Hebreus 3

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARIB

Sair da comparação
ARIB Almeida Revisada Imprensa Bíblica
1 သို့ဖြစ်၍ ကောင်းကင်မှခေါ်တော်မူခြင်းကျေးဇူးကိုခံစားကြရသည့် သန့်ရှင်းသောညီအစ်ကိုတို့၊ ယေဇူး၏အကြောင်းကို အောက်မေ့ဆင်ခြင်ကြလော့။ ထိုအရှင်သည် ငါတို့ဖွင့်ဟဝန်ခံလျက်ရှိကြသော တမန်တော်နှင့် ရဟန်းချုပ်ပင်ဖြစ်တော်မူ၏။-
1 Pelo que, santos irmãos, participantes da vocação celestial, considerai o Apóstolo e Sumo Sacerdote da nossa confissão, Jesus,
2 မိုးဇက်သည် ဘုရားသခင်၏အိမ်တော်၌ သစ္စာရှိသကဲ့သို့ ကိုယ်တော်သည်လည်း မိမိအား ရွေးကောက်တော်မူသောအရှင် အပေါ် ၌ သစ္စာရှိတော်မူ၏။-
2 como ele foi fiel ao que o constituiu, assim como também o foi Moisés em toda a casa de Deus.
3 သို့ရာတွင် အိမ်ကိုဆောက်လုပ်သောသူသည် အိမ်ထက်ပို၍ဂုဏ်ပြုခြင်းကို ခံထိုက်သကဲ့သို့ ယေဇူးသည်လည်း မိုးဇက်ထက် ပို၍ပင် ဂုဏ်ပြုချီးမြှင့်ခြင်းကို ခံထိုက်တော်မူ၏။-
3 Pois ele é tido por digno de tanto maior glória do que Moisés, quanto maior honra do que a casa tem aquele que a edificou.
4 အိမ်တိုင်း၌ ၎င်းကို ဆောက်လုပ်သောသူရှိသည် မှန်သော်လည်း အရာခပ် သိမ်းတို့ကို တည်ဆောက်သောသူမှာမူ ဘုရားသခင်ဖြစ် တော်မူ၏။-
4 Porque toda casa é edificada por alguém, mas quem edificou todas as coisas é Deus.
5 မိုးဇက်သည် နောင်ကာလတွင် ဖော်ပြလတ္တံ့သော ဗျာဒိတ်တော်ဟူသမျှကို သက်သေခံခြင်းငှာ ဘုရားသခင်၏အိမ်တော်၌ အစေခံအဖြစ် သစ္စာရှိခဲ့လေ၏။-
5 Moisés, na verdade, foi fiel em toda a casa de Deus, como servo, para testemunho das coisas que se haviam de anunciar;
6 ခရစ်တော်မူကား ဘုရားသခင်၏အိမ်တော်ကို စိုးပိုင် သောသားတော်အနေဖြင့် သစ္စာရှိတော်မူခြင်းဖြစ်၏။ ငါတို့သည် ငါတို့၏ ယုံကြည်စိတ်ချခြင်းနှင့် ငါတို့ဂုဏ်ယူသည့်မျှော်လင့်ခြင်းတို့ကို အဆုံးတိုင်အောင် တည်ကြည် စွာစွဲကိုင်ထားလျှင် ငါတို့သည်လည်း ကိုယ်တော်၏အိမ် တော်ပင်ဖြစ်သတည်း။
6 mas Cristo o é como Filho sobre a casa de Deus; a qual casa somos nós, se tão-somente conservarmos firmes até o fim a nossa confiança e a glória da esperança.
7 ထို့ကြောင့် ဝိညာဉ်တော်မြတ်က မိန့်တော်မူသည်ကား ယနေ့တွင် သင်တို့သည် ကိုယ်တော်၏အသံကို ကြားကြလျှင်၊-
7 Pelo que, como diz o Espírito Santo: Hoje, se ouvirdes a sua voz,
8 တောကန္တာရအတွင်း စုံစမ်းသောနေ့၌ ငါ့ကိုပုန်ကန်ကြသောသူများကဲ့သို့ စိတ်နှလုံးခိုင်မာခြင်း မရှိကြလေနှင့်။-
8 não endureçais os vossos corações, como na provocação, no dia da tentação no deserto,
9 သင်တို့၏ဘိုးဘေးများသည် တော ကန္တာရ၌ ငါ၏ဆောင်ရွက်ချက်တို့ကို အနှစ်လေးဆယ် ပတ်လုံး တွေ့ မြင်ခဲ့ကြသော်လည်း ငါ့ကို စုံစမ်းခဲ့ကြ၏။-
9 onde vossos pais me tentaram, pondo-me à prova, e viram por quarenta anos as minhas obras.
10 ထို့ကြောင့် ငါသည် ထိုလူမျိုးဆက်အပေါ် အမျက်ထွက် သဖြင့် မိန့်ဆိုခဲ့သည်မှာ သူတို့၏စိတ်နှလုံးသည် အစဉ် လမ်းလွဲကြ၍ သူတို့သည် ငါ၏လမ်းတော်တို့ကို မသိကြချေ။-
10 Por isto me indignei contra essa geração, e disse: Estes sempre erram em seu coração, e não chegaram a conhecer os meus caminhos.
11 ထို့ကြောင့် သူတို့သည် ငါ၏သုခချမ်းသာသို့ မည်သည့်အခါမျှဝင်ကြရလိမ့်မည်မဟုတ်ဟု အမျက်တော်ဖြင့် ငါကျိန်ဆိုတော် မူခဲ့၏။
11 Assim jurei na minha ira: Não entrarão no meu descanso.
12 ညီအစ်ကိုတို့၊ အသက်ရှင်တော်မူသောဘုရား သခင်၏အထံတော်မှ စွန့်ခွာသွားသည့်တိုင်အောင် ဆိုးမိုက်၍ ယုံကြည်ခြင်းကင်းမဲ့ သောစိတ်နှလုံးမျိုး သင်တို့ထဲ၌ မည်သူတစ်ဦးတစ်ယောက်တွင်မျှ မရှိစေခြင်းငှာ သတိပြုကြလော့။-
12 Vede, irmãos, que nunca se ache em qualquer de vós um perverso coração de incredulidade, para se apartar do Deus vivo;
13 သင်တို့သည် အပြစ်ဒုစရိုက်၏လှည့်စားမှုကြောင့် စိတ်နှလုံးမခိုင်မာကြစေရန် ယနေ့ဟူသောအချိန် တည်ရှိသရွေ့ နေ့စဉ် နေ့တိုင်းအချင်းချင်း တစ်ဦးကိုတစ်ဦး တိုက်တွန်းနှိုးဆော်ကြလော့။-
13 antes exortai-vos uns aos outros todos os dias, durante o tempo que se chama Hoje, para que nenhum de vós se endureça pelo engano do pecado;
14 အကြောင်းမူကား ငါတို့သည် အစပျိုးခဲ့သော ယုံကြည်ခြင်းစိတ်ကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားမှသာလျှင် ခရစ်တော်၌ အတူတကွမျှဝေခံစားနိုင်ကြပေလိမ့်မည်။-
14 porque nos temos tornado participantes de Cristo, se é que guardamos firme até o fim a nossa confiança inicial;
15 ကျမ်းစာတော်မြတ် ၌လည်း ယနေ့တွင် သင်တို့သည် ဘုရားသခင်၏အသံ တော်ကိုကြားရလျှင် ကိုယ်တော်အား သင်တို့၏ဘိုး ဘေးများပုန်ကန်ခဲ့စဉ်ကကဲ့သို့ စိတ်နှလုံးခိုင်မာခြင်းမရှိ ကြလေနှင့်ဟူ၍ ဆိုထား၏။-
15 enquanto se diz: Hoje, se ouvirdes a sua voz, não endureçais os vossos corações, como na provocação;
16 ဘုရားသခင်၏အသံတော် ကိုကြားရပြီးနောက် ပုန်ကန်သောသူများကား မည်သူတို့နည်း။ ထိုသူတို့သည်ကား မိုးဇက်၏ ဦးဆောင်မှုဖြင့် အီဂျစ်ပြည်မှ ထွက်ခွာလာကြသောသူအပေါင်းတို့ပင် မဟုတ်လော။-
16 pois quais os que, tendo-a ouvido, o provocaram? Não foram, porventura, todos os que saíram do Egito por meio de Moisés?
17 ထို့အတူ ကိုယ်တော်သည် နှစ်ပေါင်း လေးဆယ်ပတ်လုံး မည်သူတို့အပေါ် အမျက်ထွက်ခဲ့ရသနည်း။ အပြစ်ကျူးလွန်သဖြင့် တောကန္တာရ၌ လဲကျ သေဆုံးသွားကြသောသူများပင်မဟုတ်လော။-
17 E contra quem se indignou por quarenta anos? Não foi porventura contra os que pecaram, cujos corpos caíram no deserto?
18 ထို့နောက် ကိုယ်တော်က သင်တို့သည် ငါ၏သုခချမ်းသာသို့ မဝင်ရဟူ၍ မည်သူတို့ကို ကျိန်ဆိုခဲ့သနည်း။ နာခံခြင်းမရှိ သောသူများပင်ဖြစ်ကြသည်မဟုတ်လော။-
18 E a quem jurou que não entrariam no seu descanso, senão aos que foram desobedientes?
19 သို့ဖြစ်၍ သူတို့သည် ယုံကြည်ခြင်းမရှိသောကြောင့် သုခချမ်းသာ သို့ မဝင်နိုင်ကြကြောင်းကို ငါတို့သိမြင်ကြ၏။
19 E vemos que não puderam entrar por causa da incredulidade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.