Hebreus 12

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs BKJ

Sair da comparação
1 ထို့ကြောင့် ငါတို့ပတ်လည်၌ ဤမျှများပြားလှစွာသော သက်သေများဖြင့် ပြည့်လျက်ရှိသည်ဖြစ် ၍ငါတို့အား ဝန်ပိစေသည့် အရာ အားလုံး တို့ကိုလည်းကောင်း၊ ငါတို့၌ ကပ်၍ ငြိတွယ်နေသည့် အပြစ်ဒုစရိုက်ကို လည်းကောင်း ဖယ်ရှားပြီးလျှင် ငါတို့၏ရှေ့တွင် ရှိသော ပန်းတိုင်သို့ရောက်ခြင်းငှာ ဇွဲလုံ့လဖြင့် ပြေးကြကုန်စို့။-
1 Portanto, visto que nós também estamos rodeados de uma tão grande nuvem de testemunhas, deixemos de lado todo o peso, e o pecado que tão de perto nos rodeia, e corramos com paciência a corrida que está proposta diante de nós.
2 ငါတို့၏ယုံကြည်ခြင်းကို အစပျိုးပေးခဲ့ပြီး စုံလင်ခြင်းသို့ ရောက်သည့်တိုင်အောင် ဦးဆောင်ပေးခဲ့သောယေဇူးကို မျက်မှောက် ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိခံစားရ မည့်ဝမ်းမြောက်ခြင်းအတွက် လက်ဝါးကပ်တိုင်တင်ခြင်း ကို ရှက်ဖွယ်ရာအဖြစ် မှတ်တော်မမူဘဲ လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော် လက်ယာဘက်တွင် စံပယ်တော်မူ၏။
2 Olhando para Jesus, o autor e consumador da nossa fé, o qual, pela alegria que lhe foi proposta, suportou a cruz, desprezando a desonra, e está assentado à destra do trono de Deus.
3 ကိုယ်တော်သည် အပြစ်ရှိသောသူတို့၏မုန်းတီး ဆန့်ကျင်မှုကို မည်မျှအထိခံတော်မူခဲ့ကြောင်း ထောက်ရှုစဉ်းစားကြလော့။ သို့မှသာ သင်တို့သည် စိတ်ပျက်အား လျော့ခြင်းနှင့် ကင်းဝေးကြလိမ့်မည်။-
3 Considerai, pois, aquele que suportou tais contradições dos pecadores contra si mesmo, a fim de que não fiqueis exaustos e desencorajados em vossas mentes.
4 သင်တို့သည် အပြစ်ဒုစရိုက်ကို တွန်းလှန်တိုက်ခိုက် ကြရာတွင် သွေးမြေကျသည်အထိ ဆန့်ကျင်ခြင်းမပြုလုပ်ဖူးသေးပေ။-
4 Vós ainda não resististes até ao sangue, lutando contra o pecado.
5 သင်တို့ကို သားသမီးများဟူ၍ ခေါ်ဝေါ်သည့် အားတက် ဖွယ်ရာကျမ်းချက်ကို သင်တို့မေ့လျော့ကြပြီလော။ ကျမ်း ချက်ဟူမူကား ငါ့သား၊ ထာ၀ရဘုရားသခင်၏ပဲ့ပြင်တော် မူချက်တို့ကို ဂရုတစိုက်နာခံလော့။ အပြစ်တင်ဆုံးမတော် မူသောအခါ၌လည်း စိတ်ပျက် ငြိုငြင်ခြင်းမရှိလေနှင့်။-
5 E vos esquecestes da exortação que vos fala, como a filhos: Filho meu, não desprezes o castigo do Senhor, e não desfaleças quando fores repreendido por ele.
6 အဘယ်ကြောင့်ဆိုသော် ထာ၀ရဘုရားသခင်သည် မိမိ ချစ်ခင်တော်မူသောသူတို့ကို သွန်သင်ပဲ့ပြင်ပြီးလျှင် သားအဖြစ်လက်ခံ သောသူတိုင်းကို ဆုံးမတော်မူတတ်သော ကြောင့်ဖြစ်၏။-
6 Pois aquele a quem o Senhor ama também castiga, e açoita a cada filho que recebe.
7 စည်းကမ်းသေဝပ်မှုရှိရန် ထိုအရာများကို သင်တို့ခံထမ်းကြရမည်သာဖြစ်၏။ ဘုရားသခင်သည် သင်တို့ကို သားသမီးအဖြစ် ဆက်ဆံပြုမူလျက်ရှိ၏။ ဖခင် မဆုံးမသည့်သားဟူ၍ရှိသလော။-
7 Se suportais o castigo, Deus vos trata como filhos; pois, qual é o filho a quem o pai não castigue?
8 လူတိုင်းခံယူရသည့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့မခံယူကြလျှင် သင်တို့သည် သားအရင်းများမဟုတ်ကြဘဲ တရားမဝင်သော သားများ ဖြစ်ကြပေလိမ့်မည်။-
8 Mas se ficais sem castigo, do qual todos são feitos participantes, então sois bastardos, e não filhos.
9 ထိုမျှမက ငါတို့တွင် ဆုံးမပဲ့ပြင်ပေး သော လူသားဖခင်တို့ရှိပြီး ထိုသူတို့ကို ငါတို့ရိုသေလေး စားကြ၏။ သို့ဖြစ်လျှင် ငါတို့သည် အသက်ကိုရရှိခြင်းငှာ ဝိညာဉ်ရေးဆိုင်ရာဖခင်၏ဆုံးမပဲ့ပြင်မှုကို ပို၍ခံယူသင့် သည်မဟုတ်လော။-
9 Além do mais, tivemos pais segundo a carne, que nos corrigiram, e nós lhes prestamos reverência; não devemos então nos sujeitar muito mais ao Pai dos espíritos, e viver?
10 လူသားဖခင်တို့သည် တိုတောင်း သောကာလကိုရှေးရှု၍ မိမိတို့နှစ်သက်သည့်အတိုင်း ငါတို့ကို ပဲ့ပြင်ဆုံးမတတ်ကြ၏။ ကိုယ်တော်မူကား ငါတို့ ၏ကောင်းကျိုးကို ရှေးရှု၍ ငါတို့အား ပဲ့ပြင်ဆုံးမတော်မူ၏။ဤသို့ဖြင့် ငါတို့သည် ကိုယ်တော်၏ သန့်ရှင်း ခြင်း၌ ပါဝင် ခံစားနိုင်ကြပေလိမ့်မည်။-
10 Porque aqueles, verdadeiramente, por um tempo, nos corrigiam como bem lhes parecia; mas este, para nossa vantagem, para que possamos ser participantes de sua santidade.
11 ဆုံးမပဲ့ပြင်ခြင်းဟူသမျှသည် ခံရစဉ် ခဏတာအချိန်၌ နှစ်လိုဖွယ်ရာမဖြစ်ဘဲ စိတ်မချမ်း မြေ့သယောင်ထင်ရ၏။ သို့သော် နောင်အခါတွင် ဆုံးမပဲ့ ပြင်ခံရသောသူတို့သည် ဖြောင့်မတ်ခြင်း၏ကောင်းကျိုး ဖြစ်သော ငြိမ်းချမ်းသာယာခြင်းကျေးဇူးကို ရရှိကြ လေ သည်။
11 Porém, nenhum castigo parece ser prazeroso para o castigado, mas angustiante; contudo, posteriormente, produz um fruto pacífico de justiça para aqueles exercitados por ele.
12 ထို့ကြောင့် သင်တို့၏နွမ်းနယ်သည့်လက်များကို ပင့်မြှောက်၍ တုန်ရီနေသည့်ဒူးများကို သန်မာစေကြလော့။-
12 Portanto, levantai as mãos que se encontram cansadas, e os joelhos fracos.
13 သင်တို့သွားရာ လမ်းကို ဖြောင့်ဖြူးစေကြလော့။ သို့မှသာလျှင် ထိခိုက်ထားသောခြေလက်တို့မှာ ကိုယ် အင်္ဂါချို့တဲ့သည့် အဖြစ်သို့မရောက်ဘဲ ပျောက်ကင်းချမ်း သာလာကြလိမ့်မည်။
13 E fazei caminhos retos para os vossos pés, para que o que manqueja não se desvie para fora do caminho, mas que seja curado.
14 လူတိုင်းနှင့် ငြိမ်းချမ်းစွာနေနိုင်ရန် ကြိုးစားကြလော့။ မွန်မြတ်သန့်ရှင်းရန်လည်း ကြိုးစားကြလော့။ မွန်မြတ် သန့်ရှင်းမှုမရှိလျှင် မည်သူမျှ ဘုရားသခင်ကိုဖူးမြင်ရလိမ့် မည်မဟုတ်။-
14 Segui a paz com todos os homens, e a santidade, sem a qual nenhum homem verá o Senhor.
15 မည်သူမျှ ဘုရားသခင်၏ကျေးဇူးတော်ကို မခံစားရဘဲ မရှိစေနှင့်။ ခါးသီးသောအမြစ်မှ အပင်ပေါက် လာပြီး အနှောင့်အယှက် မပေးစေရန်လည်း သတိပြုကြလော့။ ယင်းသည် များစွာသောလူတို့အား ညစ်ညူးစေနိုင်၏။-
15 Examinando diligentemente para que nenhum homem fracasse da graça de Deus; para que nenhuma raiz de amargura, brotando, vos perturbe, e por ela muitos sejam contaminados.
16 အဘယ်သူမျှ ဧဆာဦးကဲ့သို့ အကျင့်ပျက်၍ ဘုရားတရားမဲ့သူမဖြစ်စေနှင့်။ သူသည် အစားတစ်နပ် အတွက် သားဦးအရာကို ရောင်းချခဲ့သူဖြစ်၏။-
16 E não haja algum fornicário ou pessoa profana, como Esaú, que por um bocado de alimento vendeu o seu direito de primogenitura.
17 သင်တို့ သိကြသည့်အတိုင်း ယင်းနောက်တွင် ဧဆာဦးသည် ကောင်းချီးမင်္ဂလာအမွေကို ခံယူလိုသောအခါတွင် ငြင်း ပယ်ခြင်းခံ ရလေ၏။ သူသည် မျက်ရည်ဖြင့်အသနားခံခဲ့သော်လည်း ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန် နည်းလမ်းကိုလည်း ရှာမတွေ့ခဲ့ပေ။
17 Porque bem sabeis que, posteriormente, querendo ele ainda herdar a bênção, foi rejeitado, porque não achou espaço para arrependimento, embora tivesse buscado cuidadosamente entre lágrimas.
18 သင်တို့သည် လက်ဖြင့်စမ်းသပ်၍သိရှိနိုင်သော တောင်သို့ရောက်ရှိနေကြသည်မဟုတ်။ ထိုတောင်တွင် မီးတောက်လောင်ခြင်း၊ မှောင်မဲညိုမှိုင်းခြင်း၊ မိုးသက်မုန် တိုင်းကျခြင်း စသည်တို့ဖြစ်ပေါ် ပြီးလျှင်၊-
18 Porque não chegastes a um monte que possa ser tocado, queimado com fogo, nem ao negrume, à escuridão, e à tempestade,
19 တံပိုးခရာမှုတ် သံနှင့် ဗျာဒိတ်တော်အသံများထွက်ပေါ်လာခဲ့၏။ ဤသို့ ဖြင့် ထိုအသံကို ကြားရသောသူတို့သည် မိမိတို့အား ထပ် မံ၍ မိန့်တော်မမူမည့်အကြောင်း တောင်းပန်ခဲ့ကြ၏။-
19 e ao som de uma trombeta, e à voz das palavras, a qual os que a ouviram pediram que se lhes não falasse mais.
20 အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်ပင်လျှင် ထိုတောင်ကို သွား၍ ထိပါက ကျောက်ခဲနှင့် ပေါက်သတ်ခြင်းခံရမည် ဟူသောပညတ် အမိန့်သံကို သူတို့မနာခံဝံ့သောကြောင့် ဖြစ်၏။-
20 (Porque não podiam suportar o que se lhes ordenava, e se até um animal tocar o monte, será apedrejado ou transpassado com um dardo.
21 ထိုမြင်ကွင်းတစ်ခုလုံးသည် အလွန်ထိတ်လန့် ဖွယ်ကောင်းသဖြင့် မိုးဇက်က ငါသည် ကြောက်ရွံ့တုန် လှုပ်လျက်ရှိသည်ဟု ဆိုခဲ့၏။-
21 E tão terrível era a visão, que Moisés disse: Tenho pavor e tremo).
22 သင်တို့မူကား ဇီအွန် တောင်သို့လည်းကောင်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏မြို့တော်တည်းဟူသော ကောင်းကင်ဘုံ ရှိဂျေရုဆလင်မြို့တော်သို့လည်းကောင်း၊ အတိုင်းမသိ များစွာသောကောင်းကင်တမန်တော်တို့ပျော်ရွှင်စွာစု ဝေးရာသို့လည်းကောင်း ရောက်ရှိနေကြပြီဖြစ်၏။-
22 Mas chegastes ao monte Sião, e à cidade do Deus vivo, à Jerusalém celestial, e a uma companhia incontável de anjos;
23 ထို့အတူ သင်တို့သည် ကောင်းကင်နိုင်ငံသားအဖြစ် စာရင်း ဝင်ထားသော ဘုရားသခင်၏သားဦးများစုဝေးရာသို့ လည်းကောင်း၊ ခပ်သိမ်းသောလူတို့ကို တရားစီရင်တော်မူသည့် ဘုရားသခင်၏အထံတော်သို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်ရှိခဲ့ကြသော ဖြောင့်မတ်သူတို့၏ ဝိညာဉ်များရှိရာနေရာသို့လည်းကောင်း ရောက်ရှိနေကြ ပြီဖြစ်၏။-
23 à igreja e assembleia geral dos primogênitos, que estão inscritos no céu, e a Deus, o juiz de todos, e aos espíritos dos homens justos aperfeiçoados;
24 ထိုမျှမက သင်တို့သည် ပဋိညာဉ်တော်အသစ် တွင် ကြားဝင်စေ့စပ်ပေးတော်မူသော ယေဇူး၏အထံ တော်သို့လည်းကောင်း၊ အာဘေးလ်၏အသွေးထက်သာ၍ အကျိုးရှိစွာတောင်းဆိုပေးသည့် ပက်ဖျန်းထား သောအသွေးတော်ထံသို့လည်းကောင်း ရောက်ရှိ နေကြ လေပြီ။
24 e a Jesus, o mediador de um novo pacto, e ao sangue da aspersão, que comunica algo melhor do que aquele de Abel.
25 သင်တို့သည် မိန့်မှာလျက်ရှိတော်မူသောအရှင် ကိုမငြင်းပယ်ရန် သတိပြုကြလော့။ အကြောင်းမူကား ကမ္ဘာပေါ်တွင် မိမိတို့အား သတိပေးသောသူ၏စကားကို ငြင်းပယ်ကြသောသူတို့သည် အပြစ်ဒဏ်မှ မလွတ်လျှင် ကောင်းကင်ဘုံမှ မိန့်တော်မူသော အရှင်၏စကားကို ငါတို့သည် နားမထောင်ဘဲနေကြပါက အပြစ်ဒဏ်စီရင် ခြင်းမှ လွတ်မြောက်ရန် ပို၍မဖြစ်နိုင်ပေ။-
25 Vede que não rejeiteis ao que fala; porque, se aqueles que rejeitaram o que na terra lhes falava não escaparam, muito menos nós escaparemos, se nos desviarmos daquele que nos fala lá de cima, nos céus;
26 ထိုစဉ်အခါက ကိုယ်တော်၏အသံတော်သည် ကမ္ဘာမြေကြီးကို တုန် လှုပ်စေတော်မူ၏။ ယခုမူကား ကိုယ်တော်က ငါသည် ကမ္ဘာမြေကြီးကိုသာမက၊ ကောင်းကင်ကိုလည်း နောက် တစ်ကြိမ်တုန်လှုပ်စေဦးမည်ဟု ငါတို့အား ကတိထား တော်မူခဲ့လေပြီ။-
26 a voz do qual moveu a terra, mas agora prometeu, dizendo: Ainda uma vez sacudirei, não apenas a terra, mas também o céu.
27 နောက်တစ်ကြိမ်ဟူသောစကား၏ အဓိပ္ပာယ်မှာ တုန်လှုပ်ခြင်းခံရသော ဖန်ဆင်းခံအရာတို့ အား ဖယ်ရှားခြင်းကို ရည်ညွန်းခြင်း ဖြစ်၏။ ဤသို့ဖြင့် မတုန်လှုပ်နိုင်သောအရာတို့သာလျှင် ကျန်ရစ်ကြလိမ့် မည်ဟုဆိုလိုသတည်း။-
27 E esta palavra: Ainda uma vez mais, significa a remoção das coisas móveis, como as coisas que são criadas, para que as coisas que são imóveis permaneçam.
28 ထို့ကြောင့် ငါတို့သည် မတုန် လှုပ်နိုင်သောနိုင်ငံတော်ကို ရရှိကြသည်ဖြစ်၍ ကျေးဇူး တော်ကိုချီးမွမ်းကြစို့။ ငါတို့သည် ဘုရားသခင်အား ကျေးဇူးတုံ့ပြန်၍ ကြောက်ရွံ့ရိုသေသောစိတ်နှင့်ကိုယ်တော် နှစ်သက်တော်မူသည့်အတိုင်း ဝတ်ပြုကိုးကွယ်ကြ ကုန်စို့။-
28 Portanto, tendo recebido um reino que não pode ser removido, retenhamos a graça, pela qual podemos servir a Deus de forma aceitável, com reverência e temor divino.
29 အဘယ်ကြောင့်ဆိုသော် ငါတို့၏ဘုရားသခင်သည် လောင်ကျွမ်းစေတတ်သည့်မီးဖြစ်တော် မူသော ကြောင့် တည်း။
29 Porque o nosso Deus é um fogo consumidor.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Hebreus 12, comparar traduções ou montar um estudo — tudo direto pelo WhatsApp.