Hebreus 13
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ
1 ညီအစ်ကိုချင်းကဲ့သို့ တစ်ဦးကိုတစ်ဦး ဆက် လက်၍ချစ်ခင်ကြလော့။-
1 Que o amor fraternal continue.
2 သူစိမ်းတို့အား ဧည့်ဝတ်ပြုရန် မလစ်ဟင်းစေနှင့်။ အကြောင်းမူကား အချို့သောသူတို့သည် ဤနည်းဖြင့် ကောင်းကင် တမန်တော် တို့ကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။-
2 Não vos esqueçais de receber estranhos, porque assim alguns receberam anjos, sem o saberem.
3 အကျဉ်းကျခံနေသူ များနှင့်အတူ အကျဉ်းချထားခြင်းခံရသကဲ့သို့ မှတ်ယူ၍ သူတို့ကို အောက်မေ့သတိရကြလော့။ ထို့အတူ မတရား ဖိနှိပ်ခံရသောသူများကိုလည်း အောက်မေ့သတိရကြလော့။ အကြောင်းမူကား သင်တို့သည်လည်း သူတို့နှင့် အတူ ပေါင်းစည်းလျက်ရှိသောကြောင့်ဖြစ်၏။
3 Lembrai-vos daqueles em cativeiro, como se estivésseis cativos com eles, e daqueles que sofrem adversidades, como sendo vós mesmos também no corpo.
4 ထိမ်းမြားမင်္ဂလာပြုခြင်းအမှုကို လူတိုင်းလေးစား ကြရမည်။ ထိမ်းမြားခြင်းအမှုကို ညစ်ညူးခြင်းမရှိစေကြ နှင့်။ အကြောင်းမူကား ဘုရားသခင်သည် အကျင့်တရား ဖောက်ပြန်သူနှင့် သူတစ်ပါး၏အိမ်ရာကို ပြစ်မှားသူတို့ အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။-
4 Que o casamento seja honroso entre todos, e a cama sem mácula; porém, aos prostitutos e adúlteros, Deus os julgará.
5 သင်တို့၏ဘ၀ ကို ငွေကြေးတပ်မက်ခြင်းနှင့် ကင်းလွတ်စေ၍ မိမိတို့၌ရှိ သမျှဥစ္စာဖြင့်သာ တင်းတိမ်ရောင့်ရဲကြလော့။ အကြောင်း မူကား ကိုယ်တော်က ငါသည် သင့်ကို မည်သည့်အခါမျှ မစွန့်လွှတ်၊ မည်သည့်အခါမျှလည်း အလျှင်းပစ်ပယ်ထား မည်မဟုတ်ဟု မိန့်တော်မူခဲ့သောကြောင့်ဖြစ်၏။-
5 Sejam as vossas conversas sem cobiça; contentai-vos com o que tendes; porque ele disse: Não te deixarei, nem te desampararei.
6 ထို့ကြောင့် ငါတို့သည်လည်း ထာ၀ရဘုရားသခင်သည် ငါ့ကို ကူညီမစတော်မူသောသခင်ဖြစ်သဖြင့် ငါသည် ကြောက်ရွံ့ လိမ့်မည်မဟုတ်၊ လူတို့သည် ငါ့ကို အဘယ်သို့ပြုလုပ် နိုင်မည်နည်းဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြစို့။
6 Para que pudéssemos confiantemente dizer: O Senhor é o meu ajudador, e não temerei o que o homem me possa fazer.
7 သင်တို့အား ဘုရားသခင်၏နှုတ်တော်ထွက်စကား ကိုဟောပြောကြသော သင်တို့၏ခေါင်းဆောင်များကို အောက်မေ့သတိ ရကြလော့။ သူတို့၏ဘ၀မှထွက်ပေါ် လာသောကောင်းကျိုးများကို ဆင်ခြင်သုံးသပ်၍ သူတို့ ၏ယုံကြည်ခြင်းကို အတုယူကြလော့။-
7 Lembrai-vos daqueles que têm o domínio sobre vós, que vos falaram a palavra de Deus, cuja fé deveis seguir, considerando a finalidade de suas admoestações.
8 ယေဇူးခရစ် တော်သည် မနေ့၊ ယနေ့နှင့် နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲတည်ရှိတော်မူ၏။-
8 Jesus Cristo é o mesmo, ontem, e hoje, e para sempre.
9 သင်တို့သည် ကွဲလွဲထူး ခြားသောအယူဝါဒအမျိုးမျိုးတို့၏ဆွဲဆောင်ခြင်း၌ လမ်းလွဲမသွားကြလေနှင့်။ စိတ်ဝိညာဉ်အတွက် ခွန်အားကို အစားအစာအားဖြင့်မရယူဘဲ ကျေးဇူးတော်အားဖြင့်သာ ရယူသင့်၏။ အစားအစာကို တပ်မက်သောသူတို့သည် ကောင်းကျိုးကိုမခံကြရပေ။-
9 Não vos deixeis levar por doutrinas diversas e estranhas, porque bom é que o coração se estabeleça com graça; e não com alimentos que em nada beneficiaram aos que deles se ocuparam.
10 ငါတို့တွင် ယဇ်ပလ္လင်တစ်ခု ရှိပြီး တဲတော်၌ အမှုတော်ထမ်းဆောင်နေကြသောသူ တို့သည် ထိုယဇ်ပလ္လင်မှ ယူ၍စားပိုင်ခွင့် မရှိပေ။-
10 Nós temos um altar, onde não têm direito de comer os que servem ao tabernáculo.
11 ရဟန်း သည် တိရစ္ဆာန်များ၏အသွေးကို သန့်ရှင်းရာဌာနအတွင်း သို့ယူဆောင်၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ပြီးသော အခါ ယဇ်ကောင်တို့၏ရုပ်ကြွင်းများကို တဲတော်အပြင် ဘက်၌ မီးရှို့ပစ်ရ၏။-
11 Porque os corpos dos animais, cujo sangue é trazido ao santuário pelo sumo sacerdote em razão do pecado, são queimados fora do campo.
12 ထို့ကြောင့် ယေဇူးသည်လည်း မိမိ၏အသွေးတော်အားဖြင့် လူအပေါင်းတို့ကို ဆေးကြောသန့်စင်ပေးရန်အလို့ငှာ မြို့တံခါး၏ အပြင်ဘက်၌ ဒုက္ခဝေဒနာခံစား၍ အသေခံတော်မူ၏။-
12 E por isso também Jesus, para santificar o povo com o seu próprio sangue, sofreu fora do portão.
13 ထို့ကြောင့် ငါတို့ သည်လည်း ကိုယ်တော်ရှိရာ မြို့အပြင်သို့သွား၍ ကိုယ် တော့်အတွက် ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြကုန်စို့။-
13 Saiamos, pois, ao seu encontro fora do campo, levando a sua desonra.
14 အဘယ် ကြောင့်ဆိုသော် ဤလောက၌ ငါတို့အတွက် တည်မြဲ သောမြို့မရှိသောကြောင့်ဖြစ်၏။ ငါတို့သည် နောင်လာ လတ္တံ့သောမြို့ကို စောင့်မျှော်လျက်ရှိကြ၏။-
14 Porque não temos aqui cidade permanente, mas buscamos a futura.
15 ထို့ကြောင့် ငါတို့သည် ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်မှတစ်ဆင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။ ထိုချီးမွမ်း ခြင်းယဇ်သည် ကိုယ်တော်၏နာမတော်ကိုဝန်ခံပြောဆို သောနှုတ်ထွက်စကားများဖြစ်လေ၏။-
15 Por ele, portanto, ofereçamos sacrifício de louvor a Deus continuamente, isto é, o fruto dos nossos lábios dando graças ao seu nome.
16 ကောင်းမှုပြုလုပ် ခြင်းနှင့် မိမိ၌ရှိသောအရာတို့ကိုဝေမျှခြင်းတို့ကို ပြုလုပ်ရန် မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောပူဇော် ခြင်းများကို ဘုရားသခင်နှစ်သက်တော်မူလေ၏။
16 E não vos esqueçais de fazer o bem e da solidariedade, porque de tais sacrifícios Deus muito se agrada.
17 သင်တို့ခေါင်းဆောင်များ၏စကားကို နားထောင်၍ သူတို့ကို ကျိုးနွံနာခံကြလော့။ အကြောင်းမူကား သူတို့ သည် သင်တို့၏ စိတ်ဝိညာဉ်များကို ကြည့်ရှုစောင့်ရှောက် ပြီးလျှင် ယင်းတို့နှင့်ပတ်သက်၍ အစီရင်ခံရသောသူများ ဖြစ်သောကြောင့်တည်း။ ထိုသူတို့ အား ဤအမှုတော်ကို ဝမ်းမြောက်စွာထမ်းဆောင်ကြပါစေ။ သူတို့သည် ဝမ်း နည်းစွာဆောင်ရွက်ကြရလျှင် သင်တို့တွင် လည်း မည်သို့ မျှအကျိုးရှိလိမ့်မည်မဟုတ်။
17 Obedecei àqueles que vos governam, e sujeitai-vos a eles; porque eles velam por vossas almas, como aqueles que deverão prestar conta delas; para que o façam com alegria e não com pesar, porque isso vos seria inútil.
18 ငါတို့အတွက် ဆုတောင်းပေးကြလော့။ အဘယ် ကြောင့်ဆိုသော် ငါတို့သည် ငါတို့၏အသိစိတ်ကြည်လင် သည်ကို အသေအချာ သိကြပြီး ခပ်သိမ်းသောအမှုတို့၌ ဂုဏ်သရေရှိစွာပြုလုပ်လိုသောဆန္ဒရှိသောကြောင့်ဖြစ်၏။-
18 Orai por nós, porque confiamos que temos boa consciência, e em todas as coisas queremos viver honestamente.
19 ငါသည် သင်တို့ထံသို့ လျင်မြန်စွာ ပြန်လည်ရောက် ရှိနိုင်ရန်အတွက် ဆုတောင်းပေးကြပါမည့်အကြောင်း သင်တို့အား ငါအထူး ပင်တိုက်တွန်းနှိုးဆော်ပါ၏။
19 E rogo-vos que assim o façais, para que eu volte a estar convosco o mais breve.
20 ထာ၀ရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် ကြီးမြတ်သည့်သိုးထိန်းဖြစ်တော်မူသော ငါတို့၏သခင် ယေဇူးကို သေခြင်းမှ တစ်ဖန် ရှင်ပြန်ထမြောက်စေသော ငြိမ်းချမ်းသာယာခြင်း၏ဘုရားသခင်သည်၊-
20 Ora, o Deus de paz, que tornou a trazer dos mortos a nosso Senhor Jesus, o grande pastor das ovelhas, através do sangue do pacto eterno,
21 သင်တို့ အား ကောင်းသောအရာဟူသမျှနှင့် ပြည့်စုံစေတော်မူပါစေ။ ဤသို့ဖြင့် သင်တို့သည် ကိုယ်တော်၏အလိုတော် ကိုလိုက်နာနိုင်ကြပေလိမ့်မည်။ ဘုရားသခင်သည် မိမိနှစ် သက်တော်မူသောအရာတို့ကို ယေဇူးခရစ်တော်အား ဖြင့်ငါတို့၌ ပြုပြင်ပေးတော်မူပါစေသော်။ ယေဇူးခရစ်တော် အား ကမ္ဘာအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေ သော်။ အာမင်။
21 vos aperfeiçoe em toda a boa obra, para fazerdes a sua vontade, operando em vós o que aos olhos dele é agradável por Cristo Jesus, ao qual seja a glória para sempre e sempre. Amém.
22 ညီအစ်ကိုတို့၊ ငါ၏အားပေးတိုက်တွန်းစကားများ ကိုသည်းခံလျက် နာယူကြရန် သင်တို့အား ငါတောင်းပန်ပါသည်။ ထို့အတွက် ကြောင့်ပင် ငါသည် သင်တို့ထံသို့ အကျဉ်းချုံး၍ ရေးသားလိုက်ခြင်းဖြစ်၏။-
22 Rogo-vos irmãos, que suporteis a palavra da exortação; porque vos escrevi uma carta em poucas palavras.
23 ငါတို့၏ညီ အစ်ကိုဖြစ်သော တီမောသီဦး အကျဉ်းထောင်မှလွတ် လာပြီဖြစ်ကြောင်းကို သင်တို့အား ငါသိစေလို၏။ သူသည် ငါ့ထံသို့ အချိန်မီရောက်ရှိလာလျှင် သူနှင့်အတူ သင်တို့ကို ငါလာတွေ့မည်။-
23 Sabei que nosso irmão Timóteo foi posto em liberdade, com o qual, se ele não tardar, irei ver-vos.
24 သင်တို့၏ခေါင်းဆောင်များ အားလုံးနှင့် သူတော်သူမြတ်အပေါင်းတို့အား နှုတ်ဆက် ပေးကြပါလော့။ အီတလီပြည်မှလာသော ညီအစ်ကိုတို့ ကလည်း သင်တို့အား နှုတ်ဆက်လိုက်ပါ၏။-
24 Saudai a todos os que vos lideram e a todos os santos. Os da Itália vos saúdam.
25 ဘုရား သခင်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူ ရှိပါစေ။ အာမင်။
25 A graça seja com todos vós. Amém.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 13, comparar traduções ou montar um estudo — tudo direto pelo WhatsApp.