Hebreus 9
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARC
1 ပထမပဋိညာဉ်တရားတော်၌ပင်လျှင် ဝတ်ပြုခြင်းဆိုင်ရာဝိနည်းများနှင့် လောက၌ရှိသော သန့်ရှင်းရာဌာန တို့ပါဝင်ခဲ့၏။-
1 Ora, também o primeiro tinha ordenanças de culto divino e um santuário terrestre.
2 အကြောင်းမူကား လူတို့ သည် တဲတော်ကိုတည်ဆောက်ကြရာတွင် သန့်ရှင်းရာ ဌာနဟုခေါ်သော အပြင်တဲတော်၌ ဆီမီးတင်ခုံ၊ စားပွဲ၊ ရှေ့တော်တင်မုန့်တို့ကို ထားရှိကြ၏။-
2 Porque um tabernáculo estava preparado, o primeiro, em que havia o candeeiro, e a mesa, e os pães da proposição; ao que se chama o Santuário.
3 ဒုတိယကန့်လန့်ကာ ကိုလွန်လျှင် သန့်ရှင်းရာအပေါင်းတို့ထက် ပို၍သန့်ရှင်း သောဌာနဟူ၍ခေါ်တွင်သည့် တဲတော်ရှိ၏။-
3 Mas, depois do segundo véu, estava o tabernáculo que se chama o Santo dos Santos,
4 ထိုတဲတော်တွင် နံ့သာပေါင်းကို မီးရှို့ရာ ရွှေပလ္လင်နှင့် အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသည့် ပဋိညာဉ်သေတ္တာတော်ရှိလေ၏။ ထိုသေတ္တာတော်အတွင်း၌ မန္နာမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးအညွန့်ထွက်သည့် အာရွန်၏သစ်သားတုတ်နှင့် ပညတ်တော်များ ပါရှိသည့်ကျောက်ပြားနှစ်ချပ်တို့ရှိလေ၏။-
4 que tinha o incensário de ouro e a arca do concerto, coberta de ouro toda em redor, em que estava um vaso de ouro, que continha o maná, e a vara de Arão, que tinha florescido, e as tábuas do concerto;
5 ထိုသေတ္တာပေါ်တွင် သေတ္တာတော်အဖုံးကို မိမိတို့ ၏အတောင်ပံများဖြန့်၍ အုပ်မိုးထားသည့် ဘုန်းကျက် သရေရှိသော ခေရုဘိမ်အမည်ရှိ ကောင်းကင်တမန်တော် ရုပ်တုများရှိ၏။ ငါတို့သည် ထိုအရာများကို ယခုအခါ အသေးစိတ်မရှင်းလင်းနိုင်ပေ။
5 e sobre a arca, os querubins da glória, que faziam sombra no propiciatório; das quais coisas não falaremos agora particularmente.
6 ထိုကဲ့သို့ပြင်ဆင်ပြီးသောအခါတွင် ရဟန်းတို့သည် အပြင်တဲတော်အတွင်းသို့ နေ့စဉ်ပုံမှန်ဝင်ကြပြီးလျှင် ဝတ်ပြုခြင်းနှင့်ဆိုင် သောတာဝန်များကို လုပ်ဆောင်ကြလေ၏။-
6 Ora, estando essas coisas assim preparadas, a todo o tempo entravam os sacerdotes no primeiro tabernáculo, cumprindo os serviços;
7 အတွင်းတဲတော်ထဲသို့မူကား ရဟန်းချုပ် တစ်ပါးတည်းသာ တစ်နှစ်လျှင်တစ်ကြိမ်ဝင်ရ၏။ ထိုသို့ဝင်ရောက်ရာတွင်လည်း သူသည် မိမိ၏အပြစ်များနှင့် လူတို့၏အပြစ်များအတွက် ပူဇော်ရန် သွေးကိုယူဆောင် သွားရ၏။-
7 mas, no segundo, só o sumo sacerdote, uma vez no ano, não sem sangue, que oferecia por si mesmo e pelas culpas do povo;
8 အပြင်တဲတော်တည်ရှိ နေသမျှကာလပတ်လုံး သန့်ရှင်းရာအပေါင်းတို့ထက် ပို၍ သန့်ရှင်းသောဌာနသို့ဝင်ရောက်ရာလမ်းမှာ မပွင့်သေးကြောင်းကို ဝိညာဉ်တော်မြတ်က ကျွန်ုပ်တို့အား ညွန်ပြတော်မူ၏။-
8 dando nisso a entender o Espírito Santo que ainda o caminho do Santuário não estava descoberto, enquanto se conservava em pé o primeiro tabernáculo,
9 ဤအချက်မှာ မျက်မှောက်ခေတ်ကိုညွှန်ပြ သည့်အမှတ်လက္ခဏာပင်ဖြစ်၏။ ဤဝိနည်းအတိုင်း ပူဇော်သော ပူဇော်သကာနှင့် ယဇ်ကောင်များသည် ဝတ်ပြုသူ၏အသိတရားကို စုံလင်ခြင်းသို့ရောက်စေရန် မစွမ်းဆောင်နိုင်ပေ။-
9 que é uma alegoria para o tempo presente, em que se oferecem dons e sacrifícios que, quanto à consciência, não podem aperfeiçoar aquele que faz o serviço,
10 ထိုအရာအားလုံးတို့မှာ အပေါ်ယံ အရာများဖြစ်သော အစားအသောက်များနှင့် အမျိုးမျိုးသောဆေးကြော သန့်စင်ခြင်း ဝိနည်းတို့နှင့်သာ သက်ဆိုင်၏။ ထိုစည်းမျဉ်းများသည် အသစ်ပြုပြင်ခြင်းကာလ ရောက်ရှိသည့်တိုင်အောင် တည်လျက်ရှိမည်ဖြစ်၏။
10 consistindo somente em manjares, e bebidas, e várias abluções e justificações da carne, impostas até ao tempo da correção.
11 သို့ရာတွင် ခရစ်တော်သည် နောင်ဖြစ်ပေါ်လာမည့် ကောင်းမြတ်သောအရာတို့၏ရဟန်းချုပ်အဖြစ် ကြွလာ တော်မူသောအခါ လူတို့၏လက်ဖြင့်ပြုလုပ်ထားခြင်းမရှိသော၊ တစ်နည်းအားဖြင့် ဤကမ္ဘာပေါ် ရှိ ဖန်ဆင်းခံအရာ မဟုတ်သည့် ပိုမိုသန့်ရှင်းမြင့်မြတ်၍ ပြီးပြည့်စုံသောတဲ တော်မှတစ်ဆင့်၊-
11 Mas, vindo Cristo, o sumo sacerdote dos bens futuros, por um maior e mais perfeito tabernáculo, não feito por mãos, isto é, não desta criação,
12 သန့်ရှင်းရာဌာနသို့ တစ်ကြိမ်တည်းနှင့် အပြီးဝင်တော်မူ၏။ ထိုသို့ဝင်ရာ၌ ကိုယ်တော်သည် ယဇ်ပူဇော်ရန် ဆိတ်နှင့် နွားတို့၏သွေးကိုမယူဆောင်ဘဲ မိမိ ကိုယ်တော်တိုင်၏အသွေးတော်ကို ယူဆောင်သွားခြင်းဖြင့် ငါတို့အား ထာ၀ရကယ်တင်ခြင်း ကျေးဇူးတော်ကို ရရှိစေတော်မူ၏။-
12 nem por sangue de bodes e bezerros, mas por seu próprio sangue, entrou uma vez no santuário, havendo efetuado uma eterna redenção.
13 အပြစ်ဖြင့် ညစ်ညူးနေသောသူတို့ အပေါ် ပက်ဖျန်းသည့် နွားသွေး၊ ဆိတ်သွေးနှင့် နွားမတမ်း ၏ပြာတို့သည် လူ၏ခန္ဓာကိုယ်ကို သန့်ရှင်းမွန်မြတ်စေနိုင်လျှင်၊-
13 Porque, se o sangue dos touros e bodes e a cinza de uma novilha, esparzida sobre os imundos, os santificam, quanto à purificação da carne,
14 ထာ၀ရတည်သောဝိညာဉ်တော်အားဖြင့် အပြစ် အနာအဆာကင်း၍ မိမိကိုယ်ကို ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အား တင်ပူဇော်တော်မူခဲ့သော ခရစ်တော်၏အသွေးတော်သည် သင်တို့၏အသိတရားကို ဟောင်းနွမ်းသောပဋိညာဉ်တရားတော်မှ သန့်စင်ပေးပြီး အသက် ရှင်တော်မူသောဘုရားသခင်အား ဝတ်ပြုအစေခံနိုင်ရန် ပိုမိုစွမ်းဆောင်ပေးနိုင်လိမ့်မည်။
14 quanto mais o sangue de Cristo, que, pelo Espírito eterno, se ofereceu a si mesmo imaculado a Deus, purificará a vossa consciência das obras mortas, para servirdes ao Deus vivo?
15 ထို့ကြောင့် ခရစ်တော်သည် ပဋိညာဉ်တရားတော်သစ်တွင် ကြားဝင်စေ့စပ်ပေးသူဖြစ်တော်မူ၏။ သို့မှသာ ဘုရားသခင် ခေါ်တော်မူသောသူတို့သည် ကိုယ်တော် ကတိထားသော ထာ၀ရအမွေတော်ကို ခံစားနိုင်ကြမည်ဖြစ်၏။ အကြောင်းမူကား ယခင်ပဋိညာဉ်တရားတော်၏ လက်အောက်၌ လူတို့ကျူးလွန်ခဲ့သည့်အပြစ်များကိုဖြေ လွှတ်ပေးရန် ခရစ်တော်သည် အသေခံတော် မူခဲ့လေ၏။-
15 E, por isso, é Mediador de um novo testamento, para que, intervindo a morte para remissão das transgressões que havia debaixo do primeiro testamento, os chamados recebam a promessa da herança eterna.
16 မည်သည့်နေရာ၌မဆို သေတမ်းစာနှင့်ပတ်သက်၍ ပြောဆိုကြရာတွင် သေတမ်းစာရေးသားခဲ့သူ အမှန်တကယ်သေဆုံးပြီ ဖြစ်ကြောင်း အထောက်အထားပြသ ရန်လိုအပ်၏။-
16 Porque, onde há testamento, necessário é que intervenha a morte do testador.
17 သေတမ်းစာရေးသောသူအသက်ရှင်နေ သရွေ့ သူ၏သေတမ်းစာမှာ အတည်မဖြစ်နိုင်ပေ။ ၎င်းသေ ဆုံးမှသာလျှင် သေတမ်းစာသည် အတည်ဖြစ်၏။-
17 Porque um testamento tem força onde houve morte; ou terá ele algum valor enquanto o testador vive?
18 ထို့ကြောင့် ပထမပဋိညာဉ်တရားတော်ကို စီရင်သောအခါ၌ပင် သွေးနှင့်မကင်းပေ။-
18 Pelo que também o primeiro não foi consagrado sem sangue;
19 အကြောင်းမူကား မိုးဇက်သည် ပထမပဋိညာဉ်တရားတော်တွင်ပါရှိသောပညတ်ရှိသမျှ တို့ကို လူအပေါင်းတို့အား ကြေညာ ပြီးသောအခါ အနီ ရောင်သိုးမွေးစနှင့် ဟိဆုတ်ပင်အခက်ကို အသုံးပြုကာ ရေနှင့် ရောစပ်ထားသော နွားသွေး၊ ဆိတ်သွေးတို့ကို ပညတ်တရားကျမ်းစာလိပ်အပေါ်သို့လည်းကောင်း၊ လူ အပေါင်းတို့အပေါ်သို့လည်းကောင်း ပက်ဖျန်းလျက်၊-
19 porque, havendo Moisés anunciado a todo o povo todos os mandamentos segundo a lei, tomou o sangue dos bezerros e dos bodes, com água, lã purpúrea e hissopo, e aspergiu tanto o mesmo livro como todo o povo,
20 ဤ သည်ကား သင်တို့၌ ဘုရားသခင်ကတိပြုတော်မူသော ပဋိညာဉ်၏သွေးဖြစ်သည်ဟု ပြောဆိုလေ၏။-
20 dizendo: Este é o sangue do testamento que Deus vos tem mandado.
21 ထိုနည်း အတိုင်းပင် မိုးဇက်သည် တဲတော်နှင့် ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသောခွက်ဖလားများကိုလည်း သွေးဖြင့် ပက်ဖျန်းလေ၏။-
21 E semelhantemente aspergiu com sangue o tabernáculo e todos os vasos do ministério.
22 ပညတ်တရားအရ အရာအားလုံးတို့ ကို သွေးဖြင့် သန့်စင်ရ၏။ သွေးသွန်းလောင်းခြင်းမရှိဘဲ အပြစ်ခွင့်လွှတ်ခြင်း မရရှိနိုင်ပေ။
22 E quase todas as coisas, segundo a lei, se purificam com sangue; e sem derramamento de sangue não há remissão.
23 ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသောအရာ တို့၏ပုံတူများကို ဤသို့သောယဇ်ပူဇော်ခြင်းဝိနည်းတို့ဖြင့် သန့်စင်ပေးရန် လိုအပ်လေ၏။ သို့သော် ကောင်းကင်ဘုံ၌ရှိသောအရာတို့ကိုမူကား သန့်စင်ပေးရန်မှာ ယခု ထက်ပို၍မြင့်မြတ်သော ယဇ်ပူဇော်ခြင်း ကိုလိုအပ်လေ၏။-
23 De sorte que era bem necessário que as figuras das coisas que estão no céu assim se purificassem; mas as próprias coisas celestiais, com sacrifícios melhores do que estes.
24 ခရစ်တော်သည် လူတို့၏လက်ဖြင့် တည်ဆောက်သည့်သန့်ရှင်းရာဌာနတော်သို့ ဝင်တော်မူခြင်းမဟုတ်။ ယင်းသည် အမှန်တကယ်တည်ရှိသောသန့်ရှင်းရာဌာန ၏ပုံတူသာဖြစ်၏။ ကိုယ်တော်သည် ကောင်းကင်ဘုံသို့ ပင်ကြွဝင်၍ ယခုငါတို့ကိုယ်စား ဘုရားသခင်၏ရှေ့တော် သို့ ရောက်ရှိတော်မူ၏။-
24 Porque Cristo não entrou num santuário feito por mãos, figura do verdadeiro, porém no mesmo céu, para agora comparecer, por nós, perante a face de Deus;
25 ရဟန်းချုပ်သည် မိမိ၏ကိုယ် မှမဟုတ်သောသွေးဖြင့် သန့်ရှင်းရာဌာနသို့ နှစ်စဉ်နှစ် တိုင်း ပြန်လည်ဝင်ရောက်ရသော်လည်း ခရစ်တော်မှာမူ ထိုကဲ့သို့မဟုတ်ဘဲ မိမိကိုယ်ကို ထပ်ခါထပ်ခါပူဇော်ရန် မလိုအပ်ချေ။-
25 nem também para a si mesmo se oferecer muitas vezes, como o sumo sacerdote cada ano entra no Santuário com sangue alheio.
26 သို့မဟုတ်လျှင် ကိုယ်တော်သည် ကမ္ဘာ လောကကို စတင်ဖန်ဆင်းချိန်မှစ၍ ကြိမ်ဖန်များစွာ အသေခံတော်မူရပေလိမ့်မည်။ ယခုတွင်မူကား ကိုယ် တော်သည် မိမိကိုယ်ကို ပူဇော်တော်မူခြင်းအားဖြင့် အပြစ်ဒုစရိုက်ကို ဖယ်ရှင်းခြင်းငှာ ဤကပ်ကာလအဆုံး ၌ တစ်ကြိမ်တည်းနှင့် အပြီးအပိုင်ပေါ်ထွန်းတော်မူ၏။-
26 Doutra maneira, necessário lhe fora padecer muitas vezes desde a fundação do mundo; mas, agora, na consumação dos séculos, uma vez se manifestou, para aniquilar o pecado pelo sacrifício de si mesmo.
27 လူသည်ကား တစ်ကြိမ်တည်းသာ သေပြီးနောက် တရား စီရင်တော်မူခြင်းကို ခံရမည်ဖြစ်သကဲ့သို့၊-
27 E, como aos homens está ordenado morrerem uma vez, vindo, depois disso, o juízo,
28 လူအများတို့ ၏အပြစ်များကို ဖြေလွှတ်ခြင်းငှာ မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ခြင်းခံခဲ့သောခရစ်တော်သည်လည်း ဒုတိ ယအကြိမ်ကြွလာတော်မူလိမ့်မည်။ ထိုသို့ကြွလာရာတွင် အပြစ်ဒုစရိုက်နှင့်မသက်ဆိုင်တော့ဘဲ မိမိကို စိတ်အားထက်သန်စွာ စောင့်မျှော်လျက်ရှိကြသောသူတို့အား ကယ်တင်ရန် ကြွလာတော်မူခြင်းဖြစ်၏။
28 assim também Cristo, oferecendo- se uma vez, para tirar os pecados de muitos, aparecerá segunda vez, sem pecado, aos que o esperam para a salvação.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.