Lucas 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH
1 တစ်ဖန် ကိုယ်တော်သည် တပည့်တော်တို့အား မိန့်တော်မူသည်မှာ တစ်ခါက သူဌေးတစ်ဦးတွင် ဘဏ္ဍာစိုးတစ်ယောက်ရှိ၍ ထိုဘဏ္ဍာစိုးသည် သူဌေး၏ ဥစ္စာပစ္စည်းတို့ကိုဖြုန်းတီးသည့်အကြောင်း စွပ်စွဲတိုင်ကြားချက်များ သူ့ထံသို့ရောက်လာလေ၏။-
1 Jesus disse aos seus discípulos:
2 ထိုအခါ သူသည် ဘဏ္ဍာစိုးကိုခေါ်၍ သင်၏အကြောင်းကို ငါကြားရသည်မှာ မည်သို့နည်း။ သင်၏အလုပ်နှင့် သက်ဆိုင်သောငွေ စာရင်းကိုပေးလော့။ အကြောင်းမူကား ယခုမှစ၍ သင်သည် ဘဏ္ဍာစိုးမလုပ်ရဟုဆို၏။-
2 Por isso ele o chamou e disse: “Eu andei ouvindo umas coisas a respeito de você. Agora preste contas da sua administração porque você não pode mais continuar como meu administrador.”
3 ထိုအခါ ဘဏ္ဍာစိုးက ငါ့သခင်သည် ငါ့ကိုဘဏ္ဍာစိုးအရာမှ ဖယ်ရှားလေပြီ။ ငါမည်ကဲ့သို့ပြုရမည်နည်း။ မြေတူးခြင်းငှာ ငါမတတ်နိုင်။ တောင်းစားရန်လည်း ငါရှက်၏။-
3 — Aí o administrador pensou: “O patrão está me despedindo. E, agora, o que é que eu vou fazer? Não tenho forças para cavar a terra e tenho vergonha de pedir esmola.
4 ငါသည် ဘဏ္ဍာစိုးအရာမှ ဖယ်ရှားခံရပြီးနောက် လူတို့သည် သူတို့၏အိမ်များတွင် ငါ့ကိုလက်ခံကြစေရန် မည်သို့ ပြုရမည်ကို ငါသိ၏ဟု မိမိစိတ်ထဲ၌ ဆိုလေ၏။-
4 Ah! Já sei o que vou fazer… Assim, quando for mandado embora, terei amigos que me receberão nas suas casas.”
5 ထို့ကြောင့် သူသည် မိမိ၏သခင်အပေါ် အကြွေးတင်နေသောသူများကို တစ်ဦးစီခေါ်၍ ပထမတစ်ဦးအား သင်သည် ငါ့သခင်ကို မည်မျှပေးဆပ်ရ မည်နည်းဟုဆိုလျှင်၊-
5 — Então ele chamou todos os devedores do patrão e perguntou para o primeiro: “Quanto é que você está devendo para o meu patrão?”
6 ထိုသူက ဆီအချိန်တစ်ရာရှိပါသည် ဟုဆိုလေ၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ အလျင်အမြန်ထိုင်ပြီးလျှင် ငါးဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။-
6 — “Cem barris de azeite!” — respondeu ele.
7 ထို့နောက် သူသည် အခြားသူတစ်ယောက်အား သင်သည် မည်မျှပေးဆပ်ရမည်နည်း ဟုမေးလျှင် ထိုသူက ဂျုံစပါးတင်းတစ်ရာ ရှိပါသည်ဟုဆို၏။ ဘဏ္ဍာစိုးကလည်း သင်၏စာရင်းကိုယူ၍ ရှစ်ဆယ်ဟူ၍ ရေးမှတ်လော့ဟုဆို၏။-
7 — Para o outro ele perguntou: “E você, quanto está devendo?”
8 သူ၏သခင်သည်ကား မရိုးသားသော ထိုဘဏ္ဍာစိုး၏ ဆင်ခြင်မြော်မြင်ဉာဏ်ကို ချီးကျူးလေ၏။ အကြောင်းမူကား လောကီသားတို့သည် လောကီအမှုကိစ္စတို့ကို ဆောင်ရွက်ကြရာ၌ အလင်း၏သားများထက် ပို၍ကျွမ်းကျင်ပါးနပ်ကြ၏။-
8 — E o patrão desse administrador desonesto o elogiou pela sua esperteza. E Jesus continuou:
9 ငါသည်လည်း သင်တို့အား ဆိုသည်မှာ မတရားသောလောကီစည်းစိမ်အားဖြင့် မိတ်ဆွေများရအောင် ပြုကြလော့။ သို့မှသာ စည်းစိမ်ချမ်းသာတို့ ကုန်ဆုံးသည့်အခါ၌ ထိုမိတ်ဆွေတို့သည် သင်တို့အား ထာ၀ရတည်သောအိမ်တော်တွင် ကြိုဆိုလက်ခံကြ လိမ့်မည်။
9 Por isso eu digo a vocês: usem as riquezas deste mundo para conseguir amigos a fim de que, quando as riquezas faltarem, eles recebam vocês no lar eterno.
10 ငယ်သောအမှုကိစ္စ၌ သစ္စာရှိသောသူသည် ကြီးသောအမှုကိစ္စ၌လည်း သစ္စာရှိ၏။ ငယ်သောအမှုကိစ္စ၌ မရိုးသားသော သူသည် ကြီးသောအမှုကိစ္စ၌လည်း ရိုးသားဖြောင့်မတ်လိမ့်မည်မဟုတ်။-
10 Quem é fiel nas coisas pequenas também será nas grandes; e quem é desonesto nas coisas pequenas também será nas grandes.
11 သို့ဖြစ်၍ သင်တို့သည် မစင်ကြယ်သောဥစ္စာစည်းစိမ်၌ သစ္စာမရှိကြလျှင် မည်သူသည် စစ်မှန်သောဥစ္စာစည်းစိမ်ကို သင်တို့၌ အပ်နှံထားမည်နည်း။-
11 Pois, se vocês não forem honestos com as riquezas deste mundo, quem vai pôr vocês para tomar conta das riquezas verdadeiras?
12 သင်တို့သည် သူတစ်ပါး၏ ဥစ္စာပစ္စည်းအပေါ်၌ သစ္စာမရှိကြလျှင် မည်သူသည် သင်တို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို သင်တို့အား ပေးအပ်မည်နည်း။-
12 E, se não forem honestos com o que é dos outros, quem lhes dará o que é de vocês?
13 မည်သည့်အစေခံမျှ သခင်နှစ်ပါး၏အစေကိုမခံနိုင်ပေ။ အကြောင်းမူကား သူသည် တစ်ပါးကိုမုန်း၍ တစ်ပါးကို ချစ်လိမ့်မည်။ တစ်ပါးကိုသစ္စာခံ၍ တစ်ပါးကို မထီမဲ့မြင်ပြုလိမ့်မည်။ သင်တို့သည် ဘုရားသခင်နှင့် လောကီစည်းစိမ် နှစ်ဘက်စလုံးကို အစေမခံနိုင်ဟု မိန့်တော်မူ၏။
13 — Um escravo não pode servir a dois donos ao mesmo tempo, pois vai rejeitar um e preferir o outro; ou será fiel a um e desprezará o outro. Vocês não podem servir a Deus e também servir ao dinheiro.
14 ငွေကိုမက်မောသော ဖာရီဇေးဦးတို့သည် ဤစကားများကိုကြားလျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုကြ၏။-
14 Os fariseus ouviram isso e zombaram de Jesus porque amavam o dinheiro.
15 သို့သော် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ သင်တို့သည် လူတို့ရှေ့၌ သင်တို့ကိုယ်ကို ဖြောင့်မတ်ကြောင်း ဖော်ပြလိုကြ၏။ သို့သော် ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံးကို သိမြင်တော်မူ၏။ အကြောင်းမူကား လူတို့အလယ်၌ အမြတ်တနိုး မြှောက်စားခြင်းခံရသောအရာသည် ဘုရားသခင်၏ ရှေ့တော်တွင်မူ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
15 Então Jesus disse a eles:
16 ပညတ်တရားကျမ်းများနှင့် ပရောဖက်ကျမ်းတို့သည် ယောဟန်ပေါ်ထွန်းလာသည့်တိုင်အောင် တည်ရှိခဲ့ကြ၏။ ထိုအချိန် မှစ၍ ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောလျက်ရှိသည်ဖြစ်၍ လူအပေါင်းတို့သည် နိုင်ငံတော်သို့ အတင်းအကျပ်ဝင်ရောက်ကြကုန်၏။-
16 — A
17 သို့ရာတွင် ပညတ်တရားကျမ်းမှ စာလုံးတစ်လုံး၏ သေးငယ်သော အစိတ်အပိုင်းတစ်ခု ကွယ်ပျောက်သည်ထက် ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်ရသည်က ပို၍လွယ်ကူ၏။
17 — É mais fácil o céu e a terra desaparecerem do que ser tirado um simples acento de qualquer palavra da Lei.
18 မည်သူမဆို မိမိ၏မယားကို ကွာရှင်း၍ အခြားတစ်ယောက်နှင့် ပေါင်းသင်းလျှင် ဖောက်ပြန်ခြင်းသို့ရောက်၏။ သူမ၏ခင်ပွန်းက ကွာရှင်းထားသော မယားကို ပေါင်းသင်းသော သူသည်လည်း သူ့မယားကို ပြစ်မှား၏။
18 — Se um homem se divorciar e casar com outra mulher, comete adultério. E quem casar com a mulher divorciada também comete adultério.
19 တစ်ခါက ခရမ်းရောင်ပိတ်ချောထည်များကို ဝတ်ဆင်လျက် စားသောက်ပွဲကို နေ့စဉ်ခမ်းနားစွာ ကျင်းပ၍ စည်းစိမ် ခံစားတတ်သော သူဌေးတစ်ဦးရှိ၏။-
19 Jesus continuou:
20 သူ၏အိမ်တံခါးအနီးတွင် လာဇရုအမည်ရှိသော သူတောင်းစားတစ်ယောက်သည် အနာစိမ်းများနှင့် တစ်ကိုယ်လုံးပြည့် လျက် လဲလျောင်းနေလေ၏။-
20 Havia também um homem pobre, chamado Lázaro, que tinha o corpo coberto de feridas, e que costumavam largar perto da casa do rico.
21 သူသည် သူဌေး၏စားပွဲမှ ကျသည့်စားစရာအပိုင်းအစများကို စားခွင့်ရရန် အလိုရှိခဲ့၏။ ထို့ပြင် ခွေးတို့သည်လည်း လာ၍ သူ၏အနာစိမ်းများကို လျက်ကြ၏။-
21 Lázaro ficava ali, procurando matar a fome com as migalhas que caíam da mesa do homem rico. E até os cachorros vinham lamber as suas feridas.
22 ထိုသူတောင်းစား သေဆုံးသောအခါ ကောင်းကင်တမန်တော်တို့သည် သူ့ကို အာဘရာဟံ၏ ရင်ခွင်သို့ သယ်ဆောင် သွားကြ၏။ သူဌေးသည်လည်း သေဆုံး၍ သင်္ဂြိုဟ်ခြင်းခံရ၏။
22 O pobre morreu e foi levado pelos anjos para junto de Abraão, na festa do céu. O rico também morreu e foi sepultado.
23 သူသည် မရဏနိုင်ငံ၌ ပြင်းထန်စွာ ဒဏ်ခံနေရစဉ် အထက်သို့မော်၍ကြည့်လျှင် အဝေး၌ အာဘရာဟံကိုလည်းကောင်း၊ အာဘရာဟံ၏ရင်ခွင်၌ လာဇရုကို လည်းကောင်း မြင်လေ၏။-
23 Ele sofria muito no
24 ထိုအခါ သူက အိုအဖ အာဘရာဟံ၊ အကျွန်ုပ်ကို သနားတော်မူပါ။ အကျွန်ုပ်သည် ဤမီးလျှံထဲ၌ ပြင်းထန်စွာ ဒဏ်ခံနေ ရပါသောကြောင့် လာဇရုသည် သူ၏လက်ချောင်းများကို ရေတွင်နှစ်၍ အကျွန်ုပ်၏လျှာကို အေးစေခြင်းငှာ သူ့ကိုစေလွှတ် တော်မူပါဟုအော်ဟစ် အသနားခံလေ၏။-
24 Então gritou: “Pai Abraão, tenha pena de mim! Mande que Lázaro molhe o dedo na água e venha refrescar a minha língua porque estou sofrendo muito neste fogo!”
25 သို့သော် အာဘရာဟံက ငါ့သား၊ သင်အသက်ရှင်စဉ်အခါက စည်းစိမ်ချမ်းသာခံစားခဲ့ရသည်ကိုလည်းကောင်း၊ လာဇရုသည်ကား ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်းကောင်း သတိရလော့။ ယခုမှာမူ သူသည် နှစ်သိမ့်ခြင်းခံရ၍ သင်သည် ပြင်းထန်စွာ ဒဏ်ခံရပြီ။-
25 — Mas Abraão respondeu: “Meu filho, lembre que você recebeu na sua vida todas as coisas boas, porém Lázaro só recebeu o que era mau. E agora ele está feliz aqui, enquanto você está sofrendo.
26 ထို့ပြင် ငါတို့နှင့် သင်တို့အကြားတွင် နက်ရှိုင်းသော ချောက်ကြီးတစ်ခုကိုထားရှိသည်ဖြစ်၍ ဤနေရာမှ သင်တို့ ဘက်သို့လည်းကောင်း၊ သင်တို့၏နေရာမှ ငါတို့ဘက် သို့လည်းကောင်း ကူးဖြတ်လိုသူတို့သည် မတတ်နိုင်ကြဟု ပြန်ပြောလေ၏။
26 Além disso, há um grande abismo entre nós, de modo que os que querem atravessar daqui até vocês não podem, como também os daí não podem passar para cá.”
27 ထိုအခါ သူက အဖ၊ ဤသို့ဖြစ်လျှင် လာဇရုအား အကျွန်ုပ်၏အဖအိမ်သို့ စေလွှတ်ပါရန် တောင်းပန်ပါသည်။-
27 — O rico disse: “Nesse caso, Pai Abraão, peço que mande Lázaro até a casa do meu pai
28 အကြောင်းမူကား အကျွန်ုပ်၌ ညီငါးယောက်ရှိ၍ သူတို့သည်လည်း ဒဏ်ခံရမည့် ဤအရပ်သို့ မရောက်ကြစေခြင်းငှာ လာဇရုသည် သူတို့ကို သတိပေးနိုင်ပါသည်ဟုဆို၏။-
28 porque eu tenho cinco irmãos. Deixe que ele vá e os avise para que assim não venham para este lugar de sofrimento.”
29 သို့ရာတွင် အာဘရာဟံက သူတို့၌ မိုးဇက်နှင့် ပရောဖက်များရှိကြ၏။ ထိုသူတို့၏ စကားကို သူတို့ နားထောင်ကြပါစေ ဟုဆို၏။-
29 — Mas Abraão respondeu: “Os seus irmãos têm a
30 ထိုအခါ သူက ထိုသို့ မဟုတ်ပါ၊ အဖ အာဘရာဟံ။ သေလွန်ပြီးသောသူတို့ထဲမှ တစ်ယောက်သည် သူတို့ထံသို့သွားလျှင်မူ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု ဆိုပြန်၏။-
30 — “Só isso não basta, Pai Abraão!”, respondeu o rico. “Porém, se alguém ressuscitar e for falar com eles, aí eles se arrependerão dos seus pecados.”
31 အာဘရာဟံကလည်း သူတို့သည် မိုးဇက်နှင့် ပရောဖက်တို့၏ စကားကိုနားမထောင်လျှင် သေလွန်သူတို့ထဲမှ တစ်စုံ တစ်ယောက် ထမြောက်လာသော်လည်း သူတို့ယုံကြည်ကြလိမ့်မည်မဟုတ်ဟူ၍ သူ့အား ဆိုသည်ဟု မိန့်တော်မူ၏။
31 — Mas Abraão respondeu: “Se eles não escutarem Moisés nem os profetas, não crerão, mesmo que alguém ressuscite.”
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.