João 14

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NTLH

Sair da comparação
NTLH Nova Tradução na Linguagem de Hoje 2000
1 ယေဇူးက သင်တို့၏ စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။-
1 Jesus disse:
2 ငါ့ခမည်းတော်၏ အိမ်တော်၌ အခန်းများစွာရှိ၏။ ထိုသို့မဟုတ်ခဲ့ပါလျှင် ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားမည်ဟု ပြောပါမည်လော။-
2 Na casa do meu Pai há muitos quartos, e eu vou preparar um lugar para vocês. Se não fosse assim, eu já lhes teria dito.
3 ငါသည် သင်တို့အတွက် နေရာပြင်ဆင်ရန် သွားပြီးလျှင် တစ်ဖန်ပြန်လာ၍ ငါရှိသောနေရာတွင် သင်တို့လည်း ရှိစေရန် သင်တို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။-
3 E, depois que eu for e preparar um lugar para vocês, voltarei e os levarei comigo para que onde eu estiver vocês estejam também.
4 သင်တို့သည် ငါသွားမည့်လမ်းကိုသိကြ၏ဟု မိန့်တော်မူ၏။-
4 E vocês conhecem o caminho para o lugar aonde eu vou.
5 ထိုအခါ သောမက သခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော်သွားမည်ကို တပည့်တော်တို့ မသိကြသောကြောင့် လမ်းခရီးကိုလည်း မည်ကဲ့သို့ သိနိုင်ကြပါမည်နည်းဟု ကိုယ်တော်အား မေးလျှောက်၏။-
5 Então Tomé perguntou: — Senhor, nós não sabemos aonde é que o senhor vai. Como podemos saber o caminho?
6 ယေဇူးက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုဘဲ မည်သူမျှ ခမည်းတော်ထံသို့ မလာနိုင်။-
6 Jesus respondeu:
7 သင်တို့သည် ငါ့ကိုသိကြပါလျှင် ငါ၏ခမည်းတော်ကိုလည်း သိကြလိမ့်မည်။ ယခုမှစ၍ သင်တို့သည် ငါ၏ခမည်းတော်ကို သိကြ၍ ဖူးမြင်ကြရလေပြီဟု သူ့အား မိန့်တော်မူ၏။
7 Agora que vocês me conhecem, conhecerão também o meu Pai. E desde agora vocês o conhecem e o têm visto.
8 ဖိလိပုကလည်း သခင်ဘုရား၊ ခမည်းတော်ကို တပည့်တော်တို့အား ပြတော်မူပါလျှင် တပည့်တော်တို့ စိတ်ကျေနပ် ကြပါလိမ့်မည်ဟု ကိုယ်တော်အား လျှောက်လေ၏။-
8 Filipe disse a Jesus: — Senhor, mostre-nos o Pai, e assim não precisaremos de mais nada.
9 ယေဇူးက သူ့အား မိန့်တော်မူသည်မှာ ဖိလိပု၊ ငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင် နေခဲ့ပါသော်လည်း သင်သည် ငါ့ကိုမသိသလော။ ငါ့ကိုမြင်ရသောသူသည် ခမည်းတော်ကိုလည်း ဖူးမြင်ရ၏။ အဘယ်ကြောင့် သင်သည် ခမည်းတော်ကို တပည့်တော်တို့အား ပြပါဟု ဆိုရသနည်း။-
9 Jesus respondeu:
10 ငါသည် ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကို သင်မယုံကြည်သလော။ သင်တို့အား ငါပြောသောစကားများကို ငါသည် ငါ၏အခွင့်အာဏာဖြင့် ပြောသည်မဟုတ်။ ငါ၌တည်ရှိတော်မူသော ခမည်းတော်သည် မိမိ၏အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏။-
10 Será que você não crê que eu estou no Pai e que o Pai está em mim? Então Jesus disse aos discípulos:
11 ငါသည် ခမည်းတော်၌ တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိသည်ကို ယုံကြည်ကြလော့။ ဤသို့ မဟုတ်လျှင်လည်း ငါပြုသော အမှုအရာများကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။
11 Creiam no que lhes digo: eu estou no Pai e o Pai está em mim. Se vocês não creem por causa das minhas palavras, creiam pelo menos por causa das coisas que eu faço.
12 သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုအရာများကို ပြုလိမ့်မည်။ သူသည် ယင်းထက် ကြီးမြတ်သော အမှုအရာများကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့ သွားမည် ဖြစ်သောကြောင့်တည်း။-
12 Eu afirmo a vocês que isto é verdade: quem crê em mim fará as coisas que eu faço e até maiores do que estas, pois eu vou para o meu Pai.
13 သားတော်အားဖြင့် ခမည်းတော်၏ ဘုန်းတော်ထင်ရှားစေရန် ငါ၏နာမတော်၌ သင်တို့တောင်းလျှောက်သမျှကို ငါပြုမည်။-
13 E tudo o que vocês pedirem em meu nome eu farei, a fim de que o Filho revele a natureza
14 သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ရာကို တောင်းလျှောက်လျှင် ငါသည် ထိုအရာကိုပြုမည်။
14 Eu farei qualquer coisa que vocês me pedirem em meu nome.
15 သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်တော်များကို စောင့်ထိန်းကြလိမ့်မည်။-
15 Jesus continuou:
16 ငါသည် ခမည်းတော်အား တောင်းလျှောက်သဖြင့် ကိုယ်တော်သည်လည်း သင်တို့နှင့်အတူ အစဉ်ထာ၀ရရှိနေမည့် ကူညီစောင်မသူ နောက်တစ်ပါးဖြစ်သော သမ္မာတရား၏ ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည်။-
16 Eu pedirei ao Pai, e ele lhes dará outro Auxiliador, o Espírito da verdade, para ficar com vocês para sempre.
17 ထိုအရှင်ကို ဤလောကသည် လက်မခံနိုင်။ အဘယ်ကြောင့်ဆိုသော် ဤလောကသည် သူ့ကိုမြင်လည်းမမြင်၊ သိလည်း မသိသောကြောင့်ဖြစ်၏။ သင်တို့မူကား သူ့ကိုသိကြ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သင်တို့နှင့်အတူ စံပယ်တော်မူပြီး သင်တို့၌ တည်နေတော်မူမည်ဖြစ်သောကြောင့်တည်း။
17 O mundo não pode receber esse Espírito porque não o pode ver, nem conhecer. Mas vocês o conhecem porque ele está com vocês e viverá em vocês.
18 ငါသည် သင်တို့ကို အားကိုးရာမဲ့ ပစ်ထားလိမ့်မည် မဟုတ်။ သင်တို့ထံသို့ ငါလာဦးမည်။-
18 — Não vou deixá-los abandonados, mas voltarei para ficar com vocês.
19 တစ်ခဏမျှကြာလျှင် ဤလောကသည် ငါ့ကို မြင်ရတော့မည် မဟုတ်။ သင်တို့မူကား ငါ့ကိုမြင်ကြရလိမ့်မည်။ အကြောင်းမူကား ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။-
19 Daqui a pouco o mundo não me verá mais, mas vocês me verão. E, porque eu vivo, vocês também viverão.
20 ငါသည် ခမည်းတော်၌ တည်ရှိကြောင်းကိုလည်းကောင်း၊ သင်တို့သည် ငါ့၌တည်ရှိ၍ ငါသည်လည်း သင်တို့၌ တည်ရှိကြောင်းကိုလည်းကောင်း ထိုနေ့၌ သင်တို့သိကြလိမ့်မည်။-
20 Quando chegar aquele dia, vocês ficarão sabendo que eu estou no meu Pai e que vocês estão em mim, assim como eu estou em vocês.
21 ငါ၏ပညတ်တော်များကို ခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကို ချစ်၏။ ငါ့ကိုချစ်သောသူကို ငါ၏ခမည်းတော်သည်လည်း ချစ်တော်မူလိမ့်မည်။ ငါသည်လည်း သူ့ကိုချစ်၍ မိမိကိုယ်ကို သူ့အား ထင်ရှားပြတော်မူမည်။-
21 — A pessoa que aceita e obedece aos meus mandamentos prova que me ama. E a pessoa que me ama será amada pelo meu Pai, e eu também a amarei e lhe mostrarei quem sou.
22 အစ္စကာရီယုဒ်မဟုတ်သော အခြားဂျုဒက ကိုယ်တော်သည် လောကီသားတို့အား မပြဘဲ တပည့်တော်တို့အား မိမိကိုယ်ကို မည်ကဲ့သို့ ထင် ရှားပြတော်မူမည်နည်းဟု မေးလျှောက်လေ၏။-
22 Então Judas, não o Judas Iscariotes, perguntou: — Senhor, como será possível que o senhor mostre somente a nós e não ao mundo quem o senhor é?
23 ယေဇူးက အကြင်သူသည် ငါ့ကိုချစ်လျှင် ငါ၏စကားကိုလိုက်နာ စောင့်ထိန်းမည်။ ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ် တော်မူလိမ့်မည်။ ထိုအခါ ငါတို့သည် သူ့ထံသို့လာကြ၍ သူနှင့်အတူကိန်းဝပ်တော်မူမည်။-
23 Jesus respondeu:
24 ငါ့ကို မချစ်သောသူသည် ငါ၏စကားများကို လိုက်နာစောင့်ထိန်းခြင်းမပြုပေ။ သင်တို့ ကြားနာရသော စကားသည်လည်း ငါ၏စကား မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားဖြစ်၏။
24 A pessoa que não me ama não obedece à minha mensagem. E a mensagem que vocês estão escutando não é minha, mas do Pai, que me enviou.
25 ငါသည် သင်တို့နှင့်အတူရှိနေခိုက် ဤအကြောင်းအရာများကို သင်တို့အား ငါမှာကြားထားလေပြီ။-
25 — Tenho dito isso enquanto estou com vocês.
26 သို့သော် ငါ၏နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီစောင်မသူ ဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သင်တို့အား သွန်သင်မည်ဖြစ်၍ သင်တို့အား ငါမိန့်မှာထားသမျှကို တစ်ဖန်သတိရစေတော်မူလိမ့်မည်။-
26 Mas o Auxiliador, o Espírito Santo, que o Pai vai enviar em meu nome, ensinará a vocês todas as coisas e fará com que lembrem de tudo o que eu disse a vocês.
27 ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အား ငါပေး၏။ ဤလောကက ပေးသကဲ့သို့ သင်တို့အား ငါပေးသည် မဟုတ်။ သင်တို့၏စိတ်နှလုံး၌ ပူပန်ခြင်းမရှိစေကြနှင့်။ ကြောက်ရွံ့ ခြင်းလည်းမရှိကြနှင့်။-
27 — Deixo com vocês a paz. É a minha paz que eu lhes dou; não lhes dou a paz como o mundo a dá. Não fiquem aflitos, nem tenham medo.
28 ငါသည် သွား၍ သင်တို့ထံသို့ တစ်ဖန်ပြန်လာမည်ဟု ငါဆိုသည်ကို သင်တို့ ကြားခဲ့ကြ၏။ သင်တို့သည် ငါ့ကိုချစ်လျှင် ဝမ်းမြောက်ကြ လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ခမည်းတော် ထံသို့သွားခြင်းဖြစ်၏။ အကြောင်းမူကား ခမည်းတော် သည် ငါ့ထက် ကြီးမြတ်တော်မူ၏။-
28 Vocês ouviram o que eu disse: “Eu vou, mas voltarei para ficar com vocês.” Se vocês me amassem, ficariam alegres, sabendo que vou para o Pai, pois o Pai é mais poderoso do que eu.
29 ဤအမှုအရာဖြစ် ပျက်သောအခါ၌ သင်တို့ယုံကြည်နိုင်ကြစေရန် မဖြစ်ပျက်မီက ကြိုတင်၍ သင်တို့အား ယခု ငါပြောထား လေပြီ။-
29 Digo isso agora, antes que essas coisas aconteçam, para que, quando acontecerem, vocês creiam.
30 ငါသည် သင်တို့နှင့် စကားများစွာ ပြောဆိုနိုင်တော့မည် မဟုတ်။ အကြောင်းမူကား ဤလောကကို အစိုးရသောသူသည် ကြွလာတော့မည်။ သူသည် ငါ့အပေါ်၌ ဩဇာအာဏာမရှိချေ။-
30 Não posso continuar a falar com vocês por muito tempo, pois está chegando aquele que manda neste mundo. Ele não tem poder sobre mim;
31 သို့ရာတွင် ငါသည် ခမည်းတော်ကို ချစ်ကြောင်း ဤလောကသားတို့ သိစေရန် ငါ့အား ခမည်းတော် မိန့်တော်မူသည့်အတိုင်း ငါပြု၏။ ထကြလော့။ ဤ အရပ်မှ သွားကြကုန်စို့ဟု မိန့်တော်မူ၏။
31 mas o mundo precisa saber que eu amo o Pai e que, por isso, faço tudo o que ele manda.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 14, comparar traduções ou montar um estudo — tudo direto pelo WhatsApp.