Atos 6

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NAA

Sair da comparação
NAA Nova Almeida Atualizada 2017
1 ထိုကာလ၌ တပည့်တော်တို့၏ အရေအတွက်သည် တိုးပွားလာလေ၏။ ထိုအခါ နေ့စဉ်အစားအစာ ဝေငှရာ၌ မိမိတို့ထဲမှ မုဆိုးမများသည် လျစ်လျူရှုထားခြင်း ခံရသောကြောင့် ဂရိစကားပြောဆိုသူတို့က ဟေဗြေဦးစကား ပြောဆိုသူတို့ကို အပြစ်တင်ကြ၏။-
1 Naqueles dias, aumentando o número dos discípulos, houve murmuração dos helenistas contra os hebreus, porque as viúvas deles estavam sendo esquecidas na distribuição diária.
2 ထို့ကြောင့် တစ်ကျိပ်နှစ်ပါးတို့သည် တပည့်တော်အပေါင်းတို့ကို စုဝေးစေ၍ ဆိုကြသည်မှာ ငါတို့သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကား ဟောပြောခြင်းအမှုကိုစွန့်၍ ကျွေးမွေးခြင်းအမှုကို ဆောင်ရွက်ရန် မသင့်လျော်ချေ။-
2 Então os doze convocaram a comunidade dos discípulos e disseram: — Não é correto que nós abandonemos a palavra de Deus para servir às mesas.
3 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ထဲတွင် ဂုဏ်သိက္ခာရှိ၍ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ပညာအမြော်အမြင်နှင့် လည်းကောင်း ပြည့်စုံသောသူခုနစ်ဦးကို ရွေးချယ်ကြလော့။ ငါတို့သည် ထိုသူတို့အား ဤတာဝန်ကို ထမ်းဆောင်ကြရန် ခန့်အပ်ထားမည်။-
3 Por isso, irmãos, escolham entre vocês sete homens de boa reputação, cheios do Espírito e de sabedoria, para os encarregarmos desse serviço.
4 ငါတို့မူကား ဆုတောင်းပတ္ထနာပြုခြင်းနှင့် နှုတ်တော်ထွက်စကားဟော ပြောခြင်းအမှုတော်များ၌သာ မြဲမြံစွာ ဆောင်ရွက်ကြ မည် ဟုဆိုကြ၏။-
4 Quanto a nós, nos consagraremos à oração e ao ministério da palavra.
5 စုဝေးနေကြသူအားလုံးတို့သည် သူတို့ပြောသောစကားကို နှစ်သက်ကြသဖြင့် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ ဝိညာဉ်တော် မြတ်နှင့်လည်းကောင်း ပြည့်စုံသောစတေဖနု၊ ဖိလိပု၊ ပရိုခိုရု၊ နီကာနော်၊ တီမွန်၊ ပါမေန၊ ဂျူးဘာသာထဲသို့ ဝင်လာသော အန္တီယော့မြို့သား နီကောလတို့ကို ရွေးချယ်ကြ၏။-
5 O parecer agradou a todos. Então elegeram Estêvão, homem cheio de fé e do Espírito Santo, Filipe, Prócoro, Nicanor, Timão, Pármenas e Nicolau, prosélito de Antioquia.
6 သူတို့သည် ဤသူတို့ကို တမန်တော်တို့၏ရှေ့သို့ ခေါ်ဆောင်လာကြ၍ တမန်တော်တို့သည်လည်း ဆုတောင်းပြီး မိမိတို့၏ လက်များကို သူတို့အပေါ်သို့တင်ကြ၏။
6 Apresentaram estes homens aos apóstolos, que, orando, lhes impuseram as mãos.
7 ဘုရားသခင်၏ နှုတ်တော်ထွက်စကားသည်လည်း ဆက်လက်၍ ပျံ့နှံ့လေ၏။ ဂျေရုဆလင်မြို့၌လည်း တပည့်တော်တို့၏ အရေအတွက်သည် များစွာတိုးပွားလာလေ၏။ မြောက်မြားစွာသော ရဟန်းတို့သည်လည်း ယုံကြည်ခြင်းကို လိုက်နာလာကြ၏။
7 A palavra de Deus crescia e, em Jerusalém, o número dos discípulos aumentava. Também um grande grupo de sacerdotes obedecia à fé.
8 စတေဖနုသည် ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ပြည့်စုံလျက် လူအများရှေ့တွင် ကြီးစွာသော တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်ရာများကိုပြုလုပ်လေ၏။-
8 Estêvão, cheio de graça e de poder, fazia prodígios e grandes sinais entre o povo.
9 ထိုစဉ် လွတ်လပ်သူများ၏ တရားဇရပ်ဟုခေါ်သော တရားဇရပ်တွင် ပါဝင်သောသူအချို့၊ ဆီရီနေနှင့် အလက်ဇန္ဒြား မြို့သားများ၊ စီလိစိယနှင့် အာရှမှလာသောသူများသည် စတေဖနုနှင့် အငြင်းပွားကြ၏။-
9 Então alguns dos que eram da sinagoga chamada dos Libertos, dos cireneus, dos alexandrinos e dos da Cilícia e da província da Ásia se levantaram e discutiam com Estêvão.
10 သို့ရာတွင် သူတို့သည် ဉာဏ်ပညာနှင့် ဝိညာဉ်တော်အားဖြင့် စတေဖနုပြောဆိုသော စကားများကို ခုခံချေပခြင်း မပြုနိုင်ကြချေ။-
10 Mas eles não podiam resistir à sabedoria e ao Espírito, pelo qual ele falava.
11 ထိုအခါ သူတို့သည် လူတို့ကို တိတ်တဆိတ် သွေးထိုးလှုံ့ဆော်ထားသဖြင့် ထိုသူတို့က ဤသူသည် မိုးဇက်နှင့် ဘုရားသခင်အား ထိခိုက်သည့်စကား များပြောဆိုသည်ကို ငါတို့ကြားကြရပါသည်ဟု ဆိုကြ၏။-
11 Então subornaram alguns homens para que dissessem: — Ouvimos este homem proferir blasfêmias contra Moisés e contra Deus.
12 ဤသို့ဖြင့် သူတို့သည် လူများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာများကို သွေးထိုးလှုံ့ဆော်ကြသဖြင့် ထိုသူတို့သည် စုဝေးကြ၍ စတေဖနုကို ဖမ်းဆီးကြပြီး ဘာသာရေးလွှတ်တော်ရှေ့သို့ ပို့ကြလေ၏။-
12 Atiçaram o povo, os anciãos e os escribas e, investindo contra Estêvão, o agarraram e levaram ao Sinédrio.
13 ထို့နောက် သူတို့သည် မမှန်သော သက်သေခံသူများကို ခေါ်လာ၍ ထိုသူတို့က ဤသူသည် သန့်ရှင်းရာဌာနနှင့် ပညတ်တရားတော်တို့ကို အဆက်မပြတ် ဆန့်ကျင်ပြောဆို လျက်ရှိပါသည်။-
13 Apresentaram testemunhas falsas, que disseram: — Este homem não para de falar contra o lugar santo e contra a lei.
14 အကြောင်းမူကား သူက နာဇရက်မြို့သား ယေဇူးသည် ဤဗိမာန်တော်ကို ဖျက်ဆီး၍ အကျွန်ုပ်တို့အား မိုးဇက် ပေးထားခဲ့သော ရှေးထုံးစဉ်လာများကို ပြောင်းလဲလိမ့်မည်ဟူ၍ ပြောဆိုကြောင်းကို အကျွန်ုပ်တို့ ကြားကြပါသည်ဟု ထွက်ဆိုကြ၏။-
14 Nós o ouvimos dizer que esse Jesus, o Nazareno, destruirá este lugar e mudará os costumes que Moisés nos deu.
15 ဘာသာရေးလွှတ်တော်တွင် ထိုင်နေကြသော သူအပေါင်းတို့သည် သူ့ကို စူးစိုက်ကြည့်ကြသောအခါ သူ၏မျက်နှာသည် ကောင်းကင်တမန်တော်၏ မျက်နှာကဲ့သို့ ဖြစ်သည်ကို တွေ့ မြင်ကြ၏။
15 Todos os que estavam sentados no Sinédrio, fitando os olhos em Estêvão, viram o seu rosto como se fosse rosto de anjo.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 6, comparar traduções ou montar um estudo — tudo direto pelo WhatsApp.