Filemom 1

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVT

Sair da comparação
NVT Nova Versão Transformadora
1 ခရစ်တော်ယေဇူးအတွက်ကြောင့် အကျဉ်းကျခံနေရသူ ပေါလုနှင့်ငါတို့၏ညီအစ်ကို တီမောသီဦးတို့ထံမှ ငါတို့ချစ်သော လုပ်ဖော်ကိုင်ဖက် ဖီလေမွန် ထံသို့လည်းကောင်း၊-
1 Eu, Paulo, prisioneiro de Cristo Jesus, escrevo esta carta, junto com nosso irmão Timóteo, a Filemom, nosso amado colaborador,
2 ငါတို့၏နှမ အာဖီယ၊ ငါတို့၏ရဲ ဘက်စစ်သည်တော် အာခီပုနှင့် သင်၏အိမ်တွင် စုဝေးသည့်အသင်းတော်ထံသို့လည်းကောင်း စာရေးလိုက်ပါ၏။
2 à irmã Áfia, a Arquipo, nosso companheiro na luta, e à igreja que se reúne em sua casa.
3 ငါတို့၏အဖဘုရားသခင်နှင့် ယေဇူးခရစ်တော် သခင်ထံမှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းသည် သင်တို့အားလုံး အပေါ်သို့ သက်ရောက်ပါစေသော်။
3 Que Deus, nosso Pai, e o Senhor Jesus Cristo lhes deem graça e paz.
4 ငါသည် ဆုတောင်းပတ္ထနာပြုသောအခါတိုင်း သင့်ကိုသတိရ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။-
4 Sempre dou graças a meu Deus por você em minhas orações,
5 အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်နှင့် သူတော် သူမြတ်အပေါင်းတို့အပေါ်၌ ထားရှိသော သင်၏ချစ်ခြင်း မေတ္တာနှင့် ယုံကြည်ခြင်းအကြောင်းတို့ကို ငါကြားသိရ သောကြောင့်ဖြစ်၏။-
5 pois ouço com frequência de sua fé no Senhor Jesus e de seu amor por todo o povo santo.
6 သင်သည် သင်၏ယုံကြည်ခြင်းကို မျှဝေခံစားသည်နှင့်အမျှ ခရစ်တော်၌ ငါတို့ခံစားရရှိသည့် ကောင်းသောအရာတို့ကို လူတို့ပိုမိုသိရှိလာစေရန် ငါဆု တောင်းပါ၏။-
6 Oro para que você ponha em prática a comunhão que vem da fé, à medida que entender e experimentar todas as coisas boas que temos em Cristo.
7 ငါ၏ညီတော်၊ သင်၏ချစ်ခြင်းမေတ္တာသည် ငါ့အား ကြီးမားသောပျော်ရွှင်မှုကိုပေး၍ များစွာအားရှိ စေ၏။ အကြောင်းမူကား သင်သည် သူတော်သူမြတ် အပေါင်းတို့၏စိတ်နှလုံးကို ရွှင်လန်းစေခဲ့လေပြီ။
7 Seu amor, meu irmão, tem me dado muita alegria e conforto, pois sua bondade tem revigorado o coração do povo santo.
8 ထို့ကြောင့် ပြုသင့်ပြုထိုက်သည့်အမှုကို ပြုလုပ်ရန် ငါသည် သင့်အား ခရစ်တော်၌ အမိန့်ပေးစေခိုင်းဝံ့သော်လည်း၊-
8 Por isso, ainda que pudesse exigir em Cristo que você faça o que é certo,
9 ချစ်ခြင်းမေတ္တာကိုထောက်၍ ခရစ်တော်ယေဇူး ၏သံတမန်နှင့် ကိုယ်တော့်အတွက် ယခုအခါအကျဉ်း ကျခံနေရသူ ငါပေါလုသည် သင့်ကိုမေတ္တာရပ်ခံလိုပါ၏။-
9 prefiro pedir com base no amor — eu, Paulo, já velho e agora prisioneiro de Cristo Jesus.
10 ငါအကျဉ်းကျခံလျက်နေရစဉ် ခရစ်တော်၌ ငါ၏သားဖြစ် လာသော အိုနေးစိမုအတွက် ငါသည် သင့်အား အသနား ခံပါ၏။-
10 Suplico que demonstre bondade a meu filho Onésimo. Tornei-me pai dele na fé quando estava aqui na prisão.
11 သူသည် ယခင်က သင့်အတွက် အသုံးမဝင်ခဲ့ သော်လည်း ယခုအခါ သင်နှင့် ငါ့အတွက်ပါ အသုံးဝင်လာ လေပြီ။-
11 Onésimo não lhe foi de muita utilidade no passado, mas agora é muito útil para nós dois.
12 ငါသည် သူ့ကို သင့်ထံသို့ ပြန်လည်စေလွှတ် လိုက်လေပြီ။ ဤသည်ကား ငါ၏စိတ်နှလုံးကိုစေလွှတ် လိုက်ခြင်းပင်ဖြစ်၏။-
12 Eu o envio de volta a você, e com ele vai meu próprio coração.
13 ငါသည် ဧဝံဂေလိတရားတော် အတွက်ကြောင့် အကျဉ်းကျခံလျက်နေရစဉ် သင်၏ ကိုယ်စား ငါ့ကိုပြုစုရန် သူ့ကို ငါနှင့်အတူခေါ်ထားလိုပါ၏။-
13 Gostaria de mantê-lo aqui comigo enquanto estou preso por anunciar as boas-novas; assim ele me ajudaria em seu lugar.
14 သို့ရာတွင် သင်၏သဘောတူညီချက်မရရှိဘဲ အဘယ်အမှုကိုမျှ ငါမပြုလို။ ဤသို့ဖြင့် သင်ပြုလုပ်သော ကောင်းမှုသည် အနိုင်အထက်ပြုခြင်းကြောင့်ဖြစ်ပေါ် လာခြင်းမဟုတ်ဘဲ သင်၏အလိုဆန္ဒအလျောက်ဖြစ်ပေါ် လာခြင်းဖြစ်ပေလိမ့်မည်။
14 Mas eu nada quis fazer sem seu consentimento. Meu desejo era que você ajudasse de boa vontade, e não por obrigação.
15 သင်သည် အိုနေးစိမုအား အစဉ်ပိုင်ဆိုင်နိုင်ခြင်းငှာ သူသည် သင့်ထံမှခေတ္တမျှ ခွဲခွာခဲ့ခြင်းဖြစ်တန်ရာ၏။-
15 Ao que parece, você perdeu Onésimo por algum tempo para ganhá-lo de volta para sempre.
16 သူ့အား သင်ပြန်လည်ပိုင်ဆိုင်သောအခါတွင် သူသည် ကျွန်တစ်ဦးမျှသာမဟုတ်တော့ဘဲ ယင်းထက်ပိုလာလေပြီ။ အထူးသဖြင့် သူသည် ငါ့အတွက် ခရစ်တော်၌ ချစ်သော ညီတော်ဖြစ်လာလေပြီ။ သင့်အတွက်မှာမူ ကျွန်အဖြစ်နှင့် လည်းကောင်း၊ သခင်ဘုရား၌ရရှိသော ညီတော်အဖြစ် နှင့်လည်းကောင်း ပိုင်ဆိုင်ခြင်းဖြစ်သောကြောင့် ပို၍ပင် တန်ဖိုးရှိပေလိမ့်မည်။-
16 Ele já não é um escravo para você. É mais que um escravo: é um irmão amado, especialmente para mim. Agora ele será muito mais importante para você, como pessoa e como irmão no Senhor.
17 သို့ဖြစ်၍ ငါ့အား သင်၏လုပ်ဖော် ကိုင်ဖက်အဖြစ်မှတ်ယူလျှင် ငါ့ကိုကြိုဆိုလက်ခံသကဲ့သို့ သူ့ကို ကြိုဆိုလက်ခံပါလော့။-
17 Portanto, se me considera seu companheiro na fé, receba-o como receberia a mim.
18 အကယ်၍ သူသည် သင့်အား တစ်စုံတစ်ရာပြစ်မှားမိခဲ့လျှင်ဖြစ်စေ၊ တစ်စုံတစ်ရာ ပေးဆပ်စရာရှိခဲ့လျှင်ဖြစ်စေ၊ ငါ၏စာရင်း၌ ရေးမှတ်ထား ပါလော့။-
18 Se ele o prejudicou de alguma forma ou se lhe deve algo, cobre de mim.
19 ငါပေါလုသည် ထိုအကြွေးကို ပေးဆပ်ပါမည်ဟူ၍ ငါ၏လက်ဖြင့်ကိုယ်တိုင်ရေးလိုက်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင် သင့်ဘ၀တစ်ခုလုံး ငါ့အား အကြွေးတင်နေ ကြောင်း ငါမဖော်ပြလိုပေ။-
19 Eu, Paulo, escrevo de próprio punho: Eu pagarei. E não mencionarei que você me deve sua própria vida.
20 သို့ဖြစ်၍ ငါ့ညီ၊ သင်သည် သခင်ဘုရား၌ ငါ့အား ကျေးဇူးပြုရန် ငါအလိုရှိပါ၏။ ငါ၏ စိတ်နှလုံးကို ခရစ်တော်၌ လန်းဆန်းစေပါလော့။
20 Sim, meu irmão, faça-me essa gentileza no Senhor. Reanime meu coração em Cristo!
21 သင်သည် ငါ့ကိုနာခံမည်ဟု ယုံကြည်စိတ်ချလျက် ဤစာကို ငါရေးလိုက်ပါ၏။ အမှန်စင်စစ် သင်သည် ငါပြော သည်ထက် ပို၍ပြုလုပ်လိမ့်မည်ကိုလည်းငါသိပါ၏။-
21 Escrevo esta carta certo de que você fará o que lhe peço, e até mais.
22 တစ်ချိန်တည်းတွင်ပင် ငါတည်းခိုရန်အခန်းတစ်ခန်းကို လည်း အသင့်ပြင်ဆင်ထားပါလော့။ အဘယ်ကြောင့်ဆို သော် သင်တို့၏ဆုတောင်းပတ္ထနာများအားဖြင့် ငါသည် သင်တို့ထံသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ငါမျှော်လင့် သောကြောင့်ဖြစ်၏။
22 Por favor, prepare um quarto para mim, pois espero que minhas orações sejam respondidas e eu possa voltar a visitá-lo em breve.
23 ခရစ်တော်ယေဇူး၌ ငါနှင့်အတူ အကျဉ်းကျခံရသူ ဖြစ်သော ဧပါဖရက သင့်ကိုနှုတ်ဆက်လိုက်ပါ၏။-
23 Epafras, meu companheiro de prisão em Cristo Jesus, manda lembranças.
24 ငါ၏ လုပ်ဖော်ကိုင်ဖက် များဖြစ်ကြသော မာကု၊ အာရစ္စတာ ကု၊ ဒေမတ်နှင့် လုကာတို့ကလည်း သင့်ကို နှုတ်ဆက် လိုက်ကြပါ၏။
24 Marcos, Aristarco, Demas e Lucas, meus colaboradores, também enviam saudações.
25 ယေဇူးခရစ်တော်သခင်၏ကျေးဇူးတော်သည် သင် တို့၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော်။ အာမင်။
25 Que a graça de nosso Senhor Jesus Cristo esteja com o espírito de vocês.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Filemom 1, comparar traduções ou montar um estudo — tudo direto pelo WhatsApp.