João 8

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF

Sair da comparação
ACF Almeida Corrigida Fiel
1 ယေဇူးသည်လည်း သံလွင်တောင်ပေါ်သို့ တက်တော်မူ၏။-
1 Jesus, porém, foi para o Monte das Oliveiras.
2 နောက်တစ်နေ့နံနက်စောစော၌ ကိုယ်တော်သည် ဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၏။ လူအပေါင်းတို့သည်လည်း အထံတော်သို့ လာကြသဖြင့် ကိုယ်တော်သည်ထိုင်၍ သူတို့ကိုသွန်သင်တော်မူစဉ်၊-
2 E pela manhã cedo tornou para o templo, e todo o povo vinha ter com ele, e, assentando-se, os ensinava.
3 အိမ်ထောင်ရေးဖောက်ပြန်ရာ၌ ဖမ်းမိသောမိန်းမတစ်ဦးကို ကျမ်းတတ်ဆရာများနှင့် ဖာရီဇေးဦးတို့သည် ခေါ်ဆောင်လာ၍ လူတို့အလယ်တွင် ရပ်နေစေ၏။-
3 E os escribas e fariseus trouxeram-lhe uma mulher apanhada em adultério;
4 သူတို့က ကိုယ်တော်အား ဆရာသခင်၊ ဤမိန်းမကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်နေစဉ် ဖမ်းမိခဲ့ပါ၏။-
4 E, pondo-a no meio, disseram-lhe: Mestre, esta mulher foi apanhada, no próprio ato, adulterando.
5 ပညတ်တရားတွင် မိုးဇက်က ဤမိန်းမမျိုးကို ကျောက်ခဲနှင့် ပေါက်သတ်ရမည်ဟု အကျွန်ုပ်တို့အား ပညတ်ခဲ့ပါ၏။ သူမနှင့်ပတ်သက်၍ ကိုယ်တော်မည်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-
5 E na lei nos mandou Moisés que as tais sejam apedrejadas. Tu, pois, que dizes?
6 သူတို့သည် ကိုယ်တော့်ကို အပြစ်တင်နိုင်ရန် စုံစမ်းလို၍ ဤသို့လျှောက်ထားခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်သည် အောက်သို့ငုံ့၍ မြေပေါ်တွင် လက်ညှိုးတော်နှင့် ရေးမှတ်လျက် နေတော်မူ၏။-
6 Isto diziam eles, tentando-o, para que tivessem de que o acusar. Mas Jesus, inclinando-se, escrevia com o dedo na terra.
7 သူတို့သည် ကိုယ်တော်အား ဆက်လက်၍ မေးမြန်းကြသောအခါ ကိုယ်တော်သည် မော်ကြည့်လျက် သင်တို့တွင် အပြစ်ကင်းသူသည် ဦးစွာပထမ သူမကိုကျောက်ခဲနှင့် ပေါက်စေဟု မိန့်တော်မူ၏။-
7 E, como insistissem, perguntando-lhe, endireitou-se, e disse-lhes: Aquele que de entre vós está sem pecado seja o primeiro que atire pedra contra ela.
8 ထို့နောက် ကိုယ်တော်သည် တစ်ဖန်အောက်သို့ငုံ့၍ လက်ညှိုးတော်ဖြင့် မြေပေါ်တွင် ရေးမှတ်လျက်နေတော်မူ၏။-
8 E, tornando a inclinar-se, escrevia na terra.
9 ထိုသူတို့မူကား ထိုစကားကိုကြားကြသောအခါ အသက်ကြီးသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားသဖြင့် ရှေ့တော်၌ ရပ်နေသော မိန်းမနှင့် ယေဇူးတစ်ပါးတည်းသာ ကျန်ရစ်လေ၏။-
9 Quando ouviram isto, redargüidos da consciência, saíram um a um, a começar pelos mais velhos até aos últimos; ficou só Jesus e a mulher que estava no meio.
10 ကိုယ်တော်သည် မော်ကြည့်၍ အချင်းအမျိုးသမီး၊ ထိုသူတို့ အဘယ်မှာနည်း။ မည်သူမျှ သင့်ကိုအပြစ်ဒဏ် မပေးသလောဟု မေးတော်မူ၏။-
10 E, endireitando-se Jesus, e não vendo ninguém mais do que a mulher, disse-lhe: Mulher, onde estão aqueles teus acusadores? Ninguém te condenou?
11 သူမက မည်သူကမျှ အပြစ်ဒဏ်မပေးပါ၊ သခင်ဟု လျှောက်ထားလေ၏။ ယေဇူးက ငါသည်လည်း သင့်အား အပြစ်ဒဏ်မစီရင်တော့ပြီ။ သွားလော့။ နောက်တစ်ဖန် အပြစ်မပြုလေနှင့် ဟု မိန့်တော်မူ၏။
11 E ela disse: Ninguém, Senhor. E disse-lhe Jesus: Nem eu também te condeno; vai-te, e não peques mais.
12 တစ်ဖန် ယေဇူးက ငါသည် လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်တွင် သွားလာရမည် မဟုတ်။ သူသည် အသက်နှင့်ဆိုင်သော အလင်းကိုရလိမ့်မည်ဟု သူတို့အား မိန့်တော်မူ၏။-
12 Falou-lhes, pois, Jesus outra vez, dizendo: Eu sou a luz do mundo; quem me segue não andará em trevas, mas terá a luz da vida.
13 ထိုအခါ ဖာရီဇေးဦးတို့က သင်သည် မိမိကိုယ်ကို သက်သေခံနေခြင်းဖြစ်၍ သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိဟု ကိုယ်တော်အား ဆိုကြ၏။-
13 Disseram-lhe, pois, os fariseus: Tu testificas de ti mesmo; o teu testemunho não é verdadeiro.
14 ယေဇူးကလည်း ငါသည် ကိုယ့်အကြောင်းကို သက်သေခံသော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်း မူကား ငါသည် မည်သည့်အရပ်ကလာ၍ မည်သည့်အရပ်သို့ သွားမည်ကို ငါသိ၏။ သင်တို့မူကား မည်သည့်အရပ်မှ ငါလာသည်ကိုလည်းကောင်း၊ မည်သည့်အရပ်သို့ ငါသွားမည်ကိုလည်းကောင်း မသိကြ။-
14 Respondeu Jesus, e disse-lhes: Ainda que eu testifico de mim mesmo, o meu testemunho é verdadeiro, porque sei de onde vim, e para onde vou; mas vós não sabeis de onde venho, nem para onde vou.
15 သင်တို့သည် လူ၏ အသွေးအသားအတိုင်း စီရင်ကြ၏။ ငါမူကား မည်သူ့ကို မျှမစီရင်။-
15 Vós julgais segundo a carne; eu a ninguém julgo.
16 အကယ်၍ ငါစီရင်လျှင်လည်း ငါ၏စီရင်ချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် တစ်ဦးတည်း စီရင်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောသူနှင့် အတူစီရင်သောကြောင့်ဖြစ်၏။-
16 E, se na verdade julgo, o meu juízo é verdadeiro, porque não sou eu só, mas eu e o Pai que me enviou.
17 သင်တို့၏ ပညတ်တရားတွင် သက်သေနှစ်ဦး၏ ထွက်ဆိုချက်သည် မှန်ကန်၏ဟု ရေးထား၏။-
17 E na vossa lei está também escrito que o testemunho de dois homens é verdadeiro.
18 ငါသည် မိမိကိုယ်ကို သက်သေခံ၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့ကို သက်သေခံ၏ဟု မိန့်တော်မူ၏။-
18 Eu sou o que testifico de mim mesmo, e de mim testifica também o Pai que me enviou.
19 ထို့ကြောင့် သူတို့က သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေဇူးက သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ၏ခမည်းတော်ကိုလည်းကောင်း မသိကြ။ အကယ်၍ သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်ဟု ပြန်ဖြေတော်မူ၏။-
19 Disseram-lhe, pois: Onde está teu Pai? Jesus respondeu: Não me conheceis a mim, nem a meu Pai; se vós me conhecêsseis a mim, também conheceríeis a meu Pai.
20 ကိုယ်တော်သည် ဤစကားများကို ဗိမာန်တော်အတွင်း၊ ဘဏ္ဍာတိုက်တွင် ဟောပြောသွန်သင်စဉ် မိန့်တော်မူခြင်းဖြစ်၏။ သို့ရာတွင် ကိုယ်တော်၏အချိန်မကျရောက်သေးသဖြင့် မည်သူကမျှ ကိုယ်တော့်ကို မဖမ်းဆီးကြ။
20 Estas palavras disse Jesus no lugar do tesouro, ensinando no templo, e ninguém o prendeu, porque ainda não era chegada a sua hora.
21 တစ်ဖန် ကိုယ်တော်က ငါသည်သွားရမည်။ ထိုအခါ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ သို့ရာတွင် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်၌ သေကြလိမ့်မည်။ ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူတို့အား မိန့်တော်မူ၏။-
21 Disse-lhes, pois, Jesus outra vez: Eu retiro-me, e buscar-me-eis, e morrereis no vosso pecado. Para onde eu vou, não podeis vós vir.
22 ထိုအခါ ဂျူးလူမျိုးတို့က ငါသွားသောအရပ်သို့ သင်တို့လာနိုင်ကြလိမ့်မည်မဟုတ်ဟု သူဆိုခဲ့သောကြောင့် သူသည် မိမိကိုယ်ကို သတ်သေမည်လောဟု အချင်းချင်းပြောဆိုကြလေ၏။-
22 Diziam, pois, os judeus: Porventura quererá matar-se a si mesmo, pois diz: Para onde eu vou não podeis vir?
23 ကိုယ်တော်ကလည်း သင်တို့သည် အောက်အရပ်မှလာကြ၏။ ငါမူကား အထက်အရပ်မှလာ၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။-
23 E dizia-lhes: Vós sois de baixo, eu sou de cima; vós sois deste mundo, eu não sou deste mundo.
24 ထို့ကြောင့် သင်တို့သည် သင်တို့၏အပြစ်၌ သေကြလိမ့်မည်ဟု ငါဆိုခြင်းဖြစ်၏။ အကြောင်းမူကား ငါသည် ထိုသူဖြစ်သည်ကို သင်တို့မယုံကြည်ကြလျှင် သင်တို့သည် သင်တို့အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။-
24 Por isso vos disse que morrereis em vossos pecados, porque se não crerdes que eu sou, morrereis em vossos pecados.
25 ထိုအခါ သူတို့က သင်သည် မည်သူနည်းဟု ကိုယ်တော်အား မေးကြ၏။ ယေဇူးက ငါမည်သူဖြစ်သည်ကို အစဦးကပင် သင်တို့ အား ငါပြောခဲ့ပြီ။-
25 Disseram-lhe, pois: Quem és tu? Jesus lhes disse: Isso mesmo que já desde o princípio vos disse.
26 ငါသည် သင်တို့၏ အကြောင်းနှင့်စပ်လျဉ်း၍ ပြောစရာများစွာရှိပြီး သင်တို့အား စီရင်စရာများစွာရှိ၏။ သို့သော် ငါ့ကို စေလွှတ်တော်မူသောသူသည် ဖြောင့်မှန်တော်မူ၏။ သူ့ထံမှ ငါကြားရသမျှတို့ကို လောကီသားတို့အား ငါကြေညာ ဟောပြောသည်ဟု သူတို့အား မိန့်တော်မူ၏။-
26 Muito tenho que dizer e julgar de vós, mas aquele que me enviou é verdadeiro; e o que dele tenho ouvido, isso falo ao mundo.
27 ကိုယ်တော်သည် ခမည်းတော်ကိုရည်ညွန်း၍ သူတို့အား ထိုသို့မိန့်မြွက်တော်မူကြောင်းကို သူတို့နားမလည်ကြ။-
27 Mas não entenderam que ele lhes falava do Pai.
28 ထို့ကြောင့် ယေဇူးက သူတို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသားကို မြှောက်ထားကြသောအခါ ငါသည် ထိုသူဖြစ်ကြောင်းကိုလည်းကောင်း၊ ငါသည် မိမိ၏အလိုဆန္ဒအလျောက် မည်သည့်အမှုကိုမျှ မပြုဘဲ ငါ့အား ခမည်းတော် သွန်သင်တော်မူသည့်အတိုင်း ငါဟောပြောသွန်သင်ကြောင်းကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။-
28 Disse-lhes, pois, Jesus: Quando levantardes o Filho do homem, então conhecereis que EU SOU, e que nada faço por mim mesmo; mas isto falo como meu Pai me ensinou.
29 ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူပြီး သူသည် ငါ့ကိုတစ်ဦးတည်း စွန့်ပစ်ထားတော်မမူ။ အကြောင်းမူကား ငါသည် ကိုယ်တော်နှစ်သက်တော်မူသော အမှုကို အစဉ်အမြဲ လုပ်ဆောင်သောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။-
29 E aquele que me enviou está comigo. O Pai não me tem deixado só, porque eu faço sempre o que lhe agrada.
30 ကိုယ်တော်သည် ဤအကြောင်းအရာများကို မိန့်တော်မူပြီးသောအခါ များစွာသော လူတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။
30 Dizendo ele estas coisas, muitos creram nele.
31 ထိုအခါ ယေဇူးသည် မိမိကိုယုံကြည်လာကြသော ဂျူးလူမျိုးတို့အား သင်တို့သည် ငါ၏စကားအတိုင်း လိုက်နာကြလျှင် အမှန်ပင် ငါ၏တပည့်များဖြစ်ကြ၏။-
31 Jesus dizia, pois, aos judeus que criam nele: Se vós permanecerdes na minha palavra, verdadeiramente sereis meus discípulos;
32 သင်တို့သည် သမ္မာတရားကို သိကြလိမ့်မည်။ ထိုသမ္မာတရားသည်လည်း သင်တို့ကို လွတ်လပ်စေလိမ့်မည်ဟု မိန့်တော်မူ၏။-
32 E conhecereis a verdade, e a verdade vos libertará.
33 ထိုသူတို့ကလည်း အကျွန်ုပ်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြ၍ မည်သည့်အခါကမျှ သူတစ်ပါး၏ကျွန် မဖြစ်ခဲ့ဖူးပါ။ သင်တို့သည် လွတ်လပ်မှု ကိုရကြလိမ့်မည်ဟူ၍ အဘယ်ကြောင့် သင်ဆိုသနည်းဟု ယေဇူးကိုပြန်မေးကြ၏။
33 Responderam-lhe: Somos descendência de Abraão, e nunca servimos a ninguém; como dizes tu: Sereis livres?
34 ယေဇူးက သူတို့အား ပြန်ပြောတော်မူသည်မှာ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အပြစ်ကျူးလွန်ကြသော သူတိုင်းသည် အပြစ်၏ကျေးကျွန်ဖြစ်၏။-
34 Respondeu-lhes Jesus: Em verdade, em verdade vos digo que todo aquele que comete pecado é servo do pecado.
35 ကျွန်အစေခံသည် အိမ်တွင် အစဉ်အမြဲ နေထိုင်သည်မဟုတ်။ သားဖြစ်သူသည်ကား အစဉ်အမြဲနေထိုင်၏။-
35 Ora o servo não fica para sempre em casa; o Filho fica para sempre.
36 သို့ဖြစ်၍ သားတော်သည် သင်တို့ကိုဖြေလွှတ်လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။-
36 Se, pois, o Filho vos libertar, verdadeiramente sereis livres.
37 သင်တို့သည် အာဘရာဟံ၏ သားမြေးများဖြစ်ကြောင်းကို ငါသိ၏။ သို့သော် သင်တို့သည် ငါ၏စကားကို လက်မခံနိုင်သောကြောင့် ငါ့ကိုသတ်ရန် ရှာကြံကြ၏။-
37 Bem sei que sois descendência de Abraão; contudo, procurais matar-me, porque a minha palavra não entra em vós.
38 ငါသည် ခမည်းတော်၏ မျက်မှောက်တော်တွင် မြင်ခဲ့ရသောအရာကို ပြောဆို၏။ သင်တို့သည်လည်း သင်တို့၏ အဖထံမှ ကြားရသမျှတို့ကို ပြုကြ၏ဟု မိန့်တော်မူ၏။
38 Eu falo do que vi junto de meu Pai, e vós fazeis o que também vistes junto de vosso pai.
39 သူတို့ကလည်း အာဘရာဟံသည် အကျွန်ုပ်တို့၏ အဖဖြစ်သည်ဟု ကိုယ်တော်အား ဆိုကြ၏။ ယေဇူးက သင်တို့သည် အာဘရာဟံ၏ သားသမီးများဖြစ်ပါမူ အာဘရာဟံ ပြုလုပ်ခဲ့သည့်အတိုင်း သင်တို့ ပြုလုပ်ကြပေလိမ့်မည်။-
39 Responderam, e disseram-lhe: Nosso pai é Abraão. Jesus disse-lhes: Se fôsseis filhos de Abraão, faríeis as obras de Abraão.
40 ယခုမူကား ဘုရားသခင်၏ အထံတော်မှ ကြားခဲ့ရသော သမ္မာတရားကို သင်တို့အား ပြောကြားသူဖြစ်သည့် ငါ့ကိုသတ်ရန် သင်တို့ကြံစည်နေကြ၏။ အာဘရာဟံကား ဤကဲ့သို့မပြုကျင့်ခဲ့ချေ။-
40 Mas agora procurais matar-me, a mim, homem que vos tem dito a verdade que de Deus tem ouvido; Abraão não fez isto.
41 သင်တို့သည် သင်တို့၏ အဖပြုသကဲ့သို့ပြုကြ၏ဟု သူတို့အား မိန့်တော်မူ၏။ သူတို့က အကျွန်ုပ်တို့သည် တရားမဝင် ပေါင်းသင်းဆက်ဆံရာမှ မွေးဖွားလာကြသူများမဟုတ်ပါ။ အကျွန်ုပ်တို့တွင် ဘုရားသခင်တည်းဟူသော အဖတစ်ပါးတည်းသာ ရှိပါသည် ဟုဆိုကြလေ၏။-
41 Vós fazeis as obras de vosso pai. Disseram-lhe, pois: Nós não somos nascidos de fornicação; temos um Pai, que é Deus.
42 ယေဇူးက ဘုရားသခင်သည် သင်တို့၏အဖဖြစ်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် ဘုရားသခင်ထံတော်မှ ဖြစ်ပေါ်လာ၍ ရောက်လာခဲ့ပြီ။ ငါသည် ငါ၏အလိုဆန္ဒအလျောက် လာခဲ့သည်မဟုတ်။ ကိုယ်တော်သည် ငါ့ကို စေလွှတ်တော်မူခြင်းဖြစ်၏။-
42 Disse-lhes, pois, Jesus: Se Deus fosse o vosso Pai, certamente me amaríeis, pois que eu saí, e vim de Deus; não vim de mim mesmo, mas ele me enviou.
43 ငါဟောပြောသည့်အရာကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ငါ၏စကားကို နားထောင်နိုင်စွမ်းမရှိသောကြောင့်ဖြစ်၏။-
43 Por que não entendeis a minha linguagem? Por não poderdes ouvir a minha palavra.
44 သင်တို့သည် သင်တို့၏အဖ နတ်ဆိုးထံမှဖြစ်၍ သင်တို့၏စိတ်သည် သင်တို့အဖ ၏အလိုဆန္ဒကိုသာ လိုက်နာလိုကြ၏။ သူသည် အစဦးကပင် လူ့အသက်ကို သတ်သောသူဖြစ်ပြီး သမ္မာတရားနှင့် မည်သည့်အခါမျှ မစပ်ဆိုင်ခဲ့ပေ။ အကြောင်းမူကား သူ၌သမ္မာတရားမရှိသောကြောင့်ဖြစ်၏။ သူသည် မုသားစကားကိုပြောသောအခါ မိမိ၏ဇာတိသဘောအတိုင်း ပြောဆိုတတ်၏။ အကြောင်းမူကား သူသည် လိမ်ညာသူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားခြင်း၏ အဖလည်းဖြစ်၏။-
44 Vós tendes por pai ao diabo, e quereis satisfazer os desejos de vosso pai. Ele foi homicida desde o princípio, e não se firmou na verdade, porque não há verdade nele. Quando ele profere mentira, fala do que lhe é próprio, porque é mentiroso, e pai da mentira.
45 သို့ရာတွင် ငါသည် သမ္မာတရားကို ပြောဆိုသော ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ကြ။-
45 Mas, porque vos digo a verdade, não me credes.
46 သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်းကို ဖော်ပြနိုင်သနည်း။ ငါသည် သမ္မာတရားကိုပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။-
46 Quem dentre vós me convence de pecado? E se vos digo a verdade, por que não credes?
47 ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားများကို နားထောင်၏။ သင်တို့သည် ဘုရားသခင်ထံမှ မဟုတ်သောကြောင့် ဤစကားတို့ကို နားမထောင်ကြဟု မိန့်တော်မူ၏။
47 Quem é de Deus escuta as palavras de Deus; por isso vós não as escutais, porque não sois de Deus.
48 ဂျူးလူမျိုးတို့က သင်သည် ဆမာရိယလူမျိုးတစ်ဦးဖြစ်၍ သင်၌နတ်ဆိုးစွဲကပ်နေသည်ဟု အကျွန်ုပ်တို့ဆိုသည်မှာ မမှန်ပါသလောဟု ကိုယ်တော်အား ပြန်ပြောကြ၏။-
48 Responderam, pois, os judeus, e disseram-lhe: Não dizemos nós bem que és samaritano, e que tens demônio?
49 ယေဇူးက ငါ၌နတ်ဆိုးစွဲကပ်ခြင်းမရှိ။ သို့ရာတွင် ငါသည် ငါ၏ခမည်းတော်ကို ချီးမြှောက်၍ သင်တို့မူကား ငါ့ကိုရှုတ်ချကြ၏။-
49 Jesus respondeu: Eu não tenho demônio, antes honro a meu Pai, e vós me desonrais.
50 ငါသည် ငါ၏ဘုန်းသရေကိုရှာသည် မဟုတ်။ သို့သော် ၎င်းကိုရှာသောအရှင်တစ်ပါးရှိ၍ သူ သည် တရားစီရင်မည့်သူဖြစ်၏။-
50 Eu não busco a minha glória; há quem a busque, e julgue.
51 သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ငါ၏စကားကို လိုက်နာကျင့်ကြံသောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့် မည်မဟုတ်ဟု မိန့်တော်မူ၏။-
51 Em verdade, em verdade vos digo que, se alguém guardar a minha palavra, nunca verá a morte.
52 ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်၌နတ်ဆိုးစွဲကပ်နေသည်ကို ယခု ငါတို့သိကြပြီ။ အာဘရာဟံသည် သေလွန်ခဲ့ပြီ။ ပရော ဖက်တို့သည်လည်း သေလွန်ကြလေပြီ။ သို့သော် သင် က ငါ့စကားကို လိုက်ကျင့်သောသူသည် သေခြင်းနှင့် မည်သည့်အခါမျှ ကြုံရလိမ့်မည်မဟုတ်ဟု ဆို၏။-
52 Disseram-lhe, pois, os judeus: Agora conhecemos que tens demônio. Morreu Abraão e os profetas; e tu dizes: Se alguém guardar a minha palavra, nunca provará a morte.
53 သင်သည် သေလွန်ပြီးသော ငါတို့အဖ အာဘရာဟံထက် ကြီးမြတ်ပါသလော။ ပရောဖက်တို့လည်း သေလွန်ခဲ့ကြလေပြီ။ သင်သည် သင့်ကိုယ်သင် မည်သူဟုထင်မှတ်သနည်းဟု မေးကြ၏။-
53 És tu maior do que o nosso pai Abraão, que morreu? E também os profetas morreram. Quem te fazes tu ser?
54 ယေဇူးက ငါသည် မိမိကိုယ်ကို ချီးမြှောက်ပါလျှင် ငါ၏ဘုန်းသရေသည် အချည်းနှီးပင် ဖြစ်၏။ သို့သော် ငါ့ကို ချီးမြှောက်သူကား ငါ၏ခမည်းတော် ပေတည်း။ ထိုအရှင်ကို သင်တို့သည် သင်တို့၏ဘုရားဟု ခေါ်ကြ၏။-
54 Jesus respondeu: Se eu me glorifico a mim mesmo, a minha glória não é nada; quem me glorifica é meu Pai, o qual dizeis que é vosso Deus.
55 သို့သော် သင်တို့သည် ကိုယ်တော့်ကိုမသိ ကြ။ ငါမူကား ကိုယ်တော့်ကိုသိ၏။ အကယ်၍ ကိုယ် တော့်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်ပြောဆိုသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ကိုယ်တော့်ကိုသိ၍ ကိုယ်တော်၏ နှုတ်တော်ထွက် စကားကိုလည်း စောင့်ထိန်း၏။-
55 E vós não o conheceis, mas eu conheço-o. E, se disser que o não conheço, serei mentiroso como vós; mas conheço-o e guardo a sua palavra.
56 သင်တို့၏အဖ အာဘရာဟံသည် ငါကြွလာမည့်အချိန်ကာလကိုမြင်ရမည့်အကြောင်း၌ ဝမ်းမြောက်ရွှင်လန်းခြင်းရှိခဲ့၏။ သူသည် မြင်တွေ့ရသော အခါ၌လည်း ဝမ်းမြောက်ခဲ့၏ဟု မိန့်တော်မူ၏။
56 Abraão, vosso pai, exultou por ver o meu dia, e viu-o, e alegrou-se.
57 ထိုအခါ ဂျူးလူမျိုးတို့က ကိုယ်တော်အား သင်သည် အသက်ငါးဆယ်မျှပင် မရှိသေးသော်လည်း အာဘရာဟံကို မြင်တွေ့ခဲ့ပြီလောဟု ဆိုကြ၏။-
57 Disseram-lhe, pois, os judeus: Ainda não tens cinqüenta anos, e viste Abraão?
58 ယေဇူးကလည်း သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား အာဘရာဟံ မမွေးဖွားမီကပင် ငါရှိနှင့်ပြီဟု သူတို့အား မိန့်တော် မူ၏။-
58 Disse-lhes Jesus: Em verdade, em verdade vos digo que antes que Abraão existisse, eu sou.
59 ထိုအခါ သူတို့သည် ကိုယ်တော်အား ပစ်ပေါက်ရန် ကျောက်ခဲများကို ကောက်ကြ၏။ သို့သော် ကိုယ်တော်သည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ ၏။
59 Então pegaram em pedras para lhe atirarem; mas Jesus ocultou-se, e saiu do templo, passando pelo meio deles, e assim se retirou.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 8, comparar traduções ou montar um estudo — tudo direto pelo WhatsApp.