João 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 အစဦး၌ နှုတ်တော်ထွက်စကား တည်ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ နှုတ်တော်ထွက်စကားသည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။-
1 No princípio, era o Verbo, e o Verbo estava com Deus, e o Verbo era Deus.
2 ကိုယ်တော်သည် အစဦးကပင် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။-
2 Ele estava no princípio com Deus.
3 ကိုယ်တော်အားဖြင့် အရာခပ်သိမ်းတို့သည် ဖြစ်ပေါ်လာခဲ့ကြ၏။ ကိုယ်တော်နှင့်ကင်း၍ ဖြစ်လာသောအရာ တစ်စုံတစ်ခု မျှမရှိခဲ့ချေ။-
3 Todas as coisas foram feitas por ele, e sem ele nada do que foi feito se fez.
4 ကိုယ်တော်၌ အသက်တည်ရှိ၍ အသက်သည် လူတို့၏အလင်းဖြစ်၏။-
4 Nele, estava a vida e a vida era a luz dos homens;
5 အလင်းသည် မှောင်မိုက်တွင် ထွန်းလင်း၏။ မှောင်မိုက်မူကား အလင်းကို မလွှမ်းမိုးနိုင်ချေ။
5 e a luz resplandece nas trevas, e as trevas não a compreenderam.
6 ယောဟန်အမည်ရှိသော လူတစ်ဦးသည် ဘုရားသခင်၏ စေလွှတ်ခြင်းကိုခံရ၏။-
6 Houve um homem enviado de Deus, cujo nome era João.
7 သူ့အားဖြင့် လူသားအားလုံး ယုံကြည်လာကြစေရန် သူသည် အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာခဲ့၏။-
7 Este veio para testemunho para que testificasse da luz, para que todos cressem por ele.
8 သူသည် အလင်းတော်မဟုတ်၊ အလင်းတော်အကြောင်းကို သက်သေခံရန် လာသောသူသာဖြစ်၏။-
8 Não era ele a luz, mas veio para que testificasse da luz.
9 လူအပေါင်းတို့အား ဉာဏ်အလင်းပေးသည့် စစ်မှန်သော အလင်းတော်သည်ကား ကမ္ဘာလောကအတွင်းသို့ ကြွလာမည်ဖြစ်၏။
9 Ali estava a luz verdadeira, que alumia a todo homem que vem ao mundo,
10 ကိုယ်တော်သည် ကမ္ဘာလောကတွင် ရှိတော်မူပြီး ဖြစ်၍ ကမ္ဘာလောကသည် ကိုယ်တော်အားဖြင့် ဖြစ်ပေါ် လာ၏။ သို့သော်လည်း ကမ္ဘာလောကသည် ကိုယ်တော့် ကို မသိချေ။-
10 estava no mundo, e o mundo foi feito por ele e o mundo não o conheceu.
11 ကိုယ်တော်သည် မိမိ၏နေရင်းပြည်သို့ ကြွလာတော်မူသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော့်ကို လက်မခံကြ။-
11 Veio para o que era seu, e os seus não o receberam.
12 သို့ရာတွင် ကိုယ်တော်သည် မိမိကိုလက်ခံကြ၍ မိမိ၏နာမတော်၌ ယုံကြည်ကြသောသူတို့အား ဘုရားသခင်၏ သားသမီးဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။-
12 Mas a todos quantos o receberam deu-lhes o poder de serem feitos filhos de Deus: aos que creem no seu nome,
13 ထိုသူတို့သည်ကား လူတို့၏သွေးမှမဟုတ်၊ အသွေးအသား အလိုဆန္ဒအားဖြင့်လည်းမဟုတ်၊ လူ၏အလို အားဖြင့်လည်း မဟုတ်ဘဲ ဘုရားသခင်မှ မွေးဖွားလာကြခြင်းဖြစ်၏။
13 os quais não nasceram do sangue, nem da vontade da carne, nem da vontade do varão, mas de Deus.
14 နှုတ်တော်ထွက်စကားသည်လည်း လူ့ဇာတိအဖြစ်ကို ယူတော်မူ၍ ငါတို့အလယ်တွင် စံပယ်တော်မူလေ၏။ ငါတို့သည် ကျေးဇူးတော်နှင့် သမ္မာတရားတို့ဖြင့် ပြည့်စုံလျက်ရှိသော ကိုယ်တော်၏ဘုန်းတော်ကို ခမည်းတော်၏ တစ်ပါးတည်းသော သားတော်၏ ဘုန်းတော်အဖြစ် ဖူးမြင်ကြရလေပြီ။
14 E o Verbo se fez carne e habitou entre nós, e vimos a sua glória, como a glória do Unigênito do Pai, cheio de graça e de verdade.
15 ယောဟန်သည် ကိုယ်တော့်ကို သက်သေခံလျက် ကြွေးကြော်သည်မှာ ငါ့နောက်မှ ကြွလာမည့်သူသည် ငါမရှိမီက ရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သောသူသည်ကား ဤသူပင်ဖြစ်သတည်း။-
15 João testificou dele e clamou, dizendo: Este era aquele de quem eu dizia: o que vem depois de mim é antes de mim, porque foi primeiro do que eu.
16 ငါတို့အားလုံးသည် ကိုယ်တော်၏ပြည့်စုံခြင်းမှ ကျေးဇူးတော်တစ်ပါးအပေါ် တစ်ပါးထပ်ဆင့်ခံကြရလေပြီ။-
16 E todos nós recebemos também da sua plenitude, com graça sobre graça.
17 အဘယ်ကြောင့်ဆိုသော် ပညတ်တရားကျမ်းကို မိုးဇက်မှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်၏။ ကျေးဇူးတော်နှင့် သမ္မာတရား သည်ကား ယေဇူးခရစ်တော်အားဖြင့် လာသတည်း။-
17 Porque a lei foi dada por Moisés; a graça e a verdade vieram por Jesus Cristo.
18 မည်သူမျှ ဘုရားသခင်ကို မမြင်ဖူးကြ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိတော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူ၏။
18 Deus nunca foi visto por alguém. O Filho unigênito, que está no seio do Pai, este o fez conhecer.
19 ဂျူးလူမျိုးတို့က သင်သည် မည်သူဖြစ်သနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ဂျေရုဆလင်မြို့မှ ရဟန်းများနှင့် လေဝိမျိုးနွယ်များကို စေလွှတ်ကြသောအခါတွင် ယောဟန်သည် ဤသို့သက်သေခံလေ၏။-
19 E este é o testemunho de João, quando os judeus mandaram de Jerusalém sacerdotes e levitas para que lhe perguntassem: Quem és tu?
20 ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ငါသည် ခရစ်တော်မဟုတ်ဟု အတိအလင်း ဝန်ခံလေ၏။-
20 E confessou e não negou; confessou: Eu não sou o Cristo.
21 ထိုသူတို့ကလည်း ဤသို့ဆိုလျှင် သင်သည် ဧလိယဖြစ်သလောဟု မေးမြန်းကြသော် သူက ငါမဟုတ်ဟု ပြန်ဖြေလေ၏။ သင်သည် ပရောဖက်ဖြစ်သလောဟု မေးကြပြန်လျှင် သူက ငါမဟုတ်ဟု ပြန် ပြောလေ၏။-
21 E perguntaram-lhe: Então, quem és, pois? És tu Elias? E disse: Não sou. És tu o profeta? E respondeu: Não.
22 ထိုအခါ သူတို့က သင်သည် မည်သူဖြစ်သနည်း။ ငါတို့ကို စေလွှတ်သောသူတို့အား ငါတို့ပြောပြနိုင်ရန် သင်မည်သူဖြစ်ကြောင်း သင်ကိုယ်တိုင် ပြောပြပါလော့ ဟုဆိုကြ၏။-
22 Disseram-lhe, pois: Quem és, para que demos resposta àqueles que nos enviaram? Que dizes de ti mesmo?
23 ထိုအခါ သူက ငါသည် ပရောဖက် အီဇာယဟောထားခဲ့သည့်အတိုင်း သခင်ဘုရား၏ လမ်းတော်ကို ဖြောင့်တန်းစေကြ လော့ဟူ၍ တောကန္တာရ၌ ကြွေးကြော်သောသူ၏အသံဖြစ်သတည်းဟု ဆိုလေ၏။
23 Disse: Eu sou a voz do que clama no deserto: Endireitai o caminho do Senhor, como disse o profeta Isaías.
24 ထိုသို့မေးမြန်းရန် စေလွှတ်ခြင်းခံရသောသူတို့တွင် ဖာရီဇေးဦးများလည်း ပါဝင်ကြ၏။-
24 E os que tinham sido enviados eram dos fariseus,
25 ထိုသူတို့က သင်သည် ခရစ်တော်လည်းမဟုတ်၊ ဧလိယလည်းမဟုတ်၊ ပရောဖက်လည်းမဟုတ်ပါလျှင် အဘယ်ကြောင့် ဆေးကြောခြင်းကိုပေးသနည်းဟု မေးကြ၏။-
25 e perguntaram-lhe, e disseram-lhe: Por que batizas, pois, se tu não és o Cristo, nem Elias, nem o profeta?
26 ယောဟန်က သူတို့အား ပြန်ဖြေသည်မှာ ငါသည် ရေဖြင့်ဆေးကြော၏။ သင်တို့အလယ်၌မူကား သင်တို့မသိသောသူတစ်ဦး ရှိ၏။-
26 João respondeu-lhes, dizendo: Eu batizo com água, mas, no meio de vós, está um a quem vós não conheceis.
27 ထိုသူသည် ငါ့နောက်မှ ကြွလာသူဖြစ်သော်လည်း ငါသည် သူ၏ခြေနင်းတော်ကြိုးကိုမျှ ဖြေပေးခြင်းငှာ မထိုက်တန်ပါ ဟုဆို၏။-
27 Este é aquele que vem após mim, que foi antes de mim, do qual eu não sou digno de desatar as correias das sandálias.
28 ဤအကြောင်းအရာများသည် ယောဟန်ဆေးကြောခြင်းပေးနေသော ဂျော်ဒန်မြစ်တစ် ဖက်ကမ်းရှိ ဘက်သနီရွာတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။
28 Essas coisas aconteceram em Betânia, do outro lado do Jordão, onde João estava batizando.
29 နောက်တစ်နေ့တွင် မိမိထံသို့ ယေဇူးကြွလာတော်မူသည်ကိုမြင်လျှင် ယောဟန်က ကြွေးကြော်သည်ကား ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့။ လောကသားတို့၏အပြစ်ကို ချွတ်တော်မူသောအရှင်ကို ကြည့်ကြလော့။-
29 No dia seguinte, João viu a Jesus, que vinha para ele, e disse: Eis o Cordeiro de Deus, que tira o pecado do mundo.
30 ငါမရှိမီက ရှိနှင့်တော်မူသည်ဖြစ်၍ ငါ့ထက်ပို၍ ကြီးမြတ်သောသူသည် ငါ့နောက်၌ ကြွလာမည်ဟု ငါဆိုခဲ့သောသူသည် ဤသူပင်ဖြစ်သတည်း။-
30 Este é aquele do qual eu disse: após mim vem um homem que foi antes de mim, porque já era primeiro do que eu.
31 ငါသည် ကိုယ်တော့်ကို မသိခဲ့။ သို့သော်လည်း ကိုယ်တော့်ကို အစ္စရာအဲလ်လူမျိုးတို့အား ထင်ရှားစွာဖော်ပြခြင်းငှာ ငါသည် လာ၍ ရေဖြင့်ဆေးကြောခြင်းဖြစ်သည်ဟု ဆိုလေ၏။-
31 E eu não o conhecia, mas, para que ele fosse manifestado a Israel, vim eu, por isso, batizando com água.
32 ထို့နောက် ယောဟန်က သက်သေခံသည်ကား ဝိညာဉ်တော်သည် ချိုးငှက်သဏ္ဌာန်ဖြင့် ကောင်းကင်မှ ဆင်းသက်၍ သူ့အပေါ်၌ နားနေသည်ကို ငါမြင်ရ၏။-
32 E João testificou, dizendo: Eu vi o Espírito descer do céu como uma pomba e repousar sobre ele.
33 ငါသည် သူ့ကိုသိသည်မဟုတ်။ သို့ရာတွင် ရေဖြင့် ဆေးကြောရန် ငါ့ကိုစေလွှတ်တော်မူသော အရှင်က အကြင်သူ၏အပေါ် ၌ ဝိညာဉ်တော်သည် ဆင်းသက်၍ နားနေတော်မူသည်ကို သင်မြင်ရပါက ဤသူသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဆေးကြောသောသူ ဖြစ်သတည်းဟု ငါ့အား မိန့်တော်မူခဲ့၏။-
33 E eu não o conhecia, mas o que me mandou a batizar com água, esse me disse: Sobre aquele que vires descer o Espírito e sobre ele repousar, esse é o que batiza com o Espírito Santo.
34 ငါသည်လည်း မြင်ခဲ့ရသောကြောင့် ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်တော်မူကြောင်းကို ငါသက်သေခံသည်ဟု ဆိုလေ၏။
34 E eu vi e tenho testificado que este é o Filho de Deus.
35 တစ်ဖန် ယောဟန်သည် နောက်တစ်နေ့၌ မိမိ၏ တပည့်နှစ်ယောက်တို့နှင့်အတူ ရပ်နေစဉ်၊-
35 No dia seguinte João estava outra vez ali, na companhia de dois dos seus discípulos.
36 ယေဇူးကြွလာတော်မူသည်ကို ကြည့်၍ ဘုရားသခင်၏ သိုးငယ်တော်ကို ကြည့်ကြလော့ဟုဆို၏။-
36 E, vendo passar a Jesus, disse: Eis aqui o Cordeiro de Deus.
37 တပည့်နှစ်ယောက်တို့သည်လည်း ယောဟန်၏စကားကိုကြားလျှင် ယေဇူး၏နောက်တော်သို့ လိုက်သွားကြလေ၏။-
37 E os dois discípulos ouviram-no dizer isso e seguiram a Jesus.
38 ယေဇူးသည် လှည့်ကြည့်၍ ထိုသူတို့သည် မိမိနောက်သို့လိုက်လာကြသည်ကိုမြင်သဖြင့် သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်းဟု သူတို့အား မိန့်တော်မူ၏။ ထိုအခါ သူတို့က ရာဘီ၊ (အဓိပ္ပာယ်ကား ဆရာသခင်ဟု ဆိုလိုသည်) ကိုယ်တော်သည် မည်သည့်အရပ်၌ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။-
38 E Jesus, voltando-se e vendo que eles o seguiam, disse-lhes: Que buscais? E eles disseram: Rabi (que, traduzido, quer dizer Mestre), onde moras?
39 ကိုယ်တော်ကလည်း လာ၍ကြည့်ကြလော့ဟု သူတို့အား မိန့်တော်မူ၏။ သူတို့သည် လာကြ၍ ကိုယ်တော်နေသောနေရာကို ကြည့်ကြပြီးလျှင် ထိုနေ့၌ ကိုယ်တော်နှင့်အတူနေကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သည် ညနေလေးနာရီခန့်ဖြစ် သောကြောင့်တည်း။
39 Ele lhes disse: Vinde e vede. Foram, e viram onde morava, e ficaram com ele aquele dia; e era já quase a hora décima.
40 ယောဟန်၏စကားကိုကြားရ၍ နောက်တော်သို့ လိုက်ကြသောသူနှစ်ဦးတို့တွင် တစ်ဦးမှာ စီမွန်ပေတရု၏ညီ အန္ဒြေးယ ဖြစ်၏။-
40 Era André, irmão de Simão Pedro, um dos dois que ouviram aquilo de João e o haviam seguido.
41 သူသည် မိမိ၏အစ်ကို စီမွန်ကို ရှေးဦးစွာတွေ့လျှင် ငါတို့သည် မေဆိယ (အဓိပ္ပာယ်ကား ခရစ်တော်ဟု ဆိုလိုသည်)ကို တွေ့ခဲ့ကြလေပြီ ဟုဆို၏။-
41 Este achou primeiro a seu irmão Simão e disse-lhe: Achamos o Messias (que, traduzido, é o Cristo).
42 သူသည် စီမွန်အား ယေဇူးထံတော်သို့ ခေါ်ဆောင်လာသောအခါ ကိုယ်တော်သည် သူ့ကိုကြည့်တော်မူ၍ သင်သည် ယောန၏သား စီမွန်ဖြစ်၏။ သင်သည် စေဖဟူ၍ခေါ် ခြင်း ခံရလိမ့်မည် (အဓိပ္ပာယ်မှာ ပေတရုဟု ဆိုလိုသည်) ဟု မိန့်တော်မူ၏။
42 E levou-o a Jesus. E, olhando Jesus para ele, disse: Tu és Simão, filho de Jonas; tu serás chamado Cefas (que quer dizer Pedro).
43 နောက်တစ်နေ့တွင် ယေဇူးသည် ဂါလေလေးယ နယ်သို့သွားရန် ဆုံးဖြတ်တော်မူ၏။ ထို့နောက် ကိုယ်တော်သည် ဖိလိပုကိုတွေ့လျှင် ငါ့နောက်သို့ လိုက်လော့ဟု သူ့အား မိန့်တော်မူ၏။-
43 No dia seguinte, quis Jesus ir à Galileia, e achou a Filipe, e disse-lhe: Segue-me.
44 ဖိလိပုသည်ကား အန္ဒြေးယနှင့် ပေတရုတို့၏မြို့ဖြစ်သော ဘက်ဇိုင်းဒါမြို့ မှဖြစ်၏။-
44 E Filipe era de Betsaida, cidade de André e de Pedro.
45 ဖိလိပုသည် နာသာနာအဲလ်ကိုတွေ့လျှင် ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့တွင် မိုးဇက်ရည်ညွန်းရေးသားခဲ့သော သူဖြစ်သည့် ဂျိုးဇက်၏သား၊ နာဇရက်မြို့သားယေဇူးကို ငါတို့တွေ့ခဲ့ကြပြီဟုဆို၏။-
45 Filipe achou Natanael e disse-lhe: Havemos achado aquele de quem Moisés escreveu na Lei e de quem escreveram os Profetas: Jesus de Nazaré, filho de José.
46 နာသာနာအဲလ်ကလည်း နာဇရက်မြို့မှကောင်းသော အရာတစ်စုံတစ်ခုပေါ် ထွက်လာနိုင်သလောဟု သူ့အားမေးလျှင် ဖိလိပုက လာ၍ကြည့်လော့ဟု ဆိုလေ၏။-
46 Disse-lhe Natanael: Pode vir alguma coisa boa de Nazaré? Disse-lhe Filipe: Vem e vê.
47 ယေဇူးသည် မိမိထံသို့ နာသာနာအဲလ် လာနေသည်ကိုမြင်လျှင် ကောက်ကျစ်စဉ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ် အမျိုးသားစင်စစ် ကို ကြည့်ကြလော့ဟု သူ့အား ရည်ညွန်း၍ မိန့်တော်မူ၏။-
47 Jesus viu Natanael vir ter com ele e disse dele: Eis aqui um verdadeiro israelita, em quem não há dolo.
48 နာသာနာအဲလ်ကလည်း ကိုယ်တော်သည် အကျွန်ုပ်ကို မည်ကဲ့သို့ သိတော်မူပါသနည်းဟု မေးလျှောက်လျှင် ယေဇူးက သင့်အား ဖိလိပုမခေါ်မီ သင်သည် တည်ပင်အောက်၌ ရှိနေစဉ်ကပင် သင့်ကို ငါမြင်သည်ဟု သူ့အား ပြန်ပြောတော်မူ၏။-
48 Disse-lhe Natanael: De onde me conheces tu? Jesus respondeu e disse-lhe: Antes que Filipe te chamasse, te vi eu estando tu debaixo da figueira.
49 နာသာနာအဲလ်က ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့၏ဘုရင်လည်း ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။-
49 Natanael respondeu e disse-lhe: Rabi, tu és o Filho de Deus, tu és o Rei de Israel.
50 ယေဇူးကလည်း သင့်ကို တည်ပင်အောက်၌ မြင်ရသည်ဟု သင့်အား ငါပြောသောကြောင့် သင်ယုံကြည်သလော။ ယခု ထက်ပို၍ ကြီးမြတ်သောအရာတို့ကို သင်မြင်ရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။-
50 Jesus respondeu e disse-lhe: Porque te disse: vi-te debaixo da figueira, crês?
51 ထို့နောက် ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ လူသား၏အပေါ် ၌ ဘုရားသခင်၏ ကောင်းကင်တမန်တော်များ ဆင်းလျက် တက်လျက် ရှိနေကြသည်ကိုလည်းကောင်း သင်တို့မြင်ကြရလိမ့် မည်ဟု သူ့အား မိန့်တော်မူ၏။
51 E disse-lhe: Na verdade, na verdade vos digo que, daqui em diante, vereis o céu aberto e os anjos de Deus subirem e descerem sobre o Filho do Homem.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.