Efésios 2
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ACF
1 ။ သင်တို့သည် ပြစ်မှားကျူးလွန်ခြင်းနှင့် မကောင်းမှုတို့ဖြင့် သေလျက်ရှိကြသောအခါ ကိုယ်တော်သည် သင်တို့ကိုပြန်၍ ရှင်သန်စေတော်မူခဲ့၏။-
1 E vos vivificou, estando vós mortos em ofensas e pecados,
2 သင်တို့သည် ထိုအပြစ်မကောင်းမှုတို့ဖြင့် တစ်ချိန်က ဤလောကလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြ၍ လေဟာပြင်ကို စိုးမိုးသည့်အုပ်ချုပ်သူ၏နောက်သို့လိုက်ခဲ့ကြ၏။ ယခု အခါတွင် ထိုဝိညာဉ်သည် နာခံခြင်းမရှိသောသူတို့၌ လှုပ်ရှားလျက်ရှိ၏။-
2 Em que noutro tempo andastes segundo o curso deste mundo, segundo o príncipe das potestades do ar, do espírito que agora opera nos filhos da desobediência;
3 ငါတို့အားလုံးသည်လည်း တစ်ချိန် တစ်ခါက ထိုသူတို့အလယ်၌ သွေးသား၏တပ်မက်မှု များဖြင့် နေထိုင်ခဲ့ကြ၍ ကာယနှင့် စိတ်တို့၏အလိုဆန္ဒ နောက်သို့လိုက်ခဲ့ကြ၏။ ထို့ကြောင့် ငါတို့သည်လည်း ဇာတိသဘောအားဖြင့် အခြားသူများကဲ့သို့ အမျက်တော် သင့်သောသားသမီးများဖြစ်ခဲ့ကြ၏။-
3 Entre os quais todos nós também antes andávamos nos desejos da nossa carne, fazendo a vontade da carne e dos pensamentos; e éramos por natureza filhos da ira, como os outros também.
4 သို့ရာတွင် သနားကရုဏာနှင့်ကြွယ်၀ပြည့်စုံသော ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူသည့် ကြီးမားသောချစ်ခြင်း မေတ္တာတော်ကြောင့်၊-
4 Mas Deus, que é riquíssimo em misericórdia, pelo seu muito amor com que nos amou,
5 မိမိတို့၏ထိခိုက်ကျူးလွန်မှုများဖြင့် သေခဲ့ကြပြီးသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ပြန်ရှင်စေတော်မူခဲ့၏။ သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကိုခံခဲ့ကြရ၏။-
5 Estando nós ainda mortos em nossas ofensas, nos vivificou juntamente com Cristo (pela graça sois salvos),
6 ထို့နောက် ကိုယ်တော်သည် ငါတို့ကို ခရစ်တော်ယေဇူးနှင့်အတူ ထမြောက်စေ၍ ထို သခင်၌ပင် ကောင်းကင်ဘုံတွင် အတူတကွစံစားရသော အခွင့်ကို ပေးတော်မူခဲ့၏။-
6 E nos ressuscitou juntamente com ele e nos fez assentar nos lugares celestiais, em Cristo Jesus;
7 ဤသို့ဖြင့် ကိုယ်တော်သည် ခရစ်တော်ယေဇူး၌ ငါတို့အပေါ်ထားရှိသောချစ်ခြင်း မေတ္တာတော်မှာ အတိုင်းအဆမဲ့ များပြား ကြွယ်၀ကြောင်းကို နောင်ကာလအဆက်ဆက်ပြသတော်မူရန်ဖြစ်၏။-
7 Para mostrar nos séculos vindouros as abundantes riquezas da sua graça pela sua benignidade para conosco em Cristo Jesus.
8 အကြောင်းမူကား သင်တို့သည် ယုံကြည်သည့်အတွက် ကြောင့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံခဲ့ကြရ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ပြုလုပ်သောအမှုမဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော်သာဖြစ်ပြီး၊-
8 Porque pela graça sois salvos, por meio da fé; e isto não vem de vós, é dom de Deus.
9 မည်သည့်ကြိုး စားအားထုတ်မှုကြောင့်မျှမဟုတ်သောကြောင့် မည်သူမျှ ကြွားဝါစရာအကြောင်းမရှိပေ။-
9 Não vem das obras, para que ninguém se glorie;
10 အကြောင်းမူကား ငါတို့သည် ကောင်းသောအမှုကို ပြုလုပ်ရန် ခရစ်တော်ယေဇူး၌ ဖန်ဆင်းခြင်းခံကြရသော ကိုယ်တော်၏ လုပ်သားများ ဖြစ်ကြသောကြောင့်တည်း။ ကိုယ်တော်သည် ငါတို့အား ကောင်းသောလမ်းစဉ်အတိုင်း လျှောက်လှမ်းကြစေရန် ထိုကောင်းမှုများကို ကြိုတင်ပြင်ဆင်ထားတော်မူခဲ့ခြင်း ဖြစ်၏။
10 Porque somos feitura sua, criados em Cristo Jesus para as boas obras, as quais Deus preparou para que andássemos nelas.
11 ထို့ကြောင့် ကိုယ်ကာယ၌ ပြုလုပ်သည့် အရေဖျားလှီးခြင်းခံရသောသူတို့က အရေဖျားလှီးခြင်းမခံရသော သူများဟူ၍ ခေါ်ဝေါ်ခဲ့ကြသော သင်တို့သည် တစ်ချိန်က ရုပ်ပိုင်းဆိုင်ရာအားဖြင့်လူမျိုးခြားများဖြစ်ခဲ့ကြသည်ကို သတိရကြလော့။-
11 Portanto, lembrai-vos de que vós noutro tempo éreis gentios na carne, e chamados incircuncisão pelos que na carne se chamam circuncisão feita pela mão dos homens;
12 ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာလျက် အစ္စရာအဲလ်လူမျိုးတို့၏အစုအဖွဲ့၌လည်း ပါဝင်ခွင့်မရကြပေ။ သင်တို့သည် ကတိတော်ခံရသော ပဋိညာဉ်များနှင့်လည်း မသက်ဆိုင်ပေ။ သင်တို့သည် မျှော်လင့်ချက်မရှိဘဲ ဘုရားမဲ့လျက် ဤလောက၌ နေခဲ့ရသည်ကို သတိရကြလော့။-
12 Que naquele tempo estáveis sem Cristo, separados da comunidade de Israel, e estranhos às alianças da promessa, não tendo esperança, e sem Deus no mundo.
13 သို့သော် တစ်ချိန်က ဝေးလံစွာနေခဲ့ကြရသောသင်တို့သည် ယခုအခါ ခရစ်တော်ယေဇူးနှင့် ကိုယ်တော်၏အသွေးတော် အားဖြင့် နီးစပ်လာခဲ့ကြလေပြီ။-
13 Mas agora em Cristo Jesus, vós, que antes estáveis longe, já pelo sangue de Cristo chegastes perto.
14 အကြောင်းမူကား လူမျိုးနှစ်မျိုးကို တစ်လုံးတစ်၀တည်းဖြစ်စေခဲ့သော ကိုယ်တော်သည် ငါတို့၏ငြိမ်းချမ်းသာယာခြင်းဖြစ်၍ ပိုင်းခြားထားသော ရန်လိုမုန်းတီးမှုတံတိုင်းကို ဖြိုချတော်မူ၏။-
14 Porque ele é a nossa paz, o qual de ambos os povos fez um; e, derrubando a parede de separação que estava no meio,
15 ကိုယ်တော်သည် ပညတ်တရားနှင့် သွန်သင်ချက်တို့၏ဥပဒေကို မိမိ၏ကိုယ်ခန္ဓာ၌ ပယ်ဖျက်ခြင်းအားဖြင့် လူမျိုးနှစ်မျိုး အစား လူမျိုးသစ်တစ်မျိုးတည်းကို မိမိ၌ပင် ဖြစ်ပေါ်စေလျက် ငြိမ်းချမ်းသာယာခြင်းကို တည်ထောင်တော်မူ၏။-
15 Na sua carne desfez a inimizade, isto é, a lei dos mandamentos, que consistia em ordenanças, para criar em si mesmo dos dois um novo homem, fazendo a paz,
16 ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူ ခြင်းဖြင့် ငါတို့လူမျိုးနှစ်မျိုးကို ဘုရားသခင်နှင့် တစ်ပေါင်း တစ်စည်းတည်း ပြန်လည်သင့်မြတ်စေလျက် ရန်လိုမုန်းတီးခြင်းကို အဆုံးသတ်စေခဲ့၏။-
16 E pela cruz reconciliar ambos com Deus em um corpo, matando com ela as inimizades.
17 ကိုယ်တော်သည် ကြွလာ၍ အဝေးတွင်ရှိသောသင်တို့နှင့် အနီးတွင်ရှိသော သူတို့အား ငြိမ်းချမ်းသာယာခြင်းကို ကြေညာ ဟောပြောခဲ့လေ၏။-
17 E, vindo, ele evangelizou a paz, a vós que estáveis longe, e aos que estavam perto;
18 အကြောင်းမူကား ငါတို့လူမျိုးနှစ်မျိုးစလုံးသည် ကိုယ်တော်အားဖြင့် ဝိညာဉ်တော်တစ်ပါးတည်း၌ ခမည်းတော်ထံသို့ ဝင်ရောက်ခွင့်ကိုရကြ၏။-
18 Porque por ele ambos temos acesso ao Pai em um mesmo Espírito.
19 ထို့ကြောင့် သင်တို့သည် လူမျိုးခြားများနှင့် ဧည့်သည်များမဟုတ်တော့ပေ။ သင်တို့သည် သူတော်သူမြတ်တို့နှင့်အတူ အမျိုး သားချင်းများဖြစ်ကြ၍ ဘုရားသခင်၏အိမ်တော်သားများလည်းဖြစ်ကြ၏။-
19 Assim que já não sois estrangeiros, nem forasteiros, mas concidadãos dos santos, e da família de Deus;
20 သင်တို့ကို တမန်တော်ကြီးများနှင့် ပရောဖက်တို့၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး ခရစ်တော်ယေဇူး ကိုယ်တော်တိုင် ထောင့်ချုပ် ကျောက်ဖြစ်တော်မူ၏။-
20 Edificados sobre o fundamento dos apóstolos e dos profetas, de que Jesus Cristo é a principal pedra da esquina;
21 အဆောက်အဦတစ်ခုလုံးကို ကိုယ်တော်၌ ပုံစံတကျဆက်စပ်ထားသဖြင့် ၎င်းသည် ထာ၀ရဘုရားသခင်၌ သန့်ရှင်းသော ဗိမာန်တော်အဖြစ် တိုးတက်ဖြစ်ပေါ်လာ၏။-
21 No qual todo o edifício, bem ajustado, cresce para templo santo no Senhor.
22 သင်တို့ကိုလည်း ခရစ်တော် အားဖြင့် ဘုရားသခင်ကိန်းဝပ်တော်မူသောနေရာအဖြစ် တည်ဆောက်ထားကြလေပြီ။ သို့မှသာ ဘုရားသခင် သည် ဝိညာဉ်တော်အားဖြင့် သင်တို့အထဲ၌ ကိန်းဝပ် တော်မူမည်ဖြစ်၏။
22 No qual também vós juntamente sois edificados para morada de Deus em Espírito.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Efésios 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.