João 19
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT
1 ထို့ကြောင့် ပီလာတုမင်းသည် ယေဇူးကို ခေါ်ဆောင်သွားစေပြီးလျှင် ကြိမ်နှင့်ရိုက်စေ၏။-
1 Então Pilatos mandou açoitar Jesus.
2 စစ်သူရဲတို့သည်လည်း ဆူးခက်ဖြင့်ပြီးသော ဦးရစ်သရဖူကို ပြုလုပ်၍ ကိုယ်တော်၏ ဦးခေါင်းတော်ပေါ်၌ တင်ကြပြီး ခရမ်းရောင်ဝတ်ရုံကိုလည်း ကိုယ်တော့်အပေါ် ခြုံပေးကြ၏။-
2 Os soldados fizeram uma coroa de espinhos e a colocaram em sua cabeça, e depois puseram nele um manto vermelho.
3 ထို့နောက် သူတို့သည် အထံတော်သို့ချဉ်းကပ်၍ ဂျူးလူမျိုးတို့၏ဘုရင်၊ ကျန်းမာပါစေဟုဆိုကြလျက် ကိုယ်တော်၏ပါးကို ရိုက်ကြ၏။-
3 Zombavam dele, dizendo: “Salve, rei dos judeus!”, e batiam em seu rosto.
4 ပီလာတုမင်းသည် အပြင်သို့ တစ်ဖန်ထွက်ပြီး လူအစုအဝေးတို့အား ငါသည် ဤသူ၌ အပြစ်တစ်စုံတစ်ခုမျှ မတွေ့ကြောင်းကို သင်တို့သိစေခြင်းငှာ သင်တို့ထံသို့ သူ့ကိုခေါ်ထုတ်ခဲ့ပြီဟု ဆို၏။-
4 Pilatos saiu outra vez e disse ao povo: “Agora vou trazê-lo aqui para vocês, mas que fique bem claro: eu o considero inocente”.
5 ထိုအခါ ယေဇူးသည် ဆူးခက်ဖြင့် ပြုလုပ်ထားသော သရဖူကိုဆောင်း၍ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အပြင်သို့ ထွက်တော်မူလျှင် ပီလာတုမင်းက ဤသူ့ကိုကြည့်ကြလော့ဟု ဆို၏။-
5 Então Jesus saiu com a coroa de espinhos e o manto vermelho. “Vejam, aqui está o homem!”, disse Pilatos.
6 ရဟန်းအကြီးအကဲများနှင့် အစောင့်တို့သည် ကိုယ်တော့်ကိုမြင်ကြလျှင် သူ့ကို လက်ဝါးကပ်တိုင်တင်ပါ၊ သူ့ကို လက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင် တင်ကြလော့။ အကြောင်းမူကား ငါသည် သူ့၌ အပြစ်တစ်စုံတစ်ခုကိုမျှ မတွေ့ဟုဆို၏။-
6 Quando os principais sacerdotes e os guardas do templo o viram, começaram a gritar: “Crucifique-o! Crucifique-o!”. “Levem-no vocês e crucifiquem-no”, disse Pilatos. “Eu o considero inocente.”
7 ဂျူးလူမျိုးတို့ကလည်း အကျွန်ုပ်တို့၌ ပညတ်ဥပဒေတစ်ခုရှိ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏ သားတော်ဟု ဆိုသောကြောင့် ထိုပညတ်ဥပဒေအရ သူသည် သေဒဏ်ခံထိုက်သည်ဟု ပီလာတုမင်းအား ပြန်ပြောကြ၏။
7 Os líderes judeus responderam: “Pela nossa lei ele deve morrer, pois chamou a si mesmo de Filho de Deus”.
8 ထိုစကားကို ပီလာတုမင်းကြားလျှင် ပို၍ကြောက် ရွံ့လာလေ၏။-
8 Quando Pilatos ouviu isso, ficou ainda mais amedrontado.
9 သို့ဖြစ်၍ သူသည် အိမ်တော်ထဲသို့ တစ်ဖန်ပြန်ဝင်ပြီးလျှင် ယေဇူးအား သင်သည် မည်သည့်အရပ်က လာသနည်းဟု မေးတော်မူ၏။ ယေဇူးမူကား တစ်ခွန်းမျှ ပြန်ဖြေတော်မမူပေ။-
9 Levou Jesus de volta para dentro do palácio e lhe perguntou: “De onde você vem?”. Jesus, porém, não respondeu.
10 ထို့ကြောင့် ပီလာတုမင်းက သင်သည် ငါနှင့်စကားပြောရန် အလိုမရှိသလော။ ငါသည် သင့်ကိုလွှတ်ပိုင်သည်ကို လည်းကောင်း၊ လက်ဝါးကပ်တိုင် တင်ပိုင်သည်ကိုလည်းကောင်း သင်မသိပါသလောဟု ကိုယ်တော်အား မေးလေ၏။-
10 “Por que você se nega a falar comigo?”, perguntou Pilatos. “Não sabe que tenho autoridade para soltá-lo ou crucificá-lo?”
11 ယေဇူးက မင်းကြီးသည် အထက်အရပ်မှအခွင့်မရခဲ့ပါလျှင် ငါ့ကို မည်သို့မျှ ပြုလုပ်ပိုင်ခွင့်မရှိ။ ထို့ကြောင့် ငါ့ကို မင်းကြီး၏ လက်သို့ အပ်နှံခဲ့သောသူသည် ပို၍အပြစ်ကြီး၏ဟု သူ့အား မိန့်တော်မူ၏။
11 Jesus disse: “Você não teria autoridade alguma sobre mim se esta não lhe fosse dada de cima. Portanto, aquele que me entregou a você tem um pecado maior”.
12 ထိုအချိန်မှစ၍ ပီလာတုမင်းသည် ယေဇူးကို လွှတ်ပေးနိုင်မည့်နည်းလမ်းကို ရှာကြံလေ၏။ သို့သော် ဂျူးလူမျိုးတို့က ဤသူ့ကို လွှတ်ပေးလျှင် မင်းကြီးသည် ဆီဇာဧကရာဇ်မင်း၏ အဆွေတော်မဟုတ်။ မိမိကိုယ်ကို ရှင်ဘုရင်ဟု ဆိုသောသူ မည်သူမဆို ဧကရာဇ်မင်းကို ဆန့်ကျင်သောသူဖြစ်သည်ဟု ဟစ်အော်ကြ၏။-
12 Então Pilatos tentou libertá-lo, mas os líderes judeus gritavam: “Se o senhor soltar este homem, não é amigo de César! Quem se declara rei se rebela contra César”.
13 ပီလာတုမင်းသည် ဤစကားကိုကြားလျှင် ယေဇူးကို အပြင်သို့ခေါ် ဆောင်ခဲ့ပြီးမှ ဟေဗြေဦးဘာသာအားဖြင့် ဂဗ္ဗသဟုခေါ် ဆိုသော ကျောက်ဖျာပေါ်ရှိ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။-
13 Ao ouvir isso, Pilatos trouxe Jesus para fora novamente e se sentou no tribunal, na plataforma chamada “Pavimento de Pedras” (em aramaico, Gábata ).
14 ထိုနေ့သည်ကား ပါစကားပွဲတော်အတွက် ပြင်ဆင်ရသောအဖိတ်နေ့ဖြစ်ပြီး အချိန်ကား မွန်းတည့်ချိန်ခန့်ဖြစ်၏။ ပီလာတုမင်းက သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ဂျူးလူမျိုးတို့အား ဆိုလေ၏။-
14 Era por volta de meio-dia, no dia da preparação para a Páscoa. E Pilatos disse ao povo: “Vejam, aqui está o seu rei!”.
15 ထိုအခါ သူတို့က သူ့ကိုထုတ်ပါ၊ သူ့ကို ထုတ်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင် တင်ပါဟု ဟစ်အော်ကြ၏။ ပီလာတုမင်းက ငါသည် သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင် တင်ရမည်လောဟု သူတို့အားမေးလျှင် ရဟန်းအကြီးအကဲတို့က ငါတို့၌ ဆီဇာဧကရာဇ်မင်း မှတစ်ပါး အခြားသော ရှင်ဘုရင်မရှိပါဟု ပြန်ပြောကြ၏။-
15 “Fora com ele!”, gritaram. “Fora com ele! Crucifique-o!” “O quê? Crucificar o seu rei?”, perguntou Pilatos. Em resposta, os principais sacerdotes gritaram: “Não temos outro rei além de César!”.
16 ထိုအခါ ပီလာတုမင်းသည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင် တင်စေခြင်းငှာ သူတို့၏လက်သို့ အပ်လိုက်လေ၏။
16 Então Pilatos lhes entregou Jesus para ser crucificado. E eles levaram Jesus.
17 သို့ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ခေါ်ဆောင်သွားကြ၏။ ကိုယ်တော်သည် မိမိ၏ လက်ဝါးကပ်တိုင်ကို ထမ်းလျက် ဟေဗြေဦးဘာသာဖြင့် ဂေါလ်ဂေါသဟု ခေါ်ဆို၍ ဦးခေါင်းခွံအရပ်ဟု အမည်တွင်သော အရပ်သို့ ကြွတော်မူ၏။-
17 Carregando a própria cruz, Jesus foi ao local chamado Lugar da Caveira (em aramaico, Gólgota ).
18 ထိုအရပ်၌ သူတို့ သည် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင်ကြလေ၏။ သူတို့သည် ကိုယ်တော့်ကို အလယ်တွင်ထားလျက် အခြားသူနှစ်ဦးကိုလည်း ကိုယ်တော်၏ ဘေးတစ်ဖက်တစ်ချက်စီတွင်ထားကာ လက်ဝါးကပ်တိုင်တင်ကြ၏။-
18 Ali eles o pregaram na cruz. Outros dois foram crucificados com Jesus, um de cada lado e ele no meio.
19 ပီလာတုမင်းသည်လည်း ကမ္ပည်းလိပ်စာရေး၍ ကိုယ်တော်၏ လက်ဝါးကပ်တိုင်ပေါ်တွင် ကပ်ထားစေ၏။ ထိုကမ္ပည်း လိပ်စာသည်ကား ဂျူးလူမျိုးတို့၏ရှင်ဘုရင်၊ နာဇရက်မြို့သား ယေဇူးဟူ၍ဖြစ်၏။-
19 Pilatos colocou no alto da cruz uma placa que dizia: “Jesus, o nazareno, Rei dos judeus”.
20 ယေဇူးကို လက်ဝါးကပ်တိုင် တင်သောအရပ်သည် မြို့နှင့်နီးသဖြင့် များစွာသော ဂျူးလူမျိုးတို့သည် ထိုကမ္ပည်းလိပ်စာကို ဖတ်ကြ၏။ ထိုကမ္ပည်းလိပ်စာကိုလည်း ဟေဗြေဦးဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးသားထား၏။-
20 O lugar onde Jesus foi crucificado ficava perto da cidade, e a placa estava escrita em aramaico, latim e grego, de modo que muitos judeus podiam ler a inscrição.
21 ထိုအခါ ဂျူးလူမျိုးတို့၏ ရဟန်းအကြီးအကဲတို့က ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဟူ၍ မရေးပါနှင့်။ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်ဖြစ်သည်ဟူ၍ ဆိုခဲ့ကြောင်းကိုသာရေးပါဟု ပီလာတုမင်းအား လျှောက်ထားကြ၏။-
21 Os principais sacerdotes disseram a Pilatos: “Mude a inscrição de ‘Rei dos judeus’ para ‘Ele disse: Eu sou o rei dos judeus’”.
22 ပီလာတုမင်းကလည်း ငါရေးပြီးသောအရာသည် ရေးပြီးလေပြီဟု ပြန်ပြောလေ၏။
22 Pilatos respondeu: “O que escrevi, escrevi”.
23 စစ်သူရဲတို့သည် ယေဇူးကို လက်ဝါးကပ်တိုင် တင်ပြီးနောက် ကိုယ်တော်၏ အဝတ်တော်တို့ကို လေးပိုင်း ပိုင်းကာ တစ်ယောက်တစ်ပိုင်းစီ ခွဲဝေ၍လည်းကောင်း၊ ကိုယ်တော်၏ အတွင်းအင်္ကျီတော်ကိုလည်းကောင်း ယူကြ၏။ အတွင်းအင်္ကျီ တော်သည်ကား ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ အောက်စွန်းတိုင်အောင် ရက်လုပ်ထားခြင်းဖြစ်၏။-
23 Depois que os soldados crucificaram Jesus, repartiram suas roupas em quatro partes, uma para cada um deles. Também pegaram sua túnica, mas ela era sem costura, tecida numa única peça, de alto a baixo.
24 ထို့ကြောင့် သူတို့က ဤအင်္ကျီကို မဆုတ်ကြနှင့်။ ၎င်းကို မည်သူပိုင်ဆိုင်မည့်အကြောင်း သိစေရန် မဲချကြကုန်အံ့ဟု အချင်းချင်းပြောဆိုကြ၏။ ဤသည်ကား သူတို့သည် ငါ၏အဝတ်များကို ခွဲဝေယူကြ၏။ ငါ၏အင်္ကျီကိုလည်း မဲချ၍ယူကြ၏ ဟူသောကျမ်းချက် ပြည့်စုံစေမည့်အကြောင်းတည်း။
24 Por isso disseram: “Em vez de rasgá-la, vamos tirar sortes para ver quem ficará com ela”. Isso cumpriu as Escrituras que dizem: “Repartiram minhas roupas entre si e lançaram sortes por minha veste”. E foi o que fizeram.
25 စစ်သူရဲတို့သည်လည်း ဤကဲ့သို့ ခွဲဝေယူကြ၏။ ထိုအချိန်၌ ယေဇူး၏ လက်ဝါးကပ်တိုင်အနီးတွင် ရပ်နေကြသော သူတို့သည်ကား ကိုယ်တော်၏မယ်တော်၊ မယ်တော်၏ညီမဖြစ်သော ကလေအိုဖ၏ဇနီး မာရိယာနှင့် မာရိယာမာဒလေးနာ တို့ဖြစ်ကြ၏။-
25 Perto da cruz estavam a mãe de Jesus, a irmã dela, Maria, esposa de Clopas, e Maria Madalena.
26 ယေဇူးသည် မယ်တော်နှင့် သူမအနီးတွင်ရပ်နေသည့် မိမိချစ်တော်မူသော တပည့်တော်ကိုမြင်လျှင် မယ်တော်အား အချင်းအမျိုးသမီး၊ သင်၏သားကို ကြည့်ပါဟု မိန့်တော်မူ၏။-
26 Quando Jesus viu sua mãe ali, ao lado do discípulo a quem ele amava, disse-lhe: “Mulher, este é seu filho”.
27 ထို့နောက် ကိုယ်တော်သည် တပည့်တော်ကိုလည်း သင်၏အမိကို ကြည့်ပါဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိ၏အိမ်သို့ ခေါ်ဆောင်ထားလေ၏။
27 E, ao discípulo, disse: “Esta é sua mãe”. Daquele momento em diante, o discípulo a recebeu em sua casa.
28 ထို့နောက် ခပ်သိမ်းသောအရာတို့သည် ပြီးဆုံးပြီဖြစ်ကြောင်းကို ကိုယ်တော်သိမြင်တော်မူသဖြင့် ကျမ်းစာလာသည့်အတိုင်း ပြည့်စုံစေရန် ငါရေငတ်သည်ဟု မိန့် မြွက်တော်မူ၏။-
28 Jesus sabia que sua missão havia terminado e, para cumprir as Escrituras, disse: “Estou com sede”.
29 ထိုနေရာ၌ ပုံးရည်အပြည့်ရှိသော အိုးတစ်လုံးရှိ၏။ သို့ဖြစ်၍ သူတို့သည် ရေမြှုပ်တစ်ခုကို ပုံးရည်တွင်နှစ်၍ ဟိဆုပ်ပင်ကိုင်း၏ အဖျား၌ တပ်ပြီးလျှင် ကိုယ်တော်၏နှုတ်ခမ်းနားတွင် တေ့ပေးကြ၏။-
29 Havia ali uma vasilha com vinagre, de modo que ensoparam uma esponja no vinagre, a colocaram na ponta de um caniço de hissopo e a ergueram até os lábios de Jesus.
30 ယေဇူးသည်လည်း ပုံးရည်ကိုသောက်ပြီးမှ အားလုံးပြည့်စုံပြီဟု မိန့်မြွက်လျက် ဦးခေါင်းတော်ကိုညွတ်၍ အသက်တော် ကိုစွန့်လိုက်တော်မူ၏။
30 Depois de prová-la, Jesus disse: “Está consumado”. Então, inclinou a cabeça e entregou o espírito.
31 ထိုနေ့သည်ကား အဖိတ်နေ့ဖြစ်၍ ဥပုသ်နေ့တွင် အလောင်းများကို လက်ဝါးကပ်တိုင်ပေါ် ၌ မရှိစေရန် ဂျူးလူမျိုးတို့သည် လက်ဝါးကပ်တိုင် တင်ခံရသူများ၏ ခြေတို့ကိုချိုး၍ သူတို့ကို ယူဆောင်သွားခွင့် ပြုပါမည့်အကြောင်း ပီလာတုမင်းထံသို့ တောင်းလျှောက်ကြ၏။ အကြောင်းမူကား ထိုဥပုသ်သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်၏။-
31 Era o Dia da Preparação, e os líderes judeus não queriam que os corpos ficassem pendurados ali até o dia seguinte, que seria um sábado muito especial. Por isso pediram a Pilatos que mandasse quebrar as pernas dos crucificados e removê-los.
32 ထို့ကြောင့် စစ်သူရဲတို့သည် လာကြ၍ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင် တင်ခံရသူပထမတစ်ဦးနှင့် အခြားသော သူတစ်ဦး၏ ခြေတို့ကို ချိုးကြ၏။-
32 Assim, os soldados vieram e quebraram as pernas dos dois homens crucificados com Jesus.
33 သို့သော် သူတို့သည် ယေဇူးထံတော်သို့ လာကြသောအခါ ကိုယ်တော်သည် အသက်တော်ကုန်ပြီဖြစ်ကြောင်းကို တွေ့မြင်ကြ၍ ကိုယ်တော်၏ ခြေထောက်ကို မချိုးကြချေ။-
33 Mas, quando chegaram a Jesus, viram que ele já estava morto e, portanto, não quebraram suas pernas.
34 စစ်သူရဲများထဲမှ တစ်ဦးသည်ကား ကိုယ်တော်၏နံဘေးတော်ကို လှံဖြင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်း ထွက်လာ၏။-
34 Um dos soldados, porém, furou seu lado com uma lança e, no mesmo instante, correu sangue com água.
35 ထိုအခြင်းအရာကို မြင်ခဲ့သောသူသည်လည်း သက်သေခံ၏။ သူ၏သက်သေခံချက်မှာလည်း မှန်ကန်၍ သူသည် သင်တို့ယုံကြည်စေခြင်းငှာ မှန်သောစကားပြောသည်ကိုလည်း သိလေ၏။-
35 Essa informação provém de uma testemunha ocular. Ela diz a verdade para que vocês também creiam.
36 ဤသို့ဖြစ်ပျက်ရခြင်းမှာ သူ၏အရိုးတစ်ချောင်းမျှ မကျိုးစေရ ဟူသောကျမ်းစကား ပြည့်စုံစေရန်ဖြစ်၏။-
36 Essas coisas aconteceram para que se cumprissem as Escrituras que dizem: “Nenhum dos seus ossos será quebrado”,
37 တစ်ဖန်ကျမ်းစာလာသည်ကား သူတို့သည် မိမိတို့ ထိုးဖောက်ခဲ့သောသူကို ကြည့်ကြလိမ့်မည်ဟူ၍ဖြစ်သတည်း။
37 e “Olharão para aquele a quem transpassaram”.
38 ထို့နောက် ယေဇူး၏တပည့်ဖြစ်သော်လည်း ဂျူးလူမျိုးတို့ကို ကြောက်သောကြောင့် တပည့်အဖြစ် မထင်မရှားနေသော အာရီမာတေးယမြို့သား ဂျိုးဇက်သည် ယေဇူး၏အလောင်းတော်ကို ယူသွားခွင့်ပြုပါရန် ပီလာတုမင်းထံသို့ လျှောက်ထား လေ၏။ ပီလာတုမင်းသည်လည်း သူ့အား အခွင့်ပေးသဖြင့် သူသည် လာပြီးလျှင် ကိုယ်တော်၏ အလောင်းတော်ကို ယူဆောင် သွားလေ၏။-
38 Depois disso, José de Arimateia, que tinha sido discípulo secreto de Jesus porque temia os líderes judeus, pediu autorização a Pilatos para tirar da cruz o corpo de Jesus. Quando Pilatos lhe deu permissão, José veio e levou o corpo.
39 ယခင်က ယေဇူး၏အထံတော်သို့ ညအချိန်တွင်လာသော နီကိုဒေးမုသည်လည်း မီးရာနှင့် မုတ်ရောထားသော ဆီမွှေးနံ့သာပေါင်း အချိန်တစ်ရာခန့်ကို ယူဆောင်လာလေ၏။-
39 Estava com ele Nicodemos, o homem que tinha ido conversar com Jesus à noite. Nicodemos trouxe cerca de 35 litros de óleo perfumado feito com mirra e aloés.
40 သူတို့သည် ယေဇူး၏အလောင်းတော်ကို ယူဆောင်ပြီးလျှင် ဂျူးလူမျိုးတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ဓလေ့ထုံးစံအတိုင်း နံ့သာမျိုးများနှင့်အတူ ပိတ်အဝတ်ဖြင့် ပတ်ရစ်ကြ၏။-
40 Seguindo os costumes judaicos de sepultamento, envolveram o corpo de Jesus em lençóis compridos de linho, junto com essas especiarias.
41 ကိုယ်တော့်ကို လက်ဝါးကပ်တိုင်တင် သောအရပ်၌ ဥယျာဉ်တစ်ခုရှိပြီး ထိုဥယျာဉ်၌ မည်သူ့ကိုမျှ သင်္ဂြိုဟ်ဖူးခြင်း မရှိသေးသော သခင်္ျိုင်းဂူ အသစ်တစ်ခု ရှိ၏။-
41 O local da crucificação ficava próximo a um jardim, onde havia um túmulo novo que nunca tinha sido usado.
42 ထိုနေ့သည်ကား ဂျူးလူမျိုးတို့၏အဖိတ်နေ့ဖြစ်၍ သခင်္ျိုင်းဂူသည်လည်း အနီးတွင်ရှိသောကြောင့် သူတို့ သည် ယေဇူးကို ထိုသခင်္ျိုင်း၌ သင်္ဂြိုဟ်ကြလေ၏။
42 Como era o Dia da Preparação para a Páscoa judaica, e uma vez que o túmulo ficava perto, colocaram Jesus ali.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 19, comparar traduções ou montar um estudo — tudo direto pelo WhatsApp.