Atos 4

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs NVI

Sair da comparação
NVI Nova Versão Internacional
1 သူတို့သည် လူပရိသတ်တို့အား ဟောပြောနေကြစဉ် ရဟန်းများ၊ ဗိမာန်တော်မှူးနှင့် ဇာဒူခေးဦးတို့သည် သူတို့ထံသို့ ရောက်လာကြ၏။-
1 Enquanto Pedro e João falavam ao povo, chegaram os sacerdotes, o capitão da guarda do templo e os saduceus.
2 တမန်တော်တို့သည် လူပရိသတ်တို့အား ယေဇူး၏အကြောင်းကို ဟောပြောခြင်းအားဖြင့် သေခြင်းမှရှင်ပြန် ထမြောက်ခြင်း ကို သွန်သင်နေကြသောကြောင့် ထိုသူတို့သည် မခံမရပ်နိုင်ဖြစ်ကြ၏။-
2 Eles estavam muito perturbados porque os apóstolos estavam ensinando o povo e proclamando em Jesus a ressurreição dos mortos.
3 သူတို့သည်လည်း တမန်တော်တို့ကို ဖမ်းဆီးကြပြီး မိုးချုပ်ပြီဖြစ်သောကြောင့် သူတို့ကို နောက်တစ်နေ့ နံနက်တိုင်အောင် အကျဉ်းထောင်ထဲ၌ ချုပ်ထားကြ၏။-
3 Agarraram Pedro e João e, como já estava anoitecendo, os colocaram na prisão até o dia seguinte.
4 သို့သော် သူတို့၏တရားစကားကို ကြားနာကြသော သူများစွာတို့သည် ယုံကြည်လာကြပြီး ယခုအခါတွင် သူတို့သည် အရေအတွက်အားဖြင့် လူငါးထောင်ခန့် ရှိပြီဖြစ်၏။
4 Mas, muitos dos que tinham ouvido a mensagem creram, chegando o número dos homens que creram a perto de cinco mil.
5 နောက်တစ်နေ့တွင် သူတို့၏ အုပ်ချုပ်သူအရာရှိများ၊ သက်ကြီးဝါကြီးများနှင့် ကျမ်းတတ်ဆရာများတို့သည် ဂျေရုဆလင်မြို့၌ စုဝေးကြလေ၏။-
5 No dia seguinte, as autoridades, os líderes religiosos e os mestres da lei reuniram-se em Jerusalém.
6 ရဟန်းအကြီးအကဲ အန္နား၊ ကာအိဖ၊ ယောဟန်၊ အလက်ဇန္ဒားနှင့် ရဟန်းအကြီးအကဲအမျိုးအနွယ် ရှိသမျှတို့သည်လည်း ပါဝင်ကြ၏။-
6 Estavam ali Anás, o sumo sacerdote, bem como Caifás, João, Alexandre e todos os que eram da família do sumo sacerdote.
7 ထိုသူတို့သည် တမန်တော်တို့ကို မိမိတို့အလယ်၌ ထားကြ၍ သင်တို့သည် မည်သည့်တန်ခိုးအာဏာ၊ မည်သူ၏နာမအားဖြင့် ဤအမှုကိုပြုကြသနည်းဟု မေးကြ၏။-
7 Mandaram trazer Pedro e João diante deles e começaram a interrogá-los: "Com que poder ou em nome de quem vocês fizeram isso? "
8 ထိုအခါ ပေတရုသည် ဝိညာဉ်တော်မြတ်နှင့်ပြည့်၀လျက် သူတို့အား ပြောဆိုသည်မှာ လူတို့ကို အုပ်ချုပ်သူ အရာရှိများနှင့် သက်ကြီးဝါကြီးများတို့၊-
8 Então Pedro, cheio do Espírito Santo, disse-lhes: "Autoridades e líderes do povo!
9 ခြေမသန်စွမ်းသော သူတစ်ယောက်အား ငါတို့ကောင်းကျိုးပြုခဲ့ခြင်း အပေါ်၌လည်းကောင်း၊ သူသည် မည်ကဲ့သို့ ရောဂါပျောက်ကင်းလာသည့် အပေါ်၌လည်းကောင်း သင်တို့စစ်ဆေးကြလျှင်၊-
9 Visto que hoje somos chamados para prestar contas de um ato de bondade em favor de um aleijado, sendo interrogados acerca de como ele foi curado,
10 သင်တို့အားလုံးနှင့် အစ္စရာအဲလ်လူမျိုးအပေါင်းတို့ သိမှတ်ရမည်မှာ လက်ဝါးကပ်တိုင်ပေါ်၌ သင်တို့ကွပ်မျက်ကြပြီး ဘုရားသခင်သည် သေသူတို့အစုမှ ရှင်ပြန်ထမြောက်စေတော်မူသော နာဇရက်မြို့သား ယေဇူးခရစ်တော်၏နာမတော်အားဖြင့် ဤသူသည် သင်တို့မျက်မှောက်၌ ကျန်းမာစွာ ရပ်လျက်နေ၏။-
10 saibam os senhores e todo o povo de Israel que por meio do nome de Jesus Cristo, o Nazareno, a quem os senhores crucificaram, mas a quem Deus ressuscitou dos mortos, este homem está aí curado diante dos senhores.
11 ဤသူသည်ကား တိုက်ဆောက်သူ သင်တို့ ဖယ်ထားသည့် ကျောက်ဖြစ်သော်လည်း အရေးကြီးသော ထောင့်ချုပ်ကျောက် ဖြစ်လာသောသူပေတည်း။-
11 Este Jesus é ‘a pedra que vocês, construtores, rejeitaram, e que se tornou a pedra angular’.
12 အခြားသောသူအားဖြင့် ကယ်တင်ခြင်းလမ်းမရှိ။ အကြောင်းမူကား မိုးကောင်းကင်အောက်၌ လူတို့အလယ်တွင် ငါတို့ ကယ်တင်ခြင်းရရှိနိုင်မည့် အခြားသောအမည်နာမ မရှိဟု ဆိုလေ၏။
12 Não há salvação em nenhum outro, pois, debaixo do céu não há nenhum outro nome dado aos homens pelo qual devamos ser salvos".
13 ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့၏ ရဲစွမ်းသတ္တိကိုမြင်ကြလျှင် သူတို့သည် ပညာတတ်များ မဟုတ်ဘဲ သာမန်လူများ ဖြစ်ကြသည်ကို သိသဖြင့် အံ့ဩကြလေ၏။ ဤသူနှစ်ဦးတို့သည် ယေဇူးနှင့်အတူ ရှိခဲ့ကြသည်ကိုလည်း သူတို့သတိရကြ၏။-
13 Vendo a coragem de Pedro e de João, e percebendo que eram homens comuns e sem instrução, ficaram admirados e reconheceram que eles haviam estado com Jesus.
14 သို့သော် ရောဂါ ပျောက်ကင်းသွားသောသူသည် သူတို့၏နံဘေးတွင် ရပ်လျက်နေသည်ကို သူတို့မြင်ကြသောအခါ သူတို့၌ ငြင်းခုံစရာအကြောင်း မရှိတော့ချေ။-
14 E como podiam ver ali com eles o homem que fora curado, nada podiam dizer contra eles.
15 ထို့ကြောင့် သူတို့သည် တမန်တော်တို့ကို လွှတ်တော်အပြင်သို့ ထွက်သွားစေပြီးမှ အချင်းချင်း ဆွေးနွေးတိုင်ပင်လျက် ဆိုကြသည်မှာ၊-
15 Assim, ordenaram que se retirassem do Sinédrio e começaram a discutir,
16 ဤသူတို့ကို ငါတို့မည်သို့ပြုရမည်နည်း။ အကြောင်းမူကား သူတို့သည် ထူးခြားသော တန်ခိုးလက္ခဏာတစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ဂျေရုဆလင်မြို့သူမြို့သားများ ထင်ရှားစွာ သိမြင်ကြသဖြင့် ယင်းကို ငြင်းဆိုခြင်းငှာ ငါတို့မတတ်နိုင်ကြ။-
16 perguntando: "Que faremos com esses homens? Todos os que moram em Jerusalém sabem que eles realizaram um milagre notório que não podemos negar.
17 သို့သော် ဤသတင်းသည် လူတို့အကြားတွင် နောက်ထပ်မပျံ့နှံ့စေခြင်းငှာ ဤအမည်နာမကိုအမှီပြု၍ မည်သူ့ကိုမျှ ထပ်မံဟောပြောခြင်း မပြုစေရန် ဤသူနှစ်ယောက်ကို ခြိမ်းခြောက်ကြစို့ဟု ဆိုကြ၏။
17 Todavia, para impedir que isso se espalhe ainda mais entre o povo, precisamos adverti-los de que não falem mais com ninguém sobre esse nome".
18 ထို့နောက် သူတို့သည် တမန်တော်တို့ကိုခေါ်ပြီးလျှင် ယေဇူး၏နာမကိုအမှီပြုလျက် ထပ်မံဟောပြောသွန်သင်ခြင်း လုံး၀မပြုလုပ်ရန် တားမြစ်ကြ၏။-
18 Então, chamando-os novamente, ordenaram-lhes que não falassem nem ensinassem em nome de Jesus.
19 သို့သော် ပေတရုနှင့် ယောဟန်တို့က ဘုရားသခင်၏စကားကို နားမထောင်ဘဲ သင်တို့၏စကားကို နားထောင်ခြင်းသည် ဘုရားသခင်၏မျက်မှောက်တွင် မှန်သည်၊ မမှန်သည်ကို သင်တို့သာလျှင် ဆုံးဖြတ်ကြလော့။-
19 Mas Pedro e João responderam: "Julguem os senhores mesmos se é justo aos olhos de Deus obedecer aos senhores e não a Deus.
20 အကြောင်းမူကား ငါတို့သည် ငါတို့မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်ဟုပြန်ပြောကြ၏။-
20 Pois não podemos deixar de falar do que vimos e ouvimos".
21 ထိုသူတို့သည်လည်း တမန်တော်တို့ကို အပြစ်ပေးရန် နည်းလမ်းရှာမတွေ့ ကြသဖြင့် သူတို့ကို ထပ်မံခြိမ်းခြောက်ကြပြီးလျှင် လွှတ်လိုက်ကြ၏။ အကြောင်းမူကား လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သော အခြင်းအရာအတွက် ဘုရားသခင်ကိုချီးမွမ်းကြ သောကြောင့်ဖြစ်၏။-
21 Depois de mais ameaças, eles os deixaram ir. Não tinham como castigá-los, porque todo o povo estava louvando a Deus pelo que acontecera.
22 ဤတန်ခိုးလက္ခဏာဖြင့် ရောဂါပျောက်ကင်းသော သူသည်လည်း အသက်လေးဆယ် ကျော်ပြီဖြစ်သောကြောင့်တည်း။
22 Pois o homem que fora curado milagrosamente tinha mais de quarenta anos de idade.
23 တမန်တော်တို့သည် လွတ်လာကြသောအခါ မိမိတို့၏ အပေါင်းအဖော်များထံသို့လာကြပြီးလျှင် မိမိတို့အား ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့က ပြောခဲ့သမျှကို ပြန်၍ပြောပြကြလေ၏။-
23 Quando foram soltos, Pedro e João voltaram para os seus e contaram tudo o que os chefes dos sacerdotes e os líderes religiosos lhes tinham dito.
24 ထိုသူတို့သည်လည်း ဤအကြောင်းကိုကြားလျှင် အတူတကွ အသံကိုမြှင့်၍ ဘုရားသခင်ထံ ဆုတောင်းကြသည်မှာ အုပ်စိုး တော်မူသော ထာ၀ရဘုရားသခင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူပါ၏။-
24 Ouvindo isso, levantaram juntos a voz a Deus, dizendo: "Ó Soberano, tu fizeste o céu, a terra, o mar e tudo o que neles há!
25 ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘိုးဘေးဖြစ်သော၊ ကိုယ်တော်၏အစေခံ ဒါဝိဒ်မင်းကြီး၏ နှုတ်မှနေ၍ ဝိညာဉ်တော်မြတ်အားဖြင့် ဗျာဒိတ်ပေးတော်မူခဲ့သည်ကား လူမျိုးခြားတို့သည် အဘယ်ကြောင့် အမျက်ထွက်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အကျိုးမဲ့သော အရာများကို တွေးတောကြံစည်ကြသနည်း။-
25 Tu falaste pelo Espírito Santo por boca do teu servo, nosso pai Davi: ‘Por que se enfurecem as nações, e os povos conspiram em vão?
26 လောကီဘုရင်တို့သည် ထကြ၍ အုပ်စိုးသူမင်းတို့သည်လည်း အတူတကွစုဝေးကြလျက် ထာ၀ရဘုရားသခင် ကိုလည်းကောင်း၊ ကိုယ်တော်၏ ခရစ်တော်ကိုလည်းကောင်း ဆန့်ကျင်ရန် ပြင်ဆင်ကြ၏ဟူ၍ဖြစ်သတည်း။-
26 Os reis da terra se levantam, e os governantes se reúnem contra o Senhor e contra o seu Ungido’.
27 အကြောင်းမူကား ဤမြို့၌ ဟေရုဒ်၊ ပုံစီဦးပီလာတု၊ လူမျိုးခြားများနှင့် အစ္စရာအဲလ်လူမျိုးတို့သည် ကိုယ်တော်ဘိသိက် ပေးတော်မူခဲ့သော ကိုယ်တော်၏သားတော် ယေဇူးကိုဆန့်ကျင်ရန် အမှန်ပင်စုဝေးကြလေပြီ။-
27 De fato, Herodes e Pôncio Pilatos reuniram-se com os gentios e com os povos de Israel nesta cidade, para conspirar contra o teu santo servo Jesus, a quem ungiste.
28 သူတို့သည် ကိုယ်တော်၏လက်တော်နှင့် အလိုတော်အတိုင်း ကြိုတင်စီမံထားတော်မူသမျှကို ပြည့်စုံစေရန် ထိုသို့ပြုခဲ့ ကြခြင်းပင် ဖြစ်ပါ၏။-
28 Fizeram o que o teu poder e a tua vontade haviam decidido de antemão que acontecesse.
29 အိုထာ၀ရဘုရား သခင်၊ ယခုလည်း သူတို့၏ခြိမ်းခြောက်မှုများကို ကြည့်တော်မူပါ။-
29 Agora, Senhor, considera as ameaças deles e capacita os teus servos para anunciarem a tua palavra corajosamente.
30 အနာရောဂါများကို ပျောက်ကင်းစေရန် ကိုယ်တော်၏လက်တော်ကို ဆန့်တန်းတော်မူ၍ ကိုယ်တော်၏သန့်ရှင်းသော သားတော်ယေဇူး၏ နာမတော်၌ တန်ခိုးလက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြုလုပ်စေခြင်းဖြင့် ကိုယ်တော်၏အစေခံတို့အား ကိုယ်တော်၏နှုတ်တော်ထွက်စကားကို ရဲဝံ့စွာ ဟောပြောနိုင်သောအခွင့် ပေးသနားတော်မူပါဟု ဆုတောင်းကြ၏။-
30 Estende a tua mão para curar e realizar sinais e maravilhas por meio do nome do teu santo servo Jesus".
31 သူတို့ဆုတောင်းပြီးသောအခါ သူတို့ စုဝေးနေကြသောအိမ်သည် လှုပ်ခါ၍ သူတို့သည်လည်း ဝိညာဉ်တော်မြတ်နှင့် ပြည့်၀ကြသဖြင့် ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ရဲဝံ့စွာဟောပြောကြလေ၏။
31 Depois de orarem, tremeu o lugar em que estavam reunidos; todos ficaram cheios do Espírito Santo e anunciavam corajosamente a palavra de Deus.
32 ယုံကြည်သူတို့၏အစုအဝေးသည် စိတ်နှလုံး တစ်လုံးတစ်၀တည်းရှိကြ၍ မည်သူမျှ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို မိမိပိုင်သည်ဟု မသတ်မှတ်ဘဲ ဥစ္စာပစ္စည်းရှိသမျှကို အများပိုင်အဖြစ်ထားရှိကြ၏။-
32 Da multidão dos que creram, uma era a mente e um o coração. Ninguém considerava unicamente sua coisa alguma que possuísse, mas compartilhavam tudo o que tinham.
33 တမန်တော်တို့သည် ယေဇူးသခင်၏ ရှင်ပြန်ထမြောက်ခြင်းကို ကြီးစွာသောတန်ခိုးနှင့် သက်သေခံကြ၍ ကြီးမားသောကျေးဇူးတော်သည် သူတို့အားလုံးအပေါ်သို့ သက်ရောက်လေ၏။-
33 Com grande poder os apóstolos continuavam a testemunhar da ressurreição do Senhor Jesus, e grandiosa graça estava sobre todos eles.
34 သူတို့အလယ်တွင် ဆင်းရဲချို့တဲ့သောသူတစ်ဦးမျှ မရှိချေ။ အကြောင်းမူကား မြေများနှင့် အိမ်များကိုပိုင်ဆိုင်သော သူတို့သည် ၎င်းတို့ကိုရောင်းချ၍ ရရှိသောငွေများကို ယူလာကြပြီးလျှင်၊-
34 Não havia pessoas necessitadas entre eles, pois os que possuíam terras ou casas as vendiam, traziam o dinheiro da venda
35 တမန်တော်တို့၏ခြေရင်း၌ထား ကြ၏။ ထို့နောက် တမန်တော်တို့သည် တစ်ဦးစီအား လို အပ်သည့်အလျောက် ဝေငှပေးကမ်းကြ၏။-
35 e o colocavam aos pés dos apóstolos, que o distribuíam segundo a necessidade de cada um.
36 သို့ဖြစ်၍ နှစ်သိမ့်အားပေးခြင်း၏သားဟု အဓိပ္ပာယ်ရပြီး ဘာနဘအမည်ဖြင့် တမန်တော်များကခေါ်ဝေါ် ကြသည့် စိပရုပြည် သား လေဝိမျိုးနွယ်ဝင်ဖြစ်သူ ဂျိုးဇက်သည်၊-
36 José, um levita de Chipre a quem os apóstolos deram o nome de Barnabé, que significa encorajador,
37 မိမိပိုင်ဆိုင်သော လယ်ကိုရောင်းချ၍ ရရှိသောငွေကိုယူလာပြီးလျှင် တမန်တော်တို့၏ ခြေရင်း၌ ထားလေ၏။
37 vendeu um campo que possuía, trouxe o dinheiro e o colocou aos pés dos apóstolos.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 4, comparar traduções ou montar um estudo — tudo direto pelo WhatsApp.