Gálatas 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC

Sair da comparação
VC Versão Católica
1 ငါဆိုလိုသည်ကား အမွေဆက်ခံသူသည် ဥစ္စာပစ္စည်းအားလုံးကို ပိုင်ဆိုင်သူဖြစ်သော်လည်း အရွယ်မရောက်မီကာလ ပတ်လုံးတွင် သူသည် ကျွန်နှင့်မခြားနားပေ။-
1 Explico-me: enquanto o herdeiro é menor, em nada difere do escravo, ainda que seja senhor de tudo,
2 သို့သော် သူသည် အဖဖြစ်သူက သတ်မှတ်ထားသောနေ့ရက် မရောက်မီတိုင်အောင် ထိန်းသိမ်း စောင့်ရှောက်သူများနှင့် စီမံအုပ်ချုပ်သူများ၏လက် အောက်တွင်ရှိ၏။-
2 mas está sob tutores e administradores, até o tempo determinado por seu pai.
3 ထိုနည်းတူ ငါတို့သည်လည်း အရွယ် မရောက်မီကာလတွင် ဤလောကရှိအခြေခံစည်းမျဉ်း များ၏လက်အောက်ခံများ ဖြစ်ကြ၏။-
3 Assim também nós, quando menores, estávamos escravizados pelos rudimentos do mundo.
4 သို့သော် အချိန်ကျရောက်သောအခါ ဘုရားသခင်သည် မိမိ၏သားတော်ကို စေလွှတ်တော်မူခဲ့၏။ ထိုသားတော်သည် ပညတ်တရား ၏လက်အောက်ခံအဖြစ် မိန်းမတစ်ဦးမှ မွေးဖွားလာ ခဲ့ခြင်းဖြစ်၏။-
4 Mas quando veio a plenitude dos tempos, Deus enviou seu Filho, que nasceu de uma mulher e nasceu submetido a uma lei,
5 ဤကဲ့သို့ ဘုရားသခင်လုပ်ဆောင်ခဲ့ခြင်းမှာ ပညတ်တရား၏လက်အောက်တွင်ရှိသောသူတို့ကို ရွေးနုတ်ကယ်တင်တော် မူ ရန်ဖြစ်၏။ သို့မှသာ ငါတို့သည် သားသမီးများအဖြစ် မွေးစားခြင်းခံကြရပေလိမ့်မည်။-
5 a fim de remir os que estavam sob a lei, para que recebêssemos a sua adoção.
6 သင်တို့သည်လည်း သားသမီးများဖြစ်ကြသောကြောင့် ဘုရားသခင်သည် အဗ္ဗ၊ အဖ ဟုကြွေးကြော်သော သားတော်၏ ဝိညာဉ်တော်ကို ငါတို့၏စိတ်နှလုံးအတွင်းသို့ စေလွှတ်တော်မူခဲ့၏။-
6 A prova de que sois filhos é que Deus enviou aos vossos corações o Espírito de seu Filho, que clama: Aba, Pai!
7 ထို့ကြောင့် သင်သည် ဘုရားသခင်၏အလိုတော်အားဖြင့် ကျွန်မဟုတ်တော့ဘဲ သားဖြစ်လာလေပြီ။ သင်သည် သားဖြစ်လျှင် အမွေစားအမွေခံ လည်းဖြစ်လေပြီ။
7 Portanto já não és escravo, mas filho. E, se és filho, então também herdeiro por Deus.
8 ယခင်က သင်တို့သည် ဘုရားသခင်ကို မသိခဲ့ကြ သောကြောင့် ဇာတိသဘောအားဖြင့် ဘုရားမဟုတ် သောအရာများကို အစေခံခဲ့ကြ၏။-
8 Outrora, é certo, desconhecendo a Deus, servíeis aos que na realidade não são deuses.
9 သို့သော် ယခုသင် တို့သည် ဘုရားသခင်ကို သိလာကြလေပြီ။ တစ်နည်းဆို ရလျှင် ဘုရားသခင်သည် သင်တို့ကိုသိရှိတော်မူ လေပြီ။ သို့ဖြစ်လျှင် သင်တို့သည် အင်အားမရှိ၊ တန်ဖိုးလည်းမရှိ သောဝိညာဉ်များထံသို့ တစ်ဖန်ပြန်သွား၍ ယင်းတို့ကို မည်ကဲ့သို့ အစေခံနိုင်ကြမည်နည်း။-
9 Agora, porém, conhecendo a Deus, ou melhor, sendo conhecidos por Deus, como é que tornais aos rudimentos fracos e miseráveis, querendo de novo escravizar-vos a eles?
10 သင်တို့သည် နေ့ရက်များ၊ လများ၊ ဥတုရာသီများနှင့် နှစ်ကာလများကို စောင့်ထိန်းလိုက်နာနေကြပြီတကား။-
10 Observais dias, meses, estações e anos!
11 သင်တို့အတွက် ငါကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ အကျိုးမဲ့ဖြစ်ပြီလောဟု ငါစိုးရိမ်ပူပန်မိ၏။
11 Temo que os meus esforços entre vós tenham sido em vão. Voltemos à nossa confiança cordial
12 ညီအစ်ကိုတို့၊ ငါ့ကဲ့သို့ သင်တို့ဖြစ်လာကြပါဟု ငါတောင်းပန်ပါ၏။ အကြောင်းမူကား ငါသည်လည်း သင်တို့ ကဲ့သို့ဖြစ်လာ ခဲ့လေပြီ။-
12 Irmãos, sede como eu, pois também eu me tornei como vós. Não tenho nenhum motivo de queixa contra vós.
13 သင်တို့သည် ငါ့ကို မပြစ်မှားခဲ့ကြပေ။ ငါသည် နာမကျန်းဖြစ်သောကြောင့် သင်တို့အား ဧဝံဂေလိသတင်းကောင်းကို ပထမဦးစွာ ဟောပြောခဲ့ ကြောင်း သင်တို့သိကြ၏။-
13 Estais lembrados de como eu estava doente quando, pela primeira vez, vos preguei o Evangelho
14 ငါ၏ဖျားနာခြင်းသည် သင်တို့ အတွက် အနှောင့်အယှက်ဖြစ်သော်လည်း သင်တို့သည် ငါ့ကို အပြစ်တင်ခြင်းမပြုကြသကဲ့သို့ မထီမဲ့မြင်လည်း မပြုကြပေ။ သင်တို့သည် ငါ့ကို ဘုရားသခင်၏ကောင်းကင်တမန်တော်တစ်ပါးကဲ့သို့လည်းကောင်း၊ ယေဇူးခရစ် တော်ကဲ့သို့လည်းကောင်း လက်ခံခဲ့ကြ၏။-
14 e fui para vós uma provação por causa do meu corpo. Mas nem por isto me desprezastes nem rejeitastes, antes me acolhestes como um enviado de Deus, como Cristo Jesus.
15 ။ ထိုအချိန်က သင်တို့ခံစားခဲ့ကြသောကျေနပ်အားရခြင်းသည် ယခု အခါတွင် မည်ကဲ့သို့ဖြစ်သွားသနည်း။ အကြောင်းမူကား ထိုအချိန်က သင်တို့သည် ဖြစ်နိုင်လျှင် သင်တို့၏မျက်စိ များကိုပင် ထုတ်၍ ငါ့အားပေးရန်အလိုရှိခဲ့ကြသည်ကို ငါသက်သေ ခံပါ၏။-
15 Onde está agora aquele vosso entusiasmo? Asseguro-vos que, se possível fora, teríeis arrancado os vossos olhos para mos dar!
16 ယခု ငါသည် သင်တို့အား မှန်သော အရာကို ပြောဆိုသောကြောင့် သင်တို့၏ရန်သူဖြစ်ရပြီလော။-
16 Tornei-me, acaso, vosso inimigo, porque vos disse a verdade?
17 သူတို့သည် သင်တို့အပေါ် စိတ်ဝင်စားကြောင်း ပြသကြ၏။ သို့သော် သူတို့သည် ကောင်းသောရည်ရွယ် ချက်ဖြင့် ပြုလုပ်ကြ သည်မဟုတ်။ သူတို့အပေါ် သင်တို့ စိတ်ဝင်စားလာစေရန် သူတို့သည် သင်တို့ကို ငါနှင့်ကင်း ကွာစေလိုကြ၏။-
17 Eles vos testemunham amizade com má intenção, e querem separar-vos de mim, para captar a vossa amizade.
18 သင်တို့နှင့်အတူ ငါရှိနေသည့်အချိန် မျိုးတွင်သာမဟုတ်ဘဲ အချိန်တိုင်းတွင် ကောင်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်တစား ရှိခြင်းသည် အစဉ်အမြဲ ကောင်းမွန်သင့်မြတ်လှပေ၏။-
18 É maravilhoso receber demonstrações de boa amizade, mas que seja em todas as circunstâncias, e não somente quando estou convosco.
19 ငါ၏ချစ်သားသမီးတို့၊ သင်တို့နှင့် ခရစ်တော်ပေါင်းစပ်သည့်တိုင်အောင် ငါသည် သင်တို့အတွက် သားဖွားခြင်း ကဲ့သို့သော ဝေဒနာမျိုးကို တစ်ဖန်ခံစားနေရ၏။-
19 Filhinhos meus, por quem de novo sinto dores de parto, até que Cristo seja formado em vós,
20 ယခုပင် ငါသည် သင်တို့နှင့်အတူရှိလျက် ငါ၏လေသံကို ပြောင်းလိုသောဆန္ဒပြင်းပြနေပါ၏။ အကြောင်းမူကား ငါသည် သင်တို့အတွက် စိတ်ရှုပ် ထွေးလျက်ရှိသောကြောင့်ဖြစ်၏။
20 quem me dera estar agora convosco, para descobrir o tom que convém à minha linguagem, visto que eu me encontro extremamente perplexo a vosso respeito.
21 ပညတ်တရား၏လက်အောက်တွင် နေလိုသော သင်တို့၊ ငါ့ကိုပြောပြကြပါလော့။ သင်တို့သည် ပညတ်တရားကို မကြား ဖူးကြပါသလော။-
21 Dizei-me, vós que quereis estar sujeitos a uma lei: não ouvis a lei?
22 အကြောင်းမူကား အာဘရာဟံ၌ သားနှစ်ယောက်ရှိ၍ တစ်ယောက်သည် ကျွန်မမှ မွေးသောသားဖြစ်ပြီး အခြား တစ်ယောက်သည်ကား လွတ်လပ်သောမိန်းမမှ မွေးသောသားဖြစ်သည်ဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက်ရှိ၏။-
22 A Escritura diz que Abraão teve dois filhos, um da escrava e outro da livre.
23 သို့သော် ကျွန်မမှ မွေးသောသားသည် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့ခြင်းဖြစ်၍ လွတ်လပ်သောမိန်းမမှမွေးသော သားသည်ကား ကတိတော်အတိုင်း မွေးဖွားလာခဲ့ခြင်းဖြစ်၏။-
23 O da escrava, filho da natureza; e o da livre, filho da promessa.
24 ဤအကြောင်းအရာကို ပုံဥပမာဖြင့် ဖော်ပြရလျှင် မိန်းမနှစ်ယောက်သည် ပဋိညာဉ်နှစ်ပါးကို ဆိုလိုခြင်းဖြစ်၏။ ပဋိညာဉ်တစ်ပါးသည် ဆီနိုင်တောင်ပေါ်တွင် ဖွဲ့ဆိုခဲ့ခြင်းဖြစ်၍ သားသမီးများကို ကျွန်အဖြစ် မွေးဖွားခဲ့၏။ ထိုမိန်းမသည် ဟာဂါဖြစ်၏။-
24 Nestes fatos há uma alegoria, visto que aquelas mulheres representam as duas alianças: uma, a do monte Sinai, que gera para a escravidão, é Agar.
25 ဟာဂါသည် အာရေးဘိယ ပြည်ရှိ ဆီနိုင်တောင်ကို ကိုယ်စားပြု၏။ သူမသည် မိမိ၏ သားသမီးများနှင့်အတူ ကျွန်အဖြစ်၌ ရှိနေသဖြင့် လက်ရှိ ဂျေရုဆလင်မြို့ကို ရည်ညွှန်းလေ၏။-
25 {O monte Sinai está na Arábia.} Corresponde à Jerusalém atual, que é escrava com seus filhos.
26 သို့သော် အထက် အရပ်တွင်ရှိသောဂျေရုဆလင်မြို့သည်ကား လွတ်လပ်၍ ၎င်းသည် ငါတို့၏အမိဖြစ်သတည်း။-
26 Mas a Jerusalém lá do alto é livre e esta é a nossa mãe,
27 အကြောင်းမူကား ကျမ်းစာတော်မြတ်တွင် ရေးထားသည်ကား သားသမီး မမွေးသောအမြုံမ၊ ဝမ်းမြောက်ပါလော့။ သားဖွားခြင်း ဝေဒနာမခံရသော အသင်မိန်းမ၊ ကျယ်လောင်စွာဟစ် ကြွေးပါလော့။ အကြောင်းမူကား အဖော်မဲ့သောသူ၏ သားသမီးတို့သည် ထိမ်းမြားလက်ထပ်ထားသောသူ၏ သားသမီးတို့ထက် ပို၍များပြားကြ၏ဟူ၍ဖြစ်၏။
27 porque está escrito: Alegra-te, ó estéril, que não davas à luz; rejubila e canta, tu que não tinhas dores de parto, pois são mais numerosos os filhos da abandonada do que daquela que tem marido {Is 54,1}.
28 ညီအစ်ကိုတို့၊ သင်တို့သည်ကား အီဇတ်ကဲ့သို့ပင် ကတိတော်နှင့်ဆိုင်သောသားသမီးများဖြစ်ကြ၏။-
28 Como Isaac, irmãos, vós sois filhos da promessa.
29 သို့သော် ထိုအချိန်ကပင် လူ့သဘာ၀အလျောက် မွေးဖွားလာခဲ့သောသူသည် ဝိညာဉ်တော်အားဖြင့် မွေးဖွားလာ သောသူကိုညှဉ်းပန်းနှိပ်စက်သကဲ့သို့ ယခုတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ပျက်လျက်ရှိ၏။-
29 Como naquele tempo o filho da natureza perseguia o filho da promessa, o mesmo se dá hoje.
30 သို့ရာတွင် ကျမ်းစာတော် မြတ်က မည်သို့ဆိုထားသနည်း။ ယင်း၌ဆိုထားသည် ကား ကျွန်မဖြစ်သူနှင့် သူမ၏သားကို နှင်ထုတ်လော့။ အကြောင်းမူကား ကျွန်မ၏သားသည် လွတ်လပ်သော မိန်းမ၏သားနှင့်အတူ အမွေခံရလိမ့်မည်မဟုတ်ဟူ၍ ဖြစ် ၏။-
30 Que diz, porém, a Escritura? Lança fora a escrava e seu filho, porque o filho da escrava não será herdeiro com o filho da livre {Gn 21,10}.
31 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ကျွန်မ၏သား သမီးများမဟုတ်ကြဘဲ လွတ်လပ်သောမိန်းမ၏သား သမီးများဖြစ်ကြ၏။
31 Pelo que, irmãos, não somos filhos da escrava, mas sim da que é livre.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Gálatas 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.