Atos 26

ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs AAI

Sair da comparação
AAI TUR GEWASIN O BAIBASIT BOUBUN
1 အာဂရိပါမင်းကြီးက သင်သည် သင့်ကိုယ်သင် ချေပပြောဆိုနိုင်သည်ဟု ပေါလုအားဆိုလျှင် သူသည် လက်ကိုဆန့်၍ စတင်ချေပ ပြောဆိုသည်မှာ၊-
1 Agripa iu, “O i baibasit abit taiyuw isa inao.” Paul uman bora’ah naatu taiyuwin wasfafar eo,
2 အရှင် အာဂရိပါမင်းကြီး၊ အကျွန်ုပ်အပေါ် ဂျူးလူမျိုးတို့တင်ထားသော စွပ်စွဲချက်များအားလုံးကို အရှင်၏ရှေ့တော်တွင် ချေပပြောဆိုရသည့်အတွက် အကျွန်ုပ်သည် ထူးမြတ်သောအခွင့်အရေးကို ရရှိသည်ဟု ထင်မြင်ယူဆပါသည်။-
2 “Aiwob Agripa, ayu i abiyasisir anayabin boun o namaim Jew sabuw abisa isan ayu ubar hibitu i boro ana wasfafaru anao inanowar. Paul aiwob Agripa isah ibibinan|alt="Paul speaking to crowd" src="cn01993b.tif" size="col" loc="Act 26.2" copy="©1978 David C. Cook Publishing Co." ref="26.1-2"
3 အဘယ်ကြောင့်ဆိုသော် အရှင်မင်းကြီးသည် ဂျူးလူမျိုးတို့၏ ဓလေ့ထုံးစံများနှင့် အငြင်းပွားတတ်သော ပြဿနာများကို ကောင်းစွာ သိရှိပြီးဖြစ်ပါသည်။ ထို့ ကြောင့် အကျွန်ုပ်ကို စိတ်ရှည်စွာ နားထောင်တော်မူပါရန် အကျွန်ုပ် အသနားခံပါသည်။
3 Iti ao i turobe, anayabin o i Jew sabuw hai binanakwar naatu hai ofafar iso’ob kwanekwan, imih o abifefeyani yatenanub inama ana’o inanowar.
4 အကျွန်ုပ်ငယ်စဉ်မှစ၍ အကျွန်ုပ်၏ လူမျိုးအသိုင်းအဝိုင်းတွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း မည်သို့ ပြုမူနေထိုင်ခဲ့သည်ကို ဂျူးလူမျိုးအပေါင်းတို့ သိကြပါသည်။-
4 Jew sabuw etei ayu kek ana veya mi’itube ama’am i hiso’ob, ayu au yawas no aneika au tafaramamaim mi’itube ama’am ana Jerusalem atit ama’ama etei i hiso’ob.
5 အကျွန်ုပ်သည် ဂျူးဘာသာအယူဝါဒတွင် ဝိနည်းစည်းကမ်း အတင်းကျပ်ဆုံးသော ဖာရီဇေးဦး ဂိုဏ်းဝင်တစ်ဦး ဖြစ်ခဲ့ကြောင်းကို သူတို့ကြာမြင့်စွာကပင် သိရှိခဲ့ကြပြီး ထိုအချက်ကို သူတို့သက်သေခံရန် အလိုရှိခဲ့ပါလျှင် သက်သေခံ နိုင်ကြပါလိမ့်မည်။-
5 Ayu i manin maiyow bairi ama, imih ayu i hisu’ubu kwanekwan. Hinakokok na’at hina’orereb. Anaika ayu i Pharisee orot, kwafiren ana ofafar fokarin wanawanan i ayu ama, naatu men kafa’imo ofafar ta astu’ub.
6 ဘုရားသခင်သည် အကျွန်ုပ်တို့၏ ဘိုးဘေးများအပေါ် ထားတော်မူခဲ့သော ကတိတော်ကို အကျွန်ုပ် မျှော်လင့်သည့် အတွက်ကြောင့် ယခု အကျွန်ုပ်သည် တရားခွင်၌ စစ်ဆေးခံနေရခြင်းဖြစ်ပါသည်။-
6 Naatu boun ayu iti ubar tibitu anayabin God ana’omatanen ai a’agir bitih imaim ayu nuhufot ama’am isan, ubar hitu bairi tao.
7 ဤကတိတော်၏ အကျိုးကိုခံစားရန် မျှော်လင့်လျက် အကျွန်ုပ်တို့၏ တစ်ဆယ့်နှစ်မျိုးသော အမျိုးအနွယ်တို့သည် နေ့ညမပြတ် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြပါသည်။ အိုအရှင်မင်းကြီး၊ အကျွန်ုပ်သည် ဤမျှော်လင့်ချက်အတွက် ဂျူးလူမျိုးတို့၏ စွပ်စွဲခြင်းကို ခံနေရပါသည်။-
7 Iti omatanen i aki ai big etei 12 hibitumitum mi’itube hita’itin titurobe, imih fai mar dogoroh tutufin etei God hikwakwafir, naatu anayabin iti baitumatum isan. Aiwobomon, Jew sabuw ayu ubar hitu iti tao.
8 ဘုရားသခင်သည် သေသူတို့အား ရှင်ပြန်ထမြောက်စေတော်မူသည်ကို အဘယ်ကြောင့် မယုံနိုင်စရာဟု သင်တို့ ထင်မြင်ကြပါသနည်း။
8 Kwa Jew sabuw iyab iti kwabatabat aisim God sabuw murumurubih ibiyawasih baitutumin isan kwa isa efofokar?
9 အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေဇူး၏နာမတော်အား ဆန့်ကျင်သော အမှုများစွာကို ပြုလုပ်သင့်သည်ဟု ထင်မြင်ခံယူခဲ့ပြီး၊-
9 Ayu auman mat i na’atube anot, sawar moumurih na’in ata sinaf Jesu Nazareth mowan wabin ati’ib isan.
10 အကျွန်ုပ်သည် ထိုအမှုများကို ဂျေရုဆလင်မြို့တွင် ပြုလုပ်ခဲ့ပါသည်။ အကျွန်ုပ်သည် ရဟန်းအကြီးအကဲများထံမှ ရရှိသော အခွင့်အာဏာဖြင့် သန့်ရှင်းသူများစွာကို ထောင်သွင်းအကျဉ်း ချခဲ့သည်သာမက သူတို့အား သေဒဏ်စီရင်သောအခါ၌လည်း အကျွန်ုပ်သည် သူတို့ကို ဆန့်ကျင်၍ မဲပေးခဲ့ပါသည်။-
10 Naatu nati na’atube Jerusalemamaim asinaf. Firis ukwarih biyahine fair abai God ana sabuw moumurih maiyow abow dibur aya. Naatu rouw morobomih teo ana veya ayu auman aibasit terouw temomorob.
11 အကျွန်ုပ်သည် သူတို့ကို တရားဇရပ်ရှိသမျှတို့၌ ကြိမ်ဖန်များစွာ အပြစ်ပေးခဲ့ပြီး နာမတော်ကို နှုတ်ဖြင့် ထိခိုက်စော်ကား စေရန် ထိုသူတို့ကို အတင်းအကျပ် စေခိုင်းခဲ့ပါသည်။ အကျွန်ုပ်သည် ထိုသူတို့အပေါ်၌ အလွန် အမျက်ထွက်သောကြောင့် တိုင်းတစ်ပါးမြို့များသို့ပင် သွားရောက်၍ သူတို့ကို လိုက်လံညှဉ်းဆဲခဲ့ပါသည်။
11 Mar moumurih maiyow Kou’ay Bar efan tata’amaim abow biyababan aitih, naatu hai baitumatum baihamiyin isan a’okikimih. Na’atube hai baitumatum baigigimin isan a’okimih, naatu atit an menah tatabirih hai bar hai meraramaim bai akir kakafin maiyow aitih.
12 ဤရည်ရွယ်ချက်အတွက် အကျွန်ုပ်သည် ရဟန်းအကြီးအကဲတို့၏ အခွင့်အာဏာနှင့် တာဝန်ပေးချက်ဖြင့် ဒါမစကုမြို့သို့ သွားခဲ့ပါသည်။-
12 Ana’an iti isan ayu firis ukwarih biyahine fair hitu hiyunu an Damaskas atit.
13 မွန်းတည့်ချိန်တွင် ကောင်းကင်မှလာသော နေထက်တောက်ပသည့် အလင်းရောင်သည် အကျွန်ုပ်မှစ၍ အကျွန်ုပ်နှင့်အတူ သွားသောသူတို့ ပတ်လည်တွင် ထွန်းလင်းသည်ကို လမ်း၌ အကျွန်ုပ်မြင်ခဲ့ရပါသည်၊ အရှင်မင်းကြီး။-
13 Baise efamaim anan bi’auyit auman, Aiwobomon, marakaw no marane, mamarakaw men veya na’atube, marakaw kwanekwan re ayu au sabuw bairi anan tarbebera’uhi.
14 ထိုအခါ အကျွန်ုပ်တို့အားလုံးသည် မြေပေါ်သို့လဲကျသွားစဉ်တွင် ဆောလု၊ ဆောလု အဘယ်ကြောင့် ငါ့ကို ညှဉ်းပန်း နှိပ်စက်သနည်း။ တုတ်ချွန်ကို ခြေနှင့်ကန်လျှင် သင်သာ နာကျင်လိမ့်မည်ဟု ဟေဗြေဦးဘာသာစကားဖြင့် ပြောဆိုသော အသံကို အကျွန်ုပ် ကြားခဲ့ရ၏။-
14 Aki etei’imak me yan are, naatu ayu orot fanan anowar Hebrew turamaim iuwu eo, ‘Saul! Saul! aisim ayu irabu kubia’akiru? Ayu kubi’a’akiru i o taiyuw biya irab kubi’a’afiy.’
15 ထိုအခါ အကျွန်ုပ်က သခင်၊ ကိုယ်တော်သည် မည်သူဖြစ်ပါသနည်းဟု မေးလျှောက်သောအခါ သခင်ဘုရားက ငါသည် သင်လိုက်လံညှဉ်းဆဲနေသော နာဇရက်မြို့သား ယေဇူးဖြစ်၏။-
15 Ayu aibatiy ao, ‘O yait Regah?’ Naatu Regah eo, ‘Ayu i Jesu, o irabu kubia’akiru.
16 သင်ယခုထ၍ မတ်တတ်ရပ်လော့။ အကြောင်းမူကား သင့်ကို ငါ၏အမှုတော်ဆောင်အဖြစ် ရွေးကောက်ရန် သင့်အား ငါထင်ရှား ပြခြင်းဖြစ်၏။ ငါ့အား သင်မြင်ခဲ့ရသော ဤဗျာဒိတ်ရူပါရုံနှင့် နောင်အခါ သင့်ထံ၌ ငါဖော်ပြလတ္တံ့သော ရူပါရုံတို့ကို သင်သည် သူတစ်ပါးတို့အား သက်သေခံရမည်။-
16 Baise kumisir kubat, ayu o isa abirerereb ana rubini isou inabow naatu boun abisa isa mamatar sabuw afa hai tur ina’owen. Naatu abisa isa namamatar boro ani’obaiyi.
17 ငါသည် သင့်ကို သင့်လူမျိုး၏ လက်မှလည်းကောင်း၊ သင့်ကို ငါစေလွှတ်၍ ဟောပြောစေမည့် လူမျိုးခြားတို့၏ လက်မှလည်းကောင်း ကယ်ဆယ်မည်။-
17 Ayu o a sabuw Jew umahine naatu Ufun Sabuw umahine boro anatafafari. Ayu abiyafari nati sabuw wanawanahimaim inan,
18 ဤသို့ဖြင့် သင်သည် သူတို့၏မျက်စိများကို ဖွင့်ပေးလျက် သူတို့သည် အမှောင်မှ အလင်းသို့ ရောက်ရှိကာ စာတန်၏ အာဏာစက်မှ ဘုရားသခင်ထံသို့ ပြောင်းလဲသဖြင့် အပြစ်ခွင့်လွှတ်ခြင်းခံရ၍ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့အစုတွင် ပါဝင်ရလိမ့်မည်ဟု မိန့်တော်မူခဲ့၏။
18 matah inabotawiy naatu guguminane inanawiyih hinatit marakawamaim hinarun. Naatu Satan umane inabow God initin, saise bowabow kakafihine notawiyen hinab, naatu God ana rourubin sabuw wanawanahimaim hai efan hinab hinamare.’
19 အရှင် အာဂရိပါမင်းကြီး၊ ထိုအချိန်မှစ၍ အကျွန်ုပ်သည် ကောင်းကင်မှ ဗျာဒိတ်ရူပါရုံကို မလွန်ဆန်နိုင်ဘဲ၊-
19 Nati isan Aiwobomon Agripa, ayu abisa marane re ai’itin men ai fanasair.
20 ပထမဦးစွာ ဒါမစကုမြို့သားများအားလည်းကောင်း၊ ထို့နောက် ဂျေရုဆလင်မြို့မှစ၍ ဂျူဒေးယပြည် တစ်ပြည်လုံးရှိ လူများနှင့် လူမျိုးခြားတို့အားလည်းကောင်း ဟောပြောပြီး သူတို့သည် နောင်တရကြ၍ ဘုရားသခင်ထံသို့ ပြောင်းလဲရမည်၊ နောင်တ တရားနှင့်ဆိုင်သော အကျင့်များကို ကျင့်ရမည်ဟူ၍ ကြွေးကြော်ခဲ့ပါသည်။-
20 Bowabow wantoro’ot i Damaskas imaim abusuruf naatu ana sabuw iyab Jerusalem hima’am isah atit, Judea wanawanan etei abinan naatu Eteni Sabuw wanawanahimaim auman a binan. Abibinan anayabin sabuw bowabow kakafihine God isan hitatatabir naatu hai bowabowamaim titurobe i dogor baikitabir hibai.
21 ထို့ကြောင့် ဂျူးလူမျိုးတို့သည် အကျွန်ုပ်ကို ဗိမာန်တော်ထဲ၌ ဖမ်းဆီး၍သတ်ရန် ကြိုးစားခဲ့ကြပါသည်။-
21 Ana’an nati isan Jew sabuw ayu Tafaror Bar wanawanan ana sebosebomaim hibuwu hifatumu rabu morobomih hiwa’an.
22 သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် အကျွန်ုပ်သည် ယနေ့တိုင် ဤနေရာတွင် ရပ်နေလျက် အနိမ့်အမြင့်မရွေးဘဲ လူတို့ရှေ့တွင် သက်သေခံလျက် မိုးဇက်နှင့် ပရောဖက်များ ဟောပြောခဲ့သည့် အကြောင်းအရာများ ပြည့်စုံလာလိမ့်မည်ဟူသော အချက်ကိုသာ ဟောပြောနေခဲ့ပါသည်။-
22 Baise God tafafaru yawasu ama ana it boun atit, imih o namaim abat orot babin kikimin yen in orot babin gagamin etei matahimaim abisa isou mamatar i ao’orerereb. Ayu au tur ao i dinab oro’orot naatu Moses sawar abisa mataramih hi’o inu’in mamatar imaim ao.
23 ထိုသူတို့က မေဆိယသခင်သည် ဒုက္ခဝေဒနာခံထမ်းမည့် အကြောင်းကိုလည်းကောင်း၊ ကိုယ်တော်သည် သေသူတို့အစုမှ ပထမဦးဆုံး ရှင်ပြန်ထမြောက်မည့် သူအဖြစ်ဖြင့် ဂျူးလူမျိုးများနှင့် လူမျိုးခြားတို့အား အလင်းတော်ကို ပေးတော်မူ မည့်အကြောင်းကိုလည်းကောင်း ဟောထားခဲ့ပါသည်ဟု ချေပလျှောက်ထားလေ၏။
23 Roubininenayan boro biyan nababan ni’akir naatu morobone, moroboyah wanawanahimaim i boro wan namisir marakaw ana yawas Jew sabuw naatu Ufun Sabuw isah nakurereb.”
24 ပေါလုသည် ဤကဲ့သို့ ချေပပြောဆိုနေစဉ် ဖက်စတုက ကျယ်သောအသံဖြင့် ပေါလု၊ သင်ရူးသွပ်နေလေပြီ။ သင်၏ လေ့လာသင်ယူမှုလွန်ကဲခြင်းသည် သင့်စိတ်ကို ရူးသွပ်စေပြီဟု ဆိုလေ၏။-
24 Paul iti na’atube taiyuwin wasfafar eo inan auman Festus Paul isan iwow eo, “O i kubikoko’aw so’obamaim nawiyi in kubikoko’aw!”
25 သို့သော် ပေါလုက မြင့်မြတ်သော ဖက်စတုမင်း၊ အကျွန်ုပ်သည် မရူးသွပ်ပါ။ အကျွန်ုပ်သည် လေးနက်သော အမှန်တရားကို ပြောဆိုခြင်းသာ ဖြစ်ပါသည်။-
25 Paul iya’afut eo, “Ayu i men abikoko’aw, au Aiwobomon! Tur abisa ao i turobe hai yabih auman.
26 ဤအကြောင်းအရာများကို အာဂရိပါမင်းကြီး သိရှိပါသည်။ ထို့ကြောင့် အကျွန်ုပ်သည် ရှေ့တော်၌ ရဲဝံ့စွာ လျှောက်ထားခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာတို့တွင် မင်းကြီးသတိမပြုမိသော အရာမရှိကြောင်း အကျွန်ုပ်အသေအချာ သိပါသည်။ အကြောင်းမူကား ဤအမှုအရာသည် ဆိတ်ကွယ်ရာထောင့်တစ်ထောင့် တွင် ဖြစ်ပျက်ခဲ့သောအရာမဟုတ်ပါ။-
26 Aiwob Agripa, ayu o namaim men erebir auman ao’omih, anayabin iti sawar etei o iso’ob, naatu sawar iti himamatar boro men karam nuhinaburumih. Anayabin iti sawar men ta umasusunamaim mataramih.
27 အာဂရိပါမင်းကြီး၊ အရှင်သည် ပရောဖက်ကျမ်းများကို ယုံကြည်ပါသလော။ အရှင်မင်းကြီး ယုံကြည်သည်ကို အကျွန်ုပ်သိပါသည်ဟု လျှောက်လေ၏။-
27 Aiwob Agripa o dinab orot kubitutumih? Ayu aso’ob o kubitumatum!”
28 ထိုအခါ အာဂရိပါမင်းက ပေါလုအား သင်သည် အချိန်တိုအတွင်း၌ပင် ငါ့ကို ခရစ်ယာန်ဖြစ်စေရန် သွေးဆောင်နေလေပြီဟု ဆိုလေ၏။-
28 Aiwob Agripa Paul iya’afut eo, “O kunotanot iti veya ta’imon o boro ayu dogorou inikitabir anan Kirisiyan anamatar?”
29 ပေါလုကလည်း ကာလတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နား ထောင်ကြသော သူအပေါင်းတို့သည် ဤအချုပ်အနှောင်ခံရခြင်း မှလွဲ၍ အကျွန်ုပ်ကဲ့သို့ ဖြစ်လာကြစေရန် ဘုရားသခင်ထံသို့ အကျွန်ုပ် ဆုတောင်းပါသည်ဟု လျှောက်လေ၏။
29 Paul iya’afut eo, “Veya kabumin o veya manin ayu au yoyoban God isan i men o akis baise kwa iyab iti boun ao kwanonowar i mi’itube kwatan ayu ama’am na’atube kwatamatar. Baise men akokok hinafatum dibur hinayariyi kwanama.”
30 ထို့နောက် မင်းကြီးသည်ထ၍ ဘုရင်ခံနှင့် မိဖုရား ဘားနစ်နှင့်တကွ ၎င်းတို့နှင့် ထိုင်နေသူ အပေါင်းတို့သည်လည်း နေရာမှထကြလေ၏။-
30 Naatu Aiwob orot, gawan orot Bernis, naatu sabuw afa hima’am etei himisir.
31 ထိုသူတို့သည် ထွက်သွားကြစဉ် ဤသူသည် သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံ ထိုက်သည့်ပြစ်မှု တစ်စုံတစ်ရာကိုမျှ မကျူးလွန်ခဲ့ပါဟု အချင်းချင်း ပြောဆိုကြ၏။-
31 Efan hima tur hinonowar hihamiy hitit, naatu taiyuwih turahinah bairi hibidudur hio, “Iti orot i men abisa ta kakafin sinaf boro namorob o dibur narun.”
32 အာဂရိပါမင်းကလည်း ဤသူသည် ဆီဇာဧကရာဇ်ထံ အယူခံမဝင်ခဲ့ပါလျှင် သူ့ကို လွှတ်ပေးနိုင်သည်ဟု ဖက်စတုအား ဆိုလေ၏။
32 Naatu Aiwob Agripa Festus isan eo, “Iti orot Caesar isan baifefeyanina’e tama’am, iti boun boro ata botait.”

Ler em outra tradução

Comparar com outra

Estude este capítulo no WhatsApp

Peça à IA da Bíblia Fala para explicar Atos 26, comparar traduções ou montar um estudo — tudo direto pelo WhatsApp.