Gálatas 1
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 လူတို့၏ခန့်အပ်ခြင်းကြောင့်မဟုတ်၊ လူ့အခွင့်အာဏာအားဖြင့်လည်းမဟုတ်ဘဲ ယေဇူးခရစ်တော်နှင့် ကိုယ်တော့်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေ တော်မူသော အဖခမည်းတော်က ခန့်ထားသည့် တမန် တော်ဖြစ်သော ငါပေါလုမှစ၍၊-
1 Paulo, apóstolo, não da parte de homens, nem por intermédio de homem algum, mas por Jesus Cristo e por Deus Pai, que o ressuscitou dentre os mortos,
2 ငါနှင့်အတူ ရှိကြသော ညီအစ်ကိုအပေါင်းတို့က ဂါလားဆီယာပြည်၌ရှိသော အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။
2 e todos os irmãos meus companheiros, às igrejas da Galácia,
3 ခမည်းတော်ဘုရားနှင့် ငါတို့၏သခင် ယေဇူးခရစ် တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေသော်။-
3 graça a vós outros e paz, da parte de Deus, nosso Pai, e do [nosso] Senhor Jesus Cristo,
4 ကိုယ်တော်သည် ငါတို့အဖ ဘုရားသခင်၏အလိုတော်နှင့်အညီ ငါတို့ကို မကောင်းမှုနှင့်ပြည့်နေသော ဤမျက်မှောက် ခေတ်မှရွေးနုတ်ကယ်တင်ရန် ငါတို့၏အပြစ်များအတွက် မိမိကိုယ်ကို ဆက်ကပ်ပူဇော်တော်မူခဲ့၏။-
4 o qual se entregou a si mesmo pelos nossos pecados, para nos desarraigar deste mundo perverso, segundo a vontade de nosso Deus e Pai,
5 ကိုယ်တော် အား ကာလအဆက်ဆက်ဘုန်းတော်ဂုဏ်တော်ရှိပါစေ သော်။ အာမင်။
5 a quem seja a glória pelos séculos dos séculos. Amém!
6 သင်တို့သည် ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်တော်မူခဲ့သောသူကို အလျင်အမြန် စွန့်ခွာ၍ အခြားသော သတင်းကောင်းကို ခံယူကြသောကြောင့် ငါအံ့ဩ၏။-
6 Admira-me que estejais passando tão depressa daquele que vos chamou na graça de Cristo para outro evangelho,
7 အခြားသောဧဝံဂေလိသတင်း ကောင်းဟူ၍မရှိပေ။ သို့သော်လည်း သင်တို့ကို အနှောင့်အယှက်ပေး၍ ခရစ်တော်၏ သတင်းကောင်းအပေါ် အယူတိမ်းစေရန် ပြုလုပ်လိုသူအချို့ရှိ၏။-
7 o qual não é outro, senão que há alguns que vos perturbam e querem perverter o evangelho de Cristo.
8 သို့ရာတွင် ငါတို့ပင် ဖြစ်စေ၊ ကောင်းကင်မှတမန်တော်တစ်ပါးဖြစ်စေ သင်တို့ အား ငါတို့ဟောပြောခဲ့သောသတင်းကောင်းနှင့် ကွဲပြား ခြားနားသောသတင်းကောင်းကို ဟောပြောလျှင် ကျိန်စာသင့်ပါစေ။-
8 Mas, ainda que nós ou mesmo um anjo vindo do céu vos pregue evangelho que vá além do que vos temos pregado, seja anátema.
9 အထက်က ငါတို့ဆိုခဲ့သည့်အတိုင်း ယခု ထပ်မံ၍ ငါပြောသည်မှာ သင်တို့ခံယူခဲ့ပြီးသောသတင်းကောင်းနှင့်ကွဲပြားခြားနား သော သတင်းကောင်းကို ဟောပြောသောသူသည် ကျိန်စာသင့်ပါစေ။
9 Assim, como já dissemos, e agora repito, se alguém vos prega evangelho que vá além daquele que recebestes, seja anátema.
10 ငါသည် လူတို့ရှေ့တွင် မျက်နှာရရန် ကြိုးစားနေပါ သလော၊ သို့တည်းမဟုတ် ဘုရားသခင်၏အလိုတော်ကို ရှာဖွေနေ ပါသလော။ သို့မဟုတ် ငါသည် လူတို့ကျေနပ် နှစ်သက်စေရန် ကြိုးစားနေပါသလော။ ငါသည် ယခုထိ တိုင် လူတို့ကျေနပ် နှစ်သက်စေရန် ဆောင်ရွက်နေပါလျှင် ခရစ်တော်၏အစေခံမဖြစ်နိုင်ပေ။
10 Porventura, procuro eu, agora, o favor dos homens ou o de Deus? Ou procuro agradar a homens? Se agradasse ainda a homens, não seria servo de Cristo.
11 ညီအစ်ကိုတို့၊ ငါဟောပြောသောသတင်းကောင်းသည် လူတို့ဖန်တီးထားသောသတင်းကောင်းမဟုတ် ကြောင်းကို သင်တို့အား ငါသိစေလိုပါ၏။-
11 Faço-vos, porém, saber, irmãos, que o evangelho por mim anunciado não é segundo o homem,
12 အကြောင်းမူကား ငါသည် ဤသတင်းကောင်းကို လူတို့ထံမှ လက်ခံရ ရှိခဲ့ခြင်းမဟုတ်။ ငါသည် မည်သူတစ်ဦးတစ်ယောက် ထံကမျှ သင်ယူခဲ့ခြင်းလည်းမဟုတ်။ ဤသတင်းကောင်းသည် ယေဇူးခရစ်တော်၏ဗျာဒိတ်တော်အားဖြင့် ငါ့ထံသို့ ရောက်လာခဲ့ ခြင်းသာဖြစ်၏။-
12 porque eu não o recebi, nem o aprendi de homem algum, mas mediante revelação de Jesus Cristo.
13 အကြောင်းမူကား သင်တို့ သည် ဂျူးလူမျိုးတို့၏ဘာသာတရားကိုကျင့်ခဲ့သော ငါ၏ အတိတ်ဘ၀ကိုလည်းကောင်း၊ ငါသည် ဘုရားသခင်၏ အသင်းတော်ကို မည်မျှရက်စက်ကြမ်းကြုတ်စွာညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်းကိုလည်းကောင်း၊ ၎င်းအား ဖျက်ဆီးရန် ကြိုးစားခဲ့ကြောင်းကိုလည်းကောင်း သင်တို့သိရှိကြပြီး ဖြစ်၏။-
13 Porque ouvistes qual foi o meu proceder outrora no judaísmo, como sobremaneira perseguia eu a igreja de Deus e a devastava.
14 ငါသည် ဂျူးလူမျိုးတို့၏ဘာသာတရားကို ကျင့်ကြံခဲ့ရာတွင် ငါ၏လူမျိုးများအလယ်၌ ငါနှင့်အသက် အရွယ်တူသော သူများထက် သာလွန်ခဲ့ပြီး ငါတို့ဘိုးဘေး များ၏ထုံးတမ်းစဉ်လာများအတွက် အလွန်အမင်း စိတ် အားထက်သန်ခဲ့၏။-
14 E, na minha nação, quanto ao judaísmo, avantajava-me a muitos da minha idade, sendo extremamente zeloso das tradições de meus pais.
15 သို့ရာတွင် ငါသည် အမိဝမ်းထဲ၌ ရှိစဉ်ကပင် ငါ့ကို ရွေးကောက်၍ မိမိကျေးဇူးတော်အားဖြင့် ငါ့ကို ခေါ်တော်မူခဲ့သော ဘုရားသခင်သည်၊-
15 Quando, porém, ao que me separou antes de eu nascer e me chamou pela sua graça, aprouve
16 မိမိ၏သား တော်အကြောင်းကို လူမျိုးခြားတို့အား ဟောပြောစေခြင်းငှာ ထိုသားတော်ကို ငါ့အားကြည်ဖြူစွာ ထုတ်ဖော်ပြတော်မူ၏။ ငါ့၌ ထိုအခြင်းအရာဖြစ်ပေါ် ပြီးသောအခါ ငါ သည် မည်သည့်လူသားကိုမျှ တိုင်ပင်ဆွေးနွေးခြင်းမပြုခဲ့ ချေ။-
16 revelar seu Filho em mim, para que eu o pregasse entre os gentios, sem detença, não consultei carne e sangue,
17 ငါသည် မိမိထက်ဦးစွာ တမန်တော်ဖြစ်ခဲ့ကြသော သူတို့ရှိရာ ဂျေရုဆလင်မြို့သို့လည်း မသွားခဲ့ချေ။ သို့သော် ငါသည် အာရေးဘိယပြည်သို့ထွက်ခွာသွားပြီးမှ တစ်ဖန် ဒါမစကုမြို့သို့ ပြန်လာခဲ့၏။
17 nem subi a Jerusalém para os que já eram apóstolos antes de mim, mas parti para as regiões da Arábia e voltei, outra vez, para Damasco.
18 ထို့နောက် သုံးနှစ်လွန်သောအခါ ငါသည် ပေတရုနှင့်တွေ့ဆုံခြင်းငှာ ဂျေရုဆလင်မြို့သို့သွား၍ သူနှင့်အတူတစ်ဆယ့် ငါးရက်ကြာနေထိုင်ခဲ့၏။-
18 Decorridos três anos, então, subi a Jerusalém para avistar-me com Cefas e permaneci com ele quinze dias;
19 သို့သော် ငါသည် သခင်ဘုရား၏ညီတော်ဖြစ်သော ယာကုပ်မှတစ်ပါး အခြားမည်သည့်တမန်တော်ကိုမျှ မတွေ့ခဲ့ရပေ။-
19 e não vi outro dos apóstolos, senão Tiago, o irmão do Senhor.
20 ငါသည် လိမ်ညာ၍ ဤအကြောင်းအရာများကို သင်တို့ထံသို့ရေး ခြင်းမဟုတ်ကြောင်း ဘုရားသခင်ရှေ့တော်၌ ဝန်ခံပါ၏။-
20 Ora, acerca do que vos escrevo, eis que diante de Deus testifico que não minto.
21 ထို့နောက် ငါသည် ဆီးရိယပြည် နှင့် စီလိစိယပြည်များသို့ သွားရောက်ခဲ့၏။-
21 Depois, fui para as regiões da Síria e da Cilícia.
22 ဂျူဒေးယပြည်ရှိ ခရစ်တော်၏အသင်း တော်များသည် ထိုအချိန်တိုင်အောင် ငါ့ကို မတွေ့ မြင်ဖူး ကြချေ။-
22 E não era conhecido de vista das igrejas da Judeia, que estavam em Cristo.
23 တစ်ချိန်က ငါတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့သော သူသည် သူဖျက်ဆီးရန် ကြိုးစားခဲ့သည့် ယုံကြည်ခြင်း တရားကို ယခုဟောပြောလျက်ရှိသည်ဟူ၍ ပြောဆိုသံကိုသာ သူတို့ကြားခဲ့ရ၏။-
23 Ouviam somente dizer: Aquele que, antes, nos perseguia, agora, prega a fé que, outrora, procurava destruir.
24 သူတို့သည်လည်း ငါ့အတွက်ကြောင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြ၏။
24 E glorificavam a Deus a meu respeito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Gálatas 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.