏာများအတွက် ဝမ်းမြောက်ကြလျက် ကျယ်သောအသံဖြင့် ဘုရားသခင်ကို ချီးမွမ်း ထောမနာပြုကြ၍၊-
37 Na Jerusalem tit biyubin auman, ef ta Olive Oyaw na’at re inan i awanamaim hitit naatu ana bai’ufununayah sabuw moumurih na’in Jesu ina’inan iwa’an hi’itah isan fanah sib God ana merar hiyi hibora’ara’ah hio.
38 ထာ၀ရဘုရားသခင်၏နာမတော်၌ ကြွလာတော်မူသော ရှင်ဘုရင်အား မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဘုန်းတော်ဂုဏ်တော်ရှိစေသတည်းဟု ကြွေးကြော်ကြ၏။-
38 “God ata aiwob nigegewasin, Regah wabinamaim nan, tufuw maramaim nama naatu God auyomtoro’ot isan fair nama!”
39 လူအစုအဝေးထဲမှ ဖာရီဇေးဦးအချို့တို့က ဆရာသခင်၊ ကိုယ်တော်၏တပည့်များ ကို ဆုံးမတော်မူပါဟု ကိုယ်တော်အား လျှောက်ထားကြ ၏။-
39 Pharisee afa nati rou’ay wanawanamaim Jesu hiu, “Bai’obaiyenayah, a bai’ufununayah kukwararih awah tefot.”
40 ကိုယ်တော်က သင်တို့အား ငါဆိုသည်ကား ဤသူတို့သည် တိတ်ဆိတ်စွာ နေခဲ့ကြပါလျှင် ကျောက်တုံး ကျောက်ခဲများသည် ကြွေးကြော်ကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
40 Baise Jesu iyafutih eo, “I ana’uwih awah nafot, kabay iti ti’inu’in boro fanah nasib God hinabora’ara’ah.”
41 ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကိုမြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊-
41 Jesu na Jerusalem tit iyubin nuw bar hiwowab batabat i’itin ana veya ana yababan ra’at rerey eo,
42 သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့်အကြောင်းများကို ယနေ့သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခု ဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏။-
42 “Tufuwamaim ma isan ana ef iti boun enan akisin itaso’ob. Baise boro men ina’itin, anayabin mata hibofafar.
43 အကြောင်းမူကား ရန်သူတို့သည် သင့်ကို မြေရိုးတံတိုင်းတို့ဖြင့် ကာ ဆီးလျက် အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့မည့်နေ့ရက်ကာ လရောက်လာလိမ့်မည်။-
43 Mar boro enan a rakit sabuw boro roun roun hina’ar bebera’uh a ef hinarufut, run tit isan boro nafokar,
44 ထိုအခါ သူတို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ရှိသော သင့်သားသမီးတို့ကို မြေပြင်နှင့် တညီတည်းဖြစ်စေရန် ဖျက်ဆီးကြလိမ့်မည်။ သူတို့သည် သင်၌ ကျောက်တုံးတစ်ခုအပေါ်တစ်ခုတင်၍ မကျန်စေခြင်းငှာ ပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်ကြွလာတော်မူမည့်အချိန် ကို မသိသောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။
44 hinabat hinayuw hinarab, hinagurus, natunatun wanawanamaim tema’am etei boro hinarouw hinamorob. kabay iti etei boro hinarab hinagurus nasawar, boro men ta hinihamiy ana efanamaim na’inumih, anayabin God ana sabuw baiyawasihimih nan o men i’inanimih!”
45 ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်သို့ ဝင်ပြီးလျှင် အတွင်း၌ ရောင်းဝယ်နေသော သူများကို စတင်နှင်ထုတ် တော်မူ၏။-
45 Jesu na Tafaror Bar wanawanan run, ana was efanamaim sabuw sawar hiya hima hitotobon itih naatu nunih ufun hitit.
46 ကိုယ်တော်က ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားလျက်ရှိ၏။ သို့သော် သင်တို့သည် ဤအိမ်တော်ကို သူခိုး၊ ဓားပြခိုအောင်းသောနေရာဖြစ်စေကြပြီဟု သူတို့အား မိန့်တော်မူ၏။
46 Iuwih eo, “Buk Atamaninamaim God iti na’atube eo hikirum, ‘Ayu au Bar i yoyoban ana bar, baise kwa kwabai kwabotabir na bainowan hai wawa’ir watu matar!’”
47 ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်ဟောပြောတော်မူ၏။ ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာ များနှင့် လူတို့၏ခေါင်းဆောင်တို့သည် ကိုယ်တော့်ကိုသတ်ရန် အခွင့်အလမ်းရှာကြံကြ၏။-
47 Nati’imaim Jesu mar etei Tafaror Baremaim ma sabuw i’obaibiyih. Baise firis ukwarih, Ofafar Bai’obaiyenayah, naatu sabuw hai ukwarih hikok kwanekwan i mi’itube hitarab temorob.
48 သို့ရာတွင် လူအပေါင်းတို့သည် ကိုယ်တော်၏ တရားတော်ကို လေးစားစွာ နားထောင်ကြသောကြောင့် သူတို့သည် ကိုယ်တော့်အပေါ်တွင် တစ်စုံတစ်ရာပြုနိုင်ရန် အခွင့်အလမ်းမရကြချေ။
48 Baise ef hinunuwet men ta hitita’urimih, anayabin sabuw etei’imak i Jesu ana tur akisin hinonowar naatu men hikok boro tur ta hitasa’ir.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.