Hebreus 7
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI
1 ဤမေလ်ခိဇေဒက်သည် ဆလင်ပြည်၏ဘုရင်ဖြစ်ပြီး အမြင့်မြတ်ဆုံးသော ဘုရားသခင်၏ ရဟန်းလည်းဖြစ်၏။ သူသည် ဘုရင် များကို တိုက်ခိုက်နှိမ်နင်းရာမှပြန်လာသော အာဘရာဟံအား ခရီးဦးကြို ပြု၍ ကောင်းချီးပေးလေ၏။-
1 Esse Melquisedeque, rei de Salém e sacerdote do Deus Altíssimo, encontrou-se com Abraão quando este voltava, depois de derrotar os reis, e o abençoou;
2 အာဘရာဟံသည်လည်း မိမိဥစ္စာပစ္စည်းရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အား ခွဲဝေလှူလေ၏။ မေလ်ခိဇေဒက်ဟူသော အမည်၏ အဓိပ္ပာယ်အတိုင်း သူသည် ဖြောင့်မတ်သောမင်းဖြစ်ကာ ဆလင်ပြည်၏ဘုရင်လည်းဖြစ်သောကြောင့် ငြိမ်းချမ်းသာယာခြင်း၏ ဘုရင်လည်းဖြစ်လေ၏။-
2 e Abraão lhe deu o dízimo de tudo. Em primeiro lugar, seu nome significa "rei de justiça"; depois, "rei de Salém" quer dizer "rei de paz".
3 သူ၌ အမိအဖသော် လည်းကောင်း၊ မျိုးရိုးစဉ်ဆက်သော်လည်းကောင်း မရှိ ပေ။ သူ၏ဘ၀အစနှင့် အဆုံးသောနေ့ရက်ဟူ၍လည်း မရှိပေ။ သို့ရာတွင် သူသည် ဘုရားသခင်၏သားတော်နှင့် သဏ္ဌာန်တူ၍ ရဟန်းသိက္ခာ၌ ထာ၀စဉ်တည်လေ၏။
3 Sem pai, sem mãe, sem genealogia, sem princípio de dias nem fim de vida, feito semelhante ao Filho de Deus, ele permanece sacerdote para sempre.
4 ငါတို့၏အဖ အာဘရာဟံသည် စစ်ပွဲမှရရှိခဲ့သော ပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို သူ့အား ပေးလှူခဲ့ပါလျှင် သူသည် မည်မျှကြီးမြတ်ကြောင်းကို စဉ်းစားဆင်ခြင်ကြည့်ကြပါလော့။-
4 Considerem a grandeza desse homem: até mesmo o patriarca Abraão lhe deu o dízimo dos despojos!
5 ရဟန်းအရာကို ခံယူရရှိကြသောလေဝိ အနွယ်ဝင်တို့သည် အာဘရာဟံမှဆင်းသက်သော မိမိတို့၏ဆွေမျိုးများထံမှ ဆယ်ဖို့ တစ်ဖို့အလှူကို ပညတ်တရားအရ ကောက်ခံခွင့်ရှိခဲ့ကြ၏။-
5 A lei requer dos sacerdotes dentre os descendentes de Levi que recebam o dízimo do povo, isto é, dos seus irmãos, embora estes sejam descendentes de Abraão.
6 မေလ်ခိဇေဒက်မူ ကား လေဝိအနွယ်ဝင်မဟုတ်သော်လည်း အာဘရာဟံ ထံမှ ဆယ်ဖို့တစ်ဖို့အလှူကိုခံယူရရှိပြီးလျှင် ကတိတော် များရရှိထားသောသူ့အား ကောင်းချီးပေးခဲ့လေ၏။-
6 Este homem, porém, que não pertencia à linhagem de Levi, recebeu os dízimos de Abraão e abençoou aquele que tinha as promessas.
7 ကြီးသောသူက ငယ်သောသူအား ကောင်းချီးပေးလေ့ရှိ ကြောင်းမငြင်းဆိုနိုင်ပေ။-
7 Sem dúvida alguma, o inferior é abençoado pelo superior.
8 ထို့ပြင် ရဟန်းများအနေဖြင့် ဆယ်ဖို့တစ်ဖို့ အလှူကို ခံယူခြင်းမှာ သေမျိုးဖြစ်သော လူသားတို့က ခံယူခြင်းဖြစ်၍ မေလ်ခိဇေဒက် ၏အမှုတွင်ကား အသက်ရှင်သောသူက ဆယ်ဖို့တစ်ဖို့အလှူကို လက်ခံယူခြင်းဖြစ်သည်ဟု သက်သေခံထားလေ၏။-
8 No primeiro caso, quem recebe o dízimo são homens mortais; no outro caso é aquele de quem se declara que vive.
9 ဆယ်ဖို့တစ်ဖို့အလှူကိုလက်ခံယူသောလေဝိကိုယ်တိုင် သည်ပင် အာဘရာဟံမှတစ်ဆင့် ဆယ်ဖို့တစ် ဖို့အလှူကို ပေးရသည်ဟု ဆိုနိုင်၏။-
9 Pode-se até dizer que Levi, que recebe os dízimos, entregou-os por meio de Abraão,
10 အဘယ်ကြောင့်ဆိုသော် မေလ်ခိဇေဒက်သည် အာဘရာဟံနှင့်တွေ့ဆုံသည့်အခါ တွင် လေဝိသည် အာဘရာဟံ၏အမျိုးအနွယ် ထဲ၌ မမွေး ဖွားသေးသောကြောင့်ဖြစ်၏။
10 pois, quando Melquisedeque se encontrou com Abraão, Levi ainda estava no corpo do seu antepassado.
11 လူအများတို့သည် လေဝိမှဆင်းသက်သောရဟန်း အမျိုးအနွယ်မှတစ်ဆင့် ပညတ်တရားကိုရရှိခဲ့ကြ၏။ လူတို့သည် ဤရဟန်းမျိုး အားဖြင့် စုံလင်ခြင်းသို့ ရောက်နိုင် ခဲ့ပါလျှင် အဘယ်ကြောင့် အာရွန်၏ရဟန်းအမျိုးအနွယ်ထက် မေလ်ခိဇေဒက်၏ ရဟန်းအမျိုးအနွယ်မှ အခြား သောရဟန်းတစ်ပါးကို လိုအပ်သနည်း။-
11 Se fosse possível alcançar a perfeição por meio do sacerdócio levítico ( pois em sua vigência o povo recebeu a lei ), por que haveria ainda necessidade de se levantar outro sacerdote, segundo a ordem de Melquisedeque e não de Arão?
12 အကယ်၍ ရဟန်းအမျိုးအနွယ်၌ အပြောင်းအလဲရှိလျှင် ပညတ် တရားတွင်လည်း အပြောင်းအလဲရှိရပေလိမ့်မည်။-
12 Pois quando há mudança de sacerdócio, é necessário que haja mudança de lei.
13 အကြောင်းမူကား ဤအရာများနှင့်ပတ်သက်၍ ဗျာဒိတ် ထားခြင်းခံရသောအရှင်သည် ယဇ်ပလ္လင်အမှုတော်ကို မဆောင်ရွက် ဖူးသော အမျိုးအနွယ်မှဖြစ်၏။-
13 Ora, aquele de quem se dizem estas coisas pertencia a outra tribo, da qual ninguém jamais havia servido diante do altar,
14 ငါတို့၏ သခင်သည် ဂျုဒအမျိုးအနွယ်မှပေါ်ထွန်းလာခြင်းဖြစ် ကြောင်းထင်ရှားလေ၏။ မိုးဇက်သည် ဤအမျိုးအနွယ် အကြောင်းကို ပြောဆိုရာတွင် ရဟန်းတို့နှင့်ပတ်သက် သောအရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
14 pois é evidente que o nosso Senhor descende de Judá, tribo da qual Moisés nada fala quanto a sacerdócio.
15 မေလ်ခိဇေဒက်နှင့်သဏ္ဌာန်တူသည့် အခြားသော ရဟန်းတစ်ပါးပေါ်ထွန်းလာသောအခါ ဤအချက်မှာ ပို၍ထင်ရှားလာ လေ၏။-
15 O que acabamos de dizer fica ainda mais claro, quando aparece outro sacerdote semelhante a Melquisedeque,
16 ထိုအရှင်သည် ရဟန်း၏အရိုက် အရာကို စည်းမျဉ်းဥပဒေအရ မျိုးရိုးအလိုက်ခံယူရရှိခြင်း မဟုတ်ဘဲ ထာ၀ရအသက်၏ တန်ခိုးအာနုဘော်အရ ခံယူရရှိထားခြင်းဖြစ်၏။-
16 alguém que se tornou sacerdote, não por regras relativas à linhagem, mas segundo o poder de uma vida indestrutível.
17 အကြောင်းမူကား ကျမ်းစာ တော်မြတ်၌ သင်သည် မေလ်ခိဇေဒက်၏အရိုက်အရာ ကို ဆက်ခံသောထာ၀ရရဟန်းဖြစ်သည်ဟူ၍ ထိုအရှင် နှင့်ပတ်သက်ပြီး သက်သေခံထားလေ၏။-
17 Pois sobre ele é afirmado: "Tu és sacerdote para sempre, segundo a ordem de Melquisedeque".
18 ယခင်ပညတ် တော်သည် အားနည်း၍ အသုံးမဝင်သောကြောင့် ၎င်းကို ဖယ်ရှားထား၏။-
18 A ordenança anterior é revogada, porquanto era fraca e inútil
19 အကြောင်းမူကား ပညတ်တရားသည် မည်သည့်အရာကိုမျှ စုံလင်ခြင်းသို့မရောက်စေခဲ့ပေ။ သို့သော် ယခုငါတို့သည် ထိုပညတ်တရားထက် ပိုမိုကောင်း မြတ်သည့်မျှော်လင့်ချက်ကိုရရှိကြသည်ဖြစ်၍ ထိုမျှော် လင့်ချက်အားဖြင့် ဘုရားသခင်၏ အထံတော်သို့ ချဉ်းကပ် နိုင်ကြ၏။
19 ( pois a lei não havia aperfeiçoado coisa alguma ), sendo introduzida uma esperança superior, pela qual nos aproximamos de Deus.
20 ထိုပြောင်းလဲမှုသည် ကျိန်ဆိုတော်မူချက်နှင့်အတူ ဖြစ်ပေါ်လာခဲ့၏။-
20 E isso não aconteceu sem juramento! Outros se tornaram sacerdotes sem qualquer juramento,
21 ယခင်က ရဟန်းဖြစ်ခဲ့ကြသောသူတို့ သည် မိမိတို့၏ရဟန်းအရိုက်အရာကိုခံယူကြသောအခါ ဘုရားသခင်၏ကျိန်ဆိုတော်မူ ချက်မပါရှိချေ။ သို့သော် ခရစ်တော်အား ရဟန်းအဖြစ် ခန့်ထားတော်မူသောအခါ ကျမ်းစာတော်မြတ်၌ ဆိုထားသည်ကား သင်သည် မေလ်ခိဇေဒက်နည်းတူ ထာ၀ရရဟန်းဖြစ်သည်ဟူ၍ ထာ၀ရဘုရားသခင်က ကျိန်ဆိုတော်မူလေပြီ၊ ကိုယ် တော်သည် မိမိ၏စိတ်ကို ပြောင်းလဲတော်မူမည်မဟုတ် ဟူ၍ဖြစ်၏။-
21 mas ele se tornou sacerdote com juramento, quando Deus lhe disse: "O Senhor jurou e não se arrependerá: ‘Tu és sacerdote para sempre’ ".
22 ဤအချက်သည် ယေဇူးအား ပိုမိုကောင်း မွန်သောပဋိညာဉ်တရားတော်အဖို့ အာမခံချက်ဖြစ်စေ၏။
22 Jesus tornou-se, por isso mesmo, a garantia de uma aliança superior.
23 ယခင်ရဟန်းတို့သည် သေဆုံးကြသဖြင့် ဤတာ ဝန်ကိုဆက်လက်မထမ်းဆောင်နိုင်သောကြောင့် သူတို့သည် အရေအတွက် အားဖြင့် အများအပြားရှိကြရ၏။-
23 Ora, daqueles sacerdotes tem havido muitos, porque a morte os impede de continuar em seu ofício;
24 ကိုယ်တော်မူကား အစဉ်ထာ၀ရအသက်ရှင်တော်မူ သောကြောင့် ရဟန်းအဖြစ်၌ ထာ၀ရတည်တော်မူ၏။-
24 mas, visto que vive para sempre, Jesus tem um sacerdócio permanente.
25 သို့ဖြစ်၍ ကိုယ်တော်သည် မိမိမှတစ်ဆင့် ဘုရားသခင် အထံတော်သို့ ချဉ်းကပ်ကြသောသူတို့အား အစဉ်ကယ် တင်ပေးနိုင်၏။ အကြောင်းမူကား ကိုယ်တော်သည် ထို သူတို့၏ကိုယ်စား ကြားဝင်အသနားခံပေးရန်အလို့ငှာ အစဉ်အမြဲအသက်ရှင်လျက် ရှိတော်မူ သောကြောင့်ဖြစ် ၏။
25 Portanto ele é capaz de salvar definitivamente aqueles que, por meio dele, aproximam-se de Deus, pois vive sempre para interceder por eles.
26 ကျွန်ုပ်တို့၌ ဤကဲ့သို့သန့်ရှင်းမြင့်မြတ်သောရဟန်း ချုပ်တစ်ပါးရှိခြင်းမှာ သင့်လျော်ပေ၏။ ကိုယ်တော်သည် အပြစ်မှကင်းစင်ပြီး အစွန်းအကွက်မရှိဘဲ အပြစ်ရှိသော သူတို့နှင့်ကွဲပြားကာ ကောင်းကင်အထက်တိုင်အောင် ချီးမြှောက်ခြင်းကိုခံရတော်မူ၏။-
26 É de um sumo sacerdote como este que precisávamos: santo, inculpável, puro, separado dos pecadores, exaltado acima dos céus.
27 ရဟန်းချုပ်တို့သည် နေ့စဉ်နှင့်အမျှ ဦးစွာပထမ မိမိတို့၏အပြစ်များအတွက်လည်းကောင်း၊ ထို့နောက် လူတို့၏အပြစ်များ အတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေ၏။ ကိုယ်တော်မူကား သူတို့ ကဲ့သို့ ယဇ်ပူဇော်ရန် မလိုအပ်ပေ။ ကိုယ်တော်သည် မိမိ ကိုယ်ကိုပူဇော်သောအခါ လူအားလုံးတို့အတွက် တစ် ကြိမ်တည်းနှင့် အပြီးအပိုင်ပူဇော်တော်မူခဲ့၏။-
27 Ao contrário dos outros sumos sacerdotes, ele não tem necessidade de oferecer sacrifícios dia após dia, primeiro por seus próprios pecados e, depois, pelos pecados do povo. E ele fez isso de uma vez por todas quando a si mesmo se ofereceu.
28 ပညတ်တရားသည် အားနည်းသောလူသားတို့ကို ရဟန်းချုပ် များအဖြစ် ခန့်ထားခဲ့၏။ သို့သော် ထိုပညတ်တရား၏ နောက်တွင် ထွက်ပေါ်လာသည့် ကျိန်ဆိုထားတော်မူ သောဗျာဒိတ်စကားသည် ထာ၀ရကပင် စုံလင်သော သားတော်ကို ရဟန်းချုပ်အဖြစ် ခန့်ထားတော်မူ၏။
28 Pois a Lei constitui sumos sacerdotes a homens que têm fraquezas; mas o juramento, que veio depois da Lei, constitui o Filho, perfeito para sempre.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 7, comparar traduções ou montar um estudo — tudo direto pelo WhatsApp.