Atos 9

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 ဆောလုမူကား သခင်ဘုရား၏ တပည့်တော်များကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်လျက်ပင်ရှိပြီး ရဟန်းအကြီးအကဲထံသို့ သွား၍၊-
1 Enquanto isso, Saulo ainda respirava ameaças de morte contra os discípulos do Senhor. Dirigindo-se ao sumo sacerdote,
2 ထိုတရားလမ်းတော်ကို လိုက်ကြသော ယောက်ျား၊ မိန်းမတို့ကိုတွေ့လျှင် ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာ နိုင်ခြင်းငှာ ဒါမစကုမြို့ ရှိ တရားဇရပ်များသို့ အမိန့်စာရေးပေးရန် တောင်းဆိုလေ၏။-
2 pediu-lhe cartas para as sinagogas de Damasco, de maneira que, caso encontrasse ali homens ou mulheres que pertencessem ao Caminho, pudesse levá-los presos para Jerusalém.
3 ဤသို့ဖြင့် သူသည် ခရီးထွက်လာခဲ့ရာ ဒါမစကုမြို့သို့ ရောက်လုဆဲဆဲတွင် ရုတ်တရက်ကောင်းကင်မှ အလင်းတန်း တစ်ခုသည် သူ့ပတ်ဝန်းကျင်တွင် ထွန်းတောက်လေ၏။-
3 Em sua viagem, quando se aproximava de Damasco, de repente brilhou ao seu redor uma luz vinda do céu.
4 သူသည်လည်း မြေပေါ်သို့လဲကျသွားပြီးလျှင် ဆောလု၊ ဆောလု၊ သင်သည် အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်းနှိပ်စက်သနည်းဟု မိမိအား ပြောနေသော အသံတစ်ခုကိုကြားလေ၏။-
4 Ele caiu por terra e ouviu uma voz que lhe dizia: "Saulo, Saulo, por que você me persegue? "
5 သူက သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလေ၏။ ထိုအခါ ထိုသူက ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသော ယေဇူးပင်ဖြစ်၏။ ဆူးညှောင့်ကို ခြေနှင့်ကန်ကျောက်ရန် သင့်အတွက် ခက်လှပေစွ။-
5 Saulo perguntou: "Quem és tu, Senhor? " Ele respondeu: "Eu sou Jesus, a quem você persegue.
6 သို့သော် သင်ထ၍ မြို့ထဲသို့ ဝင်လော့။ သင်မည်သို့ဆောင်ရွက်ရမည်ကို သင့်အား ပြောကြားလိမ့်မည်ဟု မိန့်တော်မူ၏။-
6 Levante-se, entre na cidade; alguém lhe dirá o que você deve fazer".
7 သူနှင့်အတူခရီး သွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှမမြင်ရသောကြောင့် မှင်တက်မိလျက် ရပ်နေကြ၏။-
7 Os homens que viajavam com Saulo pararam emudecidos; ouviam a voz mas não viam ninguém.
8 ဆောလုသည် မြေပေါ်မှထ၍ မိမိမျက်စိတို့ကို ဖွင့်သောအခါ မည်သည့်အရာကိုမျှမမြင်ရချေ။ သို့ဖြစ်၍ သူတို့သည် သူ၏လက်ကိုဆွဲ၍ သူ့ကိုဒါမစကုမြို့တွင်းသို့ ခေါ်ဆောင်လာကြ၏။-
8 Saulo levantou-se do chão e, abrindo os olhos, não conseguia ver nada. E eles o levaram pela mão até Damasco.
9 သူသည်လည်း သုံးရက်တိုင်တိုင် မျက်စိကွယ်လျက် မစားမသောက်ဘဲနေလေ၏။
9 Por três dias ele esteve cego, não comeu nem bebeu.
10 ထိုအချိန်၌ ဒါမစကုမြို့တွင် အာနာနိယအမည်ရှိသော တပည့်တော်တစ်ဦးရှိ၏။ သခင်ဘုရားသည် ရူပါရုံထဲ၌ သူ့ကို အာနာနိယဟုခေါ်တော်မူလျှင် သူကလည်း တပည့်တော်ရှိပါသည်သခင်ဟု လျှောက်လေ၏။-
10 Em Damasco havia um discípulo chamado Ananias. O Senhor o chamou numa visão: "Ananias! " "Eis-me aqui, Senhor", respondeu ele.
11 ထိုအခါ သခင်ဘုရားက သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းသို့သွားပြီးလျှင် ဂျုဒ၏နေအိမ်၌ တာဆုမြို့သား ဆောလုအမည်ရှိသော သူကို စုံစမ်းရှာဖွေလော့။ ထိုသူသည် ယခုဆုတောင်းလျက်ရှိ၏။-
11 O Senhor lhe disse: "Vá à casa de Judas, na rua chamada Direita, e pergunte por um homem de Tarso chamado Saulo. Ele está orando;
12 အာနာနိယအမည်ရှိသော လူတစ်ယောက်ဝင်လာ၍ မိမိအပေါ်တွင် သူ၏လက်များကို တင်သဖြင့် မိမိမျက်စိအလင်း ပြန်ရမည်ကို သူသည် မြင်ထားပြီးဖြစ်သည်ဟု မိန့်တော်မူ၏။
12 numa visão viu um homem chamado Ananias chegar e impor-lhe as mãos para que voltasse a ver".
13 သို့ရာတွင် အာနာနိယက သခင်ဘုရား၊ ထိုသူ၏အကြောင်းကို လူအများပြောပြ၍ သူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်၏ သန့်ရှင်းသောသူများကို မည်မျှညှဉ်းပန်းနှိပ်စက်ခဲ့သည်ကို အကျွန်ုပ်ကြားသိပြီးပါပြီ။-
13 Respondeu Ananias: "Senhor, tenho ouvido muita coisa a respeito desse homem e de todo o mal que ele tem feito aos teus santos em Jerusalém.
14 သူသည် ဤအရပ်တွင်လည်း ကိုယ်တော်၏နာမတော်၌ တောင်းလျှောက်သောသူများကို ဖမ်းဆီးခေါ်ဆောင်ရန် အခွင့် အာဏာကို ရဟန်းအကြီးအကဲများထံ ရရှိထားပြီးဖြစ်ပါသည်ဟု ပြန်ဖြေလေ၏။-
14 Ele chegou aqui com autorização dos chefes dos sacerdotes para prender todos os que invocam o teu nome".
15 သို့သော် ကိုယ်တော်က သွားလော့၊ အကြောင်းမူကား သူသည် လူမျိုးခြားများ၊ ဘုရင်များနှင့် အစ္စရာအဲလ်လူမျိုးတို့ရှေ့တွင် ငါ၏နာမတော်ကို ကြေညာဟောပြောရန် ငရွေးချယ်ထားသော ငါ၏လက်နက်တန်ဆာဖြစ်၏။-
15 Mas o Senhor disse a Ananias: "Vá! Este homem é meu instrumento escolhido para levar o meu nome perante os gentios e seus reis, e perante o povo de Israel.
16 အကြောင်းမူကား ငါ၏နာမတော်အတွက် သူသည် မည်မျှဆင်းရဲဒုက္ခ ခံစားရမည်ကို သူ့အား ငါပြတော်မူမည်ဟု အာနာနိယအား မိန့်တော်မူ၏။-
16 Mostrarei a ele o quanto deve sofrer pelo meu nome".
17 သို့ဖြစ်၍ အာနာနိယသည် ထွက်ခွာသွားပြီးလျှင် ထိုအိမ်သို့ ဝင်လေ၏။ ထို့နောက် သူသည် ဆောလု၏ အပေါ်၌ လက်များကိုတင်လျက် ညီတော်ဆောလု၊ သင်လာရာလမ်း၌ သင့်အား ထင်ရှားပြတော်မူသော ယေဇူးသခင်သည် သင့်အား မျက်စိအလင်းကို ပြန်ရစေ၍ သင်သည် ဝိညာဉ်တော်မြတ်နှင့် ပြည့်၀စေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူလေပြီဟု ဆိုလေ၏။-
17 Então Ananias foi, entrou na casa, impôs as mãos sobre Saulo e disse: "Irmão Saulo, o Senhor Jesus, que lhe apareceu no caminho por onde você vinha, enviou-me para que você volte a ver e seja cheio do Espírito Santo".
18 ထိုခဏချင်းတွင် ငါးအကြေးခွံကဲ့သို့သော အရာများသည် သူ၏မျက်စိများထဲမှ ကျလာပြီး သူသည် မျက်စိအလင်းကို ပြန်ရလေ၏။ သူသည်လည်း ထ၍ ဆေးကြောခြင်းကို ခံယူလေ၏။-
18 Imediatamente, algo como escamas caiu dos olhos de Saulo e ele passou a ver novamente. Levantando-se, foi batizado
19 ထို့ နောက် သူသည် အစားအစာကို သုံးဆောင်သဖြင့် ခွန်အားပြည့်လာလေ၏။
19 e, depois de comer, recuperou as forças. Saulo passou vários dias com os discípulos em Damasco.
20 ထို့နောက် သူသည် ချက်ချင်းပင် တရားဇရပ်များ၌ ယေဇူး၏အကြောင်းကို ဟောပြောလျက် ထိုအရှင်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု ဆိုလေ၏။-
20 Logo começou a pregar nas sinagogas que Jesus é o Filho de Deus.
21 သူ့ကိုကြားနာကြသော သူအပေါင်းတို့က ဤသူသည် ဤနာမတော်ကို ပတ္ထနာပြုသော သူတို့အား ဂျေရုဇလင်မြို့တွင် လိုက်လံညှဉ်းဆဲသောသူ ဖြစ်သည်မဟုတ်လော။ သူသည် ထိုသူတို့ကိုဖမ်းဆီး၍ ရဟန်းအကြီးအကဲများ ရှေ့သို့ခေါ်ဆောင် မည်ဟူသော ရည်ရွယ်ချက်နှင့် ဤအရပ်သို့လာခဲ့သည် မဟုတ်လောဟု ဆိုကြ၏။-
21 Todos os que o ouviam ficavam perplexos e perguntavam: "Não é ele o homem que procurava destruir em Jerusalém aqueles que invocam este nome? E não veio para cá justamente para levá-los presos aos chefes dos sacerdotes? "
22 ဆောလုသည်ကား ခွန်အားတိုးလျက် ယေဇူးသည် ခရစ်တော်ဖြစ်ကြောင်းကို သက်သေခံခြင်းဖြင့် ဒါမစကုမြို့တွင် နေထိုင်ကြသော ဂျူးလူမျိုးများ မချေပနိုင်အောင်ဖြစ်စေ၏။
22 Todavia, Saulo se fortalecia cada vez mais e confundia os judeus que viviam em Damasco, demonstrando que Jesus é o Cristo.
23 ရက်ပေါင်းများစွာလွန်သောအခါ ဂျူးလူမျိုးတို့သည် ဆောလုကိုသတ်ရန် တိတ်တဆိတ်ကြံစည်ကြ၏။-
23 Decorridos muitos dias, os judeus decidiram de comum acordo matá-lo,
24 သို့ရာတွင် သူတို့၏အကြံအစည်ကို ဆောလုသိရှိသွားလေ ၏။ သူတို့သည် ဆောလုကိုသတ်ရန် မြို့တံခါးများ၌ နေ့ရောညပါ စောင့်ကြည့်နေကြလေ၏။-
24 mas Saulo ficou sabendo do plano deles. Dia e noite eles vigiavam as portas da cidade a fim de matá-lo.
25 သို့သော် ဆောလု၏ တပည့်များသည် သူ့ကိုညအချိန်၌ ခေါ်ဆောင်ကာ တောင်းတစ်လုံးတွင် ထည့်၍ မြို့ရိုးအပေါ်မှ လျှောချကြ၏။
25 Mas os seus discípulos o levaram de noite e o fizeram descer num cesto, através de uma abertura na muralha.
26 ဆောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပူးပေါင်းရန် ကြိုးစားသော်လည်း သူတို့သည် သူ့ကို ကြောက်ရွံ့ကြလေ၏။ အကြောင်းမူကား သူသည် တပည့်တော်တစ်ဦးဖြစ်သည်ဟု သူတို့မယုံကြည်ကြသောကြောင့်ဖြစ်၏။-
26 Quando chegou a Jerusalém, tentou reunir-se aos discípulos, mas todos estavam com medo dele, não acreditando que fosse realmente um discípulo.
27 သို့သော် ဘာနဘသည် သူ့ကို တမန်တော်တို့ရှေ့သို့ ခေါ်ဆောင်လာပြီးလျှင် လမ်းခရီးတွင် သူသည် သခင်ဘုရားကို မြင်တွေ့ခဲ့ရကြောင်း၊ ကိုယ်တော်သည် သူ့ကို စကားပြောဆိုတော်မူခဲ့ကြောင်းနှင့် သူသည် ဒါမစကုမြို့တွင် ယေဇူး၏နာမတော်၌ ရဲဝံ့စွာ ဟောပြောခဲ့ကြောင်းတို့ကို သူတို့အား ပြောပြလေ၏။-
27 Então Barnabé o levou aos apóstolos e lhes contou como, no caminho, Saulo vira o Senhor, que lhe falara, e como em Damasco ele havia pregado corajosamente em nome de Jesus.
28 ဤသို့ဖြင့် ဆောလုသည် ဂျေရုဆလင်မြို့တွင် သူတို့နှင့်အတူ ဝင်ထွက်သွားလာလျက် သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ ရဲဝံ့စွာဟောပြောလေ၏။-
28 Assim, Saulo ficou com eles, e andava com liberdade em Jerusalém, pregando corajosamente em nome do Senhor.
29 သူသည် ဂရိစကားပြောဆိုသော ဂျူးလူမျိုးများနှင့်လည်း ငြင်းခုံဆွေးနွေးခဲ့၏။ ထိုသူတို့သည်ကား သူ့ကိုသတ်ရန် ကြံစည်ကြ၏။-
29 Falava e discutia com os judeus de fala grega, mas estes tentavam matá-lo.
30 ယုံကြည်သူ ညီအစ်ကိုတို့သည် ထိုအကြောင်းကို ကြားသိကြသောအခါ သူ့အား ဆီဇားရိယမြို့သို့ ခေါ်ဆောင်ခဲ့ကြ၍ တာဆုမြို့သို့ စေလွှတ်လိုက်ကြ၏။
30 Sabendo disso, os irmãos o levaram para Cesaréia e o enviaram para Tarso.
31 အသင်းတော်သည်လည်း ဂျူဒေးယပြည်၊ ဂါလေလေးယပြည်နှင့် ဆမာရိယပြည် တစ်လျှောက်လုံးတို့၌ အေးချမ်းမှုရရှိခဲ့၍ တိုးတက်တည်ထောင်နိုင်ခဲ့၏။ ယုံကြည်သူတို့သည်လည်း သခင်ဘုရား၌ ကြောက်ရွံ့ရိုသေစွာ ကျင့်ကြံကြလျက် ဝိညာဉ်တော် မြတ်၏ အားပေးနှစ်သိမ့်မှုကို ခံယူရရှိကာ အသင်းတော်သည် တိုးပွားများ ပြားလာခဲ့၏။
31 A igreja passava por um período de paz em toda a Judéia, Galiléia e Samaria. Ela se edificava e, encorajada pelo Espírito Santo, crescia em número, vivendo no temor do Senhor.
32 ထိုကာလ၌ ပေတရုသည် ယုံကြည်သူများအကြားတွင် တစ်နေရာမှတစ်နေရာသို့ လှည့်လည်သွားလာရာ လစ်ဒါမြို့တွင် နေထိုင်ကြသော သန့်ရှင်းသူများထံသို့လည်း ရောက်ရှိခဲ့လေ၏။-
32 Viajando por toda parte, Pedro foi visitar os santos que viviam em Lida.
33 ထိုအရပ်၌ လေဖြတ်၍ အိပ်ရာထဲတွင် ရှစ်နှစ်ပတ်လုံးလဲနေရသော ဧနေယအမည်ရှိ လူတစ်ဦးကို ပေတရုတွေ့လေ၏။-
33 Ali encontrou um paralítico chamado Enéias, que estava acamado fazia oito anos.
34 ပေတရုက သူ့အား ဧနေယ၊ ယေဇူးခရစ်တော်သည် သင့်ကို ပျောက်ကင်းချမ်းသာ စေတော်မူပြီ။ ထ၍ သင့်အိပ်ရာကို သိမ်းလော့ဟုဆိုလျှင် ထိုသူသည် ချက်ချင်းထလေ၏။-
34 Disse-lhe Pedro: "Enéias, Jesus Cristo vai curá-lo! Levante-se e arrume a sua cama". Ele se levantou imediatamente.
35 လစ်ဒါနှင့် ရှာရွန်မြို့များတွင် နေထိုင်ကြသော သူအပေါင်းတို့သည် ထိုသူ့ကိုမြင်ကြသောအခါ သခင်ဘုရားထံတော်သို့ ပြောင်းလဲလာကြလေ၏။
35 Todos os que viviam em Lida e Sarona o viram e se converteram ao Senhor.
36 ထိုအချိန်၌ ဂျော့ပါမြို့တွင် တာဘိသာ (ဂရိဘာသာစကားဖြင့် ဒေါကဟုခေါ်ဆိုပြီး ဒရယ်ဟု အဓိပ္ပာယ်ရလေ၏) အမည်ရှိသော တပည့်တော်မတစ်ယောက်ရှိ၏။ သူမသည် ကုသိုလ်ကောင်းမှုနှင့် ပေးကမ်းစွန့်ကြဲခြင်းများကို အစဉ် လုပ်ဆောင်သူတစ်ဦးဖြစ်၏။-
36 Em Jope havia uma discípula chamada Tabita, que em grego é Dorcas, que se dedicava a praticar boas obras e dar esmolas.
37 သူမသည် ထိုနေ့ရက်တို့တွင် ဖျားနာ၍ သေဆုံးသွားလေ၏။ သူတို့သည်လည်း သူမ၏အလောင်းကို သန့်စင်ပေး ပြီးသောအခါ သူမကို အိမ်၏အပေါ်အခန်းတစ်ခု၌ ထားကြ၏။-
37 Naqueles dias ela ficou doente e morreu, e seu corpo foi lavado e colocado num quarto do andar superior.
38 လစ်ဒါမြို့သည် ဂျော့ပါမြို့အနီးတွင်ရှိသောကြောင့် တပည့်တော်တို့သည် ထိုမြို့ ၌ ပေတရုရှိကြောင်း ကြားသိကြသောအခါ သူ့ထံသို့ လူနှစ်ယောက်ကိုစေလွှတ်လျက် ကျေးဇူးပြု၍ အကျွန်ုပ်တို့ထံသို့ အလျင်အမြန်ကြွလာပါ ဟုအသနားခံကြ၏။-
38 Lida ficava perto de Jope, e quando os discípulos ouviram falar que Pedro estava em Lida, mandaram-lhe dois homens dizer-lhe: "Não se demore em vir até nós".
39 ထို့ကြောင့် ပေတရုသည် ထ၍ သူတို့နှင့်အတူ လိုက်သွားလေ၏။ ပေတရုရောက်ရှိလာသောအခါ သူတို့သည် သူ့ကို အပေါ်ထပ်အခန်းသို့ ခေါ်သွားကြ၏။ မုဆိုးမအပေါင်းတို့သည်လည်း ပေတရု၏အနီးတွင် ရပ်၍ ငိုကြွေးကြလျက် သူတို့နှင့်အတူ ဒေါကရှိစဉ်က ချုပ်လုပ်ခဲ့သော အင်္ကျီအဝတ်အစားများကို သူ့အား ပြသကြ၏။-
39 Pedro foi com eles e, quando chegou, foi levado para o quarto do andar superior. Todas as viúvas o rodearam, chorando e mostrando-lhe os vestidos e outras roupas que Dorcas tinha feito quando ainda estava com elas.
40 သို့သော် ပေတရုသည် အားလုံးကို အပြင်သို့ထွက်စေပြီးမှ ဒူးထောက်၍ ဆုတောင်းလေ၏။ ထို့နောက် သူသည် အလောင်းရှိရာဘက်သို့လှည့်၍ တာဘိသာ၊ ထလော့ဟု ဆိုသော် သူမသည် မိမိ၏မျက်စိတို့ကို ဖွင့်လေ၏။ ထို့နောက် ပေတရုကို မြင်သောအခါ သူမသည် ထထိုင်လေ၏။-
40 Pedro mandou que todos saíssem do quarto; depois, ajoelhou-se e orou. Voltando-se para a mulher morta, disse: "Tabita, levante-se". Ela abriu os olhos e, vendo Pedro, sentou-se.
41 ပေတရုသည်လည်း မိမိ၏လက်ကို သူမအား ကမ်းပေးပြီး သူမကို ဆွဲထူလေ၏။ ထို့နောက် ပေတရုသည် သန့်ရှင်းသူများနှင့် မုဆိုးမတို့အားခေါ်၍ သူမကို အသက်ရှင်လျက် ပြန်အပ်လိုက်လေ၏။-
41 Tomando-a pela mão, ajudou-a a pôr-se de pé. Então, chamando os santos e as viúvas, apresentou-a viva.
42 ထိုသတင်းသည်လည်း ဂျော့ပါမြို့တစ်မြို့လုံး ပျံ့နှံ့သွားသည်ဖြစ်၍ များစွာသောလူတို့သည် သခင်ဘုရား၌ ယုံကြည် လာကြ၏။-
42 Este fato se tornou conhecido em toda a cidade de Jope, e muitos creram no Senhor.
43 ပေတရုသည်လည်း ဂျော့ပါမြို့တွင် စီမွန်အမည်ရှိသော သားရေနယ်သူတစ်ဦးနှင့်အတူ ရက်ပေါင်းများစွာ နေထိုင်လေ၏။
43 Pedro ficou em Jope durante algum tempo, com um curtidor de couro chamado Simão.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 9, comparar traduções ou montar um estudo — tudo direto pelo WhatsApp.