Atos 27

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA

Sair da comparação
ARA Almeida Revista e Atualizada 1993
1 ဤသို့ဖြင့် ငါတို့သည် အီတလီပြည်သို့ သင်္ဘောဖြင့် သွားရမည်ဟု ဖက်စတုက ဆုံးဖြတ်ချက် ချပြီးနောက် ပေါလုနှင့် အကျဉ်းသား အချို့တို့ကို ဂျူလီဦး အမည်ရှိသော ဩဂုစ္စတုဘုရင်၏တပ်မှ လူတစ်ရာတပ်မှူး၏ လက်သို့ အပ်လိုက်ကြ၏။-
1 Quando foi decidido que navegássemos para a Itália, entregaram Paulo e alguns outros presos a um centurião chamado Júlio, da Coorte Imperial.
2 ငါတို့သည်လည်း အာရှပြည်ကမ်းခြေတစ်လျှောက်ရှိ သင်္ဘောဆိပ်ကမ်းများသို့ သွားမည့် အာဒရမ္မသီယမ်မှလာသော သင်္ဘောပေါ်သို့တက်ပြီးနောက် ရွက်လွှင့်ထွက်ခွာလာကြ၏။ သက်ဆာလောနိကမြို့မှ မာစီဒိုးနိယပြည်သား အာရစ္စတာကုသည် ငါတို့နှင့် လိုက်ပါလာခဲ့လေ၏။-
2 Embarcando num navio adramitino, que estava de partida para costear a Ásia, fizemo-nos ao mar, indo conosco Aristarco, macedônio de Tessalônica.
3 နောက်တစ်နေ့တွင် ငါတို့သည် စီဒွန်မြို့သို့ ဆိုက်ကပ်ကြ၏။ တပ်မှူးဂျူလီဦးသည်လည်း ပေါလုအပေါ် ကြင်နာစွာ ဆက်ဆံ၍ သူ၏မိတ်ဆွေ များထံသို့ သွားခွင့်ပေးလျက် ထိုသူတို့၏ လုပ်ကျွေးပြုစုခြင်းကိုလည်း ခံယူခွင့်ပေးလေ၏။-
3 No dia seguinte, chegamos a Sidom, e Júlio, tratando Paulo com humanidade, permitiu-lhe ir ver os amigos e obter assistência.
4 ငါတို့သည် ထိုမြို့မှ ပင်လယ်သို့ ထွက်ခွာကြသောအခါ လေဆန်ဖြစ်သောကြောင့် စိပရုကျွန်း၏ လေကွယ်ရာအရပ်မှ ရွက်လွှင့်သွားကြ၏။-
4 Partindo dali, navegamos sob a proteção de Chipre, por serem contrários os ventos;
5 ထို့နောက် ငါတို့သည် စီလိစိယနှင့် ပမ်ဖိလိယ ပြည်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ကိုဖြတ်ပြီး လိစိယပြည်၊ မုရမြို့သို့ ရောက်ကြ၏။-
5 e, tendo atravessado o mar ao longo da Cilícia e Panfília, chegamos a Mirra, na Lícia.
6 ထိုအရပ်တွင် လူတစ်ရာတပ်မှူးသည် အီတလီပြည်သို့သွားမည့် အလက်ဇန္ဒြိယမှလာသော သင်္ဘောတစ်စီးကို တွေ့သဖြင့် ငါတို့အား ထိုသင်္ဘောပေါ်သို့ တက်စေ၏။-
6 Achando ali o centurião um navio de Alexandria, que estava de partida para a Itália, nele nos fez embarcar.
7 ငါတို့သည်လည်း နှေးကွေးစွာဖြင့် ရက်ပေါင်းများစွာ ရွက်လွှင့်ပြီးနောက် စနီဒုမြို့အနီးသို့ ခက်ခက်ခဲခဲ ဆိုက်ကပ်လေ၏။ ထို့နောက် ငါတို့သည် လေမသင့်သောကြောင့် ရှေ့သို့ခရီးမဆက်နိုင်သဖြင့် ဆောလမွန်အငူအနီးမှဖြတ်၍ ခရိကျွန်း၏ လေကွယ်ရာဘက်မှ ရွက်လွှင့်သွားကြ၏။-
7 Navegando vagarosamente muitos dias e tendo chegado com dificuldade defronte de Cnido, não nos sendo permitido prosseguir, por causa do vento contrário, navegamos sob a proteção de Creta, na altura de Salmona.
8 ဤသို့ဖြင့် ငါတို့သည် ပင်လယ်ကမ်းရိုးတမ်းတစ်လျှောက် ခက်ခက်ခဲခဲ ရွက်လွှင့်ပြီးလျှင် လာဆေယမြို့အနီး၊ ဆိပ်ကမ်းသာ ဟုခေါ်သောအရပ်သို့ ရောက်လာကြလေ၏။
8 Costeando-a, penosamente, chegamos a um lugar chamado Bons Portos, perto do qual estava a cidade de Laseia.
9 အချိန်များစွာ ကုန်လွန်ခဲ့သည်နှင့်အမျှ အပြစ်ဖြေရာ ယဇ်ပူဇော်သော ပွဲကာလကိုပင် ကျော်လွန်ခဲ့လေပြီ။ ပင်လယ်ခရီးစဉ်မှာလည်း ဘေးအန္တရာယ် များလာပြီဖြစ်သောကြောင့် ပေါလုက၊-
9 Depois de muito tempo, tendo-se tornado a navegação perigosa, e já passado o tempo do Dia do Jejum, admoestava-os Paulo,
10 မိတ်ဆွေတို့၊ ပင်လယ်ကိုဖြတ်ကူးလျှင် သင်္ဘောနှင့် ကုန်ပစ္စည်းများ ဆုံးရှုံးမည်သာမက ငါတို့၏ အသက်ဘေးအတွက်လည်း စိုးရိမ်စရာရှိသည်ဟု သတိပေးလေ၏။-
10 dizendo-lhes: Senhores, vejo que a viagem vai ser trabalhosa, com dano e muito prejuízo, não só da carga e do navio, mas também da nossa vida.
11 သို့သော် လူတစ်ရာတပ်မှူးသည် ပေါလု၏စကားထက် သင်္ဘောသူကြီးနှင့် ပိုင်ရှင်တို့၏ စကားကို ပို၍ယုံကြည်လေ၏။-
11 Mas o centurião dava mais crédito ao piloto e ao mestre do navio do que ao que Paulo dizia.
12 ဤဆိပ်ကမ်းမှာလည်း ဆောင်းကာလအတွင်း မနေသင့်သောကြောင့် ဤနေရာမှထွက်ခွာပြီး ဖြစ်နိုင်ပါက ဖီးနစ်ဆိပ်ကမ်း သို့ရောက်အောင်သွား၍ ဆောင်းရာသီအတွက် ရပ်နားသင့်ကြောင်း အများစုက အကြံပြုကြ၏။ ဖီးနစ်ဆိပ်ကမ်းသည် ခရိကျွန်း တွင်ရှိပြီး အရှေ့မြောက်နှင့် အရှေ့တောင်အရပ်သို့ မျက်နှာမူလျက်ရှိ၏။
12 Não sendo o porto próprio para invernar, a maioria deles era de opinião que partissem dali, para ver se podiam chegar a Fenice e aí passar o inverno, visto ser um porto de Creta, o qual olhava para o nordeste e para o sudeste.
13 ထို့နောက် တောင်လေဖြည်းညင်းစွာ တိုက်ခတ်လာသောအခါ သူတို့သည် မိမိတို့အကြံ အထမြောက်ပြီဟု ထင်မှတ်၍ ကျောက်ဆူးကို နုတ်ပြီးလျှင် သင်္ဘောကို ခရိကျွန်းတစ်လျှောက် ကမ်းခြေနှင့် ကပ်နိုင်သမျှကပ်၍ ရွက်လွှင့်ကြလေ၏။-
13 Soprando brandamente o vento sul, e pensando eles ter alcançado o que desejavam, levantaram âncora e foram costeando mais de perto a ilha de Creta.
14 သို့သော် မကြာမီအချိန်အတွင်း၌ အရှေ့မြောက်ရာသီလေ ဟုခေါ်သော လေပြင်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းမှ အပြင်းအထန် တိုက်ခတ်လာလေ၏။-
14 Entretanto, não muito depois, desencadeou-se, do lado da ilha, um tufão de vento, chamado Euroaquilão;
15 သင်္ဘောသည်လည်း မုန်တိုင်းမိသောအခါ လေကိုမနိုင်သောကြောင့် ငါတို့သည် လက်လျှော့၍ သင်္ဘောမှာ လေတိုက်ရာသို့ မျောပါသွားလေ၏။-
15 e, sendo o navio arrastado com violência, sem poder resistir ao vento, cessamos a manobra e nos fomos deixando levar.
16 ဤသို့ဖြင့် ကောင်းဒါအမည်ရှိသော ကျွန်းငယ်၏ လေကွယ်ရာအရပ်သို့ ရောက်သောအခါ ငါတို့သည် အသက်ကယ်လှေ မပျက်စီးစေရန် ခက်ခက်ခဲခဲကြိုးစားခဲ့ကြရ၏။-
16 Passando sob a proteção de uma ilhota chamada Cauda, a custo conseguimos recolher o bote;
17 သူတို့သည်လည်း ထိုလှေကိုဆွဲတင်ပြီးနောက် သင်္ဘောကိုခိုင်ခန့်စေရန် ကြိုးများနှင့်ပတ်စည်းကြ၏။ ထို့နောက် သူတို့သည် ဆိတစ်သောင်တွင် သင်္ဘောတင်မည်စိုးသောကြောင့် ရွက်တိုင်ကိုလျှောချ၍ သင်္ဘောကို လေတိုက်ရာသို့ မျောပါစေကြ၏။-
17 e, levantando este, usaram de todos os meios para cingir o navio, e, temendo que dessem na Sirte, arriaram os aparelhos, e foram ao léu.
18 ထိုအခါ ငါတို့သည် မုန်တိုင်းဒဏ်ကို အပြင်းအထန်ခံကြရသောကြောင့် နောက်တစ်နေ့တွင် သူတို့သည် သင်္ဘောပေါ်မှ ကုန်ပစ္စည်းများကို ရေထဲသို့ပစ်ချကြ၏။-
18 Açoitados severamente pela tormenta, no dia seguinte, já aliviavam o navio.
19 ထို့နောက် တတိယနေ့တွင် သူတို့သည် သင်္ဘော၏ ကုန်တင်ကုန်ချပစ္စည်းများကို သူတို့၏လက်ဖြင့်ယူ၍ ပစ်ချလိုက်ကြ၏။-
19 E, ao terceiro dia, nós mesmos, com as próprias mãos, lançamos ao mar a armação do navio.
20 ငါတို့သည်လည်း နေနှင့်ကြယ်နက္ခတ်များကို ရက်ပေါင်းများစွာ မမြင်ကြရချေ။ ပြင်းထန်သော လေမုန်တိုင်းသည်လည်း အရှိန်မလျော့သဖြင့် ငါတို့သည် သေဘေးမှလွတ်မြောက်မည့် မျှော်လင့်ချက်ကို နောက်ဆုံးတွင် စွန့်လွှတ်လိုက်ကြလေ၏။
20 E, não aparecendo, havia já alguns dias, nem sol nem estrelas, caindo sobre nós grande tempestade, dissipou-se, afinal, toda a esperança de salvamento.
21 သူတို့သည်လည်း အစာမစားရဘဲ ကြာမြင့်စွာနေခဲ့ကြသဖြင့် ပေါလုသည် သူတို့အလယ်တွင်ရပ်လျက် မိတ်ဆွေတို့၊ သင်တို့သည် ငါ့စကားကိုနားထောင်လျက် ခရိကျွန်းမှမထွက်ခွာဘဲ နေခဲ့ကြပါလျှင် ဤပျက်စီးဆုံးရှုံးခြင်းများကို ငါတို့ ရှောင်နိုင်ခဲ့မည်ဖြစ်၏။-
21 Havendo todos estado muito tempo sem comer, Paulo, pondo-se em pé no meio deles, disse: Senhores, na verdade, era preciso terem-me atendido e não partir de Creta, para evitar este dano e perda.
22 ယခုလည်း သင်တို့အားမငယ်ကြနှင့်။ သင်တို့တွင် တစ်ဦးမျှ အသက်ဆုံးရှုံးလိမ့်မည်မဟုတ်ဘဲ သင်္ဘောသာလျှင် ပျက်စီး ဆုံးရှုံးလိမ့်မည်။-
22 Mas, já agora, vos aconselho bom ânimo, porque nenhuma vida se perderá de entre vós, mas somente o navio.
23 အကြောင်းမူကား ငါကိုးကွယ်သော ဘုရားသခင်၏ တမန်တော်သည် ဤည၌ပင် ငါ့အနားတွင်ရပ်လျက် ငါ့အား၊-
23 Porque, esta mesma noite, um anjo de Deus, de quem eu sou e a quem sirvo, esteve comigo,
24 ပေါလု၊ မကြောက်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့တော်သို့ ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူ ပင်လယ်သို့ ကူးသောသူအပေါင်းတို့ကို သင့်အား ပေးတော်မူပြီဟု မိန့်မှာခဲ့၏။-
24 dizendo: Paulo, não temas! É preciso que compareças perante César, e eis que Deus, por sua graça, te deu todos quantos navegam contigo.
25 ထို့ကြောင့် မိတ်ဆွေတို့၊ သတ္တိရှိကြလော့။ အကြောင်းမူကား ငါ့အား ပြောကြားသည့်အတိုင်းပင် ဖြစ်ပျက်လိမ့်မည်ဟု ဘုရားသခင်ကို အမှီပြု၍ ငါယုံကြည်၏။-
25 Portanto, senhores, tende bom ânimo! Pois eu confio em Deus que sucederá do modo por que me foi dito.
26 သို့သော် ငါတို့သင်္ဘောသည် ကျွန်းတစ်ကျွန်းပေါ်တွင် တင်ရလိမ့်မည်ဟုဆိုလေ၏။
26 Porém é necessário que vamos dar a uma ilha.
27 တစ်ဆယ့်လေးရက်မြောက် ညရောက်သောအခါ ငါတို့သည် အာဒြိယပင်လယ်တွင် မျောနေစဉ် သန်းခေါင်ယံအချိန်၌ သင်္ဘောသားအချို့က ကုန်းမြေနှင့်နီးလာပြီဟု ထင်မှတ်ကြ၏။-
27 Quando chegou a décima quarta noite, sendo nós batidos de um lado para outro no mar Adriático, por volta da meia-noite, pressentiram os marinheiros que se aproximavam de alguma terra.
28 သို့ဖြစ်၍ သူတို့သည် ရေ၏အတိမ်အနက်ကို တိုင်းထွာကြည့်ကြရာ အလံနှစ်ဆယ်ရှိကြောင်း တွေ့ရ၏။ ထို့နောက် ရှေ့သို့အနည်းငယ်သွားပြီး တစ်ဖန်တိုင်းထွာကြည့်ပြန်ရာ တစ်ဆယ့်ငါးလံရှိသည်ကိုတွေ့ရ ၏။-
28 E, lançando o prumo, acharam vinte braças; passando um pouco mais adiante, tornando a lançar o prumo, acharam quinze braças.
29 ထိုအခါ သူတို့သည် သင်္ဘောကို ကျောက်ဆောင်နှင့် တိုက်မိမည်စိုးသောကြောင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကို ချပြီး မိုးလင်းစေရန် ဆုတောင်းကြ၏။-
29 E, receosos de que fôssemos atirados contra lugares rochosos, lançaram da popa quatro âncoras e oravam para que rompesse o dia.
30 သင်္ဘောသားတို့သည်လည်း သင်္ဘောဦးပိုင်းမှ ကျောက်ဆူးကို ချမည့်ဟန်ဖြင့် အသက်ကယ်လှေကို လျှောချ၍ ထွက်ပြေးရန် ကြိုးစားကြစဉ်တွင်၊-
30 Procurando os marinheiros fugir do navio, e, tendo arriado o bote no mar, a pretexto de que estavam para largar âncoras da proa,
31 ပေါလုက ဤသူတို့ သင်္ဘောပေါ်တွင် မနေကြပါက သင်တို့သည် အသက်ချမ်းသာမရနိုင်ကြဟု လူတစ်ရာတပ်မှူးနှင့် စစ်သူရဲတို့အား ဆိုလေ၏။-
31 disse Paulo ao centurião e aos soldados: Se estes não permanecerem a bordo, vós não podereis salvar-vos.
32 ထိုအခါ စစ်သူရဲတို့သည် အသက်ကယ်လှေ၏ ကြိုးများကိုဖြတ်၍ လှေကိုကျသွားစေ၏။
32 Então, os soldados cortaram os cabos do bote e o deixaram afastar-se.
33 ဤသို့ဖြင့် မိုးလင်းစပြုလာသောအခါ ပေါလုက ထိုသူအားလုံးတို့အား အစာစားရန် တိုက်တွန်းလျက် သင်တို့သည် မည်သို့ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစာမစားဘဲ နေခဲ့ကြသည်မှာ တစ်ဆယ့်လေးရက်ရှိလေပြီ။-
33 Enquanto amanhecia, Paulo rogava a todos que se alimentassem, dizendo: Hoje, é o décimo quarto dia em que, esperando, estais sem comer, nada tendo provado.
34 ထို့ကြောင့် အစာကိုစားကြရန် ငါတိုက်တွန်း၏။ ယင်းသည် သင်တို့ကို ခွန်အားဖြည့်ပေးလိမ့်မည်။ သင်တို့တွင် တစ်ဦး တစ်ယောက်၏ ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ မပျက်စီးစေရဟု ပြောလေ၏။-
34 Eu vos rogo que comais alguma coisa; porque disto depende a vossa segurança; pois nenhum de vós perderá nem mesmo um fio de cabelo.
35 သူသည် ဤသို့ ပြောဆိုပြီးသောအခါ ပေါင်မုန့်ကိုယူ၍ ရှိသမျှလူအပေါင်းတို့ရှေ့တွင် ဘုရားသခင်ကို ကျေးဇူးတင် ချီးမွမ်းလျက် ပေါင်မုန့်ကိုဖဲ့၍ စားလေ၏။-
35 Tendo dito isto, tomando um pão, deu graças a Deus na presença de todos e, depois de o partir, começou a comer.
36 ထိုအခါ သူတို့အားလုံးသည် အားတက်လာကြ၍ အစာကိုစားကြလေ၏။-
36 Todos cobraram ânimo e se puseram também a comer.
37 သင်္ဘောပေါ်တွင် ပါသောသူတို့မှာ အရေအတွက်အားဖြင့် လူပေါင်းနှစ်ရာခုနှစ်ဆယ့်ခြောက်ယောက်ရှိ၏။-
37 Estávamos no navio duzentas e setenta e seis pessoas ao todo.
38 သူတို့သည်လည်း ၀လင်စွာ စားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံစေ့များကို ပင်လယ်ထဲသို့ ပစ်ချကြလေ၏။
38 Refeitos com a comida, aliviaram o navio, lançando o trigo ao mar.
39 ဤသို့ဖြင့် နံနက်မိုးလင်းသောအခါ သူတို့သည် မည်သည့်အရပ်သို့ ရောက်ရှိနေသည်ကို မသိကြသော်လည်း ပင်လယ်ကွေ့ ကမ်းခြေတစ်ခုကို တွေ့ကြသဖြင့် ဖြစ်နိုင်လျှင် သင်္ဘောကို ထိုကမ်းခြေပေါ်သို့ ထိုးတင်မည်ဟု အကြံရှိကြ၏။-
39 Quando amanheceu, não reconheceram a terra, mas avistaram uma enseada, onde havia praia; então, consultaram entre si se não podiam encalhar ali o navio.
40 ထို့ကြောင့် သူတို့သည် ကျောက်ဆူးများကိုဖြုတ်၍ ပင်လယ်တွင်းသို့ပစ်ချကာ ပဲ့ထိန်းတက်မကို ချည်ထားသော ကြိုးများကိုဖြေပြီး ရွက်ပြန်ဖွင့်လျက် ကမ်းခြေသို့ လွှင့်သွားကြ၏။-
40 Levantando as âncoras, deixaram-no ir ao mar, largando também as amarras do leme; e, alçando a vela de proa ao vento, dirigiram-se para a praia.
41 သို့သော်လည်း သင်္ဘောသည် သဲသောင်ခုံကို ဝင်တိုက်ပြီး သောင်တင်သွားလေ၏။ သင်္ဘောဦးပိုင်းသည် သောင်ပြင်တွင် စိုက်နေသောကြောင့် လှုပ်ရှား၍မရတော့ချေ။ သင်္ဘော၏ပဲ့ပိုင်းမှာမူ လှိုင်းများပုတ်ခတ်သောကြောင့် ကျိုးသွားလေ၏။-
41 Dando, porém, num lugar onde duas correntes se encontravam, encalharam ali o navio; a proa encravou-se e ficou imóvel, mas a popa se abria pela violência do mar.
42 စစ်သူရဲတို့သည်ကား အကျဉ်းသားတို့ ရေကူး၍ ထွက်ပြေးလွတ်မြောက်သွားမည် စိုးသောကြောင့် သူတို့ကိုသတ်ရန် ကြံရွယ်ကြ၏။-
42 O parecer dos soldados era que matassem os presos, para que nenhum deles, nadando, fugisse;
43 သို့ရာတွင် လူတစ်ရာတပ်မှူးသည် ပေါလုကို ကယ်ဆယ်လိုသဖြင့် သူတို့၏အကြံကို တားမြစ်ပြီးလျှင် ရေကူးနိုင်သူတို့အား ဦးစွာပထမ သင်္ဘောပေါ်မှ ခုန်ချစေလျက် ကမ်းခြေသို့ကူးသွားစေ၏။-
43 mas o centurião, querendo salvar a Paulo, impediu-os de o fazer; e ordenou que os que soubessem nadar fossem os primeiros a lançar-se ao mar e alcançar a terra.
44 ထို့နောက် ကျန်ရစ်သူတို့အား ပျဉ်ပြားများနှင့် သင်္ဘော၏ အပိုင်းအစများကို တွယ်စီး၍ ကူးကြရန် အမိန့်ပေးလေ၏။ ဤသို့ဖြင့် လူအားလုံးသည် သေဘေးမှလွတ်မြောက်၍ ကုန်းပေါ်သို့ ရောက်ကြလေ၏။
44 Quanto aos demais, que se salvassem, uns, em tábuas, e outros, em destroços do navio. E foi assim que todos se salvaram em terra.

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 27, comparar traduções ou montar um estudo — tudo direto pelo WhatsApp.