Atos 3
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 တစ်နေ့သောအခါ ပေတရုနှင့် ယောဟန်တို့သည် ဆုတောင်းပတ္ထနာပြုရသည့် အချိန်နာရီ ဖြစ်သော မွန်းလွဲသုံးနာရီအချိန်၌ ဗိမာန်တော်သို့ တက်ရောက်လာကြ၏။-
1 Pedro e João iam subindo ao templo para rezar à hora nona.
2 ထိုအခါ လူတို့သည် မွေးစကပင် ခြေမသန်စွမ်းသူတစ်ဦးကို ထမ်းလာကြ၍ ဗိမာန်တော်သို့ ဝင်ကြသောသူများထံမှ စွန့်ကြဲခြင်းကိုတောင်းခံရန် သူ့ကို တင့်တယ်ဟုအမည်တွင်သော ဗိမာန်တော်တံခါးအနီးတွင် နေ့စဉ်နေ့တိုင်း ချထား လေ့ရှိကြ၏။-
2 Nisto levavam um homem que era coxo de nascença e que punham todos os dias à porta do templo, chamada Formosa, para que pedisse esmolas aos que entravam no templo.
3 ထိုသူသည် ပေတရုနှင့် ယောဟန်တို့ ဗိမာန်တော်အတွင်းသို့ ဝင်မည်ပြုသည်ကိုမြင်လျှင် သူ့အား ပေးကမ်းစွန့်ကြဲရန် တောင်းခံလေ၏။-
3 Quando ele viu que Pedro e João iam entrando no templo, implorou a eles uma esmola.
4 ပေတရုသည် ယောဟန်နှင့်အတူ ထိုသူ့ကို စေ့စေ့ကြည့်လျက် ငါတို့ကိုကြည့်လော့ဟုဆို၏။-
4 Pedro fitou nele os olhos, como também João, e disse: Olha para nós.
5 ထိုသူသည်လည်း သူတို့ထံမှတစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်လျက် သူတို့ကိုအာရုံစိုက်၍ကြည့်နေလေ၏။-
5 Ele os olhou com atenção esperando receber deles alguma coisa.
6 သို့သော် ပေတရုက ငါ၌ ရွှေနှင့်ငွေမရှိ။ သို့ရာတွင် ငါ၌ရှိသောအရာ ကို သင့်အား ငါပေးမည်။ နာဇရက်မြို့သားယေဇူး၏နာမ တော်၌ ထ၍ လျှောက်လှမ်းသွားလော့ဟုဆိုလေ၏။-
6 Pedro, porém, disse: Não tenho nem ouro nem prata, mas o que tenho eu te dou: em nome de Jesus Cristo Nazareno, levanta-te e anda!
7 ထို့နောက် ပေတရုသည် သူ၏လက်ယာလက်ကို ကိုင်ဆွဲ၍ ထူမပေးလျှင် သူ၏ခြေများနှင့် ခြေချင်းဝတ်တို့သည် ချက်ချင်းပင် အားပြည့်၍ သန်မာလာကြ၏။-
7 E tomando-o pela mão direita, levantou-o. Imediatamente os pés e os tornozelos se lhe firmaram. De um salto pôs-se de pé e andava.
8 သူသည်လည်း ထခုန်လျက် မတ်တတ်ရပ်ပြီးမှ စတင်၍ လမ်းလျှောက်လေ၏။ ထို့နောက် ထိုသူသည် လျှောက်လှမ်းကာ ခုန်ပေါက်လျက် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို ချီးမွမ်း၍ သူတို့နှင့်အတူ ဗိမာန်တော်အတွင်းသို့ဝင်လေ၏။-
8 Entrou com eles no templo, caminhando, saltando e louvando a Deus.
9 လမ်းလျှောက်လျက် ဘုရားသခင်ကို ချီးမွမ်းနေသော ထိုသူ့ကို လူအပေါင်းတို့မြင်ကြသောအခါ၊-
9 Todo o povo o viu andar e louvar a Deus.
10 ထိုသူသည် တောင်းစားရန် ဗိမာန်တော်၏ တင့်တယ်တံခါး၌ ထိုင်လေ့ရှိသူဖြစ်သည်ကို မှတ်မိကြသဖြင့် ထိုသူ၌ ဖြစ်ပျက်သောအရာကို ရင်သပ်ရှုမော၍ အံ့ဩကြကုန်၏။
10 Reconheceram ser o mesmo coxo que se sentava para mendigar à porta Formosa do templo, e encheram-se de espanto e pasmo pelo que lhe tinha acontecido.
11 ထိုသူသည် ပေတရုနှင့် ယောဟန်တို့ အနီးတွင် ကပ်လျက်ရှိစဉ် လူအပေါင်းတို့သည် အံ့ဩကြလျက် သူတို့ရှိရာ ဆောလမွန် မုခ်ဦးအဆောင်သို့ ပြေးလာကြလေ၏။-
11 Como ele se conservava perto de Pedro e João, uma multidão de curiosos afluiu a eles no pórtico chamado Salomão.
12 ပေတရုသည်လည်း ဤအခြင်းအရာကိုမြင်လျှင် လူပရိသတ်တို့အား ဤသို့ ဟောပြောလေ၏။ အစ္စရာအဲလ်အမျိုးသားတို့၊ အဘယ်ကြောင့် ဤအဖြစ်အပျက်ကို အံ့ဩနေကြသနည်း။ ဤသူလမ်းလျှောက်နိုင်လာစေရန် ငါတို့၏တန်ခိုး၊ သို့မဟုတ် အကျင့်သီလဖြင့် ပြုလုပ်ပေးဘိ သကဲ့သို့ အဘယ်ကြောင့် ငါတို့ကို စူးစိုက်ကြည့်နေကြ သနည်း။-
12 À vista disso, falou Pedro ao povo: Homens de Israel, por que vos admirais assim? Ou por que fitais os olhos em nós, como se por nossa própria virtude ou piedade tivéssemos feito este homem andar?
13 အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်ယေဇူးကို ဘုန်းဂုဏ်တော် ထင်ရှားစေတော်မူ၏။ သင်တို့သည် ထိုသခင်ကို အပ်နှံကြခဲ့လျက် သူ့ကိုလွှတ်ရန် ဆုံးဖြတ်ထားသော ပီလာတုမင်းရှေ့တွင် သူ့ကို ငြင်းပယ်ခဲ့ကြ၏။-
13 O Deus de Abraão, de Isaac, de Jacó, o Deus de nossos pais glorificou seu servo Jesus, que vós entregastes e negastes perante Pilatos, quando este resolvera soltá-lo.
14 သင်တို့သည်ကား သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်ခဲ့ကြ၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊-
14 Mas vós renegastes o Santo e o Justo e pedistes que se vos desse um homicida.
15 အသက်သခင်ကို သတ်ဖြတ်ခဲ့ကြ၏။ သို့သော် ဘုရားသခင်သည် သူ့ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခဲ့၏။ ထိုအကြောင်းနှင့် စပ်လျဉ်း၍ ငါတို့သည်လည်း သက်သေများဖြစ်ကြ၏။-
15 Matastes o Príncipe da vida, mas Deus o ressuscitou dentre os mortos: disso nós somos testemunhas.
16 ထိုသခင်၏ နာမတော်ကို ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်သည် သင်တို့သိမြင်သော ဤသူကို သန်စွမ်းစေ တော်မူ၏။ ယေဇူး၌ ယုံကြည်ခြင်းသည် သူ့အား စုံလင်သော ပကတိကျန်းမာခြင်းကို သင်တို့အားလုံး၏ မျက်မှောက်၌ ပေးလေပြီ။
16 Em virtude da fé em seu nome foi que esse mesmo nome consolidou este homem, que vedes e conheceis. Foi a fé em Jesus que lhe deu essa cura perfeita, à vista de todos vós.
17 ညီအစ်ကိုတို့၊ သင်တို့နှင့်သင်တို့ကို အုပ်ချုပ်သူများသည် မသိနားမလည်သောကြောင့် ဤသို့ပြုခဲ့ကြသည်ကို ငါသိ၏။-
17 Agora, irmãos, sei que o fizestes por ignorância, como também os vossos chefes.
18 သို့သော် မိမိ၏ ခရစ်တော်သည် ဒုက္ခဝေဒနာခံရမည်ဟူ၍ ပရောဖက်အပေါင်းတို့၏ နှုတ်အားဖြင့် မိမိကြိုတင် ဟောထားသောအချက်ကို ဘုရားသခင်သည် ဤသို့အားဖြင့် ပြည့်စုံခြင်းသို့ ရောက်စေတော်မူ၏။-
18 Deus, porém, assim cumpriu o que já antes anunciara pela boca de todos os profetas: que o seu Cristo devia padecer.
19 ထို့ကြောင့် သင်တို့၏အပြစ်များ ဖယ်ရှားခြင်းခံရရန် နောင်တရကြ၍ အကျင့်ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင် အားသစ်လောင်းရာ အချိန်ကာလသည် ထာ၀ရဘုရားသခင် ၏အထံတော်မှ ရောက်ရှိလာလိမ့်မည်။-
19 Arrependei-vos, portanto, e convertei-vos para serem apagados os vossos pecados.
20 ကိုယ်တော်သည်လည်း သင်တို့အတွက် ရွေးချယ်ခန့်ထားတော်မူသည့် ခရစ်တော်တည်းဟူသော ယေဇူးကို သင်တို့ထံသို့ စေလွှတ်တော်မူလိမ့်မည်။-
20 Virão, assim, da parte do Senhor os tempos de refrigério, e ele enviará aquele que vos é destinado: Cristo Jesus.
21 ကမ္ဘာတည်စကတည်းက မိမိ၏သန့်ရှင်းမြင့်မြတ်သော ပရောဖက်တို့၏ နှုတ်အားဖြင့် ဘုရားသခင် မိန့်မြွက်တော်မူခဲ့သော ဗျာဒိတ်တော် အလုံးစုံကို ပြန်လည်ပြုပြင် တည်ထောင်တော်မူမည့် ကာလတိုင်အောင် ကောင်းကင်သည် ထိုသခင်ကို လက်ခံထားရမည်။-
21 É necessário, porém, que o céu o receba até os tempos da restauração universal, da qual falou Deus outrora pela boca dos seus santos profetas.
22 မိုးဇက်မိန့်ဆိုခဲ့သည်ကား ထာ၀ရအရှင် ဘုရားသခင်သည် ငါ့ကို ပေါ်ထွန်းစေသကဲ့သို့ သင်တို့၏ အမျိုးသားချင်းထဲမှ ပရောဖက်တစ်ပါး ပေါ်ထွန်းစေတော်မူလိမ့်မည်။ ထိုသူမိန့်မှာသမျှကို သင်တို့နားထောင်ကြရလိမ့်မည်။-
22 Já dissera Moisés: O Senhor, nosso Deus, vos suscitará dentre vossos irmãos um profeta semelhante a mim: a este ouvireis em tudo o que ele vos disser.
23 ထိုပရောဖက်၏စကားကို မနာယူသောသူသည် ဤလူမျိုးမှ ဖယ်ရှားခြင်းကို ခံရလိမ့်မည်ဟူ၍ဖြစ်၏။-
23 Todo aquele que não ouvir esse profeta será exterminado do meio do povo {Dt 18,15.19}.
24 ပရောဖက်ဆာမူအဲလ်မှစ၍ နောင်တွင် ပေါ်ထွန်းခဲ့ကြသော ပရောဖက်အပေါင်းတို့သည် ဤနေ့ရက်များအကြောင်းကို ကြေညာဟောပြောခဲ့ကြ၏။
24 Todos os profetas, que têm falado sucessivamente desde Samuel, anunciaram estes dias.
25 သင်တို့သည် ပရောဖက်တို့၏ သားမြေးများဖြစ်ကြပြီး ဘုရားသခင်က အာဘရာဟံအား သင့်အမျိုးအနွယ်အားဖြင့် ကမ္ဘာပေါ်ရှိ လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကို ခံစားကြရလိမ့်မည်ဟု မိန့်တော်မူလျက် သင်တို့၏ဘိုးဘေးတို့နှင့် ဖွဲ့ဆိုခဲ့သော ပဋိညာဉ်တရား၏ သားမြေးများလည်းဖြစ်ကြ၏။-
25 Vós sois filhos dos profetas e da aliança que Deus estabeleceu com os nossos pais, quando disse a Abraão: Na tua descendência serão abençoadas todas as famílias da terra {Gn 22,18}.
26 ဘုရားသခင်သည် မိမိသားတော်ကို ပေါ်ထွန်းစေတော်မူပြီး သင်တို့တစ်ဦးစီအား သင်တို့၏ ဆိုးညစ်မိုက်မဲသော အကျင့်များမှ ပြောင်းလဲလာစေခြင်းငှာ ကောင်းချီးပေးစေရန် သူ့ကိုသင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူသည်ဟု ဟောပြော လေ၏။
26 Foi em primeiro lugar para vós que Deus suscitou o seu servo, para vos abençoar, a fim de que cada um se aparte da sua iniqüidade.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 3, comparar traduções ou montar um estudo — tudo direto pelo WhatsApp.