Lucas 10
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 ထို့နောက် ကိုယ်တော်သည် အခြားသောတပည့်တော် အပါးခုနစ်ဆယ်တို့ကို ရွေးကောက်ပြီးလျှင် ကိုယ်တော်တိုင် ကြွရောက်မည့် မြို့ရွာအသီးသီးသို့ နှစ်ပါးစီကြိုတင် စေလွှတ်တော်မူ၏။-
1 Depois disto, o Senhor designou outros setenta; e os enviou de dois em dois, para que o precedessem em cada cidade e lugar aonde ele estava para ir.
2 ထိုအခါ ကိုယ်တော်က သူတို့အား မိန့်တော်မူသည်မှာ ရိတ်သိမ်းစရာအသီးအနှံ များစွာရှိ၏။ လုပ်ဆောင်သော သူတို့မူကား နည်းကြ၏။ ထို့ကြောင့် မိမိ၏လယ်ကွင်းထဲသို့ လုပ်သားများကို စေလွှတ်မည့်အကြောင်း လယ်ပိုင်ရှင်ကို တောင်းလျှောက် ကြလော့။-
2 E lhes fez a seguinte advertência: A seara é grande, mas os trabalhadores são poucos. Rogai, pois, ao Senhor da seara que mande trabalhadores para a sua seara.
3 သွားကြလော့။ ဝံပုလွေတို့အလယ်၌ သိုးငယ်များကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။-
3 Ide! Eis que eu vos envio como cordeiros para o meio de lobos.
4 ပိုက်ဆံအိတ်ကို လည်းကောင်း၊ လွယ်အိတ်ကိုလည်းကောင်း၊ ဖိနပ်ကိုလည်းကောင်း သင်တို့ယူဆောင်မသွားကြနှင့်။ လမ်း၌ လည်း မည်သူ့ကိုမျှ နှုတ်မဆက်ကြနှင့်။-
4 Não leveis bolsa, nem alforje, nem sandálias; e a ninguém saudeis pelo caminho.
5 မည်သည့်အိမ်သို့မဆို သင်တို့ဝင်ကြသောအခါ ဤအိမ်၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု ဦးစွာနှုတ်ဆက်ကြလော့။-
5 Ao entrardes numa casa, dizei antes de tudo: Paz seja nesta casa!
6 ငြိမ်းချမ်းသာယာခြင်းကို လိုလားသောသူသည် ထိုနေရာ၌ရှိလျှင် သင်တို့၏ငြိမ်းချမ်းသာယာခြင်းသည် သူ့အပေါ်သို့ သက် ရောက်လိမ့်မည်။ သို့မဟုတ်လျှင် ၎င်းသည် သင်တို့ထံသို့ ပြန်လာလိမ့်မည်။-
6 Se houver ali um filho da paz, repousará sobre ele a vossa paz; se não houver, ela voltará sobre vós.
7 သင်တို့သည် ထိုအိမ်တွင်နေပြီးလျှင် သူတို့တည်ခင်းကျွေးမွေးသမျှကို စားသောက်ကြလော့။ အကြောင်းမူကား အလုပ်လုပ်သော သူသည် မိမိ၏လုပ်အားခကို ရထိုက်၏။ တစ်အိမ်မှတစ်အိမ်သို့ မရွှေ့ပြောင်းကြနှင့်။-
7 Permanecei na mesma casa, comendo e bebendo do que eles tiverem; porque digno é o trabalhador do seu salário. Não andeis a mudar de casa em casa.
8 မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကိုလက်ခံကြလျှင် သင်တို့ရှေ့တွင် တည်ခင်းကျွေးမွေးသမျှကို သင်တို့စားကြလော့။-
8 Quando entrardes numa cidade e ali vos receberem, comei do que vos for oferecido.
9 ထိုအရပ်၌ရှိသော လူနာများကို ရောဂါပျောက်ကင်းစေကြ၍ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့နှင့်နီးလာပြီဟု သူတို့ အား ဆိုကြလော့။-
9 Curai os enfermos que nela houver e anunciai-lhes: A vós outros está próximo o reino de Deus.
10 သို့ရာတွင် မည်သည့်မြို့သို့မဆို သင်တို့ဝင်ကြ၍ လူတို့သည် သင်တို့ကို လက်မခံကြလျှင် လမ်းများပေါ်သို့ထွက်ပြီး ဆိုရမည်မှာ၊-
10 Quando, porém, entrardes numa cidade e não vos receberem, saí pelas ruas e clamai:
11 သင်တို့ကို ဆန့်ကျင်သည့်အနေဖြင့် ငါတို့၏ခြေတွင်ကပ်ပါလာသော သင်တို့မြို့မှမြေမှုန့်ကို ငါတို့ခါချလေပြီ၊ သို့သော် ဘုရား သခင်၏ နိုင်ငံတော်သည် နီးလာပြီကို သိမှတ်ကြလော့ ဟူ၍ဖြစ်၏။-
11 Até o pó da vossa cidade, que se nos pegou aos pés, sacudimos contra vós outros. Não obstante, sabei que está próximo o reino de Deus.
12 သင်တို့အား ငါဆိုသည်မှာ တရားစီရင်သောနေ့၌ ဆောဒိုမာမြို့သည် ထိုမြို့ထက်ပို၍ ခံသာလိမ့်မည်။
12 Digo-vos que, naquele dia, haverá menos rigor para Sodoma do que para aquela cidade.
13 အို ခိုရာဇင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဘက်ဇိုင်းဒါမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား သင်တို့တွင် ပြုခဲ့သောတန်ခိုးလက္ခဏာများကို တီရာနှင့်စီဒွန်မြို့တို့၌ ပြုခဲ့ပါမူ ထိုမြို့တို့သည် ကာလကြာမြင့်စွာကပင် လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ထိုင်လျက် နောင် တရခဲ့ကြပေလိမ့်မည်။-
13 Ai de ti, Corazim! Ai de ti, Betsaida! Porque, se em Tiro e em Sidom, se tivessem operado os milagres que em vós se fizeram, há muito que elas se teriam arrependido, assentadas em pano de saco e cinza.
14 သို့ရာတွင် တရားစီရင်တော်မူသောနေ့၌ တီရာမြို့နှင့် စီဒွန်မြို့တို့သည် သင်တို့ထက် ပို၍ခံသာကြလိမ့်မည်။-
14 Contudo, no Juízo, haverá menos rigor para Tiro e Sidom do que para vós outras.
15 အသင် ကာဖာနာအုမ်မြို့၊ သင်သည်လည်း ကောင်းကင်သို့တိုင်အောင် မြှောက်စားခြင်း ခံရမည်လော။ သင်သည် မရဏနိုင်ငံတိုင်အောင် နှိမ့်ချခြင်းကို ခံရလိမ့်မည်။
15 Tu, Cafarnaum, elevar-te-ás, porventura, até ao céu? Descerás até ao inferno.
16 သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကိုနားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကို ငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော အရှင်ကို ငြင်းပယ်သည်ဟု မိန့်တော်မူ၏။
16 Quem vos der ouvidos ouve-me a mim; e quem vos rejeitar a mim me rejeita; quem, porém, me rejeitar rejeita aquele que me enviou.
17 တပည့်တော်အပါး ခုနစ်ဆယ်တို့သည် ဝမ်းမြောက် ဝမ်းသာပြန်လာကြ၍ သခင်ဘုရား၊ ကိုယ်တော်၏ နာမတော်ကြောင့် နတ်ဆိုးတို့ပင်လျှင် တပည့်တော်တို့ကို နာခံကြပါသည်ဟု လျှောက်ကြ၏။-
17 Então, regressaram os setenta, possuídos de alegria, dizendo: Senhor, os próprios demônios se nos submetem pelo teu nome!
18 ထိုအခါ ကိုယ်တော်က စာတန်သည် လျှပ်ပြက်သကဲ့သို့ ကောင်းကင်မှကျလာသည်ကို ငါမြင်ခဲ့ပြီ။-
18 Mas ele lhes disse: Eu via Satanás caindo do céu como um relâmpago.
19 ကြည့်လော့၊ မြွေဆိုးများ၊ ကင်းမြီးကောက်များနှင့် ရန်သူ၏အစွမ်း ရှိသမျှတို့ကို နင်းခြေနိုင်သည့် အခွင့်အာဏာကို သင်တို့အား ငါပေးအပ်ထားသောကြောင့် မည်သည့်အရာကမျှ သင်တို့ကို ထိခိုက်စေလိမ့်မည်မဟုတ်။-
19 Eis aí vos dei autoridade para pisardes serpentes e escorpiões e sobre todo o poder do inimigo, e nada, absolutamente, vos causará dano.
20 သို့သော် နတ်ဆိုးတို့သည် သင်တို့ကို နာခံသဖြင့် ဝမ်းမြောက်ဝမ်းသာမဖြစ်ကြလေနှင့်။ သင်တို့၏ အမည်နာမများကို ကောင်းကင်၌ ရေးမှတ်ထားလျက်ရှိသောကြောင့်သာ ဝမ်းမြောက်ကြလော့ဟု မိန့်တော်မူ၏။
20 Não obstante, alegrai-vos, não porque os espíritos se vos submetem, e sim porque o vosso nome está arrolado nos céus.
21 ထိုအချိန်နာရီ၌ပင် ကိုယ်တော်သည် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်တော်မူသဖြင့် မြွက်ဆိုသည်ကား မိုးနှင့် မြေကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် ပညာသတိနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ ကောင်းမြတ်သောအလိုတော်ဖြစ်ပါ၏။-
21 Naquela hora, exultou Jesus no Espírito Santo e exclamou: Graças te dou, ó Pai, Senhor do céu e da terra, porque ocultaste estas coisas aos sábios e instruídos e as revelaste aos pequeninos. Sim, ó Pai, porque assim foi do teu agrado.
22 ငါ၏ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ့အား အပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်က ဖော်ပြရန် ရွေးချယ်ထားသူတို့ မှတစ်ပါး မည်သူမျ ှခမည်းတော်ကို မသိကြဟု မိန့်တော်မူ၏။
22 Tudo me foi entregue por meu Pai. Ninguém sabe quem é o Filho, senão o Pai; e também ninguém sabe quem é o Pai, senão o Filho, e aquele a quem o Filho o quiser revelar.
23 ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့လှည့်၍ သင်တို့ မြင်တွေ့ရသော အရာများကို မြင်ရသော မျက်စိတို့သည် မင်္ဂလာရှိကြ၏။-
23 E, voltando-se para os seus discípulos, disse-lhes particularmente: Bem-aventurados os olhos que veem as coisas que vós vedes.
24 အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသေ ာပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့အား သီးခြားမိန့်တော်မူ၏။
24 Pois eu vos afirmo que muitos profetas e reis quiseram ver o que vedes e não viram; e ouvir o que ouvis e não o ouviram.
25 ထိုအခါ ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ကို စုံစမ်းလိုသဖြင့် ထ၍ ဆရာသခင်၊ ထာ၀ရအသက်ကို ပိုင်ဆိုင်ရန် မည်သည့်အရာကို အကျွန်ုပ်ပြုရပါမည်နည်း ဟုမေးလျှောက်လေ၏။-
25 E eis que certo homem, intérprete da Lei, se levantou com o intuito de pôr Jesus à prova e disse-lhe: Mestre, que farei para herdar a vida eterna?
26 ကိုယ်တော်ကလည်း ပညတ်တရားကျမ်း၌ မည်ကဲ့သို့ရေးသားထားသနည်း၊ သင်မည်သို့ ဖတ်ရသနည်းဟု သူ့အား မေးတော်မူ၏။-
26 Então, Jesus lhe perguntou: Que está escrito na Lei? Como interpretas?
27 သူကလည်း သင်၏အရှင်၊ ထာ၀ရဘုရားသခင်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်အားရှိသမျှ၊ ဉာဏ်အစွမ်း ရှိသမျှ ချစ် လော့။ သင်နှင့်နီးစပ်သောသူကိုလည်း သင့်ကိုယ်ကို သင်ချစ်သကဲ့သို့ ချစ်လော့ဟု ရေးထားကြောင်း ဖြေကြားလေ၏။-
27 A isto ele respondeu: Amarás o Senhor, teu Deus, de todo o teu coração, de toda a tua alma, de todas as tuas forças e de todo o teu entendimento; e: Amarás o teu próximo como a ti mesmo.
28 ထိုအခါ ကိုယ်တော်က သင်သည် မှန်ကန်စွာ ဖြေကြားလေပြီ။ ဤကဲ့သို့ပြုလျှင် သင်သည် အသက်ရှင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
28 Então, Jesus lhe disse: Respondeste corretamente; faze isto e viverás.
29 သို့သော် ထိုသူသည် မိမိကိုယ်မိမိ ဖြောင့်မတ်သူဖြစ်ကြောင်း ဖော်ပြလိုသဖြင့် အကျွန်ုပ်နှင့် နီးစပ်သောသူကား မည်သူနည်းဟု ယေဇူးအား မေးလေ၏။-
29 Ele, porém, querendo justificar-se, perguntou a Jesus: Quem é o meu próximo?
30 ထိုအခါ ယေဇူးက ပြန်ဖြေတော်မူသည်မှာ လူတစ်ဦးသည် ဂျေရုဆလင်မြို့မှ ဂျေရီခိုမြို့သို့သွားစဉ် လမ်းခရီး၌ ဓါးပြများ၏ လက်တွင်းသို့ ကျရောက်ခဲ့၏။ ထိုသူတို့သည်လည်း သူ၏အဝတ်များကိုချွတ်ယူ၍ သူ့ကိုရိုက်နှက်ကြပြီး သေလုမြောပါး အခြေအနေ၌ ထားခဲ့လျက် ထွက်သွားကြ၏။-
30 Jesus prosseguiu, dizendo: Certo homem descia de Jerusalém para Jericó e veio a cair em mãos de salteadores, os quais, depois de tudo lhe roubarem e lhe causarem muitos ferimentos, retiraram-se, deixando-o semimorto.
31 ထိုအချိန်၌ ရဟန်းတစ်ပါးသည် ထိုလမ်းအတိုင်းဆင်းလာ၍ သူ့ကိုမြင်သောအခါ လမ်း၏အခြားတစ်ဖက်မှ ရှောင်၍ သွားလေ၏။-
31 Casualmente, descia um sacerdote por aquele mesmo caminho e, vendo-o, passou de largo.
32 ထိုနည်းတူပင် လေဝိအမျိုးအနွယ်ဝင်တစ်ဦးသည်လည်း ထိုနေရာသို့ ရောက်လာလျှင် သူ့ကိုမြင်သည်နှင့် လမ်း၏ အခြားတစ်ဖက်မှ ရှောင်သွားလေ၏။-
32 Semelhantemente, um levita descia por aquele lugar e, vendo-o, também passou de largo.
33 သို့သော် ဆမာရိယလူမျိုးတစ်ဦးသည် ခရီးထွက်လာစဉ် ထိုသူရှိသောနေရာသို့ရောက်လာပြီး သူ့ကိုမြင်သောအခါ ကရုဏာသက်သဖြင့်၊-
33 Certo samaritano, que seguia o seu caminho, passou-lhe perto e, vendo-o, compadeceu-se dele.
34 သူ့ထံသို့ချဉ်းကပ်၍ ဒဏ်ရာများပေါ်သို့ဆီနှင့် စပျစ်ရည်လောင်းပြီးမှ အဝတ်ဖြင့် စည်းထားပေးလေ၏။ ထို့နောက် သူသည် ထိုသူ့ကို မိမိ၏မြည်းပေါ်တွင်တင်လျက် တည်းခိုခန်းသို့ ခေါ်ဆောင်သွားကာ ပြုစုလေ၏။-
34 E, chegando-se, pensou-lhe os ferimentos, aplicando-lhes óleo e vinho; e, colocando-o sobre o seu próprio animal, levou-o para uma hospedaria e tratou dele.
35 နောက်တစ်နေ့၌ သူသည် ဒေနာရီနှစ်ပြားကိုထုတ်၍ တည်းခိုခန်းပိုင်ရှင်အား ပေးလျက် သူ့ကို ပြုစုစောင့်ရှောက်ပါလော့။ နောက်ထပ်ကုန်ကျသမျှကို အကျွန်ုပ်ပြန်လာသောအခါ ပေးပါမည်ဟု မှာထားခဲ့၏။-
35 No dia seguinte, tirou dois denários e os entregou ao hospedeiro, dizendo: Cuida deste homem, e, se alguma coisa gastares a mais, eu to indenizarei quando voltar.
36 ဤသုံးဦးတွင် မည်သူသည် ဓားပြတို့၏လက်တွင်းကျ ရောက်သောသူနှင့် နီးစပ်သောသူဖြစ်သည်ဟု သင်ထင်သနည်းဟူ၍ မေးလေ၏။-
36 Qual destes três te parece ter sido o próximo do homem que caiu nas mãos dos salteadores?
37 ကျမ်းတတ်ဆရာကလည်း လူနာအပေါ် သနားကရုဏာစိတ် ပြသောသူဖြစ်ပါ၏ဟု လျှောက်လေ၏။ ထိုအခါ ယေဇူးက သွား၍ ထိုနည်းတူပြုလော့ဟု သူ့ အား မိန့်တော်မူ၏။
37 Respondeu-lhe o intérprete da Lei: O que usou de misericórdia para com ele. Então, lhe disse: Vai e procede tu de igual modo.
38 သူတို့သည် ခရီးဆက်ကြစဉ် ကိုယ်တော်သည် ရွာတစ်ရွာသို့ဝင်သဖြင့် မာဿအမည်ရှိသော အမျိုးသမီးတစ်ဦးသည် ကိုယ်တော့်ကို မိမိ၏အိမ်၌ လက်ခံကြိုဆိုလေ၏။-
38 Indo eles de caminho, entrou Jesus num povoado. E certa mulher, chamada Marta, hospedou-o na sua casa.
39 မာဿတွင် မာရိယာအမည်ရှိသော ညီမတစ်ဦးရှိ၍ သူမသည် သခင်ဘုရား၏ ခြေတော်ရင်း၌ ထိုင်လျက် ကိုယ်တော်၏ သွန်သင်ချက်များကို နားထောင်နေလေ၏။-
39 Tinha ela uma irmã, chamada Maria, e esta quedava-se assentada aos pés do Senhor a ouvir-lhe os ensinamentos.
40 မာဿမူကား ဧည့်ခံခြင်းအမှု၌ အလုပ်များလျက်ရှိသဖြင့် ကိုယ်တော်၏အထံတော်သို့ချဉ်းကပ်၍ သခင်ဘုရား၊ ကျွန်မ၏ ညီမဖြစ်သူသည် ကျွန်မတစ်ဦးတည်း ဧည့်ခံခြင်းအမှုဆောင်ရွက်ရန် ပစ်ထားသည်ကို သတိမမူပါသလော။ သို့ဖြစ်၍ ကျွန်မကို ကူညီစေရန် သူမအား အမိန့်ရှိတော်မူပါဟု လျှောက်လေ၏။-
40 Marta agitava-se de um lado para outro, ocupada em muitos serviços. Então, se aproximou de Jesus e disse: Senhor, não te importas de que minha irmã tenha deixado que eu fique a servir sozinha? Ordena-lhe, pois, que venha ajudar-me.
41 သို့သော် သခင်ဘုရားက မာဿ၊ မာဿ၊ သင်သည် များစွာသော အမှုကိစ္စတို့အတွက် စိုးရိမ်ပူပန်ခြင်းရှိ၏။-
41 Respondeu-lhe o Senhor: Marta! Marta! Andas inquieta e te preocupas com muitas coisas.
42 လိုအပ်သောအရာ တစ်ခုတည်းသာရှိ၏။ မာရိယာသည် ထိုကောင်းမြတ် သောအရာကို ရွေးချယ်လေပြီ။ ထိုအရာကို သူမထံမှ ဖယ်ရှား၍ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူ၏။
42 Entretanto, pouco é necessário ou mesmo uma só coisa; Maria, pois, escolheu a boa parte, e esta não lhe será tirada.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Lucas 10, comparar traduções ou montar um estudo — tudo direto pelo WhatsApp.