Gálatas 5
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 လွတ်လပ်မှုရရှိစေရန် အလို့ငှာ ခရစ်တော်သည် ငါတို့ကိုလွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့်တည်ကြည်မြဲမြံစွာရပ်တည် ကြလော့။ ကျွန်ဘ၀၏ထမ်း ပိုးအောက်သို့ နောက်တစ်ဖန် မကျရောက်စေကြနှင့်။
1 É para que sejamos homens livres que Cristo nos libertou. Ficai, portanto, firmes e não vos submetais outra vez ao jugo da escravidão.
2 နားထောင်ကြလော့။ ငါပေါလုက သင်တို့အား ဆို သည်မှာ ယခုသင်တို့သည် အရေဖျားလှီးခြင်းကိုခံယူကြ လျှင် ခရစ်တော်သည် သင်တို့အား မည်သည့်အကျိုး ကျေးဇူးကိုမျှ ခံစားစေလိမ့်မည်မဟုတ်။-
2 Eis que eu, Paulo, vos declaro: se vos circuncidardes, de nada vos servirá Cristo.
3 အရေဖျားလှီး ခြင်းကို ခံယူသောသူတိုင်းသည် ပညတ်တရားကို လုံး၀လိုက်နာရမည်ဖြစ်ကြောင်း ငါထပ်မံသတိပေးပါ၏။-
3 E atesto novamente, a todo homem que se circuncidar: ele está obrigado a observar toda a lei.
4 ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်ခြင်းငှာ သင်တို့ကြိုးစားအားထုတ်ကြလျှင် သင်တို့သည် ခရစ်တော်နှင့် လမ်းခွဲကြပြီဖြစ်၍ ကျေးဇူးတော်ကိုလည်း ဆုံးရှုံးကြလေပြီ။-
4 Já estais separados de Cristo, vós que procurais a justificação pela lei. Decaístes da graça.
5 အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်မည်ဟူသော မျှော်လင့်ချက်ကို ဝိညာဉ်တော်၌ အမှီပြုလျက် စောင့်မျှော်နေကြ၏။-
5 Quanto a nós, é espiritualmente, da fé, que aguardamos a justiça esperada.
6 အကြောင်းမူကား ယေဇူးခရစ်တော်၌ရှိသော သူတို့အတွက် အရေဖျားလှီးခြင်းခံသည်ဖြစ်စေ၊ မခံသည် ဖြစ်စေမည်သို့မျှ အကျိုးမထူးပေ။ ချစ်ခြင်းမေတ္တာအားဖြင့် ပေါ်လွင်ထင်ရှားသောယုံကြည်ခြင်းသာလျှင် ၎င်းတို့အတွက် အရေးကြီးလေ၏။-
6 Estar circuncidado ou incircunciso de nada vale em Cristo Jesus, mas sim a fé que opera pela caridade.
7 သင်တို့သည် ကောင်းမွန်စွာ အပြေးပြိုင်ပွဲဝင်ခဲ့ကြ၏။ မည်သူသည် သင်တို့အား အမှန် တရားကိုနာခံခြင်းမပြုရန် တားဆီး ပိတ်ပင်ခဲ့သနည်း။-
7 Corríeis bem. Quem, pois, vos cortou os passos para não obedecerdes à verdade?
8 ဤသွေးဆောင်ဖြားယောင်းခြင်းသည် သင်တို့ကို ခေါ်တော်မူခဲ့သောဘုရားသခင်ထံတော်မှ လာခြင်းမဟုတ်ပေ။-
8 Esta sugestão não vem daquele que vos chama.
9 အနည်းငယ်သောတဆေးသည် မုန့်ညက်အားလုံးကို ဖောင်းကြွစေတတ်၏။-
9 Um pouco de fermento leveda toda a massa.
10 သင်တို့သည် လွဲမှားသော အခြားအယူအဆနောက်သို့လိုက်ပါကြလိမ့်မည် မဟုတ်ကြောင်း သခင်ဘုရားကိုအမှီပြု၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။ သင်တို့ကို နှောင့်ယှက်သောသူသည် မည်သို့သောသူပင်ဖြစ်စေကာမူ သူနှင့်ထိုက်သင့်သော အပြစ် ဒဏ်စီရင်ခြင်းကို ခံရလိမ့်မည်။-
10 Tenho confiança no Senhor a vosso respeito, que de maneira alguma mudareis de sentir. Portanto, quem vos perturbar responderá por isto, seja quem for.
11 သို့ရာတွင် ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းကို ဆက်လက် ဟောပြောနေခဲ့ပါလျှင် အဘယ်ကြောင့်ညှဉ်းပန်းနှိပ်စက် ခြင်းကို ဆက်လက်ခံနေရပါသနည်း။ ငါသည် ထိုကဲ့သို့ ဟောပြောခဲ့ပါလျှင် လက်ဝါးကပ်တိုင်အတွက် ကြုံတွေ့ရသော အခက်အခဲများလည်း ရှိတော့မည်မဟုတ်။-
11 Se é verdade, irmãos, que ainda prego a circuncisão, por que, então, sou perseguido? Assim o escândalo da cruz teria cessado!
12 သင် တို့ကို နှောင့်ယှက်ဒုက္ခပေးသူတို့သည် မိမိတို့ကိုယ်ကို သင်းကွပ်ကြစေရန် ငါအလိုရှိ၏။
12 Oxalá acabem por mutilar-se os que vos inquietam!
13 ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်ခြင်းသို့ ခေါ်တော်မူခြင်းခံခဲ့ကြရလေပြီ။ သင်တို့၏လွတ်လပ်မှုကို အသွေးအသားအတွက် အခွင့်အရေးတစ်ခုအနေဖြင့် အသုံးမပြုဘဲ ချစ်ခြင်းမေတ္တာအားဖြင့် တစ်ဦးကိုတစ်ဦး အစေခံကြလော့။-
13 Vós, irmãos, fostes chamados à liberdade. Não abuseis, porém, da liberdade como pretexto para prazeres carnais. Pelo contrário, fazei-vos servos uns dos outros pela caridade,
14 အကြောင်းမူကား သင်နှင့်နီးစပ်သော သူအား သင့်ကိုယ်သင်ချစ်သကဲ့သို့ ချစ်လော့ဟူသော စကားတစ်ခွန်း၌ ပညတ်တရားတစ်ခုလုံးသည် ပြည့်စုံ သောကြောင့် ဖြစ်၏။-
14 porque toda a lei se encerra num só preceito: Amarás o teu próximo como a ti mesmo {Lv 19,18}.
15 သို့သော် သင်တို့သည် အချင်းချင်း ထိခိုက်နာကျင်စေကြမည်ဆိုလျှင် သင်တို့အချင်းချင်း ကြောင့် ပျက်စီးဆုံးရှုံးရမည်ကို သတိပြုကြလော့။
15 Mas, se vos mordeis e vos devorais, vede que não acabeis por vos destruirdes uns aos outros.
16 ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဝိညာဉ် တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြလော့။ အသွေးအသား၏ အလိုဆန္ဒကို မလိုက်လျောကြနှင့်။-
16 Digo, pois: deixai-vos conduzir pelo Espírito, e não satisfareis os apetites da carne.
17 အကြောင်းမူကား အသွေးအသား၏အလိုဆန္ဒတို့သည် ဝိညာဉ်တော်နှင့်ဆန့်ကျင်ကြပြီး ဝိညာဉ်တော်၏အလို ဆန္ဒတို့သည်လည်း အသွေးအသားနှင့်ဆန့်ကျင်ကြ၏။ သင်တို့အလိုရှိသည့်အတိုင်းပြုလုပ်ခြင်းကို တားဆီးရန် ဝိညာဉ်တော်နှင့် အသွေးအသားသည် ဆန့်ကျင်ဘက် ဖြစ်လျက်ရှိကြ၏။-
17 Porque os desejos da carne se opõem aos do Espírito, e estes aos da carne; pois são contrários uns aos outros. É por isso que não fazeis o que quereríeis.
18 သို့သော် သင်တို့သည် ဝိညာဉ်တော်၏ဦးဆောင်လမ်းညွှန်ခြင်းကိုခံယူကြလျှင် ပညတ်တရား ၏လက်အောက်ခံ မဟုတ်ကြ တော့ပေ။-
18 Se, porém, vos deixais guiar pelo Espírito, não estais sob a lei.
19 အသွေးအ သား၏လုပ်ဆောင်ချက်များသည် ထင်ရှားလှပေ၏။ ယင်းတို့သည်ကား ကာမဂုဏ်ကျူးလွန်ခြင်း၊ မစင်ကြယ် ခြင်း၊ အကျင့်တရားဖောက်ပြန်ခြင်း၊-
19 Ora, as obras da carne são estas: fornicação, impureza, libertinagem,
20 ရုပ်တုကိုးကွယ် ခြင်း၊ စုန်းကဝေအတတ်ကိုလိုက်စားခြင်း၊ မလိုမုန်းထား ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ မနာလိုခြင်း၊ အမျက်ဒေါသ ထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ အုပ်စုကွဲပြားကြခြင်း၊-
20 idolatria, superstição, inimizades, brigas, ciúmes, ódio, ambição, discórdias, partidos,
21 သဝန်တိုခြင်း၊ လူ့အသက်သတ် ခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အပျော်အပါးလွန်ကြူး ခြင်းစသည်တို့ဖြစ်ကြ၏။ ဤအမှုအရာများကို ပြုမူကျင့် ကြံသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ ခံကြရလိမ့်မည်မဟုတ်ဟု ယခင်က ငါသတိပေးခဲ့သည့် အတိုင်း သင်တို့ကို ငါယခုသတိပေးပါ၏။
21 invejas, bebedeiras, orgias e outras coisas semelhantes. Dessas coisas vos previno, como já vos preveni: os que as praticarem não herdarão o Reino de Deus!
22 ဝိညာဉ်တော်၏အသီးအပွင့်များသည်ကား ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ရွှင်လန်းခြင်း၊ ငြိမ်းချမ်းသာယာခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာရှိခြင်း၊-
22 Ao contrário, o fruto do Espírito é caridade, alegria, paz, paciência, afabilidade, bondade, fidelidade,
23 နူးညံ့သိမ်မွေ့ ခြင်း၊ မိမိကိုယ်ကို ချုပ်တီး ခြင်းစသည် တို့ဖြစ်ကြ၏။ ဤအရာများကိုဆန့်ကျင်သော ပညတ်တရားဟူ၍ မရှိပေ။-
23 brandura, temperança. Contra estas coisas não há lei.
24 ခရစ်တော်ယေဇူးနှင့်သက် ဆိုင်သောသူတို့သည် အသွေးအသားနှင့်အတူ ယင်း၏ တပ်မက်မှုအလိုဆန္ဒများကို လက်ဝါးကပ်တိုင်တင်ခဲ့ကြလေပြီ။
24 Pois os que são de Jesus Cristo crucificaram a carne, com as paixões e concupiscências.
25 ငါတို့သည် ဝိညာဉ်တော်အားဖြင့် အသက်ရှင်ကြပါ လျှင် ဝိညာဉ်တော်၏လမ်းညွှန်မှုအတိုင်း လျှောက်လှမ်း ကြပါစို့။-
25 Se vivemos pelo Espírito, andemos também de acordo com o Espírito.
26 မိမိကိုယ်မိမိ အထင်ကြီး၍ ဘဝင်မြင့်ခြင်း၊ တစ်ဦးနှင့်တစ်ဦး မုန်းတီးရန်လိုခြင်းနှင့် မနာလိုဝန်တိုခြင်းတို့မှ ရှောင်ရှား ကြကုန်စို့။
26 Não sejamos ávidos da vanglória. Nada de provocações, nada de invejas entre nós.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 5, comparar traduções ou montar um estudo — tudo direto pelo WhatsApp.