Hebreus 11
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ယုံကြည်ခြင်းဆိုသည်မှာ မိမိတို့မျှော်လင့်ထားသည့်အရာနှင့်ပတ်သက်၍ အာမခံချက် ရရှိခြင်း နှင့် မမြင်နိုင်သော အရာတို့ အမှန်ပင် တည်ရှိကြောင်း အခိုင်အမာသိရှိခြင်းပင်ဖြစ်၏။-
1 Ora, a fé é o firme fundamento das coisas que se esperam, e a prova das coisas que se não vêem.
2 အကြောင်းမူကား ငါတို့၏ ဘိုးဘေးတို့သည် သူတို့၏ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သဘောကျထောက်ခံမူကို ရရှိခဲ့ကြ၏။-
2 Porque por ela os antigos alcançaram testemunho.
3 မမြင်နိုင်သည့်အရာထဲမှ မြင်နိုင်သည့်အရာဖြစ်ပေါ်လာစေရန် ဘုရားသခင်သည် အမိန့်တော်အားဖြင့် ဤလောကအား ဖန်ဆင်းတော်မူခဲ့ကြောင်းကို ငါတို့သည် ယုံကြည်ခြင်း အားဖြင့် သိနားလည်ကြ၏။
3 Pela fé entendemos que os mundos pela palavra de Deus foram criados; de maneira que aquilo que se vê não foi feito do que é aparente.
4 ယုံကြည်ခြင်းအားဖြင့် အာဘေးလ်သည် ကိန္န ဆက်သသောပူဇော်ခြင်းထက် ပို၍လက်ခံဖွယ်ရာဖြစ် သောပူဇော်ခြင်းကို ဘုရားသခင်အား ဆက်ကပ်ခဲ့၏။ ထို ယုံကြည်ခြင်းကြောင့် ဘုရားသခင်သည် သူ့အား ဖြောင့်မတ်သူအဖြစ် အသိအမှတ် ပြုကြောင်းကို သူ၏ယဇ်ပူဇော်ခြင်းကို လက်ခံတော်မူခြင်းဖြင့် သက်သေခံတော်မူခဲ့၏။ အာဘေးလ်မူကား သေလွန်ခဲ့ပြီးဖြစ် သော်လည်း သူ၏ယုံကြည်ခြင်းအားဖြင့် ယနေ့တိုင်ဟောပြောသက် သေခံလျက်ရှိနေသေး၏။-
4 Pela fé Abel ofereceu a Deus maior sacrifício do que Caim, pelo qual alcançou testemunho de que era justo, dando Deus testemunho dos seus dons, e por ela, depois de morto, ainda fala.
5 ဧနော့သည် ယုံကြည်ခြင်း ရှိသောကြောင့် သေခြင်းကိုမခံရဘဲ ကောင်းကင်သို့ယူ ဆောင်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့ကိုယူဆောင် တော်မူသဖြင့် မည်သူမျှ သူ့ကိုရှာ၍ မတွေ့နိုင်ကြချေ။ သူသည် ယူဆောင်တော်မူခြင်းကိုမခံရမီ ဘုရားသခင် အား ကျေနပ်နှစ်သက်စေခဲ့သူဖြစ်ကြောင်း အသိအမှတ် ပြု ခြင်းခံခဲ့ရ၏။-
5 Pela fé Enoque foi trasladado para não ver a morte, e não foi achado, porque Deus o trasladara; visto como antes da sua trasladação alcançou testemunho de que agradara a Deus.
6 ယုံကြည်ခြင်းမရှိလျှင် ကိုယ်တော်အား ကျေနပ်နှစ်သက်စေရန် မပြုလုပ်နိုင်ပေ။ အကြောင်းမူ ကား ဘုရားသခင်၏အထံတော်သို့ ချဉ်းကပ်သောသူဟူ သမျှသည် ကိုယ်တော်တည်ရှိတော်မူကြောင်းကိုလည်း ကောင်း၊ ကိုယ်တော်သည် မိမိအား ရှာသောသူတို့အား အကျိုးကျေးဇူးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ကြရမည်။-
6 Ora, sem fé é impossível agradar-lhe; porque é necessário que aquele que se aproxima de Deus creia que ele existe, e que é galardoador dos que o buscam.
7 နောဧသည် နောင်ကာလ၌ ဖြစ်လတ္တံ့သော မမြင်ရသေးသည့်အခြင်းအရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပေးချက်ကိုခံ ရပြီး ယုံကြည်ခြင်း အားဖြင့် ၎င်းကို အလေးထားကာ မိမိ၏မိသားစုကယ် တင်ခြင်းခံရရန် သင်္ဘောတစ်စင်းကို တည်ဆောက်လေ ၏။ သူ၏ယုံကြည်ခြင်းသည် ကမ္ဘာမြေအတွက် တရားစီရင်ခြင်းကဲ့သို့ဖြစ်ပြီး သူမူကား ယုံကြည်ခြင်းမှထွက်ပေါ် လာသောဖြောင့် မတ်ခြင်း ကျေးဇူးကို အမွေခံရသောသူ ဖြစ်လာလေ၏။
7 Pela fé Noé, divinamente avisado das coisas que ainda não se viam, temeu e, para salvação da sua família, preparou a arca, pela qual condenou o mundo, e foi feito herdeiro da justiça que é segundo a fé.
8 အာဘရာဟံသည် မိမိအမွေခံရမည့်ပြည်သို့သွား ရန် ခေါ်တော်မူခြင်းခံရသောအခါ သူသည် မည်သည့် နေရာသို့ မိမိသွား နေသည်ကို မသိဘဲလျက်ပင် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏စကားကိုနာခံ၍ ထွက်ခွာလာခဲ့၏။-
8 Pela fé Abraão, sendo chamado, obedeceu, indo para um lugar que havia de receber por herança; e saiu, sem saber para onde ia.
9 ယုံကြည်ခြင်းအားဖြင့် သူသည် ကတိထား တော်မူရာပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ နေထိုင်ခဲ့လေ၏။ သူသည် မိမိနည်းတူ ကတိတော်ကိုခံစားရသော အီဇတ်၊ ယာကုပ်တို့နှင့်အတူ တဲထိုး၍ နေထိုင်ခဲ့လေ၏။-
9 Pela fé habitou na terra da promessa, como em terra alheia, morando em cabanas com Isaque e Jacó, herdeiros com ele da mesma promessa.
10 အကြောင်းမှာ သူသည် ဘုရားသခင် စီမံတည်ဆောက်ထားသည့် အုတ်မြစ်ချထားသောမြို့တော်ကိုမျှော်လင့် စောင့်စားလျက် နေခြင်းကြောင့်ဖြစ်၏။-
10 Porque esperava a cidade que tem fundamentos, da qual o artífice e construtor é Deus.
11 ဆာရာကိုယ် တိုင်ပင် အရွယ်လွန်ပြီဖြစ်သော်လည်း ယုံကြည်ခြင်းအားဖြင့် ပဋိသန္ဓေတည်နိုင်သောအစွမ်းကို ရရှိခဲ့၏။ အကြောင်းမူကား သူမအား ကတိထားတော်မူသောဘုရားသခင်မှာ သစ္စာတည်တော်မူသည်ကို သူမယုံကြည်သောကြောင့် ဖြစ်၏။-
11 Pela fé também a mesma Sara recebeu a virtude de conceber, e deu à luz já fora da idade; porquanto teve por fiel aquele que lho tinha prometido.
12 သို့ဖြစ်၍ သေသူကဲ့သို့ပင်ဖြစ်သော အာဘရာ ဟံထံမှဆင်းသက်လာသော သားစဉ်မြေးဆက်သည် ကား မြောက်မြားလှစွာသော ကောင်းကင်ရှိကြယ်များ ကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေရှိ မရေမတွက်နိုင် သောသဲပွင့်များကဲ့သို့လည်းကောင်း များပြားလှ ပေသည် တကား။
12 Por isso também de um, e esse já amortecido, descenderam tantos, em multidão, como as estrelas do céu, e como a areia inumerável que está na praia do mar.
13 ဤသူအပေါင်းတို့သည် ကတိထားတော်မူသော အရာကို မခံစားရမီ ဘုရားသခင်ကိုယုံကြည်လျက် သေဆုံးခဲ့ကြ၏။ သို့သော် သူတို့သည် ထိုအရာကို ကြိုတင်သိ မြင်၍ ရှေးအခါကပင် ဝမ်းသာစွာကြိုဆိုခဲ့ကြလေပြီ။ ထို့ပြင် သူတို့သည် ကမ္ဘာမြေပေါ်တွင် ဧည့်သည်သူစိမ်းများ ဖြစ်ကြသည်ကိုလည်း သိမှတ်ဝန်ခံခဲ့ကြ၏။-
13 Todos estes morreram na fé, sem terem recebido as promessas; mas vendo-as de longe, e crendo-as e abraçando-as, confessaram que eram estrangeiros e peregrinos na terra.
14 အကြောင်းမူကား ထိုကဲ့သို့သိမှတ်ဝန်ခံသောသူတို့က မိမိတို့သည် ကိုယ်ပိုင်တိုင်းပြည်တစ်ခုကိုရှာလျက်ရှိကြောင်း သိသာ ထင်ရှားစေကြ၏။-
14 Porque, os que isto dizem, claramente mostram que buscam uma pátria.
15 ထိုသူတို့သည် မိမိတို့ထွက်ခွာလာခဲ့ သောပြည်ကို တမ်းတကြသည်မှန်လျှင် ထိုပြည်သို့ပြန် ရန်သူတို့၌ အခွင့်အလမ်းရှိကြ၏။-
15 E se, na verdade, se lembrassem daquela de onde haviam saído, teriam oportunidade de tornar.
16 သို့သော် အမှန်တကယ်တွင်မူ သူတို့သည် ပို၍ကောင်းသောပြည်ကို တမ်း တကြခြင်းဖြစ်၏။ ထိုပြည်ကား ကောင်းကင်ရွှေပြည် တော်ပင်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ ဘုရားဟုအခေါ်ခံရခြင်းကို ရှက်တော်မမူပေ။ အကြောင်းမူကား ကိုယ်တော် သည် သူတို့နေထိုင်ရန် မြို့တော်ကို တည်ဆောက်တော်မူခဲ့လေပြီ။
16 Mas agora desejam uma melhor, isto é, a celestial. Por isso também Deus não se envergonha deles, de se chamar seu Deus, porque já lhes preparou uma cidade.
17 အာဘရာဟံသည် ဘုရားသခင်၏စမ်းသပ်ခြင်း ကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် အီဇတ်ကိုပူဇော် လေ၏။ ကတိတော်များကို ရရှိထားသောသူသည် မိမိ၏ တစ်ဦးတည်းသောသားကို ပူဇော်ရန် အသင့်ရှိခဲ့၏။-
17 Pela fé ofereceu Abraão a Isaque, quando foi provado; sim, aquele que recebera as promessas ofereceu o seu unigênito.
18 အီဇတ်မှတစ်ဆင့် သင်၏အမျိုးအနွယ်ဆင်းသက်လိမ့် မည်ဟူသောဗျာဒိတ်တော်ကို သူရရှိခဲ့ခြင်းပင်ဖြစ်၏။-
18 Sendo-lhe dito: Em Isaque será chamada a tua descendência, considerou que Deus era poderoso para até dentre os mortos o ressuscitar;
19 ဘုရားသခင်သည် သေသောသူတို့ကိုပင် ပြန်လည်၍ အသက် ရှင်စေနိုင်ကြောင်းကို သူယုံကြည်ခဲ့၏။ သို့ဖြစ်၍ သူသည် မိမိ၏သားကို ပြန်လည်ရရှိခဲ့၏။ ဤသည်ကား သေခြင်းမှ ပြန်ရှင်ခြင်း၏အမှတ်လက္ခဏာပင်တည်း။-
19 E daí também em figura ele o recobrou.
20 အီဇတ်သည်လည်း ယုံကြည်ခြင်းအားဖြင့် ယာကုပ်နှင့် ဧဆာဦးတို့ကို နောင်ကာလနှင့်ဆိုင်သောကောင်းချီးများ ပေးခဲ့၏။-
20 Pela fé Isaque abençoou Jacó e Esaú, no tocante às coisas futuras.
21 ယာကုပ်သည်လည်း သေလုနီးပါးအချိန်တွင် ယုံကြည်ခြင်းအားဖြင့် ဂျိုးဇက်၏သားနှစ်ယောက်တို့ကို ကောင်းချီးပေး၍ မိမိ၏တောင်ဝှေးပေါ် မှီလျက် ဘုရားသခင်အား ဦးချရှိခိုးလေ၏။-
21 Pela fé Jacó, próximo da morte, abençoou cada um dos filhos de José, e adorou encostado à ponta do seu bordão.
22 ဂျိုးဇက်သည် မိမိဘ၀၏ နောက်ဆုံးအချိန်သို့ရောက်သောအခါ အစ္စရာအဲလ် လူမျိုးတို့ အီဂျစ်ပြည်မှလွတ်မြောက်မည့် အကြောင်းကို ယုံကြည်ခြင်းအားဖြင့် ရညွှန်းပြောကြားကာ မိမိ၏ အရိုးများနှင့်ပတ်သက်၍ မည်သို့ပြုလုပ်ရမည်ကို မှာကြား ခဲ့လေ၏။
22 Pela fé José, próximo da morte, fez menção da saída dos filhos de Israel, e deu ordem acerca de seus ossos.
23 မိုးဇက်ကိုဖွားမြင်ပြီးနောက် သူ၏မိဘတို့သည် ယုံကြည်ခြင်းအားဖြင့် သူ့အား သုံးလတိုင်တိုင် ဝှက်ထားခဲ့ကြ၏။ အကြောင်းမူကား မိုးဇက်သည် အဆင်းလှသော သူငယ်ဖြစ်သည်ကို သူတို့မြင်လျှင် ဘုရင်၏အမိန့်တော် ကိုလွန်ဆန်ရန် ကြောက်ရွံ့ ခြင်းမရှိကြတော့ပေ။-
23 Pela fé Moisés, já nascido, foi escondido três meses por seus pais, porque viram que era um menino formoso; e não temeram o mandamento do rei.
24 မိုးဇက်သည် အရွယ်ရောက်လာသောအခါ မိမိအား ဖာရော ဘုရင့်သမီးတော်၏သားတော်ဟူ၍ ခေါ်ဝေါ်ခံရခြင်းကို ယုံကြည်ခြင်းအားဖြင့် ငြင်းပယ်ခဲ့၏။-
24 Pela fé Moisés, sendo já grande, recusou ser chamado filho da filha de Faraó,
25 သူသည် အပြစ် တရား၏မတည်မြဲသောစည်းစိမ်ကို ခံစားခြင်းထက် ဘုရားသခင်၏လူမျိုးတော်နှင့်အတူ ဆင်းရဲဒုက္ခကို ဝေမျှ ခံထမ်းရန် ရွေးချယ်ခဲ့လေ၏။-
25 Escolhendo antes ser maltratado com o povo de Deus, do que por um pouco de tempo ter o gozo do pecado;
26 ခရစ်တော်အတွက် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှာ အီဂျစ်ပြည်၏ဥစ္စာစည်းစိမ်တို့ထက် ပို၍တန်ဖိုးကြီးမားသည်ဟု သူထင်မြင်ယူဆ ခဲ့လေ၏။ အကြောင်းမူကား သူသည် ရရှိမည့်ဆုလာဘ်တော်ကို မျှော်ကိုးလျက်နေသောကြောင့်ဖြစ်၏။-
26 Tendo por maiores riquezas o vitupério de Cristo do que os tesouros do Egito; porque tinha em vista a recompensa.
27 သူသည် ဘုရင်၏အမျက်တော်သင့်မည်ကို ကြောက်ရွံ့ ခြင်းမရှိဘဲ ယုံကြည်ခြင်းအားဖြင့် အီဂျစ်ပြည်မှထွက်ခွာခဲ့၏။ အဘယ် ကြောင့်ဆိုသော် သူသည် မမြင်နိုင်သောဘုရားသခင် အားမြင်တွေ့လျက်ရှိသကဲ့သို့ မိမိဦးတည်ချက်အတိုင်း စွဲမြဲစွာလုပ်ဆောင် ခဲ့လေ၏။-
27 Pela fé deixou o Egito, não temendo a ira do rei; porque ficou firme, como vendo o invisível.
28 မိမိတို့၏သားဦးများအား သေခြင်း၏တမန်တော်က မသတ်စေခြင်းငှာ မိုးဇက် သည် ယုံကြည်ခြင်းအားဖြင့် ပါစကားပွဲတော်ကို စီမံကျင်း ပ၍ တံခါးတိုင်များကိုသွေးဖြင့် ပက်ဖျန်းစေခဲ့၏။
28 Pela fé celebrou a páscoa e a aspersão do sangue, para que o destruidor dos primogênitos lhes não tocasse.
29 ယုံကြည်ခြင်းအားဖြင့် အစ္စရာအဲလ်အမျိုးသားတို့သည် ပင်လယ်နီကို ခြောက်သွေ့သောကုန်းမြေသဖွယ် ဖြတ်ကျော်ခဲ့ကြ၏။ အီဂျစ်အမျိုးသားများကလည်း ထိုနည်းအတိုင်းပြုလုပ်ရန်ကြိုးစားကြသောအခါတွင်မူ သူ တို့သည် ရေနစ်သေဆုံးကြကုန်၏။-
29 Pela fé passaram o Mar Vermelho, como por terra seca; o que intentando os egípcios, se afogaram.
30 ယုံကြည်ခြင်းအားဖြင့် သူတို့သည် ဂျေရီခိုမြို့ပတ်လည်ကို ခုနစ်ရက်တိုင်တိုင် လှည့်ပတ်ချီတက်ကြပြီးနောက် မြို့ရိုးများကိုပြို ကျစေကြ၏။-
30 Pela fé caíram os muros de Jericó, sendo rodeados durante sete dias.
31 ပြည့်တန်ဆာမ ရာဟပ်သည်လည်း အစ္စရာအဲလ် လူမျိုးသူလျှိုတို့အား ယုံကြည်ခြင်းဖြင့် ကြိုဆိုလက်ခံခဲ့သောကြောင့် မယုံကြည်သောသူတို့နှင့်အတူ အသတ်ခံ ရခြင်းမှ ကင်းလွတ်ခဲ့လေ၏။
31 Pela fé Raabe, a meretriz, não pereceu com os incrédulos, acolhendo em paz os espias.
32 ငါသည် မည်သည့်အရာကို ဆက်လက်ဖော်ပြရန် လိုပါသေးသနည်း။ ဂိဒေအွန်၊ ဘာရ၊ ဆမ်စွန်၊ ဂျက်ဖသာ၊ ဒါဝိဒ်၊ ဆာမူအဲလ်နှင့် တကွ ပရောဖက်အပေါင်းတို့၏ အကြောင်းများကိုဖော်ပြရန်ကား အချိန်လုံလောက်မည် မဟုတ်။-
32 E que mais direi? Faltar-me-ia o tempo contando de Gideão, e de Baraque, e de Sansão, e de Jefté, e de Davi, e de Samuel e dos profetas,
33 ထိုသူတို့သည် ယုံကြည်ခြင်း အားဖြင့် အခြားသောတိုင်းနိုင်ငံများကို နှိမ်နင်းအောင်မြင်ကြခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ကတိထားတော်မူသောအရာများကို ခံစားရရှိခြင်း၊-
33 Os quais pela fé venceram reinos, praticaram a justiça, alcançaram promessas, fecharam as bocas dos leões,
34 ခြင်္သေ့တို့၏နှုတ်များကိုပိတ်ခြင်း၊ အလျှံ ညီးညီးတောက်လောက်သောမီးကို ငြိမ်းအေးစေခြင်း၊ ဓားဘေးမှကင်းလွတ်ခြင်း၊ အားနည်းရာမှ ခွန်အားပြည့်လာခြင်း၊ စစ်ပွဲ၌စွမ်းအားသတ္တိနှင့်ပြည့်စုံ၍ တိုင်းတစ်ပါး သားတို့၏တပ်များကို ဆုတ်ခွာထွက်ပြေး စေခြင်းစသည့် အမှုတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြ၏။-
34 Apagaram a força do fogo, escaparam do fio da espada, da fraqueza tiraram forças, na batalha se esforçaram, puseram em fuga os exércitos dos estranhos.
35 အချို့သောအမျိုး သမီးတို့သည်လည်း သေဆုံးသွားသောသူတို့ကို ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြန်လည်ရရှိကြ၏။ အချို့သော သူတို့သည် သာ၍မွန်မြတ်သောဘ၀အသက်တာသို့ တစ်ဖန်ရှင်ပြန်ထမြောက်ခြင်းငှာ လွတ်မြောက်ခြင်းကို လက်မခံဘဲ ညှဉ်းပန်းနှိပ်စက်ခံခဲ့ကြ၏။-
35 As mulheres receberam pela ressurreição os seus mortos; uns foram torturados, não aceitando o seu livramento, para alcançarem uma melhor ressurreição;
36 အချို့သောသူ တို့သည် ကဲ့ရဲ့ရှုတ်ချခြင်းနှင့် တိုင်၌ချည်၍ ရိုက်နှက်ခြင်း တို့ကို ခံခဲ့ကြရ၏။ အချို့သောသူတို့မူကား သံကြိုးဖြင့် ခတ်၍ အကျဉ်းချထားခြင်းခံခဲ့ကြရ၏။-
36 E outros experimentaram escárnios e açoites, e até cadeias e prisões.
37 သူတို့သည် ကျောက်ခဲနှင့်ပေါက်သတ်ခြင်း၊ လွှဖြင့်နှစ်ပိုင်းပိုင်းဖြတ် ခြင်း၊ ဓားဖြင့် သတ်ခြင်းတို့ကို ခံခဲ့ကြရ၏။ သူတို့သည် ခိုကိုး ရာမဲ့ဖြစ်ကြ၍ နှိပ်စက်ခြင်း၊ မတရားအနိုင်အထက်ပြု ခြင်းတို့ကိုခံရကာ သိုးသားရေ၊ ဆိတ်သားရေတို့ကိုသာ ဝတ်ဆင်၍ လှည့်လည်သွားလာကြရ၏။-
37 Foram apedrejados, serrados, tentados, mortos ao fio da espada; andaram vestidos de peles de ovelhas e de cabras, desamparados, aflitos e maltratados
38 ဤကမ္ဘာ လောကသည် သူတို့နှင့် မထိုက်တန်သဖြင့် သူတို့သည် တောကန္တာရများနှင့် တောင်တန်းဒေသများသို့ လှည့်လည် သွားလာကြရပြီး လိုဏ်ဂူများနှင့် မြေတွင်းများတွင် နေထိုင်ကြရ၏။
38 (Dos quais o mundo não era digno), errantes pelos desertos, e montes, e pelas covas e cavernas da terra.
39 ဤသူအပေါင်းတို့သည် မိမိတို့၏ယုံကြည်ခြင်း ကြောင့် အသိအမှတ်ပြုခြင်းခံကြရသော်လည်း ကတိ ထားတော်မူသောအရာကို မခံစားခဲ့ရချေ။-
39 E todos estes, tendo tido testemunho pela fé, não alcançaram a promessa,
40 အကြောင်း မူကား ထိုသူတို့သည် ငါတို့မပါဝင်ဘဲလျက် စုံလင်ခြင်း သို့မရောက်ရှိရန် ဘုရားသခင်သည် ငါတို့အတွက် ပို၍ ကောင်းမွန်သောအရာကို ကြိုတင်စီမံတော်မူခဲ့သော ကြောင့်ဖြစ်၏။
40 Provendo Deus alguma coisa melhor a nosso respeito, para que eles sem nós não fossem aperfeiçoados.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Hebreus 11, comparar traduções ou montar um estudo — tudo direto pelo WhatsApp.