Hebreus 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 ထို့ကြောင့် ခရစ်တော်အကြောင်းနှင့်ပတ်သက်သောအခြေခံသွန်သင်ချက်များကို ကျော်လွန်၍ ပိုမိုရင့်ကျက်သော အကြောင်း အရာများကို ဆက်လက် လေ့လာကြပါစို့။ သေခြင်းနှင့်ဆိုင်သောအပြုအမူများ အတွက် နောင်တယူခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်း စသော အခြေခံအကြောင်းတရားတို့ကို ထပ်မံသင်ကြား ပေးရန် မသင့်တော့ပေ။-
1 Pelo que deixando os rudimentos da doutrina de Cristo, prossigamos até a perfeição, não lançando de novo o fundamento de arrependimento de obras mortas e de fé em Deus,
2 ဆေးကြောခြင်းမင်္ဂလာ၊ လက် တင်ခြင်းမင်္ဂလာ၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းနှင့် နောက်ဆုံးသော တရားစီရင်တော်မူ ခြင်းအကြောင်းတို့ ကိုလည်း ထပ်မံသွန်သင်ရန်မသင့်တော့ပေ။-
2 e o ensino sobre batismos e imposição de mãos, e sobre ressurreição de mortos e juízo eterno.
3 ဘုရားသခင်ခွင့်ပြုတော်မူလျှင် ငါတို့ဤအရာကိုပြုလုပ်ကြစို့။-
3 E isso faremos, se Deus o permitir.
4 အကြောင်းမူကား ဉာဏ်အလင်းကိုရရှိခဲ့ကြပြီး ကျေးဇူးတော်ကိုမြည်းစမ်းရလျက် ဝိညာဉ်တော်မြတ်ကို ခံယူရရှိပြီးသော သူတို့အား နောင်တယူစေခြင်းငှာ ပြုလုပ်ပေးရန် မဖြစ်နိုင်ပေ။-
4 Porque é impossível que os que uma vez foram iluminados, e provaram o dom celestial, e se fizeram participantes do Espírito Santo,
5 သူတို့သည် နှုတ်တော်ထွက်စကား၏ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ နောင်ဘ၀နှင့်ဆိုင် သောတန်ခိုးများကိုလည်းကောင်း ကိုယ်တွေ့ခံစားခဲ့ရ သောသူများဖြစ်ကြ၏။-
5 e provaram a boa palavra de Deus, e os poderes do mundo vindouro,
6 သူတို့သည် ထိုသို့ခံစားခဲ့ကြပြီးမှ ယုံကြည်ခြင်းကိုစွန့်ပယ်ပါလျှင် ဘုရားသခင်၏သားတော်ကို သူတို့ကိုယ်တိုင် တစ်ဖန် လက်ဝါးကပ်တိုင်ပေါ်တင်၍ ကွပ်မျက်ကာ လူအများရှေ့တွင် ကဲ့ရဲ့ရှုတ်ချခြင်း ဖြစ်သောကြောင့် နောက်တစ်ဖန် သူတို့အား နောင်တရ စေရန်မည်သို့မျှမဖြစ်နိုင်ပေ။-
6 e depois caíram, sejam outra vez renovados para arrependimento; visto que, quanto a eles, estão crucificando de novo o Filho de Deus, e o expondo ao vitupério.
7 အကြောင်းမူကား မြေသည် အကြိမ်ကြိမ်ရွာသွန်းသည့်မိုးရေကိုသောက်၍ စိုက်ပျိုးသူ တို့အတွက် အသုံးဝင်သော အသီးအနှံ များကို ဖြစ်ထွန်းစေလျှင် ထိုမြေသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ ခံရ၏။-
7 Pois a terra que embebe a chuva, que cai muitas vezes sobre ela, e produz erva proveitosa para aqueles por quem é lavrada, recebe a bênção da parte de Deus;
8 သို့သော် မြေသည် ဆူးပင်နှင့် ချုံပင်တို့ကိုသာ ဖြစ်ထွန်းစေလျှင် ထိုမြေသည် တန်ဖိုးလုံး၀မရှိတော့ဘဲ ဘုရားသခင်၏ ကျိန်စာ သင့်ကာ အဆုံး၌ မီးရှို့ဖျက်ဆီး ခြင်းကိုခံရလိမ့်မည်။
8 mas se produz espinhos e abrolhos, é rejeitada, e perto está da maldição; o seu fim é ser queimada.
9 ချစ်မိတ်ဆွေတို့၊ ဤသို့ငါတို့ပြောသော်လည်း သင်တို့၏အရေးနှင့်ပတ်သက်လျှင်မူ သင်တို့သည် ကယ်တင်ခြင်းဆိုင်ရာ ကောင်းမြတ်သောကျေးဇူးတော်များရရှိကြ မည်ကို ငါတို့သေချာစွာသိကြ၏။-
9 Mas de vós, ó amados, esperamos coisas melhores, e que acompanham a salvação, ainda que assim falamos.
10 အကြောင်းမူကား ဘုရားသခင်သည် တရားမျှတမှုမရှိသော အရှင်သခင် မဟုတ်။ သင်တို့သည် ကိုယ်တော်၏မျက်နှာတော်ကို ထောက်၍ သူတော်သူမြတ်များကို အစေခံရာတွင် လုပ်ဆောင်ခဲ့သောကောင်းမှုနှင့် ပြသခဲ့သောချစ်ခြင်းမေတ္တာ တို့ကို ကိုယ်တော်သည် လျစ်လျူရှုတော်မူမည်မဟုတ် ပေ။ ထိုအရာများကို ယခုတိုင် သင်တို့ပြုလုပ်လျက်ပင်ရှိ ၏။-
10 Porque Deus não é injusto, para se esquecer da vossa obra, e do amor que para com o seu nome mostrastes, porquanto servistes aos santos, e ainda os servis.
11 သင်တို့အားလုံးသည် မိမိတို့၏မျှော်လင့်ချက်ပြည့် စုံပြီးမြောက်သည်အထိ ထိုကဲ့သို့သောစိတ်အားထက် သန်မှုမျိုးကိုပြနိုင်ရန် ငါတို့အလိုရှိကြ၏။-
11 E desejamos que cada um de vós mostre o mesmo zelo até o fim, para completa certeza da esperança;
12 သို့မှသာ သင်တို့သည် ပေါ့ဆ၍ ပျင်းရိစွာမနေကြဘဲ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းတို့ဖြင့် ကတိတော်ကိုအမွေခံယူကြသော သူများအား အတုယူ၍ ကျင့်ကြံနေထိုင်ကြပေလိမ့်မည်။
12 para que não vos torneis indolentes, mas sejais imitadores dos que pela fé e paciência herdam as promessas.
13 ဘုရားသခင်သည် အာဘရာဟံအား ကတိထား တော်မူသောအခါ၌ တိုင်တည်ကျိန်ဆိုရန် မိမိထက်ကြီး မြတ်သောသူမရှိ သောကြောင့် မိမိကိုယ်ကိုပင်တိုင်တည်၍၊-
13 Porque, quando Deus fez a promessa a Abraão, visto que não tinha outro maior por quem jurar, jurou por si mesmo,
14 ကျိန်ဆိုတော်မူသည်မှာ ငါသည် သင့်အား ဧကန်မုချ ကောင်းချီးပေး၍ သင်၏မျိုးနွယ်စဉ်ဆက်တို့ကိုလည်း တိုးပွားစေမည် ဟူ၍ဖြစ်၏။-
14 dizendo: Certamente te abençoarei, e grandemente te multiplicarei.
15 ဤသို့ဖြင့် အာဘရာဟံသည် စိတ်ရှည်စွာ သည်းခံစောင့်ဆိုင်းခဲ့သောကြောင့် ကတိ တော်အတိုင်း ခံစားရရှိလေ၏။-
15 E assim, tendo Abraão esperado com paciência, alcançou a promessa.
16 လူတို့သည် မိမိတို့ထက် ကြီးမြတ်သူတစ်ဦးတစ်ယောက်ကို တိုင်တည်၍ ကျိန်ဆို လေ့ရှိကြပြီး ထိုကဲ့သို့ကျိန်ဆိုခြင်းသည် ၎င်းတို့၏အငြင်း ပွားမှုမှန်သမျှတွင် နောက်ဆုံးအတည်ပြုချက်ပင်ဖြစ်၏။-
16 Pois os homens juram por quem é maior do que eles, e o juramento para confirmação é, para eles, o fim de toda contenda.
17 ထို့ကြောင့် ဘုရားသခင်သည် မိမိ၏ကတိတော်ကို အမွေခံရသောသူတို့အား မိမိ၏အကြံအစည်တော်မှာ မပြောင်းလဲကြောင်း ကိုသိသာထင်ရှားစေခြင်းငှာ ကျိန်ဆိုခြင်းဖြင့် ကတိပြုတော်မူ၏။-
17 assim que, querendo Deus mostrar mais abundantemente aos herdeiros da promessa a imutabilidade do seu conselho, se interpôs com juramento;
18 ဤသို့ဖြင့် ပြန်လည်ရုပ်သိမ်း၍မရ နိုင်သောကတိတော်နှင့် ကျိန်ဆိုတော်မူခြင်းများအားဖြင့် ဘုရားသခင်သည် မုသားပြောသူ မဖြစ်နိုင်ကြောင်းကို သိရှိနိုင်သောကြောင့် အထံတော်သို့ခိုလှုံကြသော ငါတို့ သည် ငါတို့အား ပေးသနားတော်မူသည့်မျှော်လင့်ခြင်းကို စွဲမြဲစွာခံယူရန် စိတ်အားတက်ကြွလာကြလေ၏။-
18 para que por duas coisas imutáveis, nas quais é impossível que Deus minta, tenhamos poderosa consolação, nós, os que nos refugiamos em lançar mão da esperança proposta;
19 ထိုမျှော်လင့်ချက်သည် ငါတို့၏ဘ၀အတွက် တည်ကြည်ခိုင်မာသော ဝိညာဉ်ကျောက်ဆူးအဖြစ် ဗိမာန်တော်ကန့်လန့်ကာကို ထိုးဖောက်ကာ သန့်ရှင်းရာဌာနတော်သို့ ဝင်လေ၏။-
19 a qual temos como âncora da alma, segura e firme, e que penetra até o interior do véu;
20 မေလ်ခိဇေဒက်၏အရိုက်အရာကိုဆက်ခံသော ထာ၀ရရဟန်းဖြစ်တော်မူသည့် ယေဇူးသည် ငါတို့၏ ကိုယ်စား ထိုနေရာသို့ ဦးစွာဝင်တော်မူခဲ့လေ၏။
20 aonde Jesus, como precursor, entrou por nós, feito sacerdote para sempre, segundo a ordem de Melquisedeque.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.