Lucas 15
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB
1 ထိုအချိန်တွင် အခွန်ခံသူတို့နှင့် အပြစ်ရှိသူတို့သည် ကိုယ်တော်၏တရားတော်ကို ကြားနာရန် အထံတော်သို့ ချဉ်းကပ် လာကြ၏။-
1 Ora, chegavam-se a ele todos os publicanos e pecadores para o ouvir.
2 ထိုအခါ ဖာရီဇေးဦးတို့နှင့် ကျမ်းတတ်ဆရာတို့က ဤသူသည် အပြစ်ရှိသောသူတို့ကို လက်ခံ၍ သူတို့နှင့်အတူ စားသောက် ပါသည် တကားဟု ပြစ်တင်ပြောဆိုကြ၏။
2 E os fariseus e os escribas murmuravam, dizendo: Este recebe pecadores, e come com eles.
3 ကိုယ်တော်ကလည်း သူတို့အား ဤပုံဥပမာကို မိန့်တော်မူ၏။-
3 Então ele lhes propôs esta parábola:
4 သင်တို့တွင် မည်သူသည် သိုးအကောင်တစ်ရာရှိ၍ ၎င်းတို့ထဲမှ သိုးတစ်ကောင်ပျောက်ဆုံးသွားလျှင် ကိုးဆယ့်ကိုးကောင်ကို တော၌ထားခဲ့ပြီးမှ ပျောက်သောသိုးတစ်ကောင်ကို တွေ့သည့်တိုင်အောင် သွား၍မရှာဘဲ နေမည်နည်း။-
4 Qual de vós é o homem que, possuindo cem ovelhas, e perdendo uma delas, não deixa as noventa e nove no deserto, e não vai após a perdida até que a encontre?
5 သူသည် ထိုသိုးကိုတွေ့သောအခါ ဝမ်းမြောက်ဝမ်းသာဖြင့် ၎င်းကိုပခုံးထက်တွင် တင်လေ၏။-
5 E achando-a, põe-na sobre os ombros, cheio de júbilo;
6 ထို့နောက် သူသည် အိမ်သို့ပြန်ရောက်လျှင် မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ်၍ ငါနှင့်အတူ ဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သောသိုးကို ငါပြန်တွေ့ပြီဟု သူတို့အား ဆိုလိမ့်မည်။-
6 e chegando a casa, reúne os amigos e vizinhos e lhes diz: Alegrai-vos comigo, porque achei a minha ovelha que se havia perdido.
7 ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား နောင်တရရန် မလိုအပ်သောဖြောင့်မတ် သူကိုးဆယ့်ကိုးယောက်တို့ထက် နောင်တရလာသော အပြစ်သားတစ်ယောက်အတွက်ကြောင့် ကောင်းကင်ဘုံ၌ ပို၍ဝမ်းမြောက်ခြင်းရှိလိမ့်မည်။
7 Digo-vos que assim haverá maior alegria no céu por um pecador que se arrepende, do que por noventa e nove justos que não necessitam de arrependimento.
8 တစ်နည်းဆိုရသော် မည်သည့်အမျိုးသမီးသည် ငွေဒင်္ဂါးပြားဆယ်ပြားရှိ၍ တစ်ပြားပျောက်သွားလျှင် ဆီမီးခွက်ကိုထွန်းပြီး အိမ်ကိုလှည်းကျင်းလျက် ထိုဒင်္ဂါးကို ပြန်မတွေ့မချင်း လုံ့လဝီရိယဖြင့်လိုက်မရှာဘဲနေမည်နည်း။-
8 Ou qual é a mulher que, tendo dez dracmas e perdendo uma dracma, não acende a candeia, e não varre a casa, buscando com diligência até encontrá-la?
9 သူမသည် ထိုငွေဒင်္ဂါးကိုတွေ့သောအခါ သူမ၏မိတ်ဆွေများနှင့် အိမ်နီးချင်းများကိုခေါ် ပြီးမှ ငါနှင့်အတူဝမ်းမြောက်ကြလော့။ အကြောင်းမူကား ပျောက်သွားသောငွေဒင်္ဂါးကို ငါပြန်တွေ့ ပြီဟုဆိုလိမ့်မည်။-
9 E achando-a, reúne as amigas e vizinhas, dizendo: Alegrai-vos comigo, porque achei a dracma que eu havia perdido.
10 ထိုနည်းတူ သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့သည် နောင်တရသော အပြစ်သား တစ်ယောက်အတွက် ရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
10 Assim, digo-vos, há alegria na presença dos anjos de Deus por um só pecador que se arrepende.
11 တစ်ဖန် ကိုယ်တော်က မိန့်တော်မူသည်မှာ လူတစ်ဦး၌ သားနှစ်ယောက်ရှိ၏။-
11 Disse-lhe mais: Certo homem tinha dois filhos.
12 သူတို့နှစ်ယောက်တွင် သားငယ်က အဖ၊ အကျွန်ုပ်နှင့်ဆိုင်သောအမွေကို အကျွန်ုပ်အား ပေးပါဟုဆိုလျှင် ဖခင်သည် မိမိ၏ဥစ္စာပစ္စည်းများကို သူတို့အား ခွဲဝေပေးလေ၏။-
12 O mais moço deles disse ao pai: Pai, dá-me a parte dos bens que me toca. Repartiu-lhes, pois, os seus haveres.
13 ရက်များမကြာမီ သားငယ်သည် မိမိရရှိသမျှဥစ္စာတို့ကို စုသိမ်းပြီးလျှင် ဝေးလံသော တိုင်းတစ်ပါးသို့ထွက်သွား၍ ထိုအရပ်တွင် အပျော်အပါးလိုက်စားလျက် မိမိဥစ္စာပစ္စည်းတို့ကို ဖြုန်းတီးလေ၏။-
13 Poucos dias depois, o filho mais moço ajuntando tudo, partiu para um país distante, e ali desperdiçou os seus bens, vivendo dissolutamente.
14 သူ၌ရှိသမျှဥစ္စာတို့ကို သုံးဖြုန်း၍ကုန်သောအခါ ထိုတိုင်းပြည်၌ ဆိုးရွားသော ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုက်ရောက် သဖြင့် သူသည်လည်း ဆင်းရဲချွတ်ခြုံကျလေ၏။-
14 E, havendo ele dissipado tudo, houve naquela terra uma grande fome, e começou a passar necessidades.
15 ထို့ကြောင့် သူသည် ထိုပြည်သားတစ်ဦးထံ သွားရောက်လုပ်ကိုင်ရာ ထိုသူက သူ့အား မိမိ၏ဝက်များကို ထိန်းကျောင်း အစာကျွေးရန် မိမိ၏လယ်တောသို့ စေလွှတ်လေ၏။-
15 Então foi encontrar-se a um dos cidadãos daquele país, o qual o mandou para os seus campos a apascentar porcos.
16 သူသည် ဝက်များစားနေသော ပဲတောင့်များကိုပင် စားလိုသော ဆန္ဒရှိသော်လည်း မည်သူကမျှ သူ့အား စားစရာ မပေးကြချေ။-
16 E desejava encher o estômago com as alfarrobas que os porcos comiam; e ninguém lhe dava nada.
17 ထိုအခါ သူသည် အမြင်မှန်ရ၍ ရေ ရွတ်သည်မှာ ငါ့အဖ၏အစေခံများသည် ၀လင်စွာစားရ လျက် ပိုလျှံနေကြ၏။ ငါမူကား ဤအရပ်တွင် အစာငတ်၍ သေရတော့မည်။-
17 Caindo, porém, em si, disse: Quantos empregados de meu pai têm abundância de pão, e eu aqui pereço de fome!
18 ငါသည် ထ၍ ငါ၏အဖထံသို့သွားပြီးလျှင် အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။-
18 Levantar-me-ei, irei ter com meu pai e dir-lhe-ei: Pai, pequei contra o céu e diante de ti;
19 အကျွန်ုပ်သည် အဖ၏သားဟူ၍ အခေါ်ခံရန် မထိုက်တန်ပါ။ အဖ၏ အစေခံတစ်ဦးကဲ့သို့ အကျွန်ုပ်ကိုထားပါဟူ၍ သူ့အား ပြောမည်ဟု ဆိုလေ၏။-
19 já não sou digno de ser chamado teu filho; trata-me como um dos teus empregados.
20 ထို့နောက် သူသည်ထ၍ သူ၏အဖထံသို့ ပြန်သွားလေ၏။ သို့သော် သူသည် အဝေး၌ရှိစဉ်ပင် သူ၏အဖသည် သူ့ကိုတွေ့သဖြင့် သနားခြင်းစိတ်ရှိ၍ ပြေးသွားပြီးလျှင် သူ့ကိုပွေ့ဖက်၍ နမ်းရှုပ်လေ၏။-
20 Levantou-se, pois, e foi para seu pai. Estando ele ainda longe, seu pai o viu, encheu-se de compaixão e, correndo, lançou-se-lhe ao pescoço e o beijou.
21 သားဖြစ်သူကလည်း အဖ၊ အကျွန်ုပ်သည် ကောင်းကင်ကိုလည်းကောင်း၊ အဖကိုလည်းကောင်း ပြစ်မှားမိပါပြီ။ အကျွန်ုပ်သည် အဖ၏သားဟူ၍ပင် အခေါ်ခံရန်မထိုက် တန်တော့ပါဟု ပြောလေ၏။-
21 Disse-lhe o filho: Pai, pequei conta o céu e diante de ti; já não sou digno de ser chamado teu filho.
22 သို့ရာတွင် အဖက မိမိ၏ အစေခံတို့အား ဆိုသည်ကား အကောင်းဆုံးသောဝတ်ရုံကို အလျင်အမြန်ယူလာ၍ သူ့ကို ဝတ်ဆင်ပေးကြလော့။ သူ၏လက်၌ လက်စွပ်ကိုလည်းကောင်း၊ သူ၏ခြေတို့၌ ဖိနပ်ကိုလည်းကောင်း ဆင်မြန်းပေးကြလော့။-
22 Mas o pai disse aos seus servos: Trazei depressa a melhor roupa, e vesti-lha, e ponde-lhe um anel no dedo e alparcas nos pés;
23 ဆူဖြိုးသော နွားငယ်ကိုယူခဲ့၍ သတ်ကြလော့။ ငါတို့သည် စားသောက်ပွဲကျင်းပ၍ ပျော်ရွှင်ဝမ်းမြောက်ကြကုန်အံ့။-
23 trazei também o bezerro, cevado e matai-o; comamos, e regozijemo-nos,
24 အကြောင်းမူကား ငါ၏သား၊ ဤသူသည် သေပြီးမှ ယခု အသက်ပြန်ရှင်လေပြီ။ သူသည် ပျောက်ဆုံးပြီးမှ ယခု သူ့ကို ပြန်တွေ့ရလေပြီဟုဆို၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကို စတင်ကျင်းပကြလေ၏။
24 porque este meu filho estava morto, e reviveu; tinha-se perdido, e foi achado. E começaram a regozijar-se.
25 ထိုအချိန်၌ သားကြီးဖြစ်သူသည် လယ်တောတွင်ရှိနေ၏။ သူသည် ပြန်လာ၍ အိမ်အနီးသို့ရောက်သောအခါ တီးမှုတ်သံနှင့် ကခုန်သံတို့ကို ကြားရလေ၏။-
25 Ora, o seu filho mais velho estava no campo; e quando voltava, ao aproximar-se de casa, ouviu a música e as danças;
26 ထို့ကြောင့် သူသည် အစေခံတစ်ဦးကိုခေါ်ပြီးလျှင် မည်သည့်အကြောင်းအရာဖြစ်သည်ကို မေးလေ၏။-
26 e chegando um dos servos, perguntou-lhe que era aquilo.
27 ထိုအစေခံကလည်း သင်၏ညီပြန်ရောက်လေပြီ။ သူ့ကို ဘေးကင်းစွာ ပြန်တွေ့ရသောကြောင့် သင်၏အဖသည် ဆူဖြိုးသော နွားငယ်ကို သတ်လေပြီဟုဆိုလေ၏။-
27 Respondeu-lhe este: Chegou teu irmão; e teu pai matou o bezerro cevado, porque o recebeu são e salvo.
28 သားကြီးဖြစ်သူသည်ကား အမျက်ထွက်သောကြောင့် အိမ်တွင်းသို့ဝင်ရန် ငြင်းဆန်လေ၏။ ထိုအခါ သူ၏အဖသည် အပြင်သို့ ထွက်လာပြီးလျှင် သူ့ကိုဖျောင်းဖျပြောဆိုလေ၏။-
28 Mas ele se indignou e não queria entrar. Saiu então o pai e instava com ele.
29 သို့ရာတွင် သူက မိမိ၏အဖအား ပြန်ပြောသည်မှာ အကျွန်ုပ် သည် အဖကို နှစ်ပေါင်းများစွာလုပ်ကျွေးခဲ့ပါပြီ။ အကျွန်ုပ် သည် အဖ၏ဩဇာကိုတစ်ခါမျှမလွန်ဆန်ခဲ့ဖူးပါ။ သို့သော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ မိတ်ဆွေများနှင့်အတူ ပျော်ရွှင်စွာ စားသောက်ခြင်းငှာ အဖသည် အကျွန်ုပ်အား ဆိတ်ကလေးတစ်ကောင်ကိုမျှ မပေးဖူးပါ။-
29 Ele, porém, respondeu ao pai: Eis que há tantos anos te sirvo, e nunca transgredi um mandamento teu; contudo nunca me deste um cabrito para eu me regozijar com meus amigos;
30 အဖ၏ ဥစ္စာပစ္စည်းများကို ပြည့်တန်ဆာများနှင့် ပျော်ပါးဖြုန်းတီးပစ်ခဲ့သည့် ဤသား ပြန်လာသောအခါ အဖသည် သူ့အတွက် ဆူဖြိုးသောနွားငယ်ကိုသတ်လေပြီဟု ဆိုလေ၏။-
30 vindo, porém, este teu filho, que desperdiçou os teus bens com as meretrizes, mataste-lhe o bezerro cevado.
31 အဖကလည်း ငါ့သား၊ သင်သည် ငါနှင့်အတူ အစဉ်နေထိုင်၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။-
31 Replicou-lhe o pai: Filho, tu sempre estás comigo, e tudo o que é meu é teu;
32 သင်၏ညီ ဤသူသည်ကား သေပြီးမှ ပြန်ရှင်၏။ ပျောက်ဆုံးပြီးမှ သူ့ကို ပြန်တွေ့ရသောကြောင့် ငါတို့သည် ဝမ်းမြောက်ကြ လျက် ပျော်ပွဲရွှင်ပွဲကို ကျင်းပသင့်ပေသည်ဟူ၍ သူ့အား ပြန်ပြောလေသည်ဟု မိန့်တော်မူ၏။
32 era justo, porém, regozijarmo-nos e alegramo-nos, porque este teu irmão estava morto, e reviveu; tinha-se perdido, e foi achado.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 15, comparar traduções ou montar um estudo — tudo direto pelo WhatsApp.