Lucas 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ကိုယ်တော်သည် တစ်နေရာ၌ ဆုတောင်းပတ္ထနာ ပြုလျက်ရှိတော်မူ၏။ ဆုတောင်း၍ ပြီးဆုံးသောအခါ ကိုယ်တော်၏ တပည့်တော်တစ်ဦးက သခင်ဘုရား၊ ယောဟန်သည် သူ၏တပည့်များကို ဆုတောင်းရန် သင်ပေးသကဲ့သို့ တပည့်တော်တို့ ကိုလည်း သင်ပေးတော်မူ ပါဟု လျှောက်ထားလေ၏။-
1 Um dia, num certo lugar, estava Jesus a rezar. Terminando a oração, disse-lhe um de seus discípulos: Senhor, ensina-nos a rezar, como também João ensinou a seus discípulos.
2 ကိုယ်တော်ကလည်း သင်တို့ဆုတောင်းသောအခါ ရွတ်ဆိုကြရမည်ကား၊ အိုအဖ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏နိုင်ငံတော်သည် ရောက်ပါ စေသော်။-
2 Disse-lhes ele, então: Quando orardes, dizei: Pai, santificado seja o vosso nome; venha o vosso Reino;
3 တစ်နေ့တာ လိုအပ်သော အစားအစာကို အကျွန်ုပ်တို့အား နေ့စဉ်ပေးသနားတော်မူပါ။-
3 dai-nos hoje o pão necessário ao nosso sustento;
4 အကျွန်ုပ်တို့ကို ထိခိုက်ကျူးလွန်သော သူတို့၏အပြစ်ကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ နှောင့်ယှက်ခြင်း၌ အကျွန်ုပ်တို့ကို ကျရောက်စေတော်မမူပါနှင့် ဟူ၍ရွတ်ဆိုကြလော့ဟု သူတို့အား မိန့်တော်မူ၏။
4 perdoai-nos os nossos pecados, pois também nós perdoamos àqueles que nos ofenderam; e não nos deixeis cair em tentação.
5 ထို့နောက် ကိုယ်တော်က သင်တို့တွင် တစ်စုံတစ်ယောက်၌ မိတ်ဆွေရှိ၍ သူသည် ထိုမိတ်ဆွေထံသို့ ညသန်းခေါင်ယံအချိန်၌ သွားပြီးလျှင် အဆွေ၊ အကျွန်ုပ်အား ပေါင်မုန့်သုံးလုံးချေးငှားပါ။-
5 Em seguida, ele continuou: Se alguém de vós tiver um amigo e for procurá-lo à meia-noite, e lhe disser: Amigo, empresta-me três pães,
6 အကြောင်းမူကား အကျွန်ုပ်၏ ဧည့်သည်တစ်ယောက်သည် ခရီးဝေးမှရောက်လာ၍ အကျွန်ုပ်၌ သူ့ကို တည်ခင်းဧည့်ခံစရာ မရှိပါဟုဆိုလျှင်၊-
6 pois um amigo meu acaba de chegar à minha casa, de uma viagem, e não tenho nada para lhe oferecer;
7 အိမ်ရှင်က ငါ့ကို မနှောင့်ယှက်ပါနှင့်။ ယခုတံခါးပိတ်ထားလေပြီ။ ငါ၏ သားသမီးတို့သည်လည်း ငါနှင့်အတူ အိပ်ရာဝင်ကြ ကုန်ပြီ။ ငါသည် အိပ်ရာမှထ၍ သင့်အား မည်သည့်အရာကိုမျှ မပေးနိုင်ပါဟု အိမ်အတွင်းမှပြန်ဖြေလိမ့်မည်။-
7 e se ele responder lá de dentro: Não me incomodes; a porta já está fechada, meus filhos e eu estamos deitados; não posso levantar-me para te dar os pães;
8 သို့သော် သင်တို့အား ငါဆိုသည်ကား ထိုသူသည် သူ၏မိတ်ဆွေဖြစ်ခြင်းကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ သူ့ကို တစ်စုံတစ်ခုပေးမည်မဟုတ်သော်လည်း ထိုသူ၏ ထပ်တလဲလဲတောင်းခံမှုကြောင့် အိမ်ရှင်သည် အိပ်ရာမှထ၍ ထိုသူအလိုရှိရာ မှန်သမျှကို သူ့အား ပေးလိမ့်မည်။-
8 eu vos digo: no caso de não se levantar para lhe dar os pães por ser seu amigo, certamente por causa da sua importunação se levantará e lhe dará quantos pães necessitar.
9 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား တောင်းကြလော့။ တောင်းလျှင် သင်တို့အား ထိုအရာကိုပေးလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ ခေါက်ကြလော့။ ခေါက်လျှင် သင်တို့အား ဖွင့်ပေးလိမ့်မည်။-
9 E eu vos digo: pedi, e dar-se-vos-á; buscai, e achareis; batei, e abrir-se-vos-á.
10 အကြောင်းမူကား တောင်းသောသူတိုင်းသည် ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သော သူအားလည်း ဖွင့်ပေးလိမ့်မည်။-
10 Pois todo aquele que pede, recebe; aquele que procura, acha; e ao que bater, se lhe abrirá.
11 သင်တို့တွင် မည်သည့်ဖခင်သည် မိမိ၏သားက ငါးကိုတောင်းလျှင် မြွေကိုပေးမည်နည်း။-
11 Se um filho pedir um pão, qual o pai entre vós que lhe dará uma pedra? Se ele pedir um peixe, acaso lhe dará uma serpente?
12 သားဖြစ်သူက ကြက်ဥကိုတောင်းလျှင် မည်သည့်ဖခင်သည် ကင်းမြီးကောက်ကိုပေးမည်နည်း။-
12 Ou se lhe pedir um ovo, dar-lhe-á porventura um escorpião?
13 သို့ဖြစ်၍ ဆိုးမိုက်သောသင်တို့ပင်လျှင် ကောင်းသောအရာများကို သင်တို့၏သားသမီးများအား ပေးတတ်ကြပါက ကောင်းကင်ဘုံရှင်၊ သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သူတို့အား ဝိညာဉ်တော်မြတ်ကို ပို၍ပင် ပေးတော်မူမည် မဟုတ်လောဟု မိန့်တော်မူ၏။
13 Se vós, pois, sendo maus, sabeis dar boas coisas a vossos filhos, quanto mais vosso Pai celestial dará o Espírito Santo aos que lho pedirem.
14 တစ်ချိန်တွင် ကိုယ်တော်သည် ဆွံ့အစေသော နတ်ဆိုးကိုနှင်ထုတ်တော်မူသဖြင့် နတ်ဆိုးထွက်သွားသောအခါ ဆွံ့အသောသူသည် စကားပြန်ပြောနိုင်လေ၏။ လူအစုအဝေးတို့သည်လည်း အံ့ဩကြ၏။-
14 Jesus expelia um demônio que era mudo. Tendo o demônio saído, o mudo pôs-se a falar e a multidão ficou admirada.
15 သို့သော် ထိုသူတို့တွင် အချို့က သူသည် နတ်ဆိုးတို့၏အကြီးအကဲ ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ခြင်း ဖြစ်သည်ဟု ဆိုကြ၏။-
15 Mas alguns deles disseram: Ele expele os demônios por Beelzebul, príncipe dos demônios.
16 အခြားသော သူတို့ကလည်း ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာ ကိုတောင်းခံကြ၏။-
16 E para pô-lo à prova, outros lhe pediam um sinal do céu.
17 သို့သော် ကိုယ်တော်သည် သူတို့၏အတွင်းစိတ်ကိုသိသဖြင့် သူတို့အား မိန့်တော်မူသည်ကား မည်သည့်တိုင်းနိုင်ငံမဆို မိမိအတွင်း၌ စိတ်ဝမ်းကွဲ ပြားခြင်းရှိလျှင် ပြိုကွဲပျက်စီးလိမ့်မည်။ အိမ်ထောင်စုသည်လည်း အတွင်း၌ မသင့်မတင့်ဖြစ်ပါက ပြိုကွဲပျက်စီးလိမ့်မည်။-
17 Penetrando nos seus pensamentos, disse-lhes Jesus: Todo o reino dividido contra si mesmo será destruído e seus edifícios cairão uns sobre os outros.
18 စာတန်သည်လည်း မိမိကိုယ်မိမိဆန့်ကျင်၍ ကွဲပြားလျှင် သူ၏နိုင်ငံသည် မည်ကဲ့သို့ ရပ်တည်နိုင်ပါမည်နည်း။ အကြောင်းမူကား ငါသည် ဘဲလ်ဇေဘုလ်ကို အမှီပြု၍ နတ်ဆိုးများကိုနှင်ထုတ်သည်ဟု သင်တို့ဆိုကြ၏။-
18 Se, pois, Satanás está dividido contra si mesmo, como subsistirá o seu reino? Pois dizeis que expulso os demônios por Beelzebul.
19 အကယ်၍ ငါသည် ဘဲလ်ဇေဘုလ်ကိုအမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်လျှင် သင်တို့၏လူများသည် မည်သူ့ကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သောသူများ ဖြစ်ကြလိမ့်မည်။-
19 Ora, se é por Beelzebul que expulso os demônios, por quem o expulsam vossos filhos? Por isso, eles mesmos serão os vossos juízes!
20 သို့ရာတွင် အကယ်၍ ငါသည် ဘုရားသခင်၏ လက်ညှိုးတော်အားဖြင့် နတ်ဆိုးများကို နှင်ထုတ်သည်ဖြစ်လျှင် ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အပေါ် ကျရောက်လေပြီ။-
20 Mas se expulso os demônios pelo dedo de Deus, certamente é chegado a vós o Reino de Deus.
21 ခွန်အားကြီးသူတစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် မိမိအိမ်ကိုစောင့်ရှောက်လျှင် သူ၏ဥစ္စာပစ္စည်းတို့သည် လုံခြုံစွာရှိ၏။-
21 Quando um homem forte guarda armado a sua casa, estão em segurança os bens que possui.
22 သို့သော် သူ့ထက် ခွန်အားကြီးသူပေါ်လာသောအခါ သူ့ကို တိုက်ခိုက်အနိုင်ယူ၍ သူအားထားသော လက်နက်တန်ဆာတို့ကို ယူပြီးလျှင် သိမ်းဆည်းရမိသောပစ္စည်းတို့ကို ခွဲဝေယူလိမ့်မည်။-
22 Mas se sobrevier outro mais forte do que ele e o vencer, este lhe tirará todas as armas em que confiava, e repartirá os seus despojos.
23 ငါ့ဘက်၌ မရှိသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူ မစုသိမ်းသောသူသည် ကြဲဖြန့်သူဖြစ်၏။
23 Quem não está comigo, está contra mim; quem não recolhe comigo, espalha.
24 ညစ်ညူးသောနတ်ဆိုးသည် လူတစ်ဦးထံမှထွက်သွား၍ ခြောက်သွေ့သော လွင်ပြင်များတွင် လှည့်လည်ပြီး နားခိုရန် နေရာရှာသော်လည်း မတွေ့သဖြင့် ငါထွက်လာခဲ့သော အိမ်သို့ပြန်သွားမည်ဟု ဆိုလေ၏။-
24 Quando um espírito imundo sai do homem, anda por lugares áridos, buscando repouso; não o achando, diz: Voltarei à minha casa, donde saí.
25 သူပြန်လာသောအခါ ထိုအိမ်မှာ ရှင်းလင်းပြင်ဆင်ထားသည်ကို တွေ့ရလေ၏။-
25 Chegando, acha-a varrida e adornada.
26 ထိုအခါ သူသည် သွား၍ မိမိထက်ဆိုးသွမ်းသော နတ်ဆိုးခုနစ်ကောင်ကို ခေါ်ဆောင်လာပြီးလျှင် သူတို့သည် ထိုလူ၌ ဝင်၍နေကြ၏။ ဤသို့ဖြင့် ထိုလူ၏ နောက်ဆုံးအဖြစ်သည် ယခင်အဖြစ်ထက် ပို၍ဆိုးလာသည်ဟု မိန့်တော်မူ၏။
26 Vai então e toma consigo outros sete espíritos piores do que ele e entram e estabelecem-se ali. E a última condição desse homem vem a ser pior do que a primeira.
27 ကိုယ်တော်သည် ဤအကြောင်းကိုမိန့်တော်မူစဉ် လူအစုအဝေးထဲမှ အမျိုးသမီးတစ်ဦးသည် အသံကိုမြှင့်၍ ကိုယ်တော့်ကို လွယ်သောဝမ်းနှင့် ကိုယ်တော်စို့တော် မူသောသားမြတ်တို့သည် မင်္ဂလာရှိကြ၏ဟု ကိုယ်တော်အား လျှောက်လေ၏။-
27 Enquanto ele assim falava, uma mulher levantou a voz do meio do povo e lhe disse: Bem-aventurado o ventre que te trouxe, e os peitos que te amamentaram!
28 သို့သော် ကိုယ်တော်က အမှန်ဆိုရလျှင် ဘုရားသခင်၏နှုတ်တော်ထွက်စကားကို ကြားနာ၍ လိုက်နာကျင့်ကြံသော သူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။
28 Mas Jesus replicou: Antes bem-aventurados aqueles que ouvem a palavra de Deus e a observam!
29 လူအစုအဝေးသည် ပို၍များပြားလာသောအခါ ကိုယ်တော်သည် စတင်၍မိန့်တော်မူသည်ကား ဤလူမျိုးဆက်သည် ဆိုးညစ်သော လူမျိုးဆက်ဖြစ်၍ နိမိတ်လက္ခဏာကို တောင်း၏။ သို့သော် ယောန၏ နိမိတ်လက္ခဏာ မှတစ်ပါး မည်သည့် နိမိတ်လက္ခဏာကိုမျှ သူတို့အား ပေးလိမ့်မည်မဟုတ်။-
29 Afluía o povo e ele continuou: Esta geração é uma geração perversa; pede um sinal, mas não se lhe dará outro sinal senão o sinal do profeta Jonas.
30 အကြောင်းမူကား ယောနသည် နီးနေဝေမြို့သားတို့အတွက် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ လူသားသည်လည်း ဤလူမျိုးဆက်အတွက် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။-
30 Pois, como Jonas foi um sinal para os ninivitas, assim o Filho do Homem o será para esta geração.
31 တရားစီရင်တော်မူသောနေ့၌ တောင်ဘက်တိုင်းပြည်၏ဘုရင်မသည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်လိမ့်မည်။ အကြောင်းမူကား သူမသည် ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကိုကြားနာရန် ကမ္ဘာအစွန်းမှလာရောက်ခဲ့၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ဆောလမွန်မင်းကြီးထက် ကြီးမြတ်သောသူ ရှိ၏။-
31 A rainha do meio-dia levantar-se-á no dia do juízo para condenar os homens desta geração, porque ela veio dos confins da terra ouvir a sabedoria de Salomão! Ora, aqui está quem é mais que Salomão.
32 တရားစီရင်တော်မူသောနေ့၌ နီးနေဝေမြို့သားတို့သည် ထ၍ ဤလူမျိုးဆက်ကို အပြစ်စီရင်ကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောခြင်းကြောင့် နောင်တရခဲ့ကြ၏။ ကြည့်လော့၊ ဤနေရာတွင်မူကား ယောနထက် ကြီးမြတ်သော သူရှိ၏။
32 Os ninivitas levantar-se-ão no dia do juízo para condenar os homens desta geração, porque fizeram penitência com a pregação de Jonas. Ora, aqui está quem é mais do que Jonas.
33 မည်သူကမျှ ဆီမီးကိုထွန်းပြီးလျှင် ကွယ်ရာ၌လည်းကောင်း၊ တောင်းဇလားအောက်၌လည်းကောင်း ထားလေ့မရှိ။ အိမ်အတွင်းသို့ ဝင်လာသောသူများ အလင်းကို မြင်နိုင်ရန် ဆီမီးကို မီးတင်ခုံပေါ်၌သာ တင်ထားလေ့ရှိကြ၏။-
33 Ninguém acende uma lâmpada e a põe em lugar oculto ou debaixo da amassadeira, mas sobre um candeeiro, para alumiar os que entram.
34 သင်၏မျက်စိသည် သင့်ခန္ဓာကိုယ်၏ ဆီမီးဖြစ်၏။ သင်၏မျက်စိအမြင်ကြည်လင်လျှင် သင်၏ခန္ဓာကိုယ် တစ်ခုလုံး အလင်းဖြင့် ပြည့်၀လိမ့်မည်။ သို့သော် သင်၏ မျက်စိအမြင် မကြည်လင်လျှင် သင်၏ခန္ဓာကိုယ်တစ်ခုလုံး မှောင်မိုက်ဖြင့် ဖုံးလွှမ်းလိမ့်မည်။-
34 O olho é a lâmpada do corpo. Se teu olho é são, todo o corpo será bem iluminado; se, porém, estiver em mau estado, o teu corpo estará em trevas.
35 သို့ဖြစ်၍ သင်၌ရှိသောအလင်းသည် မှောင်မိုက်မဖြစ်စေခြင်းငှာ သတိပြုလော့။-
35 Vê, pois, que a luz que está em ti não sejam trevas.
36 သို့ဖြစ်၍ သင်၏ကိုယ်ခန္ဓာတစ်ခုလုံး အလင်းနှင့်ပြည့်လျက် မှောင်မိုက်လုံး၀မရှိပါလျှင် ဆီမီးအလင်းရောင်သည် သင့်ကို အလင်းပေးသကဲ့သို့ သင့်ခန္ခာကိုယ်တစ်ခု လုံး ပြည့်၀စွာ ထွန်းလင်းတောက်ပလိမ့်မည်ဟု မိန့်တော်မူ၏။
36 Se, pois, todo o teu corpo estiver na luz, sem mistura de trevas, ele será inteiramente iluminado, como sob a brilhante luz de uma lâmpada.
37 ဤသို့ ကိုယ်တော်မိန့်တော်မူစဉ် ဖာရီဇေးဦးတစ်ဦးသည် ကိုယ်တော့်ကို မိမိနှင့်အတူ ညစာသုံးဆောင်ရန် ဖိတ်သဖြင့် ကိုယ်တော်သည် ကြွဝင်၍ စားပွဲ၌ထိုင်တော်မူ ၏။-
37 Enquanto Jesus falava, pediu-lhe um fariseu que fosse jantar em sua companhia. Ele entrou e pôs-se à mesa.
38 ကိုယ်တော်သည် အစာမစားမီ ရှေးဦးစွာ ဆေးကြောသန့်စင်ခြင်း မပြုသည်ကို မြင်သောအခါ ထိုဖာရီဇေးဦးသည် အံ့ဩလေ၏။-
38 Admirou-se o fariseu de que ele não se tivesse lavado antes de comer.
39 ကိုယ်တော်ကလည်း သူ့အား မိန့်တော်မူသည်ကား သင်တို့ဖာရီဇေးဦးများသည် ခွက်ဖလားနှင့် ပန်းကန်တို့၏ အပြင်ပိုင်းကို ဆေးကြောသန့်စင်ကြ၏။ သို့သော် သင်တို့၏အတွင်းစိတ်၌မူကား လုယက်ခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်းတို့ဖြင့် ပြည့်နေကြ၏။-
39 Disse-lhe o Senhor: Vós, fariseus, limpais o que está por fora do vaso e do prato, mas o vosso interior está cheio de roubo e maldade!
40 အသင်လူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကို ဖန်ဆင်းသောအရှင် သည် အတွင်းစိတ်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။-
40 Insensatos! Quem fez o exterior não fez também o conteúdo?
41 သို့ဖြစ်၍ သင်တို့အတွင်းစိတ်၌ ရှိသည့်အတိုင်း ပေးကမ်းစွန့်ကြဲခြင်းအမှုကို ပြုကြလော့။ ထိုအခါ အရာရာတိုင်းသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
41 Dai antes em esmola o que possuís, e todas as coisas vos serão limpas.
42 သို့သော် အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ ရူရွက်နှင့် အရွက်ရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့လှူကြလျက် တရားမျှတခြင်းနှင့် ဘုရားသခင်အား ချစ်ခြင်းတို့ကိုမူ လျစ်လျူရှုထားကြ၏။ သင်တို့သည် အခြားသောအရာများကို လစ်ဟင်းခြင်းမရှိစေဘဲ ဤအချက်များကိုလည်း လိုက်နာကျင့်ကြံအပ်သည်။-
42 Ai de vós, fariseus, que pagais o dízimo da hortelã, da arruda e de diversas ervas e desprezais a justiça e o amor de Deus. No entanto, era necessário praticar estas coisas, sem contudo deixar de fazer aquelas outras coisas.
43 အသင်ဖာရီဇေးဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် တရားဇရပ်များ၌ အကောင်းဆုံး နေရာများကိုလည်းကောင်း၊ ဈေး၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း နှစ်သက်ကြ၏။-
43 Ai de vós, fariseus, que gostais das primeiras cadeiras nas sinagogas e das saudações nas praças públicas!
44 သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အမှတ်အသားမရှိသည့် သခင်္ျိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းတို့ကို မသိသဖြင့် အပေါ်မှ ဖြတ်လျှောက်သွားကြ၏ဟု မိန့်တော်မူ၏။
44 Ai de vós, que sois como os sepulcros que não aparecem, e sobre os quais os homens caminham sem o saber.
45 ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးက ဆရာသခင်၊ ကိုယ်တော်သည် ဤသို့ဆိုခြင်းအားဖြင့် အကျွန်ုပ်တို့ကိုလည်း ပြစ်တင်ရှုတ်ချရာ ရောက်ပါသည်ဟု လျှောက်လေ၏။-
45 Um dos doutores da lei lhe disse: Mestre, falando assim também a nós outros nos afrontas.
46 ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်ကား အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်း အမင်္ဂလာရှိကြ၏။ အကြောင်း မူကား သင်တို့သည် ထမ်းရန် ခက်ခဲသောဝန်ထုပ်များကို လူတို့အပေါ် တင်ကြလျက် သင်တို့ ကိုယ်တိုင်ကမူ ထိုဝန်ထုပ်များကို လက်ဖျားနှင့်ပင် မထိကြ။-
46 Ele respondeu: Ai também de vós, doutores da lei, que carregais os homens com pesos que não podem levar, mas vós mesmos nem sequer com um dedo vosso tocais os fardos.
47 သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် သင်တို့၏ ဘိုးဘေးများ သတ်ဖြတ်ခဲ့သော ပရောဖက်တို့၏ သခင်္ျိုင်းဂူများကို တည်ဆောက်ကြ၏။-
47 Ai de vós, que edificais sepulcros para os profetas que vossos pais mataram.
48 ဤသို့ဖြင့် သင်တို့သည် သင်တို့ဘိုးဘေးတို့၏ လုပ်ရပ်များကိုသဘောတူ၍ ယင်းတို့ကို သက်သေခံသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် ပရောဖက်များကို သတ်ဖြတ်ကြ၍ သင်တို့သည် ထိုသူတို့၏ သခင်္ျိုင်းများကို တည်ဆောက်ကြ၏။-
48 Vós servis assim de testemunhas das obras de vossos pais e as aprovais, porque em verdade eles os mataram, mas vós lhes edificais os sepulcros.
49 ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာတော်က မိန့်ဆိုသည်ကား ငါသည် သူတို့ထံသို့ ပရောဖက်များနှင့် တမန်တော်များကို စေလွှတ်မည်။ သူတို့မူကား အချို့ကိုသတ်ဖြတ်၍ အချို့ကို ညှဉ်းပန်းနှိပ်စက်ကြလိမ့်မည်ဟူ၍တည်း။-
49 Por isso, também disse a sabedoria de Deus: Enviar-lhes-ei profetas e apóstolos, mas eles darão a morte a uns e perseguirão a outros.
50 ဤသို့ဖြင့် ကမ္ဘာတည်ချိန်မှ စ၍ သွန်းလောင်းခဲ့ကြရသော ပရောဖက်အပေါင်းတို့၏ သွေးအတွက် ဤလူမျိုးဆက်သည် ပေးဆပ်ရလိမ့်မည်။-
50 E assim se pedirá conta a esta geração do sangue de todos os profetas derramado desde a criação do mundo,
51 သင်တို့အား ငါအမှန်ဆိုသည်ကား အာဘေးလ်၏သွေးမှစ၍ ယဇ်ပလ္လင်နှင့် သန့်ရှင်းသောဌာနအကြား၌ အသက် ဆုံးရှုံးရသော ဇခါရိယ၏ သွေးတိုင်အောင် ဤလူမျိုးဆက် သည် ပေးဆပ်ရလိမ့်မည်။-
51 desde o sangue de Abel até o sangue de Zacarias, que foi assassinado entre o altar e o templo. Sim, declaro-vos que se pedirá conta disso a esta geração!
52 အသင်ကျမ်းတတ်ဆရာတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့သည် အသိပညာ၏ တံခါးသော့ကို သိမ်းယူထားကြပြီး သင်တို့ကိုယ်တိုင်လည်းမဝင်ကြ၊ ဝင်လိုသောသူများကိုလည်း သင်တို့ဟန့်တားကြပြီဟု မိန့်တော်မူ၏။
52 Ai de vós, doutores da lei, que tomastes a chave da ciência, e vós mesmos não entrastes e impedistes aos que vinham para entrar.
53 ထိုအရပ်မှ ကိုယ်တော်ကြွသွားတော်မူသောအခါ ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ကိုယ်တော်အား စတင်၍ အပြင်းအထန် ဆန့်ကျင်လာကြပြီး များစွာသောအကြောင်းအရာများကို ပြောဆိုစေရန် နှိုးဆွကြ၏။-
53 Depois que Jesus saiu dali, os escribas e fariseus começaram a importuná-lo fortemente e a persegui-lo com muitas perguntas,
54 ဤသို့ဖြင့် သူတို့သည် ကိုယ်တော်မိန့်တော်မူသည့် စကားများဖြင့် ကိုယ်တော့်ကိုအပြစ်ရှာနိုင်ရန် ချောင်းမြောင်းနေကြ၏။
54 armando-lhe desta maneira ciladas, e procurando surpreendê-lo nalguma palavra de sua boca.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.