Atos 24
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs VC
1 ငါးရက်လွန်သောအခါ ရဟန်းအကြီးအကဲ အာနာနိယသည် သက်ကြီးဝါကြီးအချို့တို့ လိုက်ပါလျက် တေတုလုအမည်ရှိသော ရှေ့နေတစ်ယောက်နှင့်အတူ ရောက်ရှိလာလေ၏။ သူတို့သည်လည်း ဘုရင်ခံဖေလစ်မင်း၏ ရှေ့တော်၌ ပေါလုကို စွဲချက် တင်ကြ၏။-
1 Cinco dias depois, desceu o sumo sacerdote Ananias com alguns anciãos e Tertulo, advogado. Compareceram eles ante o governador para acusar Paulo.
2 ထို့နောက် ပေါလုကို ရှေ့တော်သို့ဆင့်ခေါ်ပြီးသောအခါ တေတုလုသည် သူ့ကို စတင်စွပ်စွဲလျက် လျှောက်ထားသည်မှာ၊ သခင်၏ဘုန်းတော်ကြောင့် အကျွန်ုပ်တို့သည် အလွန်ငြိမ်းချမ်းသာယာစွာ နေထိုင်ကြရပါသည်။ သခင်၏ အမြော်အမြင် ကြီးမားမှုကြောင့် ဤလူမျိုးအတွက် လိုအပ်သော အသစ်ပြုပြင်ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လျက်ရှိပါ၏။-
2 Este foi citado e Tertulo começou a acusá-lo nestes termos: Graças a ti nós gozamos de paz, e pela tua providência se têm corrigido muitos abusos em nossa nação.
3 ဤဆောင်ရွက်ချက်များကို အကျွန်ုပ်တို့သည် အရပ်ရပ်တိုင်း၌ အစဉ်အမြဲကြိုဆိုကြလျက် အထူးကျေးဇူးတင်ရှိကြပါသည်။-
3 Nós o reconhecemos em todo o tempo e lugar, excelentíssimo Félix, com toda a gratidão.
4 အချိန်မကြန့်ကြာစေလိုသဖြင့် အကျွန်ုပ်တို့ အကျဉ်းချုပ် တင်ပြလျှောက်ထားမည့်စကားကို သည်းခံပြီး နားထောင်ပါရန် ပန်ကြားအပ်ပါသည်။-
4 Mas, para não te enfadar por mais tempo, rogo-te que, na tua bondade, nos ouças por um momento.
5 ဤသူသည် အနှောင့်အယှက်ပေးတတ်သောသူဖြစ်၍ ကမ္ဘာပေါ်ရှိ ဂျူးလူမျိုးအပေါင်းတို့အကြားတွင် စိတ်ဝမ်းကွဲပြားစေရန် ဖန်တီးလှုံ့ဆော်ခဲ့ပါသည်။ သူသည် နာဇရက်ဂိုဏ်းသားတို့၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါသည်။-
5 Encontramos este homem, uma peste, um indivíduo que fomenta discórdia entre os judeus no mundo inteiro. É um dos líderes da seita dos nazarenos.
6 သူသည် ဗိမာန်တော်ကိုပင် မရိုမသေပြုရန် ကြိုးစားခဲ့သောကြောင့် အကျွန်ုပ်တို့သည် သူ့ကိုဖမ်းဆီး၍ အကျွန်ုပ်တို့၏ ပညတ်တရားအတိုင်း စစ်ဆေးစီရင်ရန် အလိုရှိခဲ့သော်လည်း၊-
6 Tentou mesmo profanar o templo. Nós, porém, o prendemos.
7 တပ်မှူးလစ္စီယသည် သူ့ကို အကျွန်ုပ်တို့လက်မှ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ပြီး၊-
7 {Quisemos julgá-lo segundo a nossa lei, mas, sobrevindo o tribuno Lísias, no-lo tirou das mãos com grande violência, ordenando que os seus acusadores comparecessem diante de ti.}
8 သူ့ကိုစွပ်စွဲသောသူများကိုလည်း သခင့်ရှေ့မှောက်သို့လာကြရန် အမိန့်ပေးခဲ့ပါသည်။ သခင်ကိုယ်တိုင် သူ့ကို စစ်ဆေး မေးမြန်းပါလျှင် သူ့အား အကျွန်ုပ်တို့ စွပ်စွဲသောအချက်များ အားလုံးကို သူ့ထံမှ သခင်သိရှိနိုင်ပါလိမ့်မည်ဟု လျှောက်လေ၏။
8 Tu mesmo, interrogando-o, poderás verificar todas essas coisas de que nós o acusamos.
9 ဂျူးလူမျိုးများကလည်း ဤအကြောင်းအရာများသည် ဟုတ်မှန်ပါသည်ဟု ဆိုကြလျက် ပေါလုကိုဝိုင်း၍ စွပ်စွဲပြောဆိုကြ၏။
9 Os judeus apoiaram o advogado, confirmando que as coisas de fato eram assim.
10 ထို့နောက် ဘုရင်ခံသည် ပေါလုအား စကားပြောရန် လက်ရိပ်ပြသဖြင့် သူက သခင်သည် ဤလူမျိုးအပေါ် နှစ်ပေါင်းများစွာ တရားစီရင်ခဲ့ကြောင်း အကျွန်ုပ်သိရသဖြင့် အကျွန်ုပ်သည် သခင့်ရှေ့တော်၌ မိမိကိုယ်ကို အပြစ်မရှိကြောင်း ချေပပြောဆိုရသည့် အခွင့်အရေးအတွက် ဝမ်းမြောက်ပါ၏။-
10 Depois disso, a um sinal do governador, Paulo respondeu: Sabendo eu que há muitos anos és governador desta nação, é com confiança que farei a minha defesa.
11 အကျွန်ုပ်သည် ဘုရားဝတ်ပြုရန် ဂျေရုဆလင်မြို့သို့ရောက်ခဲ့သည်မှာ တစ်ဆယ့်နှစ်ရက်သာ ရှိပါသေးသည်။ ဤအကြောင်းကို သခင်ကိုယ်တိုင် စုံစမ်းသိရှိနိုင်ပါသည်။-
11 Podes verificar que não há mais de doze dias que eu subi a Jerusalém para fazer minhas devoções.
12 အကျွန်ုပ်သည် တစ်စုံတစ်ယောက်နှင့် အငြင်းပွားခြင်း၊ သို့မဟုတ် လူအများဆူပူရန် သွေးထိုးလှုံ့ဆော်ခြင်းကို ဗိမာန်တော်၌လည်းကောင်း၊ မြို့တွင်း၌လည်းကောင်း၊ တရားဇရပ်များ၌လည်းကောင်း ပြုလုပ်ခဲ့ကြောင်း သူတို့မတွေ့ခဲ့ကြပါ။-
12 Não me acharam disputando com alguém, nem amotinando o povo, quer no templo, quer nas sinagogas, ou na cidade.
13 ယခု အကျွန်ုပ်အား စွပ်စွဲပြောဆိုကြသည့် အချက်များကိုလည်း သခင့်ထံ၌ သူတို့ သက်သေမပြနိုင်ကြပါ။-
13 Nem tampouco te podem provar as coisas de que agora me acusam.
14 သို့သော် ဂိုဏ်းဟူ၍ သူတို့ခေါ်ဝေါ်ကြသော တရားလမ်းတော်နှင့်အညီ အကျွန်ုပ်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုကြောင်း သခင်၏ရှေ့မှောက်၌ အကျွန်ုပ်ဝန်ခံပါသည်။ ပညတ်တရားကျမ်းများ၌ ပြဋ္ဌာန်းထားသမျှနှင့် ပရောဖက်ကျမ်းများ၌ ရေးထားသမျှ အားလုံးကိုလည်း အကျွန်ုပ်ယုံကြည်ပါသည်။-
14 Reconheço na tua presença que, segundo a doutrina que eles chamam de sectária, sirvo a Deus de nossos pais, crendo em todas as coisas que estão escritas na lei e nos profetas.
15 ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူတို့သည် သေခြင်းမှ ထမြောက်ကြလိမ့်မည်ဟူ၍ သူတို့ကိုယ်တိုင် မျှော်လင့်ကြသည့်နည်းတူ အကျွန်ုပ်သည်လည်း ဘုရားသခင်ကိုအမှီပြု၍ မျှော်လင့်ပါ၏။-
15 Tenho esperança em Deus, como também eles esperam, de que há de haver a ressurreição dos justos e dos pecadores.
16 သို့ဖြစ်၍ အကျွန်ုပ်သည် ဘုရားသခင်၏ရှေ့တော်၌လည်းကောင်း၊ လူတို့ရှေ့၌လည်းကောင်း အပြစ်ကင်းလွတ်သော စိတ်သဘောရှိရန် အစဉ်ကြိုးစားအားထုတ်ပါ၏။
16 Por isso, procuro ter sempre sem mácula a minha consciência diante de Deus e dos homens.
17 ယခု နှစ်ပေါင်းများစွာကြာပြီးမှ အကျွန်ုပ်သည် မိမိလူမျိုးအား ကူညီထောက်ပံ့ရန်နှင့် ဘုရားသခင်အား ပူဇော်သကာ ဆက်ကပ်ရန် ငွေများနှင့်အတူ ဂျေရုဆလင်မြို့သို့ ပြန်ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။-
17 Depois de muitos anos {de ausência} vim trazer à minha nação esmolas e oferendas {rituais}.
18 အကျွန်ုပ်သည်လည်း ဤအတိုင်းလုပ်ဆောင်လျက် ဗိမာန်တော်၌ စင်ကြယ်ခြင်းဝတ်ကို ပြုလုပ်စဉ် ထိုသူတို့သည် အကျွန်ုပ်ကို တွေ့ ကြခြင်းဖြစ်ပါ၏။ ထိုအချိန်၌ အကျွန်ုပ်နှင့်အတူ လူအစုအဝေးလည်းမရှိပါ။ ဆူပူလှုပ်ရှားမှုလည်း မဖြစ်ခဲ့ပါ။-
18 Nesta ocasião, acharam-me no templo, depois de uma purificação, sem aglomeração e sem tumulto.
19 သို့ရာတွင် အာရှပြည်မှလာသော ဂျူးလူမျိုးအချို့သည် ထိုနေရာ၌ ရှိကြပါ၏။-
19 Viram-me ali uns judeus vindos da Ásia, e estes é que deviam comparecer diante de ti e me acusar, se tivessem alguma queixa contra mim.
20 ထိုသူတို့သည် အကျွန်ုပ်အပေါ် စွပ်စွဲပြစ်တင်စရာရှိခဲ့ပါလျှင် သူတို့ကိုယ်တိုင် ဤနေရာသို့လာ၍ သခင်၏ရှေ့တော်၌ စွပ်စွဲသင့်ပါသည်။-
20 Ou digam estes aqui que crime terão achado em mim, quando eu compareci diante do Grande Conselho.
21 သို့မဟုတ်ပါကလည်း အကျွန်ုပ်သည် ဘာသာရေးလွှတ်တော်ရှေ့၌ ချေပပြောဆိုခဲ့စဉ်တွင် သူတို့ရှေ့၌ရပ်လျက် သေသူတို့ ရှင်ပြန်ထမြောက်ကြမည်ကို ယုံကြည်သောကြောင့် ယနေ့ သင်တို့ရှေ့တွင် အကျွန်ုပ်စစ်ဆေးခံရခြင်း ဖြစ်သည်ဟူ၍ ကြွေးကြော်ခဲ့သည်မှအပ အခြားပြစ်မှု တစ်စုံတစ်ခုရှိကြောင်း သူတို့ဖော်ပြကြပါစေဟု လျှောက်ထားလေ၏။
21 A não ser esta única frase que proferi em voz alta no meio deles: Por causa da ressurreição dos mortos é que sou julgado hoje diante de vós!
22 ဖေလစ်သည်ကား တရားလမ်းတော်အကြောင်းကို အတော်အတန် သိရှိထားပြီးဖြစ်သောကြောင့် ဤအမှုကို ရွှေ့ဆိုင်းလိုက်ပြီး တပ်မှူးလစ္စီယ ရောက်လာသောအခါ သင်တို့၏အမှုကို ငါစီရင်ဆုံးဖြတ်မည်ဟု မိန့်ဆိုလေ၏။-
22 Félix conhecia bem esta religião e, adiando a questão, disse: Quando descer o tribuno Lísias, então examinarei a fundo a vossa questão.
23 ထို့နောက် သူသည် လူတစ်ရာတပ်မှူးအား ပေါလုကို အစောင့်အကြပ်များနှင့် အကျယ်ချုပ်ထားစေပြီး သူ့မိတ်ဆွေများက သူ၏လိုအပ်ချက်များ ဆောင်ရွက်ပေးခြင်းကိုလည်း မတားမြစ်ရန် အမိန့်ပေးလေ၏။
23 Ordenou ao centurião que o guardasse e o tratasse com brandura, sem proibir que os seus o servissem.
24 ရက်အနည်းငယ်ကြာသောအခါ ဖေလစ်သည် မိမိ၏ဇနီး ဒရူဆီလာနှင့်အတူ ရောက်လာ၏။ သူမသည် ဂျူးအမျိုးသမီး တစ်ယောက်ဖြစ်လေ၏။ ဖေလစ်သည်လည်း ပေါလုကိုခေါ်စေပြီးလျှင် သူဟောပြောသော ယေဇူးခရစ်တော်၌ ယုံကြည်ခြင်း အကြောင်းကို ကြားနာလေ၏။-
24 Passados que foram alguns dias, veio Félix com sua mulher Drusila, que era judia. Chamou Paulo e ouvia-o falar da fé em Jesus Cristo.
25 ဤသို့ဖြင့် ပေါလုသည် တရားမျှတခြင်း၊ စိတ်ချုပ်တည်းခြင်းနှင့် ရောက်လာလတ္တံ့သော တရားစီရင်တော်မူရာ နေ့ရက်အကြောင်းတို့ကို ဟောပြောသွန်သင်သောအခါ ဖေလစ်သည် ကြောက်လန့်၍ ယခုသင်သွားနိုင်ပြီ၊ နောင်တွင် အခွင့်အခါကြုံလျှင် သင့်ကိုငါခေါ်ဦးမည်ဟုဆို၏။-
25 Mas, como Paulo lhe falasse sobre a justiça, a castidade e o juízo futuro, Félix, todo atemorizado, disse-lhe: Por ora, podes retirar-te. Na primeira ocasião, chamar-te-ei.
26 တစ်ချိန်တည်း၌ပင် သူသည် မိမိအား ပေါလုလာဘ်ထိုးမည်ဟု မျှော်လင့်လျက် ပေါလုကို မကြာခဏခေါ်၍ စကား ပြောလေ၏။-
26 Esperava outrossim, ao mesmo tempo, que Paulo lhe desse algum dinheiro, pelo que o mandava chamar com freqüência e se entretinha com ele.
27 သို့သော် နှစ်နှစ်ကြာပြီးနောက် ပေါ်စီဦးဖက်စတုသည် ဖေလစ်၏နေရာကိုဆက်ခံလေ၏။ ဖေလစ်သည် ဂျူးလူမျိုးတို့ရှေ့မှောက်၌ မျက်နှာရလိုသဖြင့် ပေါလုကိုဆက်လက်၍ အကျဉ်းချထားခဲ့လေ၏။
27 Decorridos dois anos, Félix teve por sucessor a Pórcio Festo. Querendo, porém, agradar aos judeus, deixou Paulo na prisão.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 24, comparar traduções ou montar um estudo — tudo direto pelo WhatsApp.