Lucas 12
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ထိုအချိန်၌ ထောင်ပေါင်းများစွာသော လူအစုအဝေးသည် စုရုံးလာကြသဖြင့် တစ်ဦးကိုတစ်ဦး နင်းမိကြလေ၏။ ထိုအချိန်တွင် ကိုယ်တော်သည် စတင်၍ တပည့်တော်တို့အား ပထမဦးစွာ မိန့်တော်မူသည်မှာ သူတော်ကောင်းယောင် ဆောင်ခြင်းတည်း ဟူသော ဖာရီဇေးဦးတို့၏ တဆေးကို သတိထားကြလော့။-
1 Enquanto isso ajuntou-se uma multidão de inúmeras pessoas, de tal modo que pisoteavam umas as outras, e ele começou a dizer primeiro aos seus discípulos: Cuidado com o fermento dos fariseus, que é a hipocrisia.
2 ထုတ်ဖော် ပြောခြင်းမခံရစေရန် ဖုံးကွယ်ထားနိုင်သောအရာမရှိ။ လူမသိစေရန် လျှို့ဝှက်ထားနိုင်သောအရာဟူ၍လည်းမရှိ။-
2 Porque não há nada encoberto que não seja revelado, nem oculto que não venha a se tornar conhecido.
3 ထို့ကြောင့် မှောင်မိုက်တွင် သင်တို့ပြောဆိုသော စကားများကို လူတို့သည် အလင်း၌ ကြားကြလိမ့်မည်။ အိပ်ခန်းအတွင်း၌ သင်တို့ တီးတိုးပြောဆိုသော အရာကို အိမ်ခေါင်မိုးပေါ်မှ ကြေညာကြလိမ့်မည်။
3 Porquanto tudo o que em trevas falastes, será ouvido na luz, e o que nos quartos tiverdes falado nos ouvidos, será proclamado dos telhados.
4 ငါ၏မိတ်ဆွေတို့၊ သင်တို့အား ငါဆိုသည်ကား ကိုယ်ခန္ဓာကိုသတ်ပြီး နောက်ထပ်မည်သို့မျှ မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။-
4 E eu vos digo meus amigos: Não tenham medo dos que matam o corpo e depois não têm mais o que fazer.
5 သို့သော် မည်သူ့ကို ကြောက်ရမည့်အကြောင်း သင်တို့အား ငါဖော်ပြမည်။ ကိုယ်ခန္ဓာကို သတ်ပြီး ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ မှန်ပေ၏။ သင်တို့အား ငါဆိုသည်ကား ထိုသူကို ကြောက်ကြလော့။-
5 Mas eu vos mostrarei a quem deveis temer: Temei aquele que, depois de matar, tem poder para lançar no inferno; sim, eu vos digo, a esse temei.
6 စာငှက်ငါးကောင်ကို ငွေအသပြာနှစ်ပဲဖြင့် ရောင်းချသည်မဟုတ်လော။ ယင်းတို့တွင် တစ်ကောင်မျှ ဘုရားသခင်၏ ရှေ့တော်တွင် မေ့လျော့ထားခြင်းမခံရ။-
6 Não se vendem cinco pardais por dois asses e nenhum deles fica esquecido diante de Deus?
7 သင်တို့၏ဦးခေါင်း၌ရှိသမျှသော ဆံပင်တို့ကိုပင်လျှင် ရေတွက်ထားလေပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်မြောက်မြားစွာတို့ထက် ပို၍ တန်ဖိုးရှိကြ၏။
7 Mas até os cabelos da vossa cabeça estão todos contados. Não temais, porque valeis mais do que muitos pardais.
8 သင်တို့အား ငါဆိုသည်ကား လူတို့ရှေ့၌ ငါ့ကို သိမှတ်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ ကောင်းကင်တမန် တော်တို့ရှေ့မှောက်၌ သိမှတ်ဝန်ခံမည်။-
8 Eu também vos digo: Todo aquele que me confessar diante dos homens, também o Filho do homem o confessará diante dos anjos de Deus;
9 လူတို့ရှေ့၌ ငါ့ကို ငြင်းပယ်သောသူသည်ကား ဘုရားသခင်၏ ကောင်းကင်တမန်တော်တို့ ရှေ့မှောက်၌ ငြင်းပယ်ခြင်း ခံရလိမ့်မည်။-
9 mas quem me negar diante dos homens, será negado diante dos anjos de Deus.
10 လူသားကို နှုတ်ဖြင့်ပြောဆို ပြစ်မှားသောသူသည် အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်။ သို့ရာတွင် ဝိညာဉ်တော်မြတ်ကို ထိခိုက်ပြစ်မှားသောသူမှာမူ အပြစ်မှခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။-
10 E a todo aquele que falar uma palavra contra o Filho do homem, lhe será perdoada, mas ao que blasfemar contra o Espírito Santo não lhe será perdoado.
11 လူတို့သည် သင်တို့ကို တရားဇရပ်များသို့လည်းကောင်း၊ အုပ်ချုပ်သူများနှင့် အစိုးရတို့၏ရှေ့မှောက်သို့လည်းကောင်း ခေါ်ဆောင်ကြသောအခါ သင်တို့သည် မည်သို့ပြန်ဖြေရမည်၊ မည်သည့်အရာအား ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။-
11 E, quando eles vos conduzirem às sinagogas, aos magistrados e poderosos, não cuideis de como ou o que respondereis, ou o que direis;
12 အကြောင်းမူကား ဝိညာဉ်တော်မြတ်သည် သင်တို့အား ထိုအချိန်နာရီ၌ မည်သည့်အရာကိုပြောဆိုရမည့် အကြောင်း သွန်သင်တော်မူလိမ့်မည်ဟု မိန့်တော်မူ၏။
12 porque o Espírito Santo vos ensinará na mesma hora o que deveis dizer.
13 ထိုအခါ လူအစုအဝေးထဲမှ လူတစ်ယောက်က ဆရာသခင်၊ အကျွန်ုပ်ကို အမွေခွဲဝေပေးပါရန် အကျွန်ုပ်၏ အစ်ကိုအား မိန့်ကြားတော်မူပါဟု လျှောက်လေ၏။-
13 E disse-lhe um da multidão: Mestre, fala ao meu irmão que ele divida comigo a herança.
14 သို့သော် ကိုယ်တော်က အချင်းလူ၊ မည်သူသည် ငါ့ကို သင်တို့အတွက် တရားသူကြီး၊ သို့မဟုတ် အမွေခွဲဝေသူအဖြစ် ခန့်ထားသနည်းဟု သူ့အား မိန့်တော်မူ၏။-
14 E ele lhe disse: Homem, quem me fez por juiz ou um divisor entre vós?
15 ထို့နောက် ကိုယ်တော်က လောဘစိတ်လွန်ကြူးခြင်းကို သတိပြု၍ ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက် သည် ဥစ္စာဓနကြွယ်၀ခြင်း၌ တည်သည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။
15 E ele disse-lhes: Acautelai-vos e guardai-vos da cobiça; porque a vida do homem não consiste na abundância das coisas que ele possui.
16 ထို့နောက် ကိုယ်တော်သည် ပုံဥပမာတစ်ခုကိုလည်း သူတို့အား ပြောပြတော်မူ၏။ တစ်ခါက သူဌေးတစ်ဦး၏ လယ်မြေသည် အသီးအနှံများစွာထွက်ရှိသဖြင့်၊-
16 E ele falou-lhes uma parábola, dizendo: A terra de um certo homem rico produziu com abundância;
17 သူက ငါမည်သို့ပြုရမည်နည်း။ အကြောင်းမူကား ငါ၏အသီးအနှံများကို သိုလှောင်ရန် ငါ၌နေရာမရှိဟု မိမိစိတ်ထဲတွင် ပြောဆိုလျက်နေ၏။-
17 e ele pensava consigo mesmo, dizendo: O que eu farei pois não tenho espaço para guardar os meus frutos?
18 ထို့နောက် သူက ဤသို့ငါပြုမည်။ ငါ၏ကျီများကို ဖြိုဖျက်၍ ပိုမိုကြီးမားသော ကျီများကို တည်ဆောက်လျက် ငါ၏ အသီးအနှံများနှင့် ဥစ္စာရှိသမျှတို့ကို ငါသိုလှောင်မည်။-
18 E ele disse: Eu farei isto: derrubarei os meus celeiros, e edificarei maiores, e ali eu colocarei todos os meus frutos e os meus bens.
19 ငါ၏ဝိညာဉ်ကိုလည်း အိုငါ့ဝိညာဉ်၊ သင်၌များပြားသော ဥစ္စာပစ္စည်းများကို နှစ်ပေါင်းများစွာအတွက် သိုလှောင်ထား လျက်ရှိပြီ။ စိတ်သက်သာစွာနေ၍ သောက်စားလျက် ပျော်ရွှင်စွာနေလော့ဟူ၍ ငါဆိုမည် ဟုတွေးတောလေ၏။-
19 E eu direi à minha alma: Alma, tens em depósito muitos bens, para muitos anos; descansa, come, bebe e alegra-te.
20 သို့သော် ဘုရားသခင်က အသင်လူမိုက်၊ ဤည၌ သင်၏ဝိညာဉ်ကို သင့်ထံမှ ပြန်တောင်းလိမ့်မည်။ ထိုအခါ သင်စုဆောင်းထားသော အရာများသည် မည်သူ့အတွက်ဖြစ်မည်နည်းဟု သူ့အား မိန့်တော် မူလေ၏။-
20 Mas Deus lhe disse: Tolo, esta noite te requisitarão tua alma, e de quem serão estas coisas que tu preparaste?
21 ထို့ကြောင့် မိမိအတွက် ဥစ္စာဘဏ္ဍာများကို စုဆောင်းသော်လည်း ဘုရားသခင်၏ ရှေ့တော်မှောက်၌ ပြည့်စုံကြွယ်၀ခြင်း မရှိသောသူသည် ဤသူကဲ့သို့ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
21 Assim é aquele que para si ajunta tesouros, e não é rico para com Deus.
22 ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်မှာ သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား သင်တို့ အသက်ရှင်ရန်အတွက် မည်သည့်အရာကို စားသောက်ရမည်ဟူ၍လည်းကောင်း၊ သင်တို့၏ ခန္ဓာကိုယ်အတွက် မည်သည့် အရာကို ဝတ်ဆင်ရမည်ဟူ၍လည်းကောင်း စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။-
22 E ele disse aos seus discípulos: Por isso eu vos digo: Não sejais cuidadosos quanto à vossa vida, pelo que haveis de comer, nem quanto ao vosso corpo, pelo que haveis de vestir.
23 အကြောင်းမူကား အသက်သည် အစာထက်မြတ်၏။ ခန္ဓာကိုယ်သည်လည်း အဝတ်ထက်မြတ်၏။-
23 A vida é mais do que a comida, e o corpo é mais do que o vestuário.
24 ကျီးကန်းတို့ကို ကြည့်ကြလော့။ ၎င်းတို့သည် မျိုးစေ့လည်းမကြဲ၊ အသီးအနှံများကိုလည်း မရိတ်သိမ်းကြ။ ၎င်းတို့၌ သိုလှောင်ရုံ၊ သို့မဟုတ် ကျီလည်း မရှိကြ။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို ကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်များထက် များစွာ တန်ဖိုးရှိကြသည်မဟုတ်လော။-
24 Considerai os corvos, que não semeiam, nem colhem, nem têm despensa, nem celeiro, e Deus os alimenta; quanto mais sois vós mais valiosos do que as aves?
25 သင်တို့တွင် မည်သူသည် စိုးရိမ်ကြောင့်ကြခြင်းဖြင့် မိမိ၏ဘ၀သက်တမ်းကို အနည်းငယ်ပို၍ ရှည်စေနိုင်သနည်း။-
25 E qual de vós poderá, com os seus cuidados, acrescentar um côvado à sua estatura?
26 ထို့ကြောင့် သင်တို့သည် ထိုကဲ့သို့သေးငယ်သောအမှုအရာကိုပင် မတတ်နိုင်ကြပါလျှင် အဘယ်ကြောင့် အခြားသော အမှုကိစ္စများ အတွက် စိုးရိမ်ပူပန်ကြသနည်း။
26 Então se não sois capazes de fazer as coisas mínimas, por que andais cuidadosos com o restante?
27 တောနှင်းပန်းများ မည်ကဲ့သို့ ရှင်သန်ကြီးထွားကြသည်ကို သတိပြုကြလော့။ ယင်းတို့သည် ချည်ငင်ခြင်းမရှိ၊ ရက်ကန်း လည်း မရက်ကြ။ သို့သော်လည်း သင်တို့အား ငါဆိုသည်ကား ဘုန်းကျက်သရေရှိလှသော ဆောလမွန်မင်းကြီးပင်လျှင် ဤနှင်းပန်းပင်ကဲ့သို့ လှပစွာ မဆင်မြန်းခဲ့ရချေ။-
27 Considerai os lírios, como eles crescem; eles não trabalham, nem fiam; e eu vos digo que Salomão em toda a sua glória não se vestiu como um deles.
28 ယနေ့ကွင်းပြင်ထဲတွင် အသက်ရှင်၍ မနက်ဖြန် မီးဖိုထဲသို့ပစ်ချခြင်းခံရသော မြက်ရိုင်းပင်များကို ဘုရားသခင်သည် ဤကဲ့သို့ အလှဆင်ပေးတော်မူလျှင် သင်တို့ကို ထိုထက်မက ပို၍ဆင်မြန်းပေးတော်မူမည် မဟုတ်လော။ ယုံကြည်ခြင်း အားနည်းသောသင်တို့၊-
28 Então se Deus assim veste a erva, que hoje está no campo e amanhã é lançada no forno, quanto mais vestirá a vós, Oh pequena fé?
29 မည်သည့်အရာကို စားသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။-
29 E não busqueis o que comer, ou o que beber, nem sejais de mente duvidosa.
30 အကြောင်းမူကား ကမ္ဘာပေါ် ရှိလူမျိုးအပေါင်းတို့သည် ဤအရာများကို ရှာဖွေတတ်ကြ၏။ သင်တို့သည် ဤအရာများကို လိုအပ်ကြောင်း သင်တို့၏အဖသိတော်မူ၏။-
30 Porque todas estas coisas as nações do mundo buscam; mas vosso Pai sabe que necessitais destas coisas.
31 သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ ထိုအခါ သင်တို့အား ဤအရာများကိုလည်း ပေးတော်မူလိမ့်မည်။
31 Mas antes, buscai o reino de Deus, e todas essas coisas vos serão acrescentadas.
32 သိုးစုငယ်၊ မကြောက်ရွံ့လေနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် နိုင်ငံတော်ကို သင်တို့အား ပေးရန် နှစ်သက် တော်မူ၏။-
32 Não temas, ó pequenino rebanho, porque é aprazível a vosso Pai dar-vos o reino.
33 သင်တို့ပိုင်ဆိုင်သော အရာများကို ရောင်းချ၍ ပေးကမ်းစွန့်ကြဲကြလော့။ မဟောင်းမဆွေးနိုင်သော ပိုက်ဆံအိတ်များ ကိုလည်းကောင်း၊ သူခိုးလည်း မခိုးနိုင်၊ ပိုးလည်းမဖောက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။-
33 Vendei o que tendes, e dai esmolas; provei para vós bolsas que não envelheçam, tesouro inesgotável nos céus, aonde não chega ladrão, nem a traça corrói.
34 အကြောင်းမူကား သင်၏ဥစ္စာဘဏ္ဍာ ရှိသောအရပ်၌ သင်၏စိတ်နှလုံးလည်းရှိ၏။
34 Porque onde estiver o vosso tesouro, aí estará também o vosso coração.
35 သင်တို့သည် ခါးပန်းစည်းလျက် ဆီမီးခွက်များကို ထွန်းညှိထားကြလော့။-
35 Estejam cingidos os vossos lombos, e as vossas lâmpadas acesas,
36 မိမိတို့၏သခင်သည် မင်္ဂလာဧည့်ခံပွဲမှပြန်လာ၍ တံခါးခေါက်သောအခါ ချက်ချင်းတံခါးဖွင့်ပေးနိုင်ရန် အလို့ငှာ သူလာမည့် အချိန်ကို စောင့်မျှော်နေကြသော အစေခံများကဲ့သို့ အသင့်ရှိကြလော့။-
36 e sede vós semelhantes aos homens que esperam que o seu senhor retorne das bodas, para que, quando ele vier e bater, eles possam abrir-lhe imediatamente.
37 သခင် ပြန်လာသောအခါ နိုးကြားစွာ စောင့်နေကြသည်ကို တွေ့ရသော အစေခံတို့သည် မင်္ဂလာရှိကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သခင်သည် မိမိ၏ခါးကိုစည်းလျက် ထိုအစေခံတို့ကို စားပွဲ၌ထိုင်စေပြီးမှ ကိုယ်တိုင်ကျွေးမွေးလိမ့်မည်။-
37 Abençoados são aqueles servos que, quando vier o senhor, os ache vigiando; em verdade eu vos digo que ele se cingirá, e os fará assentar à mesa, e, chegando-se, os servirá.
38 သခင်သည် ဒုတိယညၣ့်ယံ၌ဖြစ်စေ၊ တတိယ ညၣ့်ယံ၌ဖြစ်စေ ပြန်လာသောအခါ ၎င်းတို့အား ထိုကဲ့သို့ တွေ့ရလျှင် ထိုအစေခံတို့သည် မင်္ဂလာရှိကြ၏။-
38 E, se ele vier na segunda vigília, ou vier na terceira vigília, e assim os encontrar, abençoados são estes servos.
39 သူခိုးလာမည့်အချိန်ကို အိမ်ရှင်သိပါလျှင် မိမိအိမ်ကိုမဖောက် ထွင်းစေရန် သူသည် မအိပ်ဘဲ စောင့်နေလိမ့်မည်ဆိုသည်ကိုမူ သိမှတ်ကြလော့။-
39 Mas sabei isto: que se o dono da casa soubesse a que hora viria o ladrão, ele teria vigiado, e não teria permitido que arrombasse a sua casa.
40 သင်တို့သည်လည်း အဆင်သင့် ရှိကြလော့။ အကြောင်းမူကား သင်တို့ မမျှော်လင့်သော အချိန်၌ လူသားသည် ကြွလာ လိမ့်မည်ဟု မိန့်တော်မူ၏။
40 Por isso, estai vós prontos também; porque o Filho do homem vem em uma hora que não penseis.
41 ထိုအခါ ပေတရုက သခင်ဘုရား၊ ကိုယ်တော်သည် ဤပုံဥပမာကို တပည့်တော်တို့အတွက် မိန့်တော်မူပါသလော၊ သို့မဟုတ် လူအားလုံးတို့အတွက်လောဟု မေးလေ၏။-
41 Então, Pedro lhe disse: Senhor, dizes essa parábola a nós, ou também a todos?
42 ကိုယ်တော်ကလည်း အချိန်တန်လျှင် အိမ်သူအိမ်သားတို့ကို စားစရာများ တည်ခင်းကျွေးမွေးခြင်းငှာ ၎င်းတို့အပေါ် အုပ်ချုပ်ရန် အရှင်သခင်က ခန့်ထားသည့် သစ္စာရှိ၍ ပညာနှင့်ပြည့်စုံသော အစေခံသည် မည်သူနည်း။-
42 E disse o Senhor: Qual é, pois, o mordomo fiel e prudente, que seu senhor fará governante sobre os servos, para lhes dar uma porção de alimento na estação devida?
43 အရှင်သခင်ပြန်လာသောအခါ ဤသို့ဆောင်ရွက်နေသည်ကို တွေ့ရသော ထိုအစေခံသည် မင်္ဂလာရှိ၏။-
43 Abençoado é aquele servo, a quem o senhor, quando vier, achar fazendo assim.
44 သင်တို့အား ငါအမှန်ဆိုသည်ကား သူသည် ထိုအစေခံအား မိမိဥစ္စာ ပစ္စည်းအားလုံးကို စီမံကွပ်ကဲရန် အပ်နှင်းလိမ့်မည်။-
44 Em verdade eu vos digo que ele o fará governante sobre tudo o que ele tem.
45 သို့သော် ထိုအစေခံက ငါ၏အရှင်သခင်ပြန်လာရန် ကြန့်ကြာလိမ့်မည်ဟု မိမိကိုယ်မိမိပြောဆို၍ အစေခံယောက်ျား၊ မိန်းမတို့ကိုရိုက်နှက်လျက် သောက်စားမူးယစ်နေလေ၏။-
45 Mas, e se aquele servo disser em seu coração: O meu senhor atrasa em sua vinda, e começa a espancar os servos e servas, e a comer e a beber, e a embriagar-se,
46 သူမျှော်လင့်မထားသော နေ့ရက်နှင့် သူမသိသော အချိန်နာရီ၌ သူ၏အရှင်သခင်ပြန်ရောက်လာသောအခါ သူ့ကိုဒဏ်ခတ်၍ သစ္စာမဲ့သူတို့နှင့်အတူ နေရာချထားလိမ့်မည်။-
46 o senhor daquele servo virá em um dia quando ele não espera, e em uma hora quando ele não estiver ciente, e açoitá-lo-á severamente e irá designar-lhe sua porção com os incrédulos.
47 မိမိသခင်၏ အလိုဆန္ဒကိုသိသော်လည်း သူ၏အလိုအတိုင်း ပြင်ဆင်ဆောင်ရွက်မထားသော အစေခံသည် ပြင်းထန်စွာ ရိုက်နှက်ဒဏ်ပေးခြင်းခံရလိမ့်မည်။-
47 E o servo que sabia a vontade do seu senhor e não se preparou, nem fez conforme a sua vontade, será castigado com muitos açoites.
48 သို့သော် ရိုက်နှက်ခြင်း ပြစ်ဒဏ်ခံရမည့်အမှုကို မသိဘဲ ပြုမိသောအစေခံသည် အနည်းငယ် ရိုက်နှက်ခြင်းခံရလိမ့်မည်။ ကျေးဇူးများစွာ ခံစားရသောသူတိုင်းသည် များစွာပေးဆပ်ရလိမ့်မည်။ ထို့အတူ များစွာအပ်နှံထားခြင်းခံရသော သူထံမှ သူတို့သည် များစွာတောင်းခံကြလိမ့်မည်။
48 Mas, o que a não sabia e fez coisas dignas de açoites, será castigado com poucos açoites. Porque a quem quer que muito for dado, muito será requerido dele; e para o homem que muito foi confiado, muito mais se exigirá dele.
49 ကမ္ဘာမြေပေါ်တွင် မီးတောက်လောင်စေခြင်းငှာ ငါလာ၏။ ယခုပင် မီးတောက်လောင်နေစေရန် ငါအလိုရှိ လေပြီ။-
49 Eu vim para lançar fogo na terra; e o que eu quero, se este já está aceso?
50 ငါခံယူမည့်ဆေးကြောခြင်းတစ်ပါးရှိ၏။ ငါသည် ဤအမှုကို ပြီးစီးအောင်မဆောင်ရွက်ရမချင်း စိတ်ဒုက္ခ ခံစားရ၏။-
50 Mas eu tenho um batismo para ser batizado; e como estou afligido até que venha a cumprir-se!
51 ငါသည် ဤကမ္ဘာမြေပေါ်သို့ ငြိမ်းချမ်းသာယာခြင်းကို ယူဆောင်လာသည်ဟု သင်တို့ထင်မှတ်ကြသလော။ ထိုသို့မဟုတ်။ သင်တို့အား ငါဆိုသည်ကား စိတ်ဝမ်းကွဲပြားစေခြင်းငှာ ငါလာ၏။-
51 Suponhas que eu vim dar paz à terra? Eu vos digo: Não; mas antes divisão.
52 အကြောင်းမူကား ယခုအချိန်မှစ၍ လူငါးယောက်ရှိသောအိမ်ထောင်စု၌ စိတ်ဝမ်းကွဲပြားခြင်းရှိ၍ သုံးယောက်နှင့် နှစ်ယောက်၊ နှစ်ယောက်နှင့် သုံးယောက် တစ်ဖက်စီစိတ်ဝမ်းကွဲကြလိမ့်မည်။-
52 Porque, daqui em diante, estarão cinco divididos em uma casa; três contra dois, e dois contra três.
53 ဖခင်သည် သားကို၊ သားသည်လည်း ဖခင်ကို၊ မိခင်သည် သမီးကို၊ သမီးသည်လည်း သူမ၏မိခင်ကို၊ ယောက္ခမသည် မိမိ၏ချွေးမကို၊ ချွေးမသည်လည်း မိမိ၏ယောက္ခမကို ဆန့်ကျင်ဘက်ပြုကြလိမ့်မည်ဟု မိန့်တော်မူ၏။
53 O pai estará dividido contra o filho, e o filho contra o pai; a mãe contra a filha, e a filha contra a mãe; a sogra contra a sua nora, e a nora contra sua sogra.
54 ထို့နောက် ကိုယ်တော်သည် လူအစုအဝေးတို့ကိုလည်း မိန့်တော်မူသည်ကား အနောက်အရပ်မှ မိုးတိမ်တက်လာသည်ကို သင်တို့မြင်ကြသောအခါ မိုးရွာလိမ့်မည်ဟု သင်တို့ချက်ချင်း ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်၏။-
54 E ele também dizia à multidão: Quando vedes subir uma nuvem do oeste, imediatamente dizeis: Lá vem chuva; e assim acontece.
55 တောင်လေ တိုက်ခတ်လာသည်ကို သင်တို့မြင်ကြသောအခါ နေအလွန်ပူလိမ့်မည်ဟု သင်တို့ ပြောတတ်ကြ၏။ ထိုအတိုင်းလည်းဖြစ်လေ၏။-
55 E quando vedes soprar o vento sul, dizeis: Haverá calor; e assim acontece.
56 အသင် သူတော်ကောင်းယောင်ဆောင်သူတို့၊ သင်တို့သည် ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ အသွင်အပြင်ကို သိမြင် ပြောဆိုနိုင်ကြပါလျက် ယခုခေတ်ကာလကို အဘယ်ကြောင့်ပိုင်းခြား၍မသိနိုင်ကြသနည်း။
56 Hipócritas, podeis discernir a face da terra e do céu; mas, como não discernis este tempo?
57 မှန်ကန်သောအမှုအရာကို အဘယ်ကြောင့် သင်တို့ကိုယ်တိုင် မဆုံးဖြတ်ကြသနည်း။-
57 Sim, e por que vós mesmos não julgam o que é certo?
58 သင်သည် သင်၏ တရားပြိုင်ဘက်နှင့်အတူ တရားသူကြီးထံသို့သွားနေစဉ် သူနှင့်ကြေအေးမှုရအောင် လမ်းတွင် ကြိုးပမ်း အားထုတ်လော့။ ထိုသို့မပြုလျှင် သူသည် သင့်ကို တရားသူကြီးထံသို့ ဆွဲ၍ခေါ်သွားသဖြင့် တရားသူကြီးသည် သင့်ကို မင်း မှုထမ်း၏ လက်သို့အပ်လိမ့်မည်။ မင်းမှုထမ်းသည်လည်း သင့်ကို ထောင်ထဲ၌ ချထားလိမ့်မည်။-
58 Porque, quando fores com o teu adversário ao magistrado, esforça-te para pôr em ordem o assunto com ele no caminho, para que ele não te arraste ao juiz, e o juiz te entregue ao oficial, e o oficial te lance na prisão.
59 သင့်အား ငါဆိုသည်ကား သင်ပေးဆပ်ရမည့်ငွေကို အကုန်အစင်မပေးမချင်း သင်သည် ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
59 Eu te digo que não sairás de lá enquanto não pagares o último ceitil.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.