João 9
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ယေဇူးသည် ဖြတ်လျှောက်သွားတော်မူစဉ်တွင် မွေးရာပါမျက်မမြင်တစ်ဦးကို တွေ့မြင်တော်မူ၏။-
1 E, passando Jesus, viu um homem cego de nascença.
2 ကိုယ်တော်၏ တပည့်တော်တို့ကလည်း ရာဘီ၊ ဤသူ၏မွေးရာပါ မျက်စိမမြင်ရခြင်းသည် သူအပြစ်ပြုခြင်းကြောင့် ဖြစ်သလော၊ သို့မဟုတ် သူ့မိဘများအပြစ်ပြုသော ကြောင့်လောဟု မေးလျှောက်ကြ၏။-
2 E os seus discípulos lhe perguntaram, dizendo: Rabi, quem pecou, este ou seus pais, para que nascesse cego?
3 ထိုအခါ ယေဇူးက ၎င်းသည် သူအပြစ်ပြုခြင်းကြောင့်လည်းမဟုတ်။ သူ့မိဘများ အပြစ်ပြုခြင်းကြောင့်လည်း မဟုတ်ဘဲ ဘုရားသခင်၏ တန်ခိုးတော်သည် သူ့၌ ထင်ရှားရမည့်အကြောင်းသာ ဖြစ်သတည်း။-
3 Jesus respondeu: Nem ele pecou, nem seus pais; mas foi assim para que se manifestem nele as obras de Deus.
4 ငါ့ကို စေလွှတ်တော်မူသော သူ၏အမှုတော်ကို နေ့အချိန်ရှိစဉ် ငါတို့လုပ်ဆောင်ကြရမည်။ မည်သူမျှမလုပ်ဆောင်နိုင်သည့် ညအချိန်သည် ကျရောက်လိမ့်မည်။-
4 Convém que eu faça as obras daquele que me enviou, enquanto é dia; a noite vem, quando ninguém pode trabalhar.
5 ငါသည် ဤလောက၌ ရှိသမျှကာလပတ်လုံး လောက၏အလင်းဖြစ်၏ဟု မိန့်တော်မူ၏။-
5 Enquanto estou no mundo, sou a luz do mundo.
6 ဤသို့မိန့်တော်မူပြီးနောက် ကိုယ်တော်သည် မြေပေါ်သို့တံတွေး ထွေး၍ ရွှံ့လုပ်ပြီးမှ မျက်မမြင်၏မျက်စိကို ရွှံ့နှင့်လူးလျက်၊-
6 Tendo dito isso, cuspiu na terra, e, com a saliva, fez lodo, e untou com o lodo os olhos do cego.
7 သူ့အား သွား၍ စီလွမ်ရေကန်တွင် ဆေးကြောလော့ဟု မိန့်တော်မူ၏။ (စီလွမ်၏အဓိပ္ပာယ်ကား စေလွှတ်ခြင်းခံရသည်ဟု ဆိုလို၏။) ဤသို့ဖြင့် ထိုသူသည် သွား၍ ဆေးကြောသဖြင့် မျက်စိမြင်လျက် ပြန်လာ၏။-
7 E disse-lhe: Vai, lava-te no tanque de Siloé (que significa o Enviado). Foi, pois, e lavou-se, e voltou vendo.
8 ထို့ကြောင့် အိမ်နီးချင်းများနှင့် ယခင်က ထိုမျက်မမြင်တောင်းစားနေသည်ကို မြင်ဖူးသူတို့က ဤသူသည် ထိုင်၍ တောင်းစား လေ့ရှိသူမဟုတ်လောဟု ဆိုကြ၏။-
8 Então, os vizinhos e aqueles que dantes tinham visto que era cego diziam: Não é este aquele que estava assentado e mendigava?
9 အချို့က သူသည် ထိုသူပင်ဖြစ်သည်ဟူ၍ ဆိုကြ၏။ အချို့ကမူ သူသည် ထိုသူမဟုတ်ပါ။ သို့သော် သူသည် ထိုသူနှင့် တူသည်ဟု ဆိုကြ၏။ သူကိုယ်တိုင်ကမူ ငါသည် ထိုသူပင်ဖြစ်သည်ဟု ဆို၏။-
9 Uns diziam: É este. E outros: Parece-se com ele. Ele dizia: Sou eu.
10 ထိုအခါ သူတို့က သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့ မျက်စိအလင်းပြန်ရသနည်းဟု သူ့အား မေးကြ၏။-
10 Diziam-lhe, pois: Como se te abriram os olhos?
11 သူက ယေဇူးဟု အမည်ရှိသောသူသည် ရွှံ့အနည်းငယ်ကို ပြုလုပ်၍ ငါ၏မျက်စိကို လူးပြီးလျှင် ငါ့အား စီလွမ်ရေ ကန်သို့သွား၍ ဆေးကြောလော့ဟုဆိုပါ၏။ ထို့ကြောင့် ငါသည် သွား၍ ဆေးကြောသောအခါ မျက်စိပြန်မြင်လာပါသည်ဟု ပြန်ဖြေလေ၏။-
11 Ele respondeu e disse-lhes: O homem chamado Jesus fez lodo, e untou-me os olhos, e disse-me: Vai ao tanque de Siloé e lava-te. Então, fui, e lavei-me, e vi.
12 သူတို့ကလည်း ထိုသူသည် အဘယ်မှာနည်းဟု သူ့ကို မေးလျှင် ထိုသူကို ငါမသိပါဟု မျက်မမြင်ကဆို၏။
12 Disseram-lhe, pois: Onde está ele? Respondeu: Não sei.
13 သူတို့သည် ယခင်က မျက်မမြင်ဖြစ်ခဲ့သူကို ဖာရီဇေးဦးတို့ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။-
13 Levaram, pois, aos fariseus o que dantes era cego.
14 ယေဇူးသည် ရွှံ့ကိုပြုလုပ်လျက် မျက်မမြင်ကို မျက်စိပြန်မြင်စေတော်မူသော နေ့ကား ဥပုသ်နေ့ဖြစ်သတည်း။-
14 E era sábado quando Jesus fez o lodo e lhe abriu os olhos.
15 ဖာရီဇေးဦးတို့သည် ထိုသူ၏မျက်စိ မည်ကဲ့သို့အလင်းရလာပုံကို သူ့အား တစ်ဖန်မေးမြန်းကြ၏။ သူကလည်း ထိုသူသည် ကျွန်ုပ်၏မျက်စိကို ရွှံ့နှင့်လူးပေး၍ ကျွန်ုပ်သည် ဆေးလိုက်သောအခါ မျက်စိမြင်လာပါသည်ဟု သူတို့အား ဆို၏။-
15 Tornaram, pois, também os fariseus a perguntar-lhe como vira, e ele lhes disse: Pôs-me lodo sobre os olhos, lavei-me e vejo.
16 ဖာရီဇေးဦး အချို့တို့က ထိုသူသည် ဥပုသ်နေ့ကိုမစောင့်ထိန်းသောကြောင့် ဘုရားသခင်ထံမှ ကြွလာသောသူ မဖြစ်နိုင်ရာ ဟုဆိုကြ၏။ အခြားသူတို့ကမူကား အပြစ်ရှိသောသူသည် ဤနိမိတ်လက္ခဏာများကို မည်ကဲ့သို့ပြနိုင်ပါမည်နည်းဟု ဆိုကြ၏။ ဤသို့ဖြင့် သူတို့အချင်းချင်း စိတ်သဘော ကွဲလွဲကြလေ၏။-
16 Então, alguns dos fariseus diziam: Este homem não é de Deus, pois não guarda o sábado. Diziam outros: Como pode um homem pecador fazer tais sinais? E havia dissensão entre eles.
17 ထို့ကြောင့် သူတို့က မျက်မမြင်ဖြစ်ခဲ့သူအား ထိုသူသည် သင်၏မျက်စိကိုပြန်မြင်စေခဲ့သည်ဖြစ်၍ သင်သည် ထိုသူ၏ အကြောင်းကို မည်သို့ဆိုမည်နည်းဟု တစ်ဖန်မေးကြပြန်၏။ သူကလည်း ထိုသူသည် ပရောဖက်ဖြစ်ပါသည်ဟု ဖြေကြားလေ၏။
17 Tornaram, pois, a dizer ao cego: Tu que dizes daquele que te abriu os olhos? E ele respondeu: Que é profeta.
18 သို့ရာတွင် ဂျူးလူမျိုးတို့သည် ထိုသူမျက်စိ မမြင်ခဲ့ကြောင်းကိုလည်းကောင်း၊ ယခုမျက်စိ မြင်လာသည်ကိုလည်းကောင်း မယုံကြည်သဖြင့် မျက်စိပြန်မြင်လာသောသူ၏ မိဘတို့ကိုခေါ်၍၊-
18 Os judeus, porém, não creram que ele tivesse sido cego e que agora visse, enquanto não chamaram os pais do que agora via.
19 ဤသူသည် မွေးကတည်းမှပင် မျက်စိမမြင်ဟု သင်တို့ဆိုကြသည့် သင်တို့၏ သားဖြစ်သလော။ သို့ဖြစ်လျှင် သူသည် ယခုမည်ကဲ့သို့မျက်စိမြင် လာရသနည်းဟု မေးကြ၏။-
19 E perguntaram-lhes, dizendo: É este o vosso filho, que vós dizeis ter nascido cego? Como, pois, vê agora?
20 သူ၏မိဘတို့က ဤသူသည် အကျွန်ုပ်တို့၏သားဖြစ်ပြီး သူသည် မွေးစကပင် မျက်စိမမြင်သောသူဖြစ်သည်ကို အကျွန်ုပ်တို့သိပါ၏။-
20 Seus pais responderam e disseram-lhes: Sabemos que este é nosso filho e que nasceu cego,
21 သို့သော် သူမည်ကဲ့သို့ မျက်စိပြန်မြင်လာသည်ကိုလည်းကောင်း၊ မည်သူက သူ၏မျက်စိကို ပွင့်စေသည်ကိုလည်းကောင်း အကျွန်ုပ်တို့မသိပါ။ သူ့ကို မေးကြပါ။ သူသည် အရွယ်ရောက်ပါပြီ။ သူသည် မိမိ၏အကြောင်းကို ကိုယ်တိုင်ပြောပြပါလိမ့်မည်ဟု ဖြေကြားကြ၏။-
21 mas como agora vê não sabemos; ou quem lhe tenha aberto os olhos não sabemos; tem idade; perguntai-lho a ele mesmo, e ele falará por si mesmo.
22 သူ၏မိဘတို့ သည် ဂျူးလူမျိုးတို့ကိုကြောက်ရွံ့သောကြောင့် ဤသို့ဖြေ ကြားကြခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တစ်စုံ တစ်ယောက်က ကိုယ်တော်သည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံလျှင် ထိုသူ့ကို တရားဇရပ်မှနှင်ထုတ်ရန် ဂျူးလူမျိုးတို့သည် သဘောတူဆုံးဖြတ်ထားကြပြီးဖြစ်၏။-
22 Seus pais disseram isso, porque temiam os judeus, porquanto já os judeus tinham resolvido que, se alguém confessasse ser ele o Cristo, fosse expulso da sinagoga.
23 ထို့ကြောင့် သူ၏မိဘတို့က သူသည် အရွယ်ရောက်ပြီဖြစ်၍ သူ့ကိုမေးပါဟု ဆိုကြခြင်းဖြစ်၏။
23 Por isso, é que seus pais disseram: Tem idade; perguntai-lho a ele mesmo.
24 ထိုအခါ ဖာရီဇေးဦးတို့သည် မျက်မမြင်ဖြစ်ခဲ့သူကို ဒုတိယအကြိမ်ခေါ်၍ သင်သည် ဘုရားသခင်ကို ချီးမွမ်းထောမနာ ပြုလော့။ ထိုသူသည် အပြစ်ရှိသူဖြစ်ကြောင်း ငါတို့သိကြပြီဟု သူ့အား ဆိုလေ၏။-
24 Chamaram, pois, pela segunda vez o homem que tinha sido cego e disseram-lhe: Dá glória a Deus; nós sabemos que esse homem é pecador.
25 မျက်စိပြန်မြင်သူကလည်း ထိုသူသည် အပြစ်ရှိသူဖြစ်သည်၊ မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်က မျက်စိမမြင်ဘဲ ယခုမျက်စိပြန်မြင်လာသည် ဆိုသည့်အချက်တစ်ခုကိုမူ သိပါသည်ဟု ပြန်ဖြေလေ၏။-
25 Respondeu ele, pois, e disse: Se é pecador, não sei; uma coisa sei, e é que, havendo eu sido cego, agora vejo.
26 ထိုသူတို့က သူသည် သင့်ကိုမည်ကဲ့သို့ပြုသနည်း၊ သင်၏မျက်စိကို မည်ကဲ့သို့ ပြန်မြင်စေသနည်းဟု သူ့အား မေးကြ၏။-
26 E tornaram a dizer-lhe: Que te fez ele? Como te abriu os olhos?
27 သူကလည်း သင်တို့အား အကျွန်ုပ်ပြောပြပြီးဖြစ်၏။ သို့သော် သင်တို့ နားမထောင်ခဲ့ကြ။ အဘယ်ကြောင့် သင်တို့ထပ်မံကြား လိုကြပါသနည်း။ သင်တို့သည်လည်း သူ၏တပည့်ဖြစ် လိုကြသလောဟု သူတို့အား ပြန်ပြောလေ၏။-
27 Respondeu-lhes: Já vo-lo disse e não ouvistes; para que o quereis tornar a ouvir? Quereis vós, porventura, fazer-vos também seus discípulos?
28 ထိုအခါ သူတို့သည် သူ့အား ကဲ့ရဲ့ကြပြီး သင်သာလျှင် ထိုသူ၏ တပည့်ဖြစ်၏။ ငါတို့မူကား မိုးဇက်၏တပည့်များဖြစ်၏။-
28 Então, o injuriaram e disseram: Discípulo dele sejas tu; nós, porém, somos discípulos de Moisés.
29 ဘုရားသခင်သည် မိုးဇက်အား ဗျာဒိတ်ပေးတော်မူခဲ့ကြောင်းကို ငါတို့သိကြ၏။ ဤသူသည်ကား မည်သည့်အရပ်က လာသည်ကို ငါတို့မသိကြဟု ဆိုကြ၏။-
29 Nós bem sabemos que Deus falou a Moisés, mas este não sabemos de onde é.
30 ထိုအခါ သူက ဤအမှုသည် အံ့ဖွယ်ကောင်းလှပေ၏။ ထိုသူ မည်သူဖြစ်သည်ကို သင်တို့မသိကြ။ သို့သော်လည်း ထိုသူသည် အကျွန်ုပ်၏မျက်စိများကိုဖွင့်ပေးခဲ့၏။-
30 O homem respondeu e disse-lhes: Nisto, pois, está a maravilha: que vós não saibais de onde ele é e me abrisse os olhos.
31 ဘုရားသခင်သည် အပြစ်ရှိသူတို့အား နားညောင်းတော်မမူကြောင်း အကျွန်ုပ်တို့သိကြ၏။ သို့ရာတွင် မည်သူမဆို ဘုရားသခင်ကို ရှိခိုးကိုးကွယ်သူတစ်ဦးဖြစ်ပြီး ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ပါလျှင် ဘုရားသခင်သည် ထိုသူ့ကို နားညောင်းတော်မူ၏။-
31 Ora, nós sabemos que Deus não ouve a pecadores; mas, se alguém é temente a Deus e faz a sua vontade, a esse ouve.
32 မွေးရာပါမျက် မမြင်တစ်ဦး၏မျက်စိကို တစ်စုံတစ်ယောက်က မြင်စေနိုင်သည့်အကြောင်း ကမ္ဘာဦးကပင် မကြားစဖူး။-
32 Desde o princípio do mundo, nunca se ouviu que alguém abrisse os olhos a um cego de nascença.
33 ဤသူသည် ဘုရားသခင်ထံတော်မှ ကြွလာသူမဟုတ်လျှင် သူသည် မည်သည့်အရာကိုမျှ တတ်နိုင်မည်မဟုတ်ပါဟု ပြန်ဖြေလေ၏။-
33 Se este não fosse de Deus, nada poderia fazer.
34 ထိုသူတို့ကလည်း သင်သည် တစ်ကိုယ်လုံး အပြစ်မကောင်းမှု၌ မွေးဖွားခဲ့သူဖြစ်ပါလျက် ငါတို့အား သွန်သင်နေ သလောဟုဆိုပြီး သူ့ကိုနှင်ထုတ်ကြ၏။
34 Responderam eles e disseram-lhe: Tu és nascido todo em pecados e nos ensinas a nós? E expulsaram-no.
35 ဖာရီဇေးဦးတို့က ထိုသူ့ကို နှင်ထုတ်လိုက်ကြောင်း ယေဇူးကြားတော်မူ၍ သူ့ကိုတွေ့သောအခါ သင်သည် လူသားကို ယုံကြည်ပါသလောဟု သူ့အား မေးတော်မူ ၏။-
35 Jesus ouviu que o tinham expulsado e, encontrando-o, disse-lhe: Crês tu no Filho de Deus?
36 သူကလည်း သခင်၊ ထိုသူကား အဘယ်သူနည်း။ အကျွန်ုပ်သည် သူ့ကိုယုံကြည်နိုင်ရန် အကျွန်ုပ်အား ပြောပြပါဟု ပြန်၍လျှောက်သော် ယေဇူးက သင်သည် ထိုသူ့ကို မြင်ခဲ့ပြီးလေပြီ။-
36 Ele respondeu e disse: Quem é ele, Senhor, para que nele creia?
37 ယခုသင်နှင့် စကားပြောနေသောသူသည် ထိုသူပင်ဖြစ်၏ဟု မိန့်တော်မူ၏။-
37 E Jesus lhe disse: Tu já o tens visto, e é aquele que fala contigo.
38 သူကလည်း သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု ပြောဆို၍ ကိုယ်တော့်ကို ပျပ်ဝပ်ရှိခိုးလေ၏။-
38 Ele disse: Creio, Senhor. E o adorou.
39 ယေဇူးကလည်း မျက်စိမမြင်နိုင်သော သူတို့ကို မျက်စိအလင်းရစေ၍ မြင်သောသူတို့ကို မျက်စိကန်းကြစေခြင်းငှာ စီရင်ဆုံးဖြတ်ရန် ဤလောက သို့ ငါကြွလာခဲ့သည်ဟု မိန့်တော်မူ၏။-
39 E disse-lhe Jesus: Eu vim a este mundo para juízo, a fim de que os que não veem vejam e os que veem sejam cegos.
40 ကိုယ်တော်၏ အနီး၌ရှိနေကြသောဖာရီဇေးဦးအချို့သည် ထိုစကားကို ကြားကြလျှင် ကိုယ်တော်အား အကျွန်ုပ်တို့သည်လည်း မျက်မမြင်များဖြစ်ကြသလောဟု ဆိုကြ၏။-
40 Aqueles dos fariseus que estavam com ele, ouvindo isso, disseram-lhe: Também nós somos cegos?
41 ယေဇူးက သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြပါလျှင် သင်တို့၌ အပြစ်ရှိလိမ့်မည်မဟုတ်။ ယခုမူကား သင်တို့က ငါတို့ သည် မျက်စိမြင်ပါသည်ဟု ဆိုကြသဖြင့် သင်တို့၏အပြစ် သည် တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
41 Disse-lhes Jesus: Se fôsseis cegos, não teríeis pecado; mas como agora dizeis: Vemos, por isso, o vosso pecado permanece.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.