Colossenses 2

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 အကြောင်းမူကား ငါသည် သင်တို့အတွက်လည်းကောင်း၊ လာအိုဒိစိယမြို့တွင်ရှိသော သူတို့အတွက်လည်းကောင်း၊ ငါ့ကို မမြင်ဖူးသေးသော သူတို့အတွက်လည်းကောင်း မည်မျှပြင်းထန်စွာကြိုးပမ်းခဲ့သည်ကို သင်တို့အား သိစေလို၏။-
1 Gostaria, pois, que soubésseis quão grande luta venho mantendo por vós, pelos laodicenses e por quantos não me viram face a face;
2 ဤသို့ဖြင့် သူတို့ သည် ဘုရားသခင်၏နက်နဲရာဖြစ်သော ခရစ်တော်ကို အမှန်တကယ်နားလည်၍ ကောင်းစွာသိရှိနိုင်ခြင်းငှာ သူတို့အချင်းချင်း ချစ်ခြင်းမေတ္တာ၌ ပေါင်းစပ်ကြလျက် သူတို့၏စိတ်နှလုံး၌ အားပေးနှစ်သိမ့်ခြင်းခံကြရစေရန် ဖြစ်၏။-
2 para que o coração deles seja confortado e vinculado juntamente em amor, e eles tenham toda a riqueza da forte convicção do entendimento, para compreenderem plenamente o mistério de Deus, Cristo,
3 ဉာဏ်ပညာနှင့် အသိတရားတို့၏ဘဏ္ဍာများမှာ ခရစ်တော်၌ပင် ဝှက်ကွယ်လျက်ရှိ၏။-
3 em quem todos os tesouros da sabedoria e do conhecimento estão ocultos.
4 မည်သူကမျှ သင်တို့ကို ဆွဲဆောင်ဖြား ယောင်းတတ်သောစကားများဖြင့် မလှည့်ဖြားနိုင်စေရန် သင်တို့အား ငါဤသို့ပြော ဆိုခြင်း ဖြစ်၏။-
4 Assim digo para que ninguém vos engane com raciocínios falazes.
5 ငါသည် ကိုယ်ကာယအားဖြင့် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိ၏။ သင်တို့သည် ကောင်းမွန်စွာနေထိုင်ကြသည်ကို လည်းကောင်း၊ ခရစ်တော်၌ မြဲမြံစွာ ယုံကြည်ကြသည် ကိုလည်းကောင်း တွေ့ရသောကြောင့် ငါဝမ်းမြောက်ပါ၏။
5 Pois, embora ausente quanto ao corpo, contudo, em espírito, estou convosco, alegrando-me e verificando a vossa boa ordem e a firmeza da vossa fé em Cristo.
6 ထို့ကြောင့် သင်တို့သည် ယေဇူးခရစ်တော်သခင် ကို ခံယူခဲ့ကြသည့်အတိုင်း ကိုယ်တော်၌အသက်ရှင်ကြလော့။-
6 Ora, como recebestes Cristo Jesus, o Senhor, assim andai nele,
7 သင်တို့ သင်ယူခဲ့ကြရသည့်အတိုင်း ကျေးဇူးတော်ကို အပြည့်အဝချီးမွမ်းကြလျက် ယုံကြည်ခြင်း၌ ခိုင်မြဲစေပြီး သင်တို့၏ ဘ၀အသက်တာကို ကိုယ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။
7 nele radicados, e edificados, e confirmados na fé, tal como fostes instruídos, crescendo em ações de graças.
8 ခရစ်တော်၏လမ်းစဉ်အတိုင်းမဟုတ်ဘဲ လူတို့၏ ထုံးတမ်းစဉ်လာများနှင့် ဤလောက၏အခြေခံသဘော တရားများက အခြေခံ၍ ထွက်ပေါ်လာသော အနှစ်သာရ ကင်းမဲ့သည့်လှည့်စားချက်နှင့် အတွေးအခေါ်တို့ဖြင့် မည် သူကမျှ သင်တို့ကို မဖျက် ဆီးစေရန် သတိပြုကြလော့။-
8 Cuidado que ninguém vos venha a enredar com sua filosofia e vãs sutilezas, conforme a tradição dos homens, conforme os rudimentos do mundo e não segundo Cristo;
9 အကြောင်းမူကား ဘုရားဇာတိအပြည့်အစုံသည် ကိုယ်ကာယပုံသဏ္ဌာန်ဖြင့် ကိုယ်တော်၌ကိန်းဝပ်တော်မူ၏။-
9 porquanto, nele, habita, corporalmente, toda a plenitude da Divindade.
10 သင်တို့သည်လည်း အုပ်စိုးမှုနှင့်တန်ခိုးအာဏာရှိသမျှ တို့၏အရှင်ဖြစ်တော်မူသော ကိုယ်တော်၌ ပြည့်၀စုံလင် သောအသက် တာကိုရရှိကြ၏။-
10 Também, nele, estais aperfeiçoados. Ele é o cabeça de todo principado e potestade.
11 ထို့ပြင် သင်တို့သည် ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် အသွေးအသား ခန္ဓာကိုယ်ကို စွန့်ပယ်ကြသည်ဖြစ်၍ လူတို့၏ လက်ဖြင့် မလုပ်ဆောင်သောအရေဖျားလှီးခြင်းကိုခံယူကြ၏။-
11 Nele, também fostes circuncidados, não por intermédio de mãos, mas no despojamento do corpo da carne, que é a circuncisão de Cristo,
12 ထို့နောက် သင်တို့သည် ဆေးကြောခြင်းမင်္ဂလာ၌ ကိုယ်တော်နှင့်အတူ မြှုပ်နှံသဂြိုဟ်ခြင်းကိုခံကြ၏။ ဤသို့ဖြင့် သင်တို့ သည် ကိုယ်တော့်ကို သေသူတို့အစုမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် ထိုဆေးကြောခြင်းမင်္ဂလာ၌ပင် ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ကြရ၏။-
12 tendo sido sepultados, juntamente com ele, no batismo, no qual igualmente fostes ressuscitados mediante a fé no poder de Deus que o ressuscitou dentre os mortos.
13 သင်တို့ သည် အပြစ်သားများဖြစ်ကြပြီး ခန္ဓာကိုယ်၏အလိုဆန္ဒ များကို စွန့်ပယ်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြသော အခါ ဘုရားသခင်သည် ငါတို့၏မကောင်းမှုအားလုံးကို ခွင့်လွှတ်၍ သင်တို့အား သားတော်နှင့်အတူ အသက်ရှင် စေတော်မူခဲ့၏။-
13 E a vós outros, que estáveis mortos pelas vossas transgressões e pela incircuncisão da vossa carne, vos deu vida juntamente com ele, perdoando todos os nossos delitos;
14 ကိုယ်တော်သည် ပညတ်တရား၏ တောင်းဆိုချက်များနှင့် ငါတို့၏အပြစ်ကြွေးများကိုပယ် ဖျက်တော်မူ၏။ ကိုယ်တော်သည် ထိုအရာများကို လက် ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းဖြင့် ဖျက်သိမ်းတော်မူ၏။-
14 tendo cancelado o escrito de dívida, que era contra nós e que constava de ordenanças, o qual nos era prejudicial, removeu-o inteiramente, encravando-o na cruz;
15 ကိုယ်တော်သည် အုပ်ချုပ်သူများနှင့် တန်ခိုးအာ ဏာရှင်တို့ကိုဖယ်ရှား၍ သားတော်အားဖြင့် ၎င်းတို့ကို အောင်နိုင်ကြောင်း လူအများရှေ့တွင် ထုတ်ဖော်ပြတော် ၏။
15 e, despojando os principados e as potestades, publicamente os expôs ao desprezo, triunfando deles na cruz.
16 ထို့ကြောင့် အစားအသောက်အတွက်ဖြစ်စေ၊ ပွဲလမ်းသဘင်ကျင်းပရာတွင်ဖြစ်စေ၊ လပြည့်နေ့ သို့မဟုတ် ဥပုသ်နေ့အတွက် ဖြစ်စေ မည်သူကမျှ သင်တို့အပေါ် စီရင်ဆုံးဖြတ်ခြင်းမပြုစေနှင့်။-
16 Ninguém, pois, vos julgue por causa de comida e bebida, ou dia de festa, ou lua nova, ou sábados,
17 ဤအရာတို့သည် နောင်ဖြစ်လတ္တံ့သောအရာ၏အရိပ်သာ ဖြစ်၏။ ခရစ်တော်၏ ခန္ဓာကိုယ်သာလျှင် စစ်မှန်သောအရာ ဖြစ်တော်မူ၏။-
17 porque tudo isso tem sido sombra das coisas que haviam de vir; porém o corpo é de Cristo.
18 လွဲမှားသောနှိမ့်ချခြင်းနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းတို့ကို အခိုင်အမာပြောဆိုလျက် ထူး ခြားသော ဗျာဒိတ်ရူပါရုံများကိုမြင်ရသောကြောင့် အခြားသူတို့ထက် ပိုမိုမြင့်မြတ်သည်ဟုပြောဆိုပြီး လူတို့၏အမြင်ဖြင့် အကြောင်းမဲ့ ထောင်လွှား သောသူတို့သည် သင်တို့ကို မထိုက်တန်ကြောင်းစီရင်ခြင်းမပြုစေကြနှင့်။-
18 Ninguém se faça árbitro contra vós outros, pretextando humildade e culto dos anjos, baseando-se em visões, enfatuado, sem motivo algum, na sua mente carnal,
19 ထိုသူတို့သည် ဦးခေါင်းနှင့် ဆက်နွယ် ခြင်းမရှိကြချေ။ ထိုဦးခေါင်းသည်ကား ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း၏အရိုး အဆစ်များ အားဖြင့် ပေါင်းစည်းပေးထားလျက် အင်အား ဖြစ်စေပြီး ဘုရားသခင်ထံတော်မှလာသောကြီးထွားမှု ကို ရရှိစေ၏။
19 e não retendo a cabeça, da qual todo o corpo, suprido e bem-vinculado por suas juntas e ligamentos, cresce o crescimento que procede de Deus.
20 သင်တို့သည် ခရစ်တော်နှင့်အတူ ဤလောက၏ အတွေးအခေါ်များမှ စုတေခဲ့ကြလျှင် အဘယ်ကြောင့် လောကနှင့် သက်ဆိုင်သူများကဲ့သို့ ဆက်လက်ကျင့်ကြံ နေထိုင်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည်၊-
20 Se morrestes com Cristo para os rudimentos do mundo, por que, como se vivêsseis no mundo, vos sujeitais a ordenanças:
21 မကိုင်တွယ်ရ၊ မမြည်းစမ်းရ၊ မထိရစသည့်ဥပဒေများကို လိုက်နာနေကြသနည်း။-
21 não manuseies isto, não proves aquilo, não toques aquiloutro,
22 ဤအရာတို့သည် လူတို့ဖန် တီးသည့်ဥပဒေများနှင့် သွန်သင်ချက်များဖြစ်ကြသည့် အလျောက် ယင်းတို့ကို လိုက်နာနေစဉ် တွင်ပင် အားလုံး ပျက်စီးပျောက်ကွယ်သွားတတ်သောအရာများဖြစ်ကြ၏။-
22 segundo os preceitos e doutrinas dos homens? Pois que todas estas coisas, com o uso, se destroem.
23 ဤအရာတို့သည် ပြင်းထန်စွာကိုးကွယ်ဆည်းကပ်ခြင်း၊ လွဲမှားသောနှိမ့်ချခြင်း၊ ခန္ဓာကိုယ်ကို ဥပေက္ခာပြုခြင်း စသည်တို့ကို ကျင့်ကြံစေရန် အားပေးရာတွင် ဉာဏ်ပညာရှိဟန်ပေါ်လွင်သော်လည်း ကိုယ်ကာယ၏တပ်မက်မှုများကို ချုပ်တည်းရာ၌မူ အကျိုးမပြုချေ။
23 Tais coisas, com efeito, têm aparência de sabedoria, como culto de si mesmo, e de falsa humildade, e de rigor ascético; todavia, não têm valor algum contra a sensualidade.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Colossenses 2, comparar traduções ou montar um estudo — tudo direto pelo WhatsApp.