Lucas 18
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ထို့နောက် စိတ်အားမလျှော့ဘဲလျက် အစဉ်ဆုတောင်းရမည့်အကြောင်း ကိုယ်တော်သည် ပုံဥပမာဆောင်၍ သူတို့အား မိန့်တော်မူ၏။-
1 Então Jesus contou aos seus discípulos uma parábola, para mostrar-lhes que eles deviam orar sempre e nunca desanimar.
2 ကိုယ်တော်က သူတို့အား ဆိုသည်ကား မြို့တစ်မြို့၌ ဘုရားသခင်ကိုလည်း မကြောက်၊ လူ့မျက်နှာကိုလည်း မထောက်ထား သောတရားသူကြီးတစ်ယောက်ရှိ၏။-
2 Ele disse: "Em certa cidade havia um juiz que não temia a Deus nem se importava com os homens.
3 ထိုမြို့၌ မုဆိုးမတစ်ယောက်ရှိ၍ သူမသည် တရားသူကြီးထံသို့ အကြိမ်ကြိမ်လာပြီးလျှင် ကျွန်မ၏ တရားပြိုင်ဘက်နှင့် ပတ်သက်၍ ကျွန်မအတွက် မျှတစွာတရားစီရင်ပါဟု တောင်းဆိုလေ၏။-
3 E havia naquela cidade uma viúva que se dirigia continuamente a ele, suplicando-lhe: ‘Faze-me justiça contra o meu adversário’.
4 တရားသူကြီးသည် သူမ၏တောင်းဆိုချက်ကို ကြာမြင့်စွာ ငြင်းဆန်နေခဲ့၏။ နောက်ဆုံးတွင် သူက မိမိကိုယ်မိမိ ပြောသည်မှာ ငါသည် ဘုရားကို မကြောက်၊ လူ၏မျက်နှာကို မထောက်ထားသော်လည်း၊-
4 "Por algum tempo ele se recusou. Mas finalmente disse a si mesmo: ‘Embora eu não tema a Deus e nem me importe com os homens,
5 ဤမုဆိုးမသည် ငါ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် သူမ၏ရပိုင်ခွင့်ကို ငါစီရင်ပေးမည်။ ထိုသို့မဟုတ်လျှင် သူမ သည် ငါ့ထံသို့ အဆက်မပြတ်လာ၍ ငါ့ကို ပင်ပန်းစေလိမ့် မည်ဟုဆိုလေ၏။
5 esta viúva está me aborrecendo; vou fazer-lhe justiça para que ela não venha me importunar’ ".
6 ကိုယ်တော်က မတရားသောတရားသူကြီးမည်သို့ ပြောဆိုသည်ကို ကြားနာမှတ်သားကြလော့။-
6 E o Senhor continuou: "Ouçam o que diz o juiz injusto.
7 ဘုရားသခင်သည်လည်း မိမိရွေးကောက်တော်မူသောသူတို့က နေ့ညမပြတ် မိမိထံဟစ်အော်တောင်းလျှောက်ကြလျှင် သူတို့ဘက်မှ တရားမျှတစွာမပြုမူဘဲနေမည်လော။ ကိုယ်တော်သည် သူတို့ကိုကူညီမစရန် နှောင့်နှေးတော်မူမည်လော။-
7 Acaso Deus não fará justiça aos seus escolhidos, que clamam a ele dia e noite? Continuará fazendo-os esperar?
8 သင်တို့အား ငါဆိုသည်ကား ဘုရားသခင် သည် သူတို့အတွက် အလျင်အမြန်ပင် တရားမျှတစွာပြု တော်မူလိမ့်မည်။ သို့သော် လူသားကြွလာတော်မူသောအခါ သူသည် ကမ္ဘာမြေပေါ်တွင် ယုံကြည်ခြင်းကို တွေ့ရ ပါမည်လောဟု မိန့်တော်မူ၏။
8 Eu lhes digo: ele lhes fará justiça, e depressa. Contudo, quando o Filho do homem vier, encontrará fé na terra? "
9 မိမိကိုယ်ကို ဖြောင့်မတ်သောသူဟုခံယူလျက် သူတစ်ပါးတို့ကို ပြစ်တင်ကဲ့ရဲ့တတ်သူအချို့တို့အား ကိုယ်တော်သည် ဤပုံဥပမာကို မိန့်တော်မူ၏။-
9 A alguns que confiavam em sua própria justiça e desprezavam os outros, Jesus contou esta parábola:
10 လူနှစ်ယောက်သည် ဆုတောင်းပတ္ထနာပြုရန် ဗိမာန်တော်သို့သွားကြ၏။ တစ်ယောက်သည် ဖာရီဇေးဦးဖြစ်၍ အခြားတစ်ယောက်သည် အခွန်ခံသူဖြစ်၏။-
10 "Dois homens subiram ao templo para orar; um era fariseu e o outro, publicano.
11 ဖာရီဇေးဦးသည် မတ်တတ်ရပ်လျက် မိမိစိတ်ထဲ၌ ဤသို့ဆုတောင်းလေ၏။ အိုဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယက်သောသူ၊ မတရားသောသူ၊ သူတစ်ပါး၏မယားကိုပြစ်မှားသော သူမဟုတ်သည့်အပြင် ဤအခွန်ခံသူ ကဲ့သို့လည်းမဟုတ်သောကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
11 O fariseu, em pé, orava no íntimo: ‘Deus, eu te agradeço porque não sou como os outros homens: ladrões, corruptos, adúlteros; nem mesmo como este publicano.
12 အကျွန်ုပ်သည် တစ်ပတ်တွင်နှစ်ကြိမ် အစာရှောင်ပါ၏။ အကျွန်ုပ်ရရှိသမျှဥစ္စာပစ္စည်းတို့မှ ဆယ်ဖို့တစ်ဖို့ကို လှူဒါန်းပါ၏ဟူ၍ ဆုတောင်းလေ၏။-
12 Jejuo duas vezes por semana e dou o dízimo de tudo quanto ganho’.
13 အခွန်ခံသူမူကား အဝေး၌ရပ်နေလျက် ကောင်းကင်သို့ပင် မော်မကြည့်ဝံ့ဘဲ မိမိ၏ရင်ဘတ်ကိုပုတ်ကာ အိုဘုရားသခင်၊ အပြစ်ရှိသူ အကျွန်ုပ်ကိုသနားတော်မူပါဟု ဆုတောင်းလေ၏။-
13 "Mas o publicano ficou à distância. Ele nem ousava olhar para o céu, mas batendo no peito, dizia: ‘Deus, tem misericórdia de mim, que sou pecador’.
14 သင်တို့အား ငါဆိုသည်ကား ဤသူသည် အခြားသူတစ်ယောက်ထက် ဖြောင့်မတ်သန့်ရှင်းခွင့်ကို ပို၍ခံရလျက် အိမ်သို့ပြန်သွားရ၏။ မိမိကိုယ်ကို ချီးမြှောက်သောသူသည် နှိမ့်ချခြင်းခံရလိမ့်မည်။ မိမိကိုယ်ကို နှိမ့်ချသောသူမူကား ချီးမြှောက်ခြင်းခံရလိမ့်မည်ဟု မိန့်တော်မူ၏။
14 "Eu lhes digo que este homem, e não o outro, foi para casa justificado diante de Deus. Pois quem se exalta será humilhado, e quem se humilha será exaltado".
15 ကိုယ်တော်၏လက်တော်ဖြင့် တို့ထိစေခြင်းငှာ လူတို့သည် ကလေးသူငယ်များအား အထံတော်သို့ ခေါ် ဆောင်ခဲ့ကြသည်ကို တပည့်တော်တို့မြင်လျှင် သူတို့ကို ပြစ်တင်ကြိမ်းမောင်းကြ၏။-
15 O povo também estava trazendo criancinhas para que Jesus tocasse nelas. Ao verem isto, os discípulos repreendiam os que as tinham trazido.
16 သို့ရာတွင် ယေဇူးသည် ကလေးသူငယ်တို့ကို မိမိအထံတော်သို့ခေါ်၍ မိန့်တော်မူသည်မှာ ကလေးသူငယ်များ ငါ့ထံသို့ လာကြပါစေ။ သူတို့ကို မတားဆီးကြနှင့်။ အကြောင်းမူကား ဘုရားသခင် ၏နိုင်ငံတော်သည် ဤကဲ့သို့သောသူတို့၏နိုင်ငံဖြစ်၏။-
16 Mas Jesus chamou a si as crianças e disse: "Deixem vir a mim as crianças e não as impeçam; pois o Reino de Deus pertence aos que são semelhantes a elas.
17 သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို ကလေးသူငယ်တစ်ယောက်ကဲ့သို့ မခံယူသောသူသည် နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
17 Digo-lhes a verdade: Quem não receber o Reino de Deus como uma criança, nunca entrará nele".
18 အရာရှိတစ်ဦးက ကောင်းမြတ်သောဆရာသခင်၊ ထာ၀ရအသက်ကိုရရန် အကျွန်ုပ်သည် မည်သည့်အရာကို ပြုရမည် နည်းဟု မေးလျှောက်လေ၏။-
18 Certo homem importante lhe perguntou: "Bom Mestre, que farei para herdar a vida eterna? "
19 ယေဇူးကလည်း အဘယ်ကြောင့် ငါ့ကို ကောင်းမြတ်သောသူဟု ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး မည်သူမျှကောင်း မြတ်သည်မဟုတ်။-
19 "Por que você me chama bom? ", respondeu Jesus. "Não há ninguém que seja bom, a não ser somente Deus.
20 သင်သည် ပညတ်တော်များကိုသိ၏။ သူ့မယားကို မပြစ်မှားနှင့်။ သူ့အသက်ကို မသတ်နှင့်။ သူတစ်ပါး၏ ဥစ္စာပစ္စည်းကို မခိုးနှင့်။ မဟုတ်မမှန် သက်သေခံခြင်းကို မပြုနှင့်။ သင်၏မိဘများကိုရိုသေလော့ဟု မိန့်တော်မူ၏။-
20 Você conhece os mandamentos: ‘Não adulterarás, não matarás, não furtarás, não darás falso testemunho, honra teu pai e tua mãe’".
21 ထိုသူကလည်း အကျွန်ုပ်သည် ငယ်စဉ် အရွယ်မှစ၍ ဤပညတ်တော်များကို လိုက်နာစောင့်ထိန်း ခဲ့ပါပြီဟု လျှောက်လေ၏။-
21 "A tudo isso tenho obedecido desde a adolescência", disse ele.
22 ထိုစကားကို ယေဇူးကြားတော်မူလျှင် သင်ကျင့်ကြံရန် တစ်ခုလိုအပ်နေသေး၏။ သင်၌ရှိသမျှသော ဥစ္စာပစ္စည်းများကို ရောင်းချ၍ ဆင်းရဲသားတို့အား ဝေငှပေးကမ်းလော့။ ဤသို့ပြုလျှင် သင်သည် ကောင်းကင်၌ ဘဏ္ဍာကို ပိုင်ဆိုင်ရလိမ့်မည်။ ထို့ နောက် လာ၍ ငါ့နောက်သို့လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
22 Ao ouvir isso, disse-lhe Jesus: "Falta-lhe ainda uma coisa. Venda tudo o que você possui e dê o dinheiro aos pobres, e você terá um tesouro nos céus. Depois venha e siga-me".
23 သို့သော် ထိုသူသည် ဤစကားကိုကြားရလျှင် ဝမ်းနည်းလေ၏။ အကြောင်းမူကား သူသည် လွန်စွာ ကြွယ်၀ချမ်းသာသောသူ ဖြစ်သောကြောင့်တည်း။-
23 Ouvindo isso, ele ficou triste, porque era muito rico.
24 ယေဇူးသည် ထိုသူ့ကိုကြည့်လျက် ဥစ္စာကြွယ်၀သော သူတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရန် ခဲယဉ်းလှပေသည် တကား။-
24 Vendo-o entristecido, Jesus disse: "Como é difícil aos ricos entrar no Reino de Deus!
25 အကြောင်းမူကား ဥစ္စာကြွယ်၀သောသူ သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခြင်းထက် ကုလားအုတ်သည် အပ်နှဖားအတွင်း လျှိုဝင်ရသည်က ပို၍လွယ်လိမ့်မည်ဟု မိန့်တော်မူ၏။-
25 De fato, é mais fácil passar um camelo pelo fundo de uma agulha do que um rico entrar no Reino de Deus".
26 ဤအကြောင်းကို ကြားရသူတို့ကလည်း ဤသို့ဆိုလျှင် မည်သူသည် ကယ်တင်ခြင်းကို ရနိုင်ပါမည်နည်းဟု ဆိုကြ၏။-
26 Os que ouviram isso perguntaram: "Então, quem pode ser salvo? "
27 သို့သော် ကိုယ်တော် က လူတို့မတတ်နိုင်သောအရာကို ဘုရားသခင်တတ်နိုင် တော်မူသည်ဟု မိန့်တော်မူလေ၏။
27 Jesus respondeu: "O que é impossível para os homens é possível para Deus".
28 ထိုအခါ ပေတရုက တပည့်တော်တို့သည် မိမိတို့၏ အိုးအိမ်တို့ကို စွန့်ခွာ၍ ကိုယ်တော်၏နောက်တော်သို့ လိုက်ခဲ့ကြပါပြီဟု လျှောက်လေသော်၊-
28 Pedro lhe disse: "Nós deixamos tudo o que tínhamos para seguir-te! "
29 ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိ၏အိမ်၊ ဇနီး၊ ညီအစ်ကို၊ မိဘ၊ သားသမီးတို့ကို စွန့်လွှတ်သောသူသည်၊-
29 Respondeu Jesus: "Digo-lhes a verdade: Ninguém que tenha deixado casa, mulher, irmãos, pai ou filhos por causa do Reino de Deus
30 ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ကာလ၌လည်း ထာ၀ရအသက်ကိုလည်းကောင်း မခံစားရဘဲမနေရဟု သူတို့အား မိန့်တော်မူ၏။
30 deixará de receber, na presente era, muitas vezes mais, e, na era futura, a vida eterna".
31 ထို့နောက် ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသော တပည့်တော်တို့ကိုခေါ်တော်မူ၍ ယခုငါတို့သည် ဂျေရုဆလင်မြို့သို့ ခရီးပြုနေကြ၏။ လူသား၏အကြောင်းနှင့် ပတ်သက်၍ ပရောဖက်များရေးထားခဲ့သမျှသည် ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။-
31 Jesus chamou à parte os Doze e lhes disse: "Estamos subindo para Jerusalém, e tudo o que está escrito pelos profetas acerca do Filho do homem se cumprirá.
32 အကြောင်းမူကား သူသည် လူမျိုးခြားတို့လက်သို့ အပ်နှံခံရ၍ ပြက်ရယ်ပြုခြင်း၊ စော်ကားညှဉ်းဆဲခြင်း၊ တံတွေးနှင့် ထွေးခြင်းတို့ကိုလည်း ခံရလိမ့်မည်။-
32 Ele será entregue aos gentios que zombarão dele, o insultarão, cuspirão nele, o açoitarão e o matarão.
33 ထိုသူတို့သည် သူ့ကိုကြိမ်နှင့်ရိုက်ပြီးနောက် အသေသတ်ကြလိမ့်မည်။ သူသည် သုံးရက်မြောက်သောနေ့တွင် ရှင်ပြန် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။-
33 No terceiro dia ele ressuscitará".
34 သို့ရာတွင် တပည့်တော်တို့သည် ဤအကြောင်းအရာများထဲမှ တစ်ခုကိုမျှနားမလည်ကြ။ ဤအကြောင်းအရာများကို သူတို့ထံမှ ဖုံးကွယ်ထားသောကြောင့် သူတို့သည် ကိုယ်တော်မိန့်တော်မူသော အကြောင်းအရာကို သဘောမပေါက်ကြချေ။
34 Os discípulos não entenderam nada dessas coisas. O significado dessas palavras lhes estava oculto, e eles não sabiam do que ele estava falando.
35 ကိုယ်တော်သည် ဂျေရီခိုမြို့အနီးသို့ ရောက်တော်မူသောအခါ မျက်မမြင်တစ်ဦးသည် လမ်းဘေးတွင်ထိုင်၍ တောင်းစားလျက်နေ၏။-
35 Ao aproximar-se Jesus de Jericó, um homem cego estava sentado à beira do caminho, pedindo esmola.
36 ထိုသူသည် လူအစုအဝေးတို့ ဖြတ်သွားကြသော အသံကိုကြားလျှင် ဖြစ်ပျက်နေသည့် အကြောင်းအရာကို မေးမြန်းလေ၏။-
36 Quando ouviu a multidão passando, ele perguntou o que estava acontecendo.
37 သူတို့ကလည်း နာဇရက်မြို့သား ယေဇူးကြွလာသည်ဟု သူ့အား ပြောကြ၏။-
37 Disseram-lhe: "Jesus de Nazaré está passando".
38 ထိုအခါ သူက ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု အော်ဟစ်လေ၏။-
38 Então ele se pôs a gritar: "Jesus, filho de Davi, tem misericórdia de mim! "
39 ရှေ့မှသွားနေ ကြသောသူတို့သည်လည်း ထိုသူကို တိတ်ဆိတ်စွာနေရန် ကြိမ်းမောင်းပြောဆိုကြသော်လည်း သူက ဒါဝိဒ်၏ သားတော်ယေဇူး၊ အကျွန်ုပ်ကို သနားတော်မူပါဟု ပို၍ ကျယ်လောင်စွာ အော်ဟစ်လေ၏။-
39 Os que iam adiante o repreendiam para que ficasse quieto, mas ele gritava ainda mais: "Filho de Davi, tem misericórdia de mim! "
40 ယေဇူးသည်လည်း ရပ်၍ ထိုသူ့ကို အထံတော်သို့ ခေါ်ဆောင်လာစေရန် အမိန့်ပေးတော်မူ၏။ ထိုသူသည် အနီးသို့ ရောက်လာသောအခါ၊-
40 Jesus parou e ordenou que o homem lhe fosse trazido. Quando ele chegou perto, Jesus perguntou-lhe:
41 ကိုယ်တော်က ငါ့အား သင့်အတွက် မည်သည့်အရာကိုပြုစေလိုသနည်းဟု သူ့အားမေးတော်မူလျှင် သူက သခင်၊ အကျွန်ုပ် မျက်စိပြန်မြင်လိုပါသည်ဟု လျှောက်လေ၏။-
41 "O que você quer que eu lhe faça? " "Senhor, eu quero ver", respondeu ele.
42 ထိုအခါ ယေဇူးက သင်၏ မျက်စိအလင်းကို ခံယူလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု သူ့အား မိန့်တော်မူ၏။-
42 Jesus lhe disse: "Recupere a visão! A sua fé o curou".
43 ထိုအခါ သူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ဘုရားသခင်ကို ချီးမွမ်းလျက် နောက်တော်သို့လိုက်လေ၏။ လူအပေါင်း တို့သည်လည်း ဤအဖြစ်အပျက်ကို မြင်ကြသောအခါ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုကြ၏။
43 Imediatamente ele recuperou a visão; e seguia a Jesus glorificando a Deus. Quando todo o povo viu isso, deu louvores a Deus.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 18, comparar traduções ou montar um estudo — tudo direto pelo WhatsApp.