João 16
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 သင်တို့၏ ယုံကြည်ခြင်း မပျက်ပြားစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါဟောပြော၏။-
1 Tenho-vos dito estas coisas para que não vos escandalizeis.
2 သူတို့သည် သင်တို့ကို တရားဇရပ်များမှ နှင်ထုတ်ကြလိမ့်မည်။ သင်တို့ကို သတ်ဖြတ်သောသူတိုင်းက မိမိသည် ဘုရားသခင်အား ယဇ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟု ထင်မှတ်သော အချိန်ကာလသည် ဧကန်မုချ ရောက်လိမ့်မည်။-
2 Eles vos expulsarão das sinagogas; mas vem a hora em que todo o que vos matar julgará com isso tributar culto a Deus.
3 သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဤသို့ပြုကြလိမ့်မည်။-
3 Isto farão porque não conhecem o Pai, nem a mim.
4 ထိုအရာများ ဖြစ်ပျက်သည့်အချိန် ကျရောက်သောအခါ သင်တို့အား ငါပြောထားပြီးဖြစ်ကြောင်း သတိရကြစေရန် ဤအကြောင်းအရာများကို သင်တို့အား ငါပြောခြင်းဖြစ်၏။
4 Ora, estas coisas vos tenho dito para que, quando a hora chegar, vos recordeis de que eu vo-las disse. Não vo-las disse desde o princípio, porque eu estava convosco.
5 ယခုမှာမူ ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံသို့ ငါသွားမည်။ သို့ရာတွင် ကိုယ်တော်မည်သည့်အရပ်သို့ သွားမည်နည်းဟူ၍ သင်တို့တွင် တစ်ယောက်မျှ ငါ့ကို မမေးကြ။-
5 Mas, agora, vou para junto daquele que me enviou, e nenhum de vós me pergunta: Para onde vais?
6 ငါသည်ကား ဤအကြောင်းအရာတို့ကို သင်တို့အား ပြောကြားသဖြင့် သင်တို့၏ စိတ်နှလုံးသည် ဝမ်းနည်းခြင်းဖြင့် ပြည့်လေပြီ။-
6 Pelo contrário, porque vos tenho dito estas coisas, a tristeza encheu o vosso coração.
7 သို့ပင်သော်လည်း သင်တို့အား ငါအမှန်အတိုင်းဆိုရလျှင် သင်တို့၏အကျိုးအလို့ငှာ ငါသွားခြင်းဖြစ်၏။ အကြောင်းမူကား ငါမသွားလျှင် ကူညီစောင်မသောအရှင်သည် ကြွလာတော်မူလိမ့်မည် မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ ငါစေလွှတ်မည်။-
7 Mas eu vos digo a verdade: convém-vos que eu vá, porque, se eu não for, o Consolador não virá para vós outros; se, porém, eu for, eu vo-lo enviarei.
8 ထိုအရှင်ကြွလာတော်မူသောအခါ ဤလောကအား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်း အကြောင်းနှင့် တရားစီရင် တော်မူခြင်းအကြောင်းတို့ကို ထင်ရှားစွာ ထုတ်ဖော်ပြတော်မူလိမ့်မည်။-
8 Quando ele vier, convencerá o mundo do pecado, da justiça e do juízo:
9 အပြစ်ဟုဆိုရခြင်းမှာ သူတို့သည် ငါ့ကို မယုံကြည်ကြသောကြောင့်ဖြစ်၏။-
9 do pecado, porque não creem em mim;
10 ဖြောင့်မတ်ခြင်းဟုဆိုရခြင်းမှာ ငါသည် ခမည်းတော်ထံသို့ ကြွသွား၍ သင်တို့သည် ငါ့ကိုထပ်မံ၍ မြင်ကြရလိမ့်မည် မဟုတ်သောကြောင့်ဖြစ်၏။-
10 da justiça, porque vou para o Pai, e não me vereis mais;
11 တရားစီရင်တော်မူခြင်းဟု ဆိုရခြင်းမှာ ဤကမ္ဘာလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းခံရသောကြောင့်ဖြစ်၏။
11 do juízo, porque o príncipe deste mundo já está julgado.
12 ငါသည် သင်တို့အား ပြောစရာအကြောင်း အရာများစွာရှိသေးသော်လည်း သင်တို့သည် ယခုခံယူနိုင်ကြမည် မဟုတ်။-
12 Tenho ainda muito que vos dizer, mas vós não o podeis suportar agora;
13 သမ္မာတရား၏ ဝိညာဉ်တော် ကြွလာတော်မူသောအခါ သူသည် သမ္မာတရားအကြောင်း အလုံးစုံတို့ကို သင်တို့အား သွန်သင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် မိမိ၏ အခွင့်အာဏာအလျောက် ဟောပြောလိမ့်မည်မဟုတ်။ သို့သော် ထိုအရှင်သည် မိမိကြားသိရသော အကြောင်းအရာများကို ဟောပြောတော်မူလိမ့်မည်။ ထို့ပြင် ထိုအရှင်သည် နောင်ဖြစ်လတ္တံ့သော အကြောင်းအရာတို့ကို သင်တို့အား ပြောကြားတော်မူလိမ့်မည်။-
13 quando vier, porém, o Espírito da verdade, ele vos guiará a toda a verdade; porque não falará por si mesmo, mas dirá tudo o que tiver ouvido e vos anunciará as coisas que hão de vir.
14 ထိုအရှင်သည် ငါ၏ဘုန်းဂုဏ်တော်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် ငါ၏တရားကိုယူ၍ သင်တို့အား ကြားသိစေမည်ဖြစ်သောကြောင့်တည်း။-
14 Ele me glorificará, porque há de receber do que é meu e vo-lo há de anunciar.
15 ခမည်းတော်၌ ရှိသမျှသည် ငါနှင့်သက် ဆိုင်၏။ ထို့ကြောင့် ထိုအရှင်သည် ငါနှင့်သက်ဆိုင်သော တရားကိုယူ၍ သင်တို့အား ကြားသိစေလိမ့်မည်ဟု ငါ ဆိုခြင်းဖြစ်၏။
15 Tudo quanto o Pai tem é meu; por isso é que vos disse que há de receber do que é meu e vo-lo há de anunciar.
16 တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရတော့မည်မဟုတ်။ တစ်ဖန် တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်ဟု မိန့်တော်မူ၏။-
16 Um pouco, e não mais me vereis; outra vez um pouco, e ver-me-eis.
17 ကိုယ်တော်၏ တပည့်တော်အချို့တို့က အချင်းချင်း ပြောဆိုကြသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်၊ တစ်ဖန် တစ်ခဏမျှ ကြာလျှင် သင်တို့သည် ငါ့ကို တွေ့ မြင်ကြရလိမ့်မည်၊ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဟူ၍ ငါတို့အား ကိုယ်တော်မိန့်တော်မူသောစကားသည် မည်သည့်အရာကို ဆိုလိုသနည်းဟု ဆိုကြ၏။-
17 Então, alguns dos seus discípulos disseram uns aos outros: Que vem a ser isto que nos diz: Um pouco, e não mais me vereis, e outra vez um pouco, e ver-me-eis; e: Vou para o Pai?
18 တစ်ဖန် သူတို့က ကိုယ်တော်သည် တစ်ခဏမျှဟုဆိုရာ၌ အဘယ်အရာကိုဆိုလိုသနည်း။ ကိုယ်တော်မည်သည့်အရာကို ဆိုလိုကြောင်း ငါတို့မသိကြဟုဆိုကြ၏။-
18 Diziam, pois: Que vem a ser esse — um pouco? Não compreendemos o que quer dizer.
19 ယေဇူးမူကား သူတို့သည် မိမိအား မေးမြန်းလိုကြောင်းကို သိသဖြင့် သူ တို့အား မိန့်တော်မူသည်မှာ တစ်ခဏမျှကြာလျှင် သင်တို့ သည် ငါ့ကိုတွေ့ မြင်ကြရလိမ့်မည်မဟုတ်။ တစ်ဖန် တစ် ခဏမျှကြာလျှင် သင်တို့သည် ငါ့ကိုတွေ့ မြင်ကြလိမ့်မည် ဟူ၍ ငါဆိုသည်ကို သင်တို့အချင်းချင်း မေးမြန်းနေကြသလော။-
19 Percebendo Jesus que desejavam interrogá-lo, perguntou-lhes: Indagais entre vós a respeito disto que vos disse: Um pouco, e não me vereis, e outra vez um pouco, e ver-me-eis?
20 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။ သို့ရာတွင် ဤလောကသည် ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြရသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲလိမ့်မည်။-
20 Em verdade, em verdade eu vos digo que chorareis e vos lamentareis, e o mundo se alegrará; vós ficareis tristes, mas a vossa tristeza se converterá em alegria.
21 အမျိုးသမီးတစ်ဦးသည် သားဖွားရသောအချိန် ရောက်သောအခါ ဝေဒနာပြင်းစွာခံစားရသဖြင့် ဝမ်းနည်းခြင်းရှိ၏။ သို့သော် သူမသည် သားဖွားပြီးလျှင်မူ မိမိခံစားခဲ့ရသော ဝေဒနာကို သတိမရတော့ချေ။ အကြောင်းမူကား ဤလောကအတွင်းသို့ သူငယ်တစ်ယောက် ဖွားမြင်လာခြင်းအတွက် ဝမ်းမြောက်သောကြောင့်ဖြစ်၏။-
21 A mulher, quando está para dar à luz, tem tristeza, porque a sua hora é chegada; mas, depois de nascido o menino, já não se lembra da aflição, pelo prazer que tem de ter nascido ao mundo um homem.
22 ထိုနည်းတူ သင်တို့သည်လည်း ယခုအခါ ဝမ်းနည်းလျက်ရှိကြ၏။ သို့သော် ငါသည် သင်တို့နှင့် တစ်ဖန်ပြန်တွေ့သောအခါ သင်တို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ကြလိမ့်မည်။ ထိုအခါ မည်သူကမျှ သင်တို့၏ ဝမ်းမြောက်ခြင်းကို သင်တို့ထံမှ ယူသွား လိမ့်မည်မဟုတ်။-
22 Assim também agora vós tendes tristeza; mas outra vez vos verei; o vosso coração se alegrará, e a vossa alegria ninguém poderá tirar.
23 ထိုနေ့၌ သင်တို့သည် ငါ့အား မည်သည့်အရာကိုမျှ မေးမြန်းကြလိမ့်မည်မဟုတ်။ သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား သင်တို့သည် ငါ၏ခမည်းတော်ထံ တစ်စုံတစ်ခုကို တောင်းလျှောက်ကြလျှင် ကိုယ်တော်သည် ငါ၏နာမ၌ သင်တို့အား ထိုအရာကို ပေးတော်မူလိမ့်မည်။-
23 Naquele dia, nada me perguntareis. Em verdade, em verdade vos digo: se pedirdes alguma coisa ao Pai, ele vo-la concederá em meu nome.
24 ယခုတိုင်အောင် သင်တို့သည် ငါ၏နာမ၌ မည်သည့်အရာကိုမျှ မတောင်းခံကြသေး။ တောင်းလျှောက်ကြလော့။ ထိုအခါ သင်တို့သည် ရရှိကြ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်စုံလိမ့်မည်။
24 Até agora nada tendes pedido em meu nome; pedi e recebereis, para que a vossa alegria seja completa.
25 ငါသည် ဤအကြောင်းအရာများကို ပုံဥပမာဖြင့် သင်တို့အား ဟောပြောခဲ့၏။ ပုံဥပမာဖြင့် မဟောပြောဘဲ ခမည်းတော် အကြောင်းကို သင်တို့အား ငါအတိအလင်း ဟောပြောရမည့်အချိန် ရောက်လာတော့မည်။-
25 Estas coisas vos tenho dito por meio de figuras; vem a hora em que não vos falarei por meio de comparações, mas vos falarei claramente a respeito do Pai.
26 ထိုနေ့ရက်တွင် သင်တို့သည် ငါ၏နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ ငါသည် သင်တို့အတွက် ခမည်းတော်ထံသို့ တောင်းလျှောက်ပေးမည်ဟု သင်တို့အား ငါမဆိုပေ။-
26 Naquele dia, pedireis em meu nome; e não vos digo que rogarei ao Pai por vós.
27 အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်၍ ငါသည် ခမည်းတော်ထံမှ ကြွလာသည်ကို ယုံကြည်ကြသဖြင့် ခမည်းတော် ကိုယ်တိုင် သင်တို့ကို ချစ်တော်မူသောကြောင့်ဖြစ် ၏။-
27 Porque o próprio Pai vos ama, visto que me tendes amado e tendes crido que eu vim da parte de Deus.
28 ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကထဲ သို့လာခဲ့ပြီ။ တစ်ဖန်ငါသည် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ပြန်သွားမည်ဟု မိန့်တော်မူ၏။
28 Vim do Pai e entrei no mundo; todavia, deixo o mundo e vou para o Pai.
29 တပည့်တော်တို့က ယခုကိုယ်တော်သည် ပုံဥပမာ မဖော်ဆောင်ဘဲ အတိအလင်းမိန့်တော်မူလေပြီ။-
29 Disseram os seus discípulos: Agora é que falas claramente e não empregas nenhuma figura.
30 ကိုယ်တော်သည် အရာခပ်သိမ်းတို့ကို သိတော်မူကြောင်းနှင့် မည်သူကမျှ ကိုယ်တော့်ကို မေးမြန်းစုံစမ်းခြင်းငှာ မလိုအပ်ကြောင်းတို့ကို ယခုတပည့်တော်တို့သိကြပါပြီ။ ဤအမှုအရာအားဖြင့် ကိုယ်တော်သည် ဘုရားသခင်ထံမှ ကြွလာ တော်မူကြောင်းကို တပည့်တော်တို့ ယုံကြည်ကြပါသည်ဟု လျှောက်ထားကြ၏။-
30 Agora, vemos que sabes todas as coisas e não precisas de que alguém te pergunte; por isso, cremos que, de fato, vieste de Deus.
31 ယေဇူးကလည်း သူတို့အား ယခု သင်တို့ယုံကြည်ကြပြီလော။-
31 Respondeu-lhes Jesus: Credes agora?
32 သင်တို့သည် တကွဲတပြားဖြစ်ကြ၍ အသီးသီး မိမိတို့၏အိမ်သို့ထွက် ပြေးကြလျက် ငါ့ကိုလည်း တစ်ဦးတည်း ထားရစ်ခဲ့မည့် အချိန်နာရီသည် ရောက်လာလိမ့်မည်။ ယခုပင်ရောက် လာလေပြီ။ သို့ရာတွင် ငါသည် တစ်ဦးတည်းမဟုတ်။ အကြောင်းမူကား ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ သောကြောင့်ဖြစ်၏။-
32 Eis que vem a hora e já é chegada, em que sereis dispersos, cada um para sua casa, e me deixareis só; contudo, não estou só, porque o Pai está comigo.
33 သင်တို့သည် ငါ၌ငြိမ်းချမ်းသာယာခြင်းကို ရရှိစေခြင်းငှာ ငါသည် သင်တို့အား ဤအကြောင်းအရာကို ဟောပြော၏။ သင်တို့သည် ဤလောကတွင် ဆင်းရဲဒုက္ခနှင့်တွေ့ ကြုံကြရလိမ့်မည်။ သို့သော် စိတ်ပျက်အားငယ်ခြင်း မရှိကြနှင့်။ ငါသည် ဤလောကကို အောင်မြင်ခဲ့လေပြီဟု မိန့်တော်မူ၏။
33 Estas coisas vos tenho dito para que tenhais paz em mim. No mundo, passais por aflições; mas tende bom ânimo; eu venci o mundo.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar João 16, comparar traduções ou montar um estudo — tudo direto pelo WhatsApp.