João 20

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ရက်သတ္တပတ်၏ ပထမနေ့ နံနက်စောစော မှောင်နေဆဲအချိန်တွင် မာရိယာမာဒလေးနာသည် သခင်္ျိုင်းတော်သို့လာ၍ ကျောက်တုံးသည် သခင်္ျိုင်းဂူ၀မှ ရွှေ့ ထားလျက်ရှိသည်ကိုမြင်၏။-
1 No primeiro dia da semana, Maria Madalena foi ao sepulcro de madrugada, sendo ainda escuro, e viu que a pedra estava revolvida.
2 သို့ဖြစ်၍ သူမသည် ပြေး၍ စီမွန်ပေတရုနှင့် ယေဇူးချစ်တော်မူသောတပည့်တော်ထံ သို့သွားပြီးလျှင် ထိုသူတို့သည် သခင်ဘုရားကို သခင်္ျိုင်းဂူ မှယူဆောင်သွားကြပါပြီ။ ကိုယ်တော့်ကို သူတို့ အဘယ် မှာထားကြသည်ကို ကျွန်မတို့မသိပါဟု တပည့်တော်တို့ အား ဆို၏။-
2 Então, correu e foi ter com Simão Pedro e com o outro discípulo, a quem Jesus amava, e disse-lhes: Tiraram do sepulcro o Senhor, e não sabemos onde o puseram.
3 ထိုအခါ ပေတရုသည် အခြားသော တပည့်တော်နှင့်အတူ ထွက်လာပြီး သူတို့သည် သခင်္ျိုင်းတော် သို့ သွားကြလေ၏။-
3 Saiu, pois, Pedro e o outro discípulo e foram ao sepulcro.
4 သူတို့နှစ်ဦး အတူပြေးသွားကြစဉ် အခြားသောတပည့်တော်သည် ပေတရုကို ကျော်လွန်၍ သခင်္ျိုင်းတော်သို့ ဦးစွာရောက်လေ၏။-
4 Ambos corriam juntos, mas o outro discípulo correu mais depressa do que Pedro e chegou primeiro ao sepulcro;
5 သူသည် သခင်္ျိုင်း ဂူအတွင်းသို့ ငုံ့လျှိုး၍ကြည့်လျှင် ပိတ်အဝတ်ကျန်ရစ် သည်ကိုမြင်ရ၏။ သို့သော်လည်း သူသည် မဝင်ဘဲ နေလေ၏။-
5 e, abaixando-se, viu os lençóis de linho; todavia, não entrou.
6 သူ၏နောက်မှ လိုက်လာသော စီမွန်ပေတရု သည် ရောက်လာ၍ သခင်္ျိုင်းတွင်းသို့ ဝင်သဖြင့် ကျန်နေ ရစ်သော ပိတ်အဝတ်ကိုလည်းကောင်း၊-
6 Então, Simão Pedro, seguindo-o, chegou e entrou no sepulcro. Ele também viu os lençóis,
7 ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်မှပုဝါသည် ပိတ်အဝတ်များနှင့်အတူမရှိ ဘဲ တစ်နေရာတွင် သီးသန့်လိပ်ထားလျက် ရှိသည်ကိုလည်းကောင်း မြင်လေ၏။-
7 e o lenço que estivera sobre a cabeça de Jesus, e que não estava com os lençóis, mas deixado num lugar à parte.
8 ထို့နောက် သခင်္ျိုင်း တော်သို့ ဦးစွာရောက်ရှိသော အခြားတပည့်တော်သည်လည်း ဂူထဲသို့ဝင်၍ တွေ့ မြင်သောကြောင့် ယုံကြည်လေ၏။-
8 Então, entrou também o outro discípulo, que chegara primeiro ao sepulcro, e viu, e creu.
9 အကြောင်းမူကား ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထ မြောက်ရမည်ဟူသောကျမ်းစကားကို သူတို့နားမလည် ကြသေးချေ။-
9 Pois ainda não tinham compreendido a Escritura, que era necessário ressuscitar ele dentre os mortos.
10 ထို့နောက် တပည့်တော်တို့သည် မိမိတို့ ၏အိမ်များသို့ ပြန်သွားကြလေ၏။
10 E voltaram os discípulos outra vez para casa.
11 မာရိယာမူကား သခင်္ျိုင်းဂူအပြင်၌ ငိုကြွေးလျက် ရပ်နေလေ၏။ သူမသည် ငိုကြွေးနေစဉ် သခင်္ျိုင်းဂူအတွင်းသို့ ငုံ့လျှိုး၍ ကြည့်လိုက်ရာ၊-
11 Maria, entretanto, permanecia junto à entrada do túmulo, chorando. Enquanto chorava, abaixou-se, e olhou para dentro do túmulo,
12 ဖြူစင်သောအဝတ်ကို ဝတ်ဆင်ထားသော ကောင်းကင်တမန်တော်နှစ်ပါးသည် ယေဇူး၏ အလောင်းတော် ထားခဲ့သည့် နေရာတွင် ခေါင်းရင်း၌ တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်လျက်ရှိသည်ကို မြင်လေ၏။-
12 e viu dois anjos vestidos de branco, sentados onde o corpo de Jesus fora posto, um à cabeceira e outro aos pés.
13 ကောင်းကင်တမန်တော်တို့က အချင်းအမျိုးသမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်းဟု သူမကိုမေးကြလျှင် သူမက ကျွန်မ၏ အရှင်သခင်ကို ထိုသူတို့ ယူဆောင်သွားကြပါပြီ။ ကိုယ်တော်အား သူတို့မည်သည့်နေရာတွင် ထားသည်ကို ကျွန်မ မသိပါဟု ဆိုလေ၏။-
13 Então, eles lhe perguntaram: Mulher, por que choras? Ela lhes respondeu: Porque levaram o meu Senhor, e não sei onde o puseram.
14 ဤသို့ဆိုပြီးနောက် သူမသည်လှည့်၍ကြည့်လိုက်ရာ ယေဇူးရပ်နေသည်ကိုမြင်လေ၏။ သို့သော် ထိုသူသည် ကိုယ်တော် ဖြစ်ကြောင်းကို သူမ မသိချေ။-
14 Tendo dito isto, voltou-se para trás e viu Jesus em pé, mas não reconheceu que era Jesus.
15 ယေဇူးက အချင်းအမျိုး သမီး၊ အဘယ်ကြောင့်ငိုကြွေးသနည်း။ မည်သူ့ကို သင်ရှာဖွေသနည်းဟု မေးတော်မူလျှင် မာရိယာသည် ကိုယ်တော်အား ဥယျာဉ်စောင့်ဟု ထင်မှတ်၍ သခင်၊ သူ၏ အလောင်းကို သခင်ယူဆောင်သွားခဲ့ပါလျှင် မည်သည့် နေရာ၌ထားသည်ကို ကျွန်မအား ပြောပါ။ သူ့ကို ကျွန်မယူ ဆောင်သွားပါမည်ဟု ဆိုလေ၏။-
15 Perguntou-lhe Jesus: Mulher, por que choras? A quem procuras? Ela, supondo ser ele o jardineiro, respondeu: Senhor, se tu o tiraste, dize-me onde o puseste, e eu o levarei.
16 ယေဇူးက မာရိယာဟု သူမအား ခေါ်တော်မူလျှင် သူမသည် နောက်သို့လှည့်၍ ဟေဗြေဦးဘာသာဖြင့် ရာဘောနီဟု ကိုယ်တော်အား ခေါ်လေ၏။ (ရာဘောနီ၏အဓိပ္ပာယ်ကား ဆရာဟု ဆိုလို သတည်း။)-
16 Disse-lhe Jesus: Maria! Ela, voltando-se, lhe disse, em hebraico: Raboni (que quer dizer Mestre)!
17 ယေဇူးက ငါ့ကိုမထိနှင့်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ တက်ကြွမသွားရသေး။ သင်မူကား ငါ၏ ညီအစ်ကိုများရှိရာသို့ သွားပြီးလျှင် ငါသည် ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ ဘုရားသခင်တည်း ဟူသော သင်တို့၏ ဘုရားသခင်ထံတော်သို့ တက်ကြွမည့်အကြောင်းကို ပြောကြားလော့ ဟု မိန့်တော်မူ၏။-
17 Recomendou-lhe Jesus: Não me detenhas; porque ainda não subi para meu Pai, mas vai ter com os meus irmãos e dize-lhes: Subo para meu Pai e vosso Pai, para meu Deus e vosso Deus.
18 ထိုအခါ မာရိယာမာဒလေးနာသည် သွား၍ ကျွန်မသည် သခင်ဘုရားကိုဖူးမြင်ခဲ့ရပြီဟု တပည့်တော်တို့အား ဆိုလျက် မိမိအား ကိုယ်တော်မိန့်တော်မူခဲ့သော အကြောင်းအရာများကို သူတို့အား ပြောပြလေ၏။
18 Então, saiu Maria Madalena anunciando aos discípulos: Vi o Senhor! E contava que ele lhe dissera estas coisas.
19 ရက်သတ္တပတ်၏ ပထမနေ့ဖြစ်သော ထိုနေ့တွင် ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် မိမိတို့စုဝေးကြသောနေရာတွင် တံခါးများကို ပိတ်ထားလျက်နေကြ၏။ ထိုအချိန်၌ ယေဇူးသည် ကြွလာ၍ သူတို့အလယ်တွင်ရပ်လျက် သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု သူတို့အား မိန့်တော်မူ၏။-
19 Ao cair da tarde daquele dia, o primeiro da semana, trancadas as portas da casa onde estavam os discípulos com medo dos judeus, veio Jesus, pôs-se no meio e disse-lhes: Paz seja convosco!
20 ဤကဲ့သို့မိန့်တော်မူပြီးနောက် ကိုယ်တော် သည် သူတို့အား မိမိ၏လက်တော်တို့နှင့် နံဘေးတော် ကို ပြတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် သခင်ဘုရားကို ဖူးမြင်ရသဖြင့် ဝမ်းမြောက်ကြလေ၏။-
20 E, dizendo isto, lhes mostrou as mãos e o lado. Alegraram-se, portanto, os discípulos ao verem o Senhor.
21 တစ်ဖန် ကိုယ်တော်က သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏ဟု မိန့်တော်မူ၏။-
21 Disse-lhes, pois, Jesus outra vez: Paz seja convosco! Assim como o Pai me enviou, eu também vos envio.
22 ထို့နောက် ကိုယ်တော်သည် သူတို့အပေါ်သို့ မှုတ်တော်မူလျက် ဝိညာဉ်တော်မြတ်ကို ခံယူကြလော့။-
22 E, havendo dito isto, soprou sobre eles e disse-lhes: Recebei o Espírito Santo.
23 အကြင်သူ၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုအပြစ်များသည် ခွင့်လွှတ်ခြင်းခံရ၏။ အကြင်သူ၏အပြစ်များကို သင်တို့ တည်စေလျှင် ထိုအပြစ်များသည် တည်လျက်ရှိ၏ဟု သူတို့အား မိန့်တော်မူ၏။
23 Se de alguns perdoardes os pecados, são-lhes perdoados; se lhos retiverdes, são retidos.
24 တစ်ဆယ့်နှစ်ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဒီးဒီမုဟုခေါ်သည့် သောမသည်ကား ယေဇူးကြွလာတော်မူသော အချိန်တွင် သူတို့နှင့်အတူမရှိချေ။-
24 Ora, Tomé, um dos doze, chamado Dídimo, não estava com eles quando veio Jesus.
25 သို့ဖြစ်၍ အခြားသော တပည့်တော်တို့က ငါတို့သည် သခင်ဘုရားကို ဖူးမြင်ကြရပြီဟု သူ့အား ဆိုကြ၏။ သို့သော် သောမက ကိုယ်တော်၏လက်တော်၌ သံရိုက်ရာကို ငါမမြင်ရလျှင်၊ သံရိုက်ရာထဲသို့ ငါ၏လက်ညှိုးကို မသွင်းရလျှင်၊ ကိုယ်တော်၏ နံဘေးတော်ကို ငါ၏လက်ဖြင့် မစမ်းသပ်ရလျှင် ငါယုံကြည်လိမ့်မည်မဟုတ်ဟု သူတို့အား ဆိုလေ၏။
25 Disseram-lhe, então, os outros discípulos: Vimos o Senhor. Mas ele respondeu: Se eu não vir nas suas mãos o sinal dos cravos, e ali não puser o dedo, e não puser a mão no seu lado, de modo algum acreditarei.
26 ရှစ်ရက်မြောက်သောနေ့၌ တပည့်တော်တို့သည် အိမ်အတွင်း၌ တစ်ဖန်စုဝေးလျက်ရှိကြစဉ် သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျက် ရှိသော်လည်း ယေဇူးသည် ကြွလာပြီးလျှင် သူတို့၏ အလယ်၌ရပ်တော်မူလျက် သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိပါစေဟု သူတို့အား မိန့်တော်မူ၏။-
26 Passados oito dias, estavam outra vez ali reunidos os seus discípulos, e Tomé, com eles. Estando as portas trancadas, veio Jesus, pôs-se no meio e disse-lhes: Paz seja convosco!
27 ထို့နောက် ကိုယ်တော်က သောမအား သင်၏လက်ညှိုးကို ဤနေရာ၌သွင်း၍ ငါ၏လက်များကို ကြည့်လော့။ သင်၏လက် ကိုလည်း ဆန့်၍ ငါ၏နံဘေးကို စမ်းသပ်လော့။ ယုံမှားသံသယမဖြစ်လေနှင့်၊ ယုံကြည်လော့ဟုမိန့်တော်မူ၏။-
27 E logo disse a Tomé: Põe aqui o dedo e vê as minhas mãos; chega também a mão e põe-na no meu lado; não sejas incrédulo, mas crente.
28 သောမကလည်း အကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရား ပါတကားဟု ကိုယ်တော်အား ပြန်၍လျှောက်လေ၏။-
28 Respondeu-lhe Tomé: Senhor meu e Deus meu!
29 ယေဇူးကလည်း သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်သလော။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။
29 Disse-lhe Jesus: Porque me viste, creste? Bem-aventurados os que não viram e creram.
30 ဤကျမ်းစာ၌ မှတ်တမ်းတင်မထားသည့် များစွာသော အခြားတန်ခိုးလက္ခဏာတို့ကိုလည်း ယေဇူးသည် တပည့်တော်တို့ ရှေ့မှောက်တွင် ပြတော်မူ၏။-
30 Na verdade, fez Jesus diante dos discípulos muitos outros sinais que não estão escritos neste livro.
31 သို့သော် ယေဇူးသည် ဘုရားသခင်၏ သားတော်တည်းဟူသော ခရစ်တော်ဖြစ်သည်ကို သင်တို့ယုံကြည်ကြစေရန် လည်းကောင်း၊ ထိုကဲ့သို့ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏နာမတော်၌ သင်တို့သည် အသက်ကိုရနိုင်ကြရန်လည်းကောင်း ဤအရာများကို ရေးသားမှတ်တမ်း တင်ထားလျက်ရှိ၏။
31 Estes, porém, foram registrados para que creiais que Jesus é o Cristo, o Filho de Deus, e para que, crendo, tenhais vida em seu nome.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 20, comparar traduções ou montar um estudo — tudo direto pelo WhatsApp.