João 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC

Sair da comparação
ARC Almeida Revista e Corrigida 2009
1 သုံးရက်မြောက်သောနေ့တွင် ဂါလေလေးယနယ်၊ ကာနာမြို့၌ လက်ထပ်ပွဲတစ်ခုကျင်းပပြီး ယေဇူး၏မယ်တော်သည်လည်း ထိုနေရာ၌ရှိ၏။-
1 E, ao terceiro dia, fizeram-se umas bodas em Caná da Galileia; e estava ali a mãe de Jesus.
2 ယေဇူးနှင့်အတူ တပည့်တော်တို့သည်လည်း ထိုလက်ထပ်ပွဲသို့ ဖိတ်ကြားခြင်းခံကြရ၏။-
2 E foram também convidados Jesus e os seus discípulos para as bodas.
3 ထိုအချိန်၌ စပျစ်ရည်ကုန်သွားသောကြောင့် ယေဇူး၏မယ်တော်က သူတို့တွင် စပျစ်ရည်မရှိဟု ကိုယ်တော်အား ပြောလေ၏။-
3 E, faltando o vinho, a mãe de Jesus lhe disse: Não têm vinho.
4 ယေဇူးကလည်း အချင်းအမျိုးသမီး၊ သင်သည် အကျွန်ုပ်နှင့် မည်သို့သက် ဆိုင်ပါသနည်း။ အကျွန်ုပ်၏အချိန် မရောက်သေး ဟု သူမအား မိန့်တော်မူ၏။-
4 Disse-lhe Jesus: Mulher, que tenho eu contigo? Ainda não é chegada a minha hora.
5 ကိုယ်တော်၏မယ်တော်ကလည်း သူစေခိုင်းသမျှကို ပြုလုပ်ကြလော့ဟု အစေခံတို့အား မှာထားလေ၏။-
5 Sua mãe disse aos empregados: Fazei tudo quanto ele vos disser.
6 ထိုနေရာ၌ ဂျူးလူမျိုးတို့၏ဘာသာရေး ဝိနည်းအရ စင်ကြယ်ခြင်းအမှုပြုရာတွင် အသုံးပြုသော ဂါလံနှစ်ဆယ်၊ သုံးဆယ်ခန့်ဝင်သည့် ကျောက်ရေအိုးကြီး ခြောက်လုံးရှိ၏။-
6 E estavam ali postas seis talhas de pedra, para as purificações dos judeus, e em cada uma cabiam duas ou três metretas.
7 ယေဇူးက အိုးများကို ရေဖြည့်ကြလော့ဟု သူတို့အား မိန့်တော်မူလျှင် သူတို့သည် ၎င်းအိုးတို့ကို နှုတ်ခမ်းတိုင်အောင် ရေဖြည့်ကြ၏။-
7 Disse-lhes Jesus: Enchei de água essas talhas. E encheram-nas até em cima.
8 ထို့နောက် ယေဇူးက ယခုအနည်းငယ်ခပ်၍ ပွဲအုပ်ထံသို့ယူသွားကြလော့ဟု သူတို့အား မိန့်တော်မူသဖြင့် သူတို့သည် ယူသွားကြလေ၏။-
8 E disse-lhes: Tirai agora e levai ao mestre-sala. E levaram.
9 ပွဲအုပ်သည်လည်း စပျစ်ရည်ဖြစ်ပြီးသောရေကို မြည်းစမ်းကြည့်သောအခါ ရေခပ်လာခဲ့သောအစေခံတို့သည် ယင်းအား အဘယ်ကရခဲ့သည်ကိုသိကြသော် လည်း ပွဲအုပ်မှာမူ မသိသောကြောင့် မင်္ဂလာဆောင်သတို့ သားကိုခေါ် ပြီးလျှင်၊-
9 E, logo que o mestre-sala provou a água feita vinho (não sabendo de onde viera, se bem que o sabiam os empregados que tinham tirado a água), chamou o mestre-sala ao esposo.
10 လူတိုင်းသည် ကောင်းသောစပျစ်ရည်ကို ဦးစွာတည်ခင်း၍ လူတို့၀အောင်သောက်ကြပြီးမှ စပျစ်ရည်အညံ့ကို တည်ခင်း လေ့ရှိကြ၏။ သင်မူကား ယခုအချိန်တိုင်အောင် ကောင်းသောစပျစ်ရည်ကို သိမ်းထားလေပြီတကားဟု ဆိုလေ၏။-
10 E disse-lhe: Todo homem põe primeiro o vinho bom e, quando já têm bebido bem, então, o inferior; mas tu guardaste até agora o bom vinho.
11 မိမိ၏ တန်ခိုးလက္ခဏာများတွင် ပထမဆုံးဖြစ်သော ဤတန်ခိုးလက္ခဏာကို ယေဇူးသည် ဂါလေလေးယနယ်၊ ကာနာမြို့၌ ပြလျက် မိမိ၏ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ကိုယ်တော်၌ ယုံကြည်ကြလေ၏။
11 Jesus principiou assim os seus sinais em Caná da Galileia e manifestou a sua glória, e os seus discípulos creram nele.
12 ထို့နောက် ကိုယ်တော်သည် မိမိ၏မယ်တော်နှင့်တကွ ညီအစ်ကိုများ၊ တပည့်တော်များနှင့်အတူ ကာဖာနာအုမ်မြို့သို့ ကြွတော်မူ၍ ထိုနေရာ၌ ရက်အနည်းငယ်ခန့် သီတင်းသုံးနေထိုင်တော်မူ၏။
12 Depois disso, desceu a Cafarnaum, ele, e sua mãe, e seus irmãos, e seus discípulos, e ficaram ali não muitos dias.
13 ဂျူးလူမျိုးတို့၏ ပါစကားပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။-
13 E estava próxima a Páscoa dos judeus, e Jesus subiu a Jerusalém.
14 ကိုယ်တော်သည် ဗိမာန်တော်အတွင်း၌ နွား၊ သိုးနှင့် ခိုများအား ရောင်းနေကြသောသူတို့နှင့် ငွေကြေးလဲလှယ်သူများကို တွေ့တော်မူလျှင်၊-
14 E achou no templo os que vendiam bois, e ovelhas, e pombos, e os cambiadores assentados.
15 ကြိုးများကိုစည်း၍ ကျာပွတ်ပြုလုပ်ပြီး ထိုသူအားလုံးတို့ကို သိုးများ၊ နွားများနှင့်အတူ ဗိမာန်တော်အပြင်သို့ မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သူတို့၏ငွေများကိုလည်း သွန်ချ၍ သူတို့၏စားပွဲများကို မှောက်ပစ် တော်မူ၏။-
15 E, tendo feito um azorrague de cordéis, lançou todos fora do templo, bem como os bois e ovelhas; e espalhou o dinheiro dos cambiadores, e derribou as mesas,
16 ကိုယ်တော်က ခိုရောင်းသောသူတို့အား ဤအရာများကို ယူသွားကြလော့။ ငါ့ခမည်းတော်၏ အိမ်တော်ကို ဈေးတန်း မဖြစ်စေကြနှင့်ဟု မိန့်တော်မူ၏။-
16 e disse aos que vendiam pombos: Tirai daqui estes e não façais da casa de meu Pai casa de vendas.
17 ကိုယ်တော်၏ တပည့်တော်တို့သည်လည်း အရှင်၏အိမ်တော်အတွက် စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းလျက်ရှိပါ၏ဟု ရေးထားသောကျမ်းချက်ကို သတိရကြ၏။-
17 E os seus discípulos lembraram-se do que está escrito: O zelo da tua casa me devorará.
18 ထိုအခါ ဂျူးလူမျိုးတို့က သင်သည် ဤသို့ပြုလုပ်ပိုင်ခွင့်ရှိကြောင်းကို ငါတို့အား မည်သည့်အမှတ်လက္ခဏာဖြင့် ပြမည်နည်း ဟု ကိုယ်တော်အား မေးကြ၏။-
18 Responderam, pois, os judeus e disseram-lhe: Que sinal nos mostras para fazeres isso?
19 ယေဇူးကလည်း ဤ ဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ ၎င်းကို သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်ဟု သူတို့အား ဖြေကြား တော်မူ၏။-
19 Jesus respondeu e disse-lhes: Derribai este templo, e em três dias o levantarei.
20 ထိုအခါ ဂျူးလူမျိုးတို့က ဤဗိမာန်တော်ကို နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခဲ့ကြရ၏။ သင်သည်ကား ၎င်းကို သုံးရက်အတွင်းတည် ဆောက်နိုင်ပါမည်လောဟု ဆိုကြ၏။-
20 Disseram, pois, os judeus: Em quarenta e seis anos, foi edificado este templo, e tu o levantarás em três dias?
21 သို့သော် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကို ရည်ညွန်းပြောဆိုခြင်းဖြစ်၏။-
21 Mas ele falava do templo do seu corpo.
22 ထို့ကြောင့် ကိုယ်တော် ဤကဲ့သို့ မိန့်တော်မူခဲ့ကြောင်းကို သေခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးသောအခါ တပည့်တော်တို့ သတိရကြသဖြင့် ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေဇူး မိန့်မြွက်တော်မူခဲ့သော နှုတ်တော်ထွက်စကား ကိုလည်းကောင်း ယုံကြည်ကြ၏။
22 Quando, pois, ressuscitou dos mortos, os seus discípulos lembraram-se de que lhes dissera isso; e creram na Escritura e na palavra que Jesus tinha dito.
23 ကိုယ်တော်သည် ပါစကားပွဲနေ့၌ ဂျေရုဆလင်မြို့တွင်ရှိစဉ် လူများစွာတို့သည် ကိုယ်တော်ပြုတော်မူသော အံ့ဖွယ် လက္ခဏာတို့ကိုမြင်ကြသဖြင့် ကိုယ်တော်၏ နာမတော်၌ ယုံကြည်ကြ၏။-
23 E, estando ele em Jerusalém pela Páscoa, durante a festa, muitos, vendo os sinais que fazia, creram no seu nome.
24 သို့သော် ယေဇူးသည် ထိုသူတို့အပေါ် ယုံမှတ်တော်မမူချေ။ အကြောင်းမူကား ကိုယ်တော်သည် လူအားလုံးတို့ကို သိတော်မူသောကြောင့် ဖြစ်၏။-
24 Mas o mesmo Jesus não confiava neles, porque a todos conhecia
25 ကိုယ်တော်သည် လူ၏စိတ်ထဲတွင်ရှိသမျှကို သိမြင်တော်မူသောကြောင့် လူ၏အကြောင်းကို သက်သေခံစေခြင်းငှာ မည်သူ့ကိုမျှ လိုအပ်တော်မမူချေ။
25 e não necessitava de que alguém testificasse do homem, porque ele bem sabia o que havia no homem.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.