Lucas 13

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထိုအချိန်တွင် အထံတော်၌ ရှိနေကြသော သူအချို့က ပီလာတုမင်းသည် ဂါလေလေးယနယ်သားအချို့၏ သွေးကို ၎င်းတို့၏ ပူဇော်သကာများနှင့် ရောနှောစေခဲ့ကြောင်းကို ကိုယ်တော်အား လျှောက်ထားကြ၏။-
1 Naquela mesma ocasião, estavam ali algumas pessoas que falaram para Jesus a respeito dos galileus cujo sangue Pilatos havia misturado com os sacrifícios que os mesmos realizavam.
2 ကိုယ်တော်ကလည်း ဤဂါလေလေးယနယ်သားတို့သည် ဤသို့ခံရခြင်းကြောင့် အခြားသောဂါလေလေး ယနယ်သားတို့ထက် ပို၍အပြစ်ကြီးသူများ ဖြစ်ကြသည်ဟု သင်တို့ထင်မှတ်ကြသလော။-
2 Então Jesus lhes disse:
3 ဤကဲ့သို့မဟုတ်ဟု သင်တို့အား ငါဆို၏။ သို့သော် သင်တို့သည် နောင်တမရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက်စီး ကြလိမ့်မည်။-
3 Digo a vocês que não eram; se, porém, não se arrependerem, todos vocês também perecerão.
4 ထို့အတူ စီလွမ်ရဲတိုက်ပြိုကျ၍ သေဆုံးကြသောသူ တစ်ဆယ့်ရှစ်ယောက်တို့သည် ဂျေရုဆလင်မြို့တွင်နေထိုင်ကြသော အခြားသူများထက် အပြစ်ကြီးသည်ဟု သင်တို့ထင်မှတ်ကြသလော။-
4 E, quanto àqueles dezoito sobre os quais desabou a torre de Siloé e os matou, vocês pensam que eles eram mais culpados do que todos os outros moradores de Jerusalém?
5 ထိုသို့မဟုတ်ဟု သင်တို့အားငါဆို၏။ သို့သော် သင်တို့သည် နောင်တ မရကြလျှင် သင်တို့အားလုံးသည်လည်း ထိုနည်းတူပျက် စီးကြရလိမ့်မည်ဟု သူတို့အား ပြန်ဖြေတော်မူ၏။
5 Digo a vocês que não eram; mas, se não se arrependerem, todos vocês também perecerão.
6 ကိုယ်တော်သည် ဤပုံဥပမာကိုလည်း သူတို့အား မိန့်တော်မူ၏။ လူတစ်ယောက်သည် မိမိ၏ စပျစ်ဥယျာဉ်ထဲတွင် သဖန်းပင်တစ်ပင်ကို စိုက်ပျိုးထား၏။ ထို့နောက် သူသည် လာ၍ သဖန်းပင်မှအသီးကို ရှာသော်လည်း မတွေ့ ချေ။-
6 E Jesus contou a seguinte parábola:
7 ထိုအခါ သူက ငါသည်လာ၍ ဤသဖန်းပင်ပေါ်မှ အသီးကိုရှာသည်မှာ သုံးနှစ်ရှိလေပြီ။ သို့ရာတွင် အသီးတစ်လုံးကိုမျှ မတွေ့ရ။ ၎င်းကို ခုတ်ပစ်လော့။ အဘယ်ကြောင့် ၎င်းကို မြေပေါ်တွင် အကျိုးမဲ့နေရာယူစေမည်နည်းဟု စပျစ်ဥယျာဉ်မှူးအား ဆိုလေ၏။-
7 Então disse ao homem que cuidava da vinha: “Já faz três anos que venho procurar fruto nesta figueira e não encontro nada. Portanto, corte-a! Por que ela ainda está ocupando inutilmente a terra?”
8 ထိုသူကလည်း သခင်၊ ယခုနှစ်တွင်လည်း ဤအပင်ကို မည်သို့မျှမပြုပါနှင့်။ အကျွန်ုပ်သည် အပင်ပတ်လည်၌ တူးဆွ၍ မြေဩဇာ ထည့်ပါမည်။-
8 Mas o homem que cuidava da vinha respondeu: “Senhor, deixe-a ainda este ano, até que eu escave ao redor dela e ponha estrume.
9 နောင်နှစ်တွင် အသီးသီးကောင်း သီးပါလိမ့်မည်။ ထိုသို့မသီးလျှင်မူ သခင်သည် ၎င်းကို ခုတ်ပစ်နိုင်ပါသည်ဟူ၍ သူ့အား ပြန်ပြောသည်ဟု မိန့်တော်မူ၏။
9 Se vier a dar fruto, muito bem. Se não der fruto, o senhor poderá cortá-la.”
10 ကိုယ်တော်သည် ဥပုသ်နေ့တွင် တရားဇရပ်တစ်ခု၌ သွန်သင်လျက်ရှိတော်မူ၏။-
10 Num sábado, Jesus estava ensinando numa das sinagogas.
11 ထိုနေရာတွင် နတ်ဆိုးပူးခြင်းကြောင့် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး မသန်မစွမ်းဖြစ်နေသော အမျိုးသမီးတစ်ယောက်ရှိ၏။ သူမသည် ခါးကုန်းနေသဖြင့် ကိုယ်ကိုကောင်းစွာမမတ်နိုင်ချေ။-
11 E chegou ali uma mulher possuída de um espírito de enfermidade, havia já dezoito anos; ela andava encurvada, sem poder se endireitar de modo nenhum.
12 ယေဇူးသည်လည်း သူမကို မြင်သောအခါ ခေါ်ပြီးလျှင် အချင်းအမျိုးသမီး၊ သင်သည် ရောဂါဝေဒနာမှကင်းလွတ်ပြီဟု သူမအား မိန့်တော်မူ၏။-
12 Ao vê-la, Jesus a chamou e lhe disse:
13 ထို့နောက် ကိုယ်တော်သည် သူမအပေါ် မိမိ၏လက်ကိုတင်တော်မူသဖြင့် သူမသည် ချက်ချင်းပင် ခါးပြန်ဆန့်သွားပြီးလျှင် ဘုရားသခင်၏ဂုဏ် တော်ကို ချီးမွမ်းလေ၏။-
13 E, impondo-lhe as mãos, ela imediatamente se endireitou e dava glória a Deus.
14 ယေဇူးသည် ဥပုသ်နေ့၌ အနာရောဂါများကိုပျောက်ကင်းချမ်းသာစေသောကြောင့် တရားဇရပ်မှူးသည် အမျက်ထွက်၍ အလုပ်လုပ်အပ်သောနေ့ ခြောက်ရက်ရှိ၏။ ထိုနေ့ရက်များ၌ လာ၍ အနာရောဂါများကို ကုသပျောက်ကင်းစေကြလော့။ ဥပုသ်နေ့၌ မလာကြနှင့်ဟု လူတို့အား ဆို၏။-
14 O chefe da sinagoga, indignado por ver que Jesus curava no sábado, disse à multidão: — Há seis dias em que se deve trabalhar. Venham nesses dias para serem curados, mas não no sábado.
15 ထိုအခါ ကိုယ်တော်က အသင် သူတော်ကောင်းယောင်ဆောင်သောသူတို့၊ သင်တို့အသီးသီးသည် ဥပုသ်နေ့၌ မိမိ၏နွား၊ သို့မဟုတ် မြည်းကို တင်းကုပ်မှလွှတ်၍ ရေတိုက်ရန် ခေါ်ဆောင်သွားတတ်ကြသည် မဟုတ်လော။-
15 Porém o Senhor lhe respondeu:
16 အာဘရာဟံ၏သမီးဖြစ် သူ ဤအမျိုးသမီးသည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းကို ခံခဲ့ရ သောကြောင့် ဥပုသ်နေ့၌ သူမကို ဤအနှောင်အဖွဲ့မှ မလွှတ်အပ်သလောဟု ထိုသူအား ပြန်ပြောတော်မူ၏။-
16 Por que motivo não se devia livrar deste cativeiro, em dia de sábado, esta filha de Abraão, a quem Satanás trazia presa há dezoito anos?
17 ဤသို့ ကိုယ်တော်မိန့်တော်မူသဖြင့် ကိုယ်တော့်ကို ဆန့်ကျင်ကြသောသူအားလုံးတို့သည် အရှက်တကွဲဖြစ်ကြလေ၏။ လူအပေါင်းတို့သည်လည်း ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်အမှုအလုံးစုံတို့အတွက် ရွှင်လန်းဝမ်းမြောက်ကြ၏။
17 Tendo Jesus dito estas palavras, todos os seus adversários ficaram envergonhados. Entretanto, o povo se alegrava por todos os feitos gloriosos que Jesus realizava.
18 ထို့ကြောင့် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။-
18 Jesus disse:
19 ၎င်းသည် လူတစ်ဦးက မိမိဥယျာဉ်၌ယူ၍ စိုက်ထားသော မုန်ညင်းစေ့နှင့်တူ၏။ ထိုမုန်ညင်းစေ့သည် အပင်ပေါက်၍ ကြီးလာသောအခါ မိုးကောင်းကင်ငှက်တို့သည် ၎င်း၏အကိုင်းအခက်တို့၌ အသိုက်ပြုလုပ်ကြသည်ဟု မိန့်တော်မူ၏။
19 É semelhante a um grão de mostarda, que um homem plantou na sua horta; e cresceu e fez-se árvore; e as aves do céu se aninharam nos seus ramos.
20 တစ်ဖန် ကိုယ်တော်က ဘုရားသခင်၏နိုင်ငံတော်ကို မည်သည့်အရာနှင့် ငါနှိုင်းယှဉ်ပြရမည်နည်း။-
20 Disse mais:
21 ၎င်းသည် အမျိုးသမီးတစ်ဦးက ယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့် မုန့်ညက်ရှိသမျှကို ဖောင်းကြွစေသော တဆေးနှင့် တူသည်ဟု မိန့်တော်မူ၏။
21 É semelhante ao fermento que uma mulher pegou e misturou em três medidas de farinha, até ficar tudo levedado.
22 ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ခရီးဆက်စဉ်လမ်း၌ မြို့ရွာများကိုဖြတ်သွားလျက် ဟောပြောသွန်သင်တော်မူ၏။-
22 Jesus passava por cidades e aldeias, ensinando e caminhando para Jerusalém.
23 ထိုအချိန်တွင် တစ်စုံတစ်ယောက်က သခင်ဘုရား၊ ကယ်တင်ခြင်းခံရမည့် သူတို့သည် နည်းကြပါသလောဟု မေးလျှောက်လျှင် ကိုယ်တော်က သူတို့အား မိန့်တော်မူသည်ကား၊-
23 E alguém lhe perguntou: — Senhor, são poucos os que são salvos?
24 ကျဉ်းမြောင်းသော တံခါးမှဝင်ရန် ကြိုးစားကြလော့။ အကြောင်းမူကား သင်တို့အား ငါဆို သည်မှာ များစွာသောလူတို့သည် ဝင်ရန်ကြိုးစားကြသော်လည်း မဝင်နိုင်ကြ။-
24 Jesus respondeu:
25 အိမ်ရှင်သည်ထ၍ တံခါးကို ပိတ်လိုက်ပြီးသောအခါ သင်တို့သည် အပြင်၌ ရပ်ကြလျက် တံခါးကိုခေါက်၍ သခင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါဟု တောင်းလျှောက်ကြသော်လည်း သူက သင်တို့မည် သည့်အရပ်ကလာသည်ကို ငါမသိဟု ပြန်ဖြေလိမ့်မည်။-
25 Quando o dono da casa se tiver levantado e fechado a porta, e vocês, do lado de fora, começarem a bater, dizendo: “Senhor, abra a porta para nós”, ele responderá: “Não sei de onde vocês são.”
26 ထိုအခါ သင်တို့က အကျွန်ုပ်တို့သည် ကိုယ်တော်နှင့် အတူစားသောက်ခဲ့ကြပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ လမ်းများပေါ်တွင် သွန်သင်ခဲ့ပါသည်ဟု ဆိုကြလိမ့်မည်။-
26 Então vocês dirão: “Comíamos e bebíamos com o senhor. Além disso, o senhor ensinava em nossas ruas.”
27 သို့သော် သူက သင်တို့ မည်သည့်အရပ်မှ လာသည်ကို ငါမသိ။ မကောင်းမှုကို ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟုပြောလိမ့်မည်။-
27 Mas ele dirá a vocês: “Não sei de onde vocês são; afastem-se de mim, vocês todos que praticam o mal.”
28 ထိုအခါ သင်တို့သည် အာဘရာဟံ၊ အီဇတ်၊ ယာကုပ်မှစ၍ ပရော ဖက်အပေါင်းတို့ကို ဘုရားသခင်၏နိုင်ငံတော်တွင် မြင်ကြ ရပြီး သင်တို့မူကား အပြင်သို့ နှင်ထုတ်ခြင်းခံကြရသဖြင့် ထိုနေရာ၌ ငိုကြွေး၍ အံကြိတ်ကြရလိမ့်မည်။-
28 Ali haverá choro e ranger de dentes, quando vocês virem Abraão, Isaque, Jacó e todos os profetas no Reino de Deus, mas vocês lançados fora.
29 အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်ရပ်တို့မှ လူတို့သည်လည်း လာကြ၍ ဘုရားသခင်၏နိုင်ငံတော်၌ စားပွဲတွင် ထိုင်ကြလိမ့်မည်။-
29 Muitos virão do Oriente e do Ocidente, do Norte e do Sul e tomarão lugar à mesa no Reino de Deus.
30 ထိုအခါ နောက်ဆုံးသောသူတို့သည် ပထမဦးဆုံးဖြစ်ကြလိမ့်မည်။ ပထမဦးဆုံးသော သူတို့သည်လည်း နောက်ဆုံး ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
30 Porém, de fato, há últimos que serão primeiros, e primeiros que serão últimos.
31 ထိုအချိန်နာရီ၌ ဖာရီဇေးဦးအချို့သည် ချဉ်းကပ်ကြပြီးလျှင် ကိုယ်တော်အား ဤအရပ်မှကြွသွားပါ၊ အဘယ်ကြောင့် ဆိုသော် ဟေရုဒ်သည် ကိုယ်တော့်ကိုသတ်ရန် ကြံစည်နေပါသည်ဟု လျှောက်ကြ၏။-
31 Naquela mesma hora, alguns fariseus vieram para dizer a Jesus: — Vá embora daqui, porque Herodes quer matá-lo.
32 ကိုယ်တော်ကလည်း သင်တို့သွားကြ၍ ထိုမြေခွေးအား ပြောကြလော့။ ငါသည် ယနေ့နှင့် မနက်ဖြန်၌ နတ်ဆိုးများကို နှင်ထုတ်၍ အနာရောဂါများကိုပျောက်ကင်းစေမည်။ တတိယနေ့တွင် ငါ၏လုပ်ငန်းကို အဆုံးသတ်မည်။-
32 Ele, porém, lhes respondeu:
33 သို့သော်လည်း ယနေ့၊ မနက်ဖြန်နှင့် နောက်တစ်နေ့၌ ငါသည် ခရီးဆက်ရမည်။ အကြောင်းမူကား ပရောဖက်သည် ဂျေရုဆလင်မြို့ အပြင်၌ အသေခံရန်မဖြစ်နိုင်။-
33 Porém, preciso caminhar hoje, amanhã e depois, porque não se espera que um profeta morra fora de Jerusalém.
34 အိုဂျေရုဆလင်၊ ဂျေရုဆလင်၊ သင်သည် ပရောဖက်များကိုသတ်၍ သင့်ထံသို့ စေလွှတ်သောသူများကိုလည်း ကျောက်ခဲနှင့် ပေါက်သတ်ခဲ့၏။ ကြက်မသည် မိမိ၏ကြက်ငယ်များကို မိမိအတောင်အောက်၌ စုစည်းထားသကဲ့သို့ သင်၏သားသမီးများကို စုစည်းခြင်းငှာ အကြိမ်ကြိမ်ငါအလိုရှိခဲ့သော်လည်း သင်သည် လက်မခံခဲ့ပေ။-
34 — Jerusalém, Jerusalém! Você mata os profetas e apedreja os que lhe são enviados! Quantas vezes eu quis reunir os seus filhos, como a galinha ajunta os do seu próprio ninho debaixo das asas, mas vocês não quiseram!
35 ကြည့်လော့၊ သင်၏အိမ်သည် စွန့်ပစ်ခြင်းခံရလိမ့်မည်။ သင့်အား ငါဆိုသည်ကား ထာ၀ရဘုရားသခင်၏ နာမတော်၌ ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်းဟု သင်ဆိုသည့်အချိန်တိုင်အောင် သင်သည် ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
35 Eis que a casa de vocês ficará deserta. E eu afirmo a vocês que não me verão mais, até que venham a dizer: “Bendito o que vem em nome do Senhor!”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Lucas 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.