Lucas 17
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ အပြစ်သို့ကျရောက်စေ နိုင်သော အကြောင်းရင်း များသည် ဧကန်မုချ ဖြစ်ပေါ်တတ်၏။ သို့သော် အပြစ်သို့ကျစေမည့်အကြောင်းရင်းကိုဖြစ် ပေါ်စေသောသူသည် အမင်္ဂလာရှိ၏။-
1 Jesus disse também a seus discípulos: É impossível que não haja escândalos, mas ai daquele por quem eles vêm!
2 ထိုသူသည် ငယ်ရွယ်သော ဤသူငယ်တို့တွင် တစ်ယောက်ကို အပြစ်သို့ရောက်စေခြင်းထက် မိမိလည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းက သူ့အတွက် ပို၍ကောင်းလိမ့်မည်။-
2 Melhor lhe seria que se lhe atasse em volta do pescoço uma pedra de moinho e que fosse lançado ao mar, do que levar para o mal a um só destes pequeninos. Tomai cuidado de vós mesmos.
3 သို့ဖြစ်၍ သင်တို့သည် သတိနှင့် ဆင်ခြင်ကြလော့။ သင်၏ညီအစ်ကိုသည် အပြစ်ကျူးလွန်လျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ ကိုခွင့်လွှတ်လော့။-
3 Se teu irmão pecar, repreende-o; se se arrepender, perdoa-lhe.
4 သူသည် တစ်နေ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင် သင့်ထံသို့လာလျက် အကျွန်ုပ် နောင်တရပါပြီဟုဆိုလျှင် သင်သည် သူ့ကိုခွင့်လွှတ်ရမည်ဟု မိန့်တော်မူ၏။
4 Se pecar sete vezes no dia contra ti e sete vezes no dia vier procurar-te, dizendo: Estou arrependido, perdoar-lhe-ás.
5 ထိုအခါ တမန်တော်တို့က သခင်ဘုရားအား တပည့်တော်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟု လျှောက်ကြ၏။-
5 Os apóstolos disseram ao Senhor: Aumenta-nos a fé!
6 သခင်ဘုရားကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား အမြစ်ပါနုတ်၍ ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည် သင်တို့၏စကားကို နာခံလိမ့်မည်။
6 Disse o Senhor: Se tiverdes fé como um grão de mostarda, direis a esta amoreira: Arranca-te e transplanta-te no mar, e ela vos obedecerá.
7 သင်တို့တွင် မည်သူသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ လယ်ကွင်းမှပြန်လာသော မိမိ၏အစေခံအား သင်ချက်ချင်းလာ၍ စားပွဲ၌ထိုင်လော့ဟု ဆိုမည်နည်း။-
7 Qual de vós, tendo um servo ocupado em lavrar ou em guardar o gado, quando voltar do campo lhe dirá: Vem depressa sentar-te à mesa?
8 ထိုသို့မဟုတ်ဘဲ သူသည် မိမိ၏အစေခံအား ငါ့အဖို့ ညစာကိုပြင်လော့။ ငါစားသောက်နေစဉ် ခါးကိုစည်း၍ ငါအလိုရှိရာကို ဆောင်ရွက်ပေးလော့။ ထို့နောက်မှ သင်စားသောက်ရမည်ဟူ၍ ဆိုမည်မဟုတ်လော။-
8 E não lhe dirá ao contrário: Prepara-me a ceia, cinge-te e serve-me, enquanto como e bebo, e depois disto comerás e beberás tu?
9 အစေခံသည် မိမိစေခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သူသည် ထိုအစေခံကို ကျေးဇူးတင်သလော။-
9 E se o servo tiver feito tudo o que lhe ordenara, porventura fica-lhe o senhor devendo alguma obrigação?
10 ထိုနည်းတူ သင်တို့သည်လည်း မိမိတို့အား စေခိုင်းသည့်အရာ အားလုံးကို ဆောင်ရွက်ပြီးသောအခါ ငါတို့သည် မထိုက်တန်သော အစေခံများသာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟု ဝန်ခံကြလော့ဟူ၍ မိန့်တော်မူ၏။
10 Assim também vós, depois de terdes feito tudo o que vos foi ordenado, dizei: Somos servos como quaisquer outros; fizemos o que devíamos fazer.
11 ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွသွားတော်မူစဉ် ဆမာရိယနှင့် ဂါလေလေးယ နယ်စပ်တစ်လျှောက်ကို ဖြတ်သွားတော်မူ၏။-
11 Sempre em caminho para Jerusalém, Jesus passava pelos confins da Samaria e da Galiléia.
12 ရွာတစ်ရွာသို့ ကိုယ်တော်ဝင်တော်မူသောအခါ အနာကြီးရောဂါသည် ဆယ်ဦးနှင့် တွေ့ဆုံ၍ သူတို့သည် အဝေးတွင် ရပ်နေကြလျက်၊-
12 Ao entrar numa aldeia, vieram-lhe ao encontro dez leprosos, que pararam ao longe e elevaram a voz, clamando:
13 ဆရာသခင် ယေဇူး၊ အကျွန်ုပ်တို့ကို သနားတော်မူပါဟု ကျယ်လောင်သောအသံဖြင့် တောင်းလျှောက်ကြ၏။-
13 Jesus, Mestre, tem compaixão de nós!
14 ကိုယ်တော်သည် သူတို့ကိုမြင်တော်မူသောအခါ သင်တို့သွား ကြ၍ သင်တို့ကိုယ်ကို ရဟန်းတို့အား ပြကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည်လည်း ရဟန်းတို့ထံသို့သွားကြစဉ် စင်ကြယ်ခြင်းသို့ရောက်ကြလေ၏။-
14 Jesus viu-os e disse-lhes: Ide, mostrai-vos ao sacerdote. E quando eles iam andando, ficaram curados.
15 ထိုသူတို့တွင် တစ်ယောက်သည် မိမိပျောက်ကင်းချမ်းသာ ရကြောင်းကိုမြင်သောအခါ ဘုရားသခင်၏ဘုန်းဂုဏ်တော်ကို ကျယ်လောင်စွာ အော်ဟစ်ချီးမွမ်းလျက် ပြန်လှည့်လာ၏။-
15 Um deles, vendo-se curado, voltou, glorificando a Deus em alta voz.
16 ထို့နောက် သူသည် ယေဇူး၏ခြေတော်ရင်း၌ ပျပ်ဝပ်လျက် ကိုယ်တော်အား ကျေးဇူးတင်လေ၏။ ဤသူသည်ကား ဆမာရိယလူမျိုးဖြစ်၏။-
16 Prostrou-se aos pés de Jesus e lhe agradecia. E era um samaritano.
17 ယေဇူးကလည်း ဆယ်ယောက်သောသူတို့သည် ပျောက်ကင်းစင်ကြယ်ခြင်းသို့ ရောက်ကြသည်မဟုတ်လော။ ကျန်သော ကိုးယောက်တို့သည် အဘယ်မှာရှိကြသနည်း။-
17 Jesus lhe disse: Não ficaram curados todos os dez? Onde estão os outros nove?
18 ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းရန် ဤလူမျိုးခြားတစ်ဦးမှတစ်ပါး ပြန်လာသူတစ်ယောက်မျှ မရှိသလောဟု မိန့်တော်မူ၏။-
18 Não se achou senão este estrangeiro que voltasse para agradecer a Deus?!
19 ထို့နောက် ကိုယ်တော်က ထိုသူအား သင်ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကယ်တင်လေပြီဟု မိန့်တော်မူ၏။
19 E acrescentou: Levanta-te e vai, tua fé te salvou.
20 ဖာရီဇေးဦးတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် မြင်နိုင်သော နိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။-
20 Os fariseus perguntaram um dia a Jesus quando viria o Reino de Deus. Respondeu-lhes: O Reino de Deus não virá de um modo ostensivo.
21 ကြည့်ကြ၊ ၎င်းသည် ဤအရပ်၌ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။
21 Nem se dirá: Ei-lo aqui; ou: Ei-lo ali. Pois o Reino de Deus já está no meio de vós.
22 ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသား၏နေ့ရက်များထဲမှ တစ်ရက်ကို မြင်တွေ့လိုသော အချိန်ရောက်လာလိမ့်မည်။ သို့သော်လည်း ထိုနေ့ရက်ကို သင်တို့မြင်ကြရလိမ့်မည်မဟုတ်။-
22 Mais tarde ele explicou aos discípulos: Virão dias em que desejareis ver um só dia o Filho do Homem, e não o vereis.
23 ထိုအခါ လူတို့က ကြည့်လော့။ ထိုအရပ်တွင်ရှိ၏။ သို့မဟုတ် ဤအရပ်တွင်ရှိ၏ဟု သင်တို့အား ဆိုကြလိမ့်မည်။ သို့သော် မသွားကြနှင့်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
23 Então vos dirão: Ei-lo aqui; e: Ei-lo ali. Não deveis sair nem os seguir.
24 အကြောင်းမူကား ကောင်းကင်တစ်ဖက်မှ ထွက်ပေါ်လာသော လျှပ်စီးလက်ခြင်းသည် ကောင်းကင် အခြားတစ်ဖက် တိုင်အောင် လင်းဖြာသကဲ့သို့ လူသားသည် မိမိ၏နေ့ရက်တွင် ကြွလာသောအခါ၌လည်း ထိုနည်းအတိုင်းဖြစ်လိမ့်မည်။-
24 Pois como o relâmpago, reluzindo numa extremidade do céu, brilha até a outra, assim será com o Filho do Homem no seu dia.
25 သို့ရာတွင် သူသည် ပထမဦးစွာ ဒုက္ခဆင်းရဲများကိုခံယူ၍ ဤလူမျိုး ဆက်၏ငြင်းပယ်ခြင်းကိုလည်း ခံရလိမ့်မည်။
25 É necessário, porém, que primeiro ele sofra muito e seja rejeitado por esta geração.
26 နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။-
26 Como ocorreu nos dias de Noé, acontecerá do mesmo modo nos dias do Filho do Homem.
27 နောဧသည် သင်္ဘောထဲသို့ဝင်ပြီးနောက် ရေလွှမ်းမိုးခြင်း ကျရောက်သဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြသည့် နေ့ရက် တိုင်အောင် လူတို့သည် စားသောက်လျက်၊ ထိမ်း မြားပေးစားလျက် နေခဲ့ကြ၏။-
27 Comiam e bebiam, casavam-se e davam-se em casamento, até o dia em que Noé entrou na arca. Veio o dilúvio e matou a todos.
28 ထိုနည်းတူပင် လောတ၏လက်ထက်၌လည်း လူတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက် လျက်နေခဲ့ကြ ၏။-
28 Também do mesmo modo como aconteceu nos dias de Lot. Os homens festejavam, compravam e vendiam, plantavam e edificavam.
29 သို့ရာတွင် လောတသည် ဆောဒိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ ကောင်းကင်မှ မီးနှင့်ကန့်မိုးတို့ ရွာသွန်းသဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြ၏။-
29 No dia em que Lot saiu de Sodoma, choveu fogo e enxofre do céu, que exterminou todos eles.
30 လူသားကို ထင်ရှားစေတော်မူမည့်နေ့တွင်လည်း ဤကဲ့သို့ဖြစ်လိမ့်မည်။
30 Assim será no dia em que se manifestar o Filho do Homem.
31 ထိုနေ့၌ အိမ်ခေါင်မိုးပေါ်တွင် ရှိသောသူသည် အိမ်ထဲ၌ရှိသော မိမိပစ္စည်းဥစ္စာတို့ကိုယူခြင်းငှာ အောက်သို့မဆင်းလေနှင့်။ ထိုနည်းတူ လယ်ထဲ၌ ရှိသောသူသည်လည်း အိမ်သို့မပြန်လေနှင့်။-
31 Naquele dia, quem estiver no terraço e tiver os seus bens em casa não desça para os tirar; da mesma forma, quem estiver no campo não torne atrás.
32 လောတ၏ဇနီးကို သတိရကြလော့။-
32 Lembrai-vos da mulher de Lot.
33 မိမိ၏အသက်ကို ကယ်တင်ရန် ကြိုးစားသောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ မိမိ၏အသက် ကိုဆုံးရှုံးသောသူသည် အသက်ကို ကယ်တင်နိုင်လိမ့်မည်။-
33 Todo o que procurar salvar a sua vida, perdê-la-á; mas todo o que a perder, encontrá-la-á.
34 သင်တို့အား ငါဆိုသည်ကား ထိုည၌ အိပ်ရာတစ်ခုထဲတွင် ရှိနေသော လူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။-
34 Digo-vos que naquela noite dois estarão numa cama: um será tomado e o outro será deixado;
35 ကြိတ်ဆုံအတူကြိတ်လျက်ရှိသော အမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ်လိမ့်မည်။-
35 duas mulheres estarão moendo juntas: uma será tomada e a outra será deixada.
36 လယ်ထဲ၌ရှိသောသူနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်သည် ကျန်ရစ် လိမ့်မည်ဟု မိန့်တော်မူ၏။-
36 Dois homens estarão no campo: um será tomado e o outro será deixado.
37 တပည့်တော်တို့ကလည်း မည်သည့်အရပ်တွင် ထိုသို့ဖြစ်ပျက်ပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြလျှင် ကိုယ်တော်က အသေကောင်ရှိရာအရပ်၌ လင်းတတို့သည် စုဝေးကြလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။
37 Perguntaram-lhe os discípulos: Onde será isto, Senhor? Respondeu-lhes: Onde estiver o cadáver, ali se reunirão também as águias.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 17, comparar traduções ou montar um estudo — tudo direto pelo WhatsApp.