João 12

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ပါစကားပွဲတော်မတိုင်မီ ခြောက်ရက်အလိုတွင် ယေဇူးသည် လာဇရုရှိရာ ဘက်သနီရွာသို့ ကြွလာတော်မူ၏။ လာဇရုသည်ကား သေရာမှ ယေဇူး ပြန်ရှင်စေတော်မူခဲ့သော သူဖြစ်၏။-
1 Seis dias antes da Páscoa, veio Jesus a Betânia, onde estava Lázaro, o que estivera morto, e a quem ele ressuscitara dos mortos.
2 ထိုရွာတွင် သူတို့သည် ကိုယ်တော့်ကိုညစာဖြင့်တည်ခင်းဧည့်ခံကြရာ မာဿက ဧည့်ဝတ်ပြု၍ လာဇရုမှာမူ ကိုယ်တော်နှင့်အတူ စားပွဲ၌ ထိုင်သူတို့အနက် တစ်ဦးအပါအဝင်ဖြစ်၏။-
2 Fizeram-lhe ali uma ceia, e Marta servia, mas Lázaro era um dos que estavam à mesa com ele.
3 မာရိယာသည်ကား အလွန်အဖိုးထိုက်တန်သော နာဒုဆီမွှေးစစ် စစ်တစ်ပေါင်ကိုယူ၍ ယေဇူး၏ခြေတို့ကို လိမ်းကျံပေးပြီး နောက် ၎င်းတို့ကို မိမိ၏ဆံပင်နှင့်သုတ်လေ၏။ ဆီမွှေး၏ မွှေးကြိုင်သောရနံ့သည်လည်း တစ်အိမ်လုံး၌ သင်းပျံ့လျက်ရှိ၏။-
3 Então, Maria, tomando uma libra de unguento de nardo puro, caríssimo, ungiu os pés de Jesus, e limpou os pés com os seus cabelos; e a casa se encheu com o cheiro do unguento.
4 တပည့်တော်တို့တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကိုယ်တော့်ကို အပ်နှံမည့်သူဖြစ်သော ဂျုဒအစ္စကာရီယုဒ်ကမူ၊-
4 Então, disse um dos seus discípulos, Judas Iscariotes, filho de Simão, aquele que o havia de trair:
5 အဘယ်ကြောင့် ဤဆီမွှေးကို ဒေနာရီသုံးရာဖြင့် ရောင်းချပြီး ဆင်းရဲသားတို့အား မစွန့်ကြဲသနည်းဟု ဆိုလေ၏။-
5 Por que não se vendeu este unguento por trezentos denários, e não se deu aos pobres?
6 ဤသို့သူဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့အား စာနာထောက်ထားခြင်းကြောင့် မဟုတ်ဘဲ သူခိုးတစ်ယောက် ဖြစ်သော ကြောင့်တည်း။ သူသည် ငွေအိတ်ကိုင်သောသူဖြစ်ပြီး ထိုအိတ်၌ ထည့်ထားသောငွေကို ယူ၍သုံးစွဲလေ့ရှိ၏။-
6 Então ele disse isso não pelo cuidado que tivesse dos pobres, mas porque era ladrão, e tinha a bolsa, e subtraía o que nela foi colocado.
7 ယေဇူးကလည်း သူမ အလိုရှိသည့်အတိုင်း ပြုပါစေ။ ငါ့ကို သင်္ဂြိုဟ်ရမည့်နေ့အတွက် သူမသည် ဤအမှုကိုပြုပါစေ။-
7 Disse, pois, Jesus: Deixe-a sozinha! Para o dia do meu sepultamento o tem guardado.
8 ဆင်းရဲသားတို့သည် သင်တို့နှင့် အစဉ်ရှိကြ၏။ ငါမူကား သင်တို့နှင့် အစဉ်ရှိလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။
8 Porque os pobres sempre os tendes convosco, mas a mim nem sempre me tendes.
9 ထိုအရပ်၌ ကိုယ်တော်ရှိတော်မူကြောင်းကို များစွ သော ဂျူးလူမျိုးအစုအဝေးတို့ ကြားသိကြသောအခါ သူတို့သည် ယေဇူးကို တွေ့ရန်အတွက်သာမဟုတ်၊ သေရာမှ ကိုယ်တော်ပြန်ရှင်စေခဲ့သော လာဇရုကိုလည်းတွေ့ရန် လာကြ၏။-
9 Portanto, muita gente dos judeus soube que ele estava ali; e eles foram, não só por causa de Jesus, mas também para ver a Lázaro, a quem ele ressuscitara dos mortos.
10 ထို့ကြောင့် ရဟန်းအကြီးအကဲတို့သည် လာဇရုကိုလည်းသတ်ရန် ကြံစည်ကြလေ၏။-
10 Mas os principais sacerdotes consultaram como poderiam também matar a Lázaro,
11 အဘယ်ကြောင့်ဆိုသော် များစွာသော ဂျူးလူမျိုးတို့သည် လာဇရုကို အကြောင်းပြု၍ သူတို့ထံမှထွက်သွားကြပြီး ယေဇူးကို ယုံကြည်ကြသောကြောင့်ဖြစ်၏။
11 porque por causa dele muitos dos judeus se afastaram, e creram em Jesus.
12 နောက်တစ်နေ့၌ ပွဲတော်သို့လာကြသော လူအစုအဝေးကြီးသည် ဂျေရုဆလင်မြို့သို့ ယေဇူးကြွလာတော်မူကြောင်းကို ကြားသိကြ၏။-
12 No dia seguinte, a grande multidão que tinha vindo à festa, ouvindo dizer que Jesus vinha a Jerusalém,
13 ထို့ကြောင့် သူတို့သည် စွန်ပလွံပင်မှ အကိုင်းအခက်များကို ယူဆောင်ကြပြီးလျှင် ကိုယ်တော့်ကိုကြိုဆိုရန် ထွက်သွား ကြလျက် ဟိုဇားနာဖြစ်စေသတည်း၊ ထာ၀ရဘုရားသခင်၏ နာမတော်၌ ကြွလာတော်မူသော အစ္စရာအဲလ်ဘုရင်အား မင်္ဂလာရှိ စေသတည်းဟု ကြွေးကြော်ကြလေ၏။-
13 tomaram ramos de palmeiras, e saíram-lhe ao encontro, e clamavam: Hosana! Abençoado é o Rei de Israel que vem em nome do Senhor.
14 ယေဇူးသည်လည်း မြည်းကလေးကိုတွေ့သဖြင့် မြည်းပေါ်၌ ထိုင်၍စီးတော်မူ၏။ ကျမ်းစာတော်မြတ်၌လည်း ရေးထား သည်ကား၊-
14 E Jesus, tendo encontrado um jumentinho, assentou-se sobre ele, como está escrito:
15 အိုဇီအွန်သမီး၊ မကြောက်ရွံ့နှင့်။ ကြည့်လော့၊ သင်၏ဘုရင်သည် မြည်းမ၏ သားငယ်ပေါ်၌ ထိုင်လျက် ကြွလာ လေပြီဟူ၍ဖြစ်သတည်း။-
15 Não temas, filha de Sião; eis que o teu Rei vem, assentado sobre um potro de jumenta.
16 ကိုယ်တော်၏ တပည့်တော်တို့သည် ဤကျမ်းချက်ကို အစဦး၌ နားမလည်ခဲ့ကြပေ။ ယေဇူး၏ ဘုန်းဂုဏ်တော် ထင်ရှားတော်မူသောအခါ မှသာလျှင် ဤကျမ်းချက်သည် ကိုယ်တော်အား ရည်ညွန်း၍ ရေးသားထားကြောင်းကိုလည်းကောင်း၊ ၎င်းသည် ကိုယ်တော်၌ အမှန်ပင်ဖြစ်ခဲ့ကြောင်းကိုလည်းကောင်း သူတို့သတိရကြ၏။-
16 Os seus discípulos, porém, a princípio não entenderam essas coisas; mas, quando Jesus foi glorificado, então eles se lembraram de que estas coisas estavam escritas a respeito dele, e que eles tinham feito essas coisas para ele.
17 ကိုယ်တော်သည် လာဇရုကို သခင်္ျိုင်းဂူမှ ခေါ်ထုတ်၍ ပြန်ရှင်စေတော်မူခဲ့သောအချိန်တွင် ကိုယ်တော်နှင့်အတူ ရှိခဲ့ကြသော လူအစုအဝေးတို့ သည်လည်း ထိုအမှုအရာကို သက်သေခံကြ၏။-
17 A multidão, pois, que estava com ele quando chamou a Lázaro para fora da sepultura, testemunhava que ele o ressuscitara dos mortos.
18 လူအစုအဝေးတို့သည် ကိုယ်တော့်ကို ကြိုဆိုရန် သွားကြသည့်အကြောင်းရင်းကား ဤအံ့ဖွယ်နိမိတ်လက္ခဏာအား ကိုယ်တော်ပြုတော်မူခဲ့သည်ကို ကြားသိခဲ့ကြသောကြောင့်တည်း။-
18 Por causa disso, também a multidão lhe saiu ao encontro, porque eles tinham ouvido que ele fizera este milagre.
19 ထိုအခါ ဖာရီဇေးဦးတို့က သင်တို့မည်သို့မျှ မတတ်နိုင်သည်ကို သိကြပြီလော။ ကြည့်လော့၊ တစ်လောကလုံးသည် သူ၏နောက်သို့ လိုက်ပါသွားကြ လေပြီဟု အချင်းချင်းပြောဆိုကြ၏။
19 Disseram, então, os fariseus entre si: Percebestes que nada conseguis fazer? Eis que o mundo vai após ele.
20 ပွဲတော်၌ဝတ်ပြုကိုးကွယ်ရန် တက်ရောက်လာကြသူတို့တွင် ဂရိလူမျိုး အချို့လည်းပါဝင်၏။-
20 E havia alguns gregos entre os que tinham subido para adorar na festa;
21 ထိုသူတို့သည် ဂါလေလေးယနယ်၊ ဘက်ဇိုင်းဒါမြို့သားဖြစ်သော ဖိလိပု ထံချဉ်းကပ်ကြ၍ ဆရာ၊ အကျွန်ုပ်တို့သည် ယေဇူးကို တွေ့မြင်လိုကြပါသည်ဟု ဆိုကြ၏။-
21 estes, pois, vieram a Filipe, que era de Betsaida da Galileia, e rogaram-lhe, dizendo: Senhor, queríamos ver a Jesus.
22 ဖိလိပုသည် သွား၍ အန္ဒြေးယအား ပြောလေ၏။ အန္ဒြေးယသည်လည်း ဖိလိပုနှင့်အတူသွားပြီးလျှင် သူတို့သည် ယေဇူးအား လျှောက်ကြ၏။-
22 Filipe veio e contou para André; e novamente André e Filipe disseram a Jesus.
23 ယေဇူးက သူတို့အား ပြန်ပြောတော်မူ သည်မှာ လူသားအတွက် ဘုန်းဂုဏ်တော်ထင်ရှားစေ မည့်အချိန်ရောက်ရှိလာလေပြီ။-
23 E Jesus lhes respondeu, dizendo: É chegada a hora em que o Filho do homem será glorificado.
24 သင်တို့အား ငါဧကန် အမှန်ဆိုသည်ကား ဂျုံစပါးစေ့တစ်စေ့သည် မြေပေါ်သို့ကျ၍ မသေမပျက်ဘဲရှိသော် ၎င်းသည် တစ်စေ့တည်းအဖြစ် ဆက်လက်တည်ရှိပြီး သေကြေပျက်စီးလျှင်မူကား များစွာသောအသီးတို့ကို သီးစေတတ်၏။-
24 Na verdade, na verdade eu vos digo: Se o grão de trigo, caindo na terra, não morrer, permanece só; mas, se morrer, dá muito fruto.
25 မိမိအသက်ကို ချစ်သောသူသည် အသက်ကိုဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသောသူသည် ထာ၀ရအသက် တာအတွက် ထိုအသက်ကို ထိန်းသိမ်းစောင့်ရှောက်လိမ့်မည်။-
25 Quem ama a sua vida perdê-la-á, e quem neste mundo odeia a sua vida, guardá-la-á para a vida eterna.
26 အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ငါ့နောက်သို့လိုက်ရမည်။ ငါရှိရာအရပ်၌လည်း ငါ၏အစေခံရှိလိမ့်မည်။ အကြင်သူသည် ငါ၏အမှုတော်ကို ထမ်းဆောင်လျှင် ခမည်းတော်ဘုရားသည် သူ့ကို ချီးမြှောက်တော်မူလိမ့်မည်။
26 Se algum homem me serve, siga-me; e onde eu estiver, ali estará também o meu servo; se algum homem me servir, meu Pai o honrará.
27 ယခု ငါသည် စိတ်သောကရောက်လျက်ရှိ၏။ ငါမည်သို့ဆိုရမည်နည်း။ အိုအဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တော်မူပါဟူ၍လော၊ မဟုတ်ပေ၊ ဤရည်ရွယ်ချက်အတွက် ဤအချိန်နာရီသို့ ငါရောက်လာခဲ့ခြင်းဖြစ် သည်၊-
27 Agora a minha alma está perturbada; e que direi eu? Pai, salva-me desta hora; mas para esta hora é que eu vim.
28 အိုအဖ၊ ကိုယ်တော်၏ နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါဟု မိန့်တော်မူလေ၏။ ထိုအခါ ကောင်းကင်မှ အသံထွက်ပေါ်လာသည်ကား ငါသည် နာမတော်ကို ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန် ငါသည် ၎င်းကို ဘုန်းတော် ထင်ရှားစေဦးမည် ဟူ၍ဖြစ်သတည်း။-
28 Pai, glorifica o teu nome. Então, veio uma voz do céu, dizendo: Eu já o tenho glorificado, e novamente o glorificarei.
29 အနီးတွင် ရပ်နေကြသော လူအစုအဝေးသည် ထိုအသံကို ကြားကြလျှင် မိုးထစ်ချုန်းသည်ဟု ဆိုကြ၏။ အချို့ကမူ ကောင်းကင်တမန်တော်တစ်ပါးသည် ကိုယ်တော့်ကို စကားပြောလေပြီဟု ဆိုကြ၏။-
29 A multidão, pois, que ali estava e que a ouvira, dizia ter sido um trovão; outros diziam: Um anjo lhe falou.
30 ယေဇူးက ဤအသံထွက် ပေါ်လာခြင်းသည် ငါ့အတွက်မဟုတ်၊ သင်တို့ အတွက်ဖြစ်၏။-
30 Jesus respondeu e disse: Não veio esta voz por minha causa, mas por causa de vós.
31 ယခုအချိန်သည် ဤလောကကို တရားစီရင်သည့် အချိန်ဖြစ်၏။ ဤလောကကို အုပ်စိုးသောသူသည်လည်း ယခုပင်နှင်ထုတ်ခြင်း ခံရလိမ့်မည်။-
31 Agora é o juízo deste mundo; agora será expulso o príncipe deste mundo.
32 ငါသည်ကား မြေပေါ်မှ မြှောက်ထားခြင်းခံရသောအခါ လူသားအားလုံးတို့ကို ငါ့ထံသို့ခေါ်ယူမည်ဟု မိန့်တော်မူ၏။-
32 E eu, quando for levantado da terra, todos os homens atrairei a mim.
33 ဤကဲ့သို့ ကိုယ်တော်မိန့်တော်မူခြင်းမှာ မိမိသည် မည်သို့သော သေခြင်းဖြင့် သေရလိမ့်မည်ကို ဖော်ပြခြင်းဖြစ်၏။-
33 E dizia isto, significando de que morte ele deveria morrer.
34 လူအစုအဝေးက ခရစ်တော်သည် အစဉ်အမြဲတည်တော်မူ၏ဟူ၍ ပညတ်တရားကျမ်းမှ အကျွန်ုပ်တို့ကြား သိခဲ့ရပြီ။ သို့ဖြစ်လျှင် လူသားသည် မြှောက်ထားခြင်း ခံရလိမ့်မည်ဟု သင်မည်သို့ဆိုနိုင်ပါသနည်း။ ဤလူသားသည် မည်သူနည်းဟု ကိုယ်တော်အား ပြန်၍မေးကြလေ၏။-
34 Respondeu-lhe a multidão: Nós temos ouvido da lei que o Cristo permanece para sempre; e como dizes tu: É necessário que o Filho do homem seja levantado? Quem é esse Filho do homem?
35 ယေဇူးက သူတို့အားဆိုသည်မှာ အလင်းသည် သင်တို့နှင့်အတူ တစ်ခဏမျှသာ ဆက်လက်တည်ရှိလိမ့်မည်။ မှောင်မိုက်သည် သင်တို့ကိုမဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခိုက် လျှောက်လှမ်းကြလော့။ မှောင်မိုက်တွင် လျှောက်လှမ်းသော သူသည် မိမိသွားနေသည့်အရပ်ကို မသိပေ။-
35 Então, Jesus disse-lhes: Ainda por um pouco de tempo a luz está convosco. Andai enquanto tendes luz, para que as trevas não venham sobre vós, pois quem anda nas trevas não sabe para onde vai.
36 သင်တို့သည် အလင်း၏သားများဖြစ်ကြရန် အလို့ငှာ သင်တို့၌ အလင်းရှိနေစဉ် အလင်းကို ယုံကြည်ကြလော့ဟု မိန့်တော်မူ၏။ ယေဇူးသည် ဤသို့ မိန့်တော်မူပြီးသောအခါ ထွက်ကြွသွား၍ သူတို့ထံမှ တိမ်းရှောင်တော်မူ၏။
36 Enquanto tendes luz, crede na luz, para que sejais filhos da luz. Essas coisas disse Jesus e retirou-se, escondendo-se deles.
37 ကိုယ်တော်သည် များစွာသောနိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်တွင် ပြတော်မူခဲ့သော်လည်း သူတို့သည် ကိုယ်တော့်ကို မယုံကြည်ကြပေ။-
37 Mas, apesar de ter feito tantos milagres diante deles, não criam nele;
38 ဤသို့ဖြစ်ရခြင်းမှာ ပရောဖက်အီဇာယ ဟောကြားခဲ့သည့်အတိုင်း သခင်ဘုရား၊ တပည့်တော်တို့၏ ဟောကြားခြင်းကို မည်သူ ယုံကြည်ခဲ့ပါသနည်း၊ ကိုယ်တော်၏ လက်ရုံးတော်သည်လည်း မည်သူ့ကို ထင်ရှားပြခဲ့ပါသနည်းဟူသော ကျမ်း စကား ပြည့်စုံလာစေမည့်အကြောင်းတည်း။-
38 para que se cumprisse a palavra do profeta Isaías, que diz: Senhor, quem tem acreditado em nosso relato? E a quem foi revelado o braço do Senhor?
39 ထို့ကြောင့် သူတို့သည် မယုံကြည်နိုင်ခဲ့ကြ။ အကြောင်းမူကား အီဇာယက တစ်ဖန်ဟောကြားခဲ့သည်မှာ၊-
39 Por isso, eles não podiam crer, pelo que Isaías disse outra vez:
40 သူတို့သည် မိမိတို့၏ မျက်စိဖြင့်မြင်ရ၍ နှလုံးသားဖြင့် သိနားလည်ပါလျှင် မိမိတို့၏ အနာအဆာများ ပျောက်ကင်းစေရန် ငါ့ထံသို့ ပြောင်းလဲလာမည်ကို စိုးရိမ်ကြသောကြောင့် ကိုယ်တော်သည် သူတို့၏ မျက်စိများကို ကွယ်စေလျက် သူတို့၏ နှလုံးသားကို တင်းမာစေခဲ့ပြီ ဟူ၍ဖြစ်သတည်း။-
40 Ele cegou-lhes os olhos, e endureceu-lhes o coração, para que eles não vejam com seus olhos, nem compreendam no seu coração, e se convertam, e eu os cure.
41 အီဇာယက ဤသို့ဆိုခဲ့ခြင်းမှာ သူသည် ကိုယ်တော်၏ ဘုန်းတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏အကြောင်းကို ဟောကြားခဲ့ ခြင်းဖြစ်၏။-
41 Essas coisas disse Isaías quando ele viu a sua glória, e dele falou.
42 မည်သို့ပင်ဖြစ်စေ ဂျူးလူမျိုးခေါင်းဆောင်များ အပါအဝင် လူများစွာတို့သည် ကိုယ်တော့်ကို ယုံကြည်လာကြ၏။ သို့သော်လည်း သူတို့သည် ဖာရီဇေးဦးတို့ကို ကြောက်ရွံ့သောကြောင့် တရားဇရပ်မှ ထုတ်ပယ်ခြင်း မခံရစေရန် ယုံကြည်ခြင်းကို ထင်ရှားစွာဝန်မခံခဲ့ကြပေ။ -
42 Contudo, muitos dentre os principais governantes creram nele; mas por causa dos fariseus não o confessavam, para não serem colocados para fora da sinagoga;
43 အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းထက် လူတို့ထံမှ ချီးမွမ်းခြင်းကို ပိုမိုနှစ်သက်သော ကြောင့်ဖြစ်၏။
43 porque eles amavam mais a glória dos homens do que a glória de Deus.
44 ယေဇူးသည်လည်း ကြွေးကြော်၍ မိန့်တော်မူသည်ကား ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုသာလျှင် ယုံကြည်သည် မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း ယုံကြည်၏။-
44 Jesus clamou e disse: Quem crê em mim, crê, não em mim, mas naquele que me enviou.
45 ထို့အတူ ငါ့ကိုမြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကိုလည်း မြင်၏။-
45 E quem me vê, vê aquele que me enviou.
46 ငါ့ကို ယုံကြည်သောသူဟူသမျှသည် မှောင်မိုက်၌ ဆက်လက်မနေရစေခြင်းငှာ ငါသည် အလင်းအဖြစ်နှင့် ဤလောက သို့ကြွလာခဲ့လေပြီ။-
46 Eu vim como luz para o mundo, para que todo aquele que crê em mim não permaneça nas trevas.
47 အကြင်သူသည် ငါ၏ဟောပြောချက်များကို ကြားနာရပြီး ယင်းတို့ကို လိုက်နာစောင့်ထိန်းခြင်း မပြုပါလျှင် ထိုသူကို ငါအပြစ်မစီရင်။ အကြောင်းမူကား ငါသည် ဤလောကကို အပြစ်စီရင်ရန်မဟုတ်ဘဲ ဤလောကကို ကယ်တင်ရန် ကြွလာ၏။-
47 E se algum homem ouvir as minhas palavras, e não crer, eu não o julgo; porque eu não vim para julgar o mundo, mas para salvar o mundo.
48 ငါ့ကိုငြင်းပယ်၍ ငါ၏စကားများကို လက်မခံသောသူအတွက် တရားစီရင်မည့်သူရှိလေပြီ။ ငါဟောပြောသော စကားသည် ပင်လျှင် ထိုသူ့ကို နောက်ဆုံးသောနေ့၌ တရားသူကြီးအဖြစ်နှင့် တရားစီရင်လိမ့်မည်။-
48 Quem me rejeitar, e não receber as minhas palavras, já tem quem o julgue; a palavra que eu tenho falado, essa o julgará no último dia.
49 အကြောင်းမူကား ငါသည် ငါ၏အခွင့်အာဏာနှင့် ဟောပြောသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် ကိုယ်တိုင်က ငါ့အားမည်သည့်အရာ ပြောဆိုရမည်ကို ပညတ်ချက်ပေးတော်မူ၏။-
49 Porque eu não tenho falado de mim mesmo, mas o Pai, que me enviou, ele me deu um mandamento quanto ao que dizer e como falar.
50 ကိုယ်တော်၏ပညတ်တော်သည် ထာ၀ရအသက်ဖြစ်သည်ကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသမျှသည် ခမည်းတော် မိန့်မှာတော်မူသည့်အတိုင်း ဟောပြောခြင်း ဖြစ်သည်ဟု မိန့်တော်မူ၏။
50 E sei que o seu mandamento é vida eterna; portanto, as coisas que eu digo, conforme me disse o Pai, assim eu digo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar João 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.