Atos 23
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (BURCBCM) vs ARA
1 ပေါလုသည်လည်း ဘာသာရေးလွှတ်တော် အဖွဲ့ဝင်များကို စေ့စေ့ကြည့်လျက် ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ယနေ့ထက်တိုင် ဘုရားသခင်၏ ရှေ့တော်၌ အပြစ်ကင်းလွတ်သော စိတ်သဘောဖြင့် နေထိုင်ကျင့်ကြံခဲ့ပါသည်ဟု ဆိုလေ၏။-
1 Fitando Paulo os olhos no Sinédrio, disse: Varões, irmãos, tenho andado diante de Deus com toda a boa consciência até ao dia de hoje.
2 ထိုအခါ ရဟန်းအကြီးအကဲ အာနာနိယသည် အနီးတွင်ရပ်နေကြသော သူတို့အား ပေါလု၏နှုတ်ကိုရိုက်ရန် အမိန့်ပေးလေ၏။-
2 Mas o sumo sacerdote, Ananias, mandou aos que estavam perto dele que lhe batessem na boca.
3 ထိုအခါ ပေါလုက အသင် ထုံးဖြူသုတ်ထားသော အုတ်တံတိုင်း၊ ဘုရားသခင်သည် သင့်ကိုရိုက်လိမ့်မည်။ သင်သည် ပညတ်တရားနှင့်အညီ အကျွန်ုပ်ကိုစီရင်ရန် ထိုနေရာတွင် ထိုင်နေပါလျက်နှင့် အကျွန်ုပ်ကိုရိုက်နှက်ရန် စေခိုင်းခြင်းအားဖြင့် ပညတ်တရားကို ချိုးဖောက်လေပြီဟုဆို၏။-
3 Então, lhe disse Paulo: Deus há de ferir-te, parede branqueada! Tu estás aí sentado para julgar-me segundo a lei e, contra a lei, mandas agredir-me?
4 အနီးတွင်ရပ်နေကြသော သူတို့က သင်သည် ဘုရားသခင်၏ ရဟန်းအကြီးအကဲကို စော်ကားဝံ့ပါသလောဟု သူ့အား ဆိုကြ၏။-
4 Os que estavam a seu lado disseram: Estás injuriando o sumo sacerdote de Deus?
5 ထိုအခါ ပေါလုက ညီအစ်ကိုတို့၊ ထိုသူသည် ရဟန်းအကြီးအကဲဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အကြောင်းမူကား သင်၏လူမျိုးကို အုပ်စိုးသောမင်းအား မကောင်းမပြောရဟု ကျမ်းစာတော်မြတ်တွင် ရေးထားလျက် ရှိသောကြောင့် ဖြစ်ပါသည်ဟု ဆိုလေ၏။
5 Respondeu Paulo: Não sabia, irmãos, que ele é sumo sacerdote; porque está escrito: Não falarás mal de uma autoridade do teu povo.
6 သို့သော် ထိုသူတို့တွင် အချို့တို့သည် ဖာရီဇေးဦးများဖြစ်ကြ၍ အချို့တို့သည် ဇာဒူခေးဦးများဖြစ်ကြောင်းကို ပေါလုသတိပြုမိသောအခါ သူက အစ္စရာအဲလ်လူမျိုး ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရီဇေးဦးဖြစ်ပါသည်။ ဖာရီဇေးဦး၏ သားလည်းဖြစ်ပါသည်။ သေသူတို့သည် ရှင်ပြန်ထမြောက်ရမည်ဟု မျှော်လင့်ခြင်းကြောင့် အကျွန်ုပ်သည် ဤနေရာ၌ စစ်ဆေးစီရင်ခြင်းကို ခံနေရပါသည်ဟု ဘာသာရေးလွှတ်တော်အဖွဲ့ရှေ့တွင် ကြွေးကြော်လေ၏။-
6 Sabendo Paulo que uma parte do Sinédrio se compunha de saduceus e outra, de fariseus, exclamou: Varões, irmãos, eu sou fariseu, filho de fariseus! No tocante à esperança e à ressurreição dos mortos sou julgado!
7 သူသည် ထိုစကားကို ပြောဆိုပြီးသောအခါ ဖါရီဇေးဦးများနှင့် ဇာဒူခေးဦးတို့သည် အပြင်းအထန် သဘောကွဲလွဲကြပြီး ဘာသာရေးလွှတ်တော်အဖွဲ့သည် နှစ်ဖွဲ့ကွဲသွားလေ၏။-
7 Ditas estas palavras, levantou-se grande dissensão entre fariseus e saduceus, e a multidão se dividiu.
8 အကြောင်းမူကား ဇာဒူခေးဦးတို့က သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန်တော်နှင့် နာမ်ဝိညာဉ်တို့မရှိဟု ပြောဆိုကြသောကြောင့်ဖြစ်၏။ ဖာရီဇေးဦးတို့မူကား ဤသုံးပါးစလုံးရှိသည်ဟု ယုံကြည်လက်ခံထားကြ၏။-
8 Pois os saduceus declaram não haver ressurreição, nem anjo, nem espírito; ao passo que os fariseus admitem todas essas coisas.
9 ထို့နောက် ဆူညံသံများ ပိုမိုကျယ်လောင်လာပြီး ဖာရီဇေးဦးတို့၏ အဖွဲ့တွင်ပါဝင်သော ကျမ်းတတ်ဆရာအချို့တို့သည် ထကြ၍ ငါတို့သည် ဤသူ၌ မည်သည့်အပြစ်ကိုမျှမတွေ့။ သူ့အား နာမ်ဝိညာဉ်ကဖြစ်စေ၊ ကောင်းကင်တမန်တော်တစ်ပါးက ဖြစ်စေ ဗျာဒိတ်ပေးကောင်း ပေးခဲ့ပေလိမ့်မည်ဟု ငြင်းခုံပြောဆိုကြ၏။-
9 Houve, pois, grande vozearia. E, levantando-se alguns escribas da parte dos fariseus, contendiam, dizendo: Não achamos neste homem mal algum; e será que algum espírito ou anjo lhe tenha falado?
10 ဤသို့ဖြင့် သဘောထားကွဲလွဲမှု ပြင်းထန်လာသောအခါ ပေါလုအား အပိုင်းပိုင်းဆွဲဖြတ်ကြမည်ကို ရောမတပ်မှူးသည် စိုးရိမ်သောကြောင့် စစ်သူရဲများကို ဆင်းသွားစေ၍ ပေါလုကို ထိုသူတို့အလယ်မှ အတင်းအကျပ် ခေါ်ဆောင်လာစေပြီး ခံတပ်အတွင်းသို့ပို့ရန် အမိန့်ပေးလေ၏။
10 Tomando vulto a celeuma, temendo o comandante que fosse Paulo espedaçado por eles, mandou descer a guarda para que o retirassem dali e o levassem para a fortaleza.
11 ထိုည၌ သခင်ဘုရားသည် ပေါလုအနီးတွင်ရပ်နေလျက် မကြောက်နှင့်၊ သင်သည် ဂျေရုဆလင်မြို့ ၌ ငါ၏အကြောင်းကို သက်သေခံခဲ့သည့်နည်းတူ ရောမမြို့တွင်လည်း သက်သေခံရမည်ဟု မိန့်တော်မူ၏။
11 Na noite seguinte, o Senhor, pondo-se ao lado dele, disse: Coragem! Pois do modo por que deste testemunho a meu respeito em Jerusalém, assim importa que também o faças em Roma.
12 နောက်တစ်နေ့နံနက်တွင် အချို့သောဂျူးလူမျိုးတို့ သည် စုဝေးကြလျက် ပေါလုကို မသတ်ရမချင်း မစားမသောက်ကြရန် အဓိဋ္ဌာန်ပြုကြလေ၏။-
12 Quando amanheceu, os judeus se reuniram e, sob anátema, juraram que não haviam de comer, nem beber, enquanto não matassem Paulo.
13 ထိုသို့လျှို့ဝှက်ကြံစည်သူတို့မှာ အယောက်လေးဆယ်ကျော်ရှိကြ၏။-
13 Eram mais de quarenta os que entraram nesta conspirata.
14 ထိုသူတို့သည် ရဟန်းအကြီးအကဲများနှင့် သက်ကြီးဝါကြီးတို့ထံ သွားကြ၍ အကျွန်ုပ်တို့သည် ပေါလုကို မသတ်ရမချင်း မည်သည့်အရာကိုမျှ မစားကြရန် အဓိဋ္ဌာန်ပြုပြီး ဖြစ်ပါ၏။-
14 Estes, indo ter com os principais sacerdotes e os anciãos, disseram: Juramos, sob pena de anátema, não comer coisa alguma, enquanto não matarmos Paulo.
15 သို့ဖြစ်ပါ၍ ယခုအရှင်တို့နှင့် လွှတ်တော်အရာရှိများသည် ပေါလု၏အမှုကို ပို၍တိကျစွာ စစ်ဆေးလိုဟန်ဖြင့် သူ့ကိုအရှင်တို့ထံသို့ ခေါ်ဆောင်လာပါရန် ရောမတပ်မှူးအား အကြောင်းကြားပါလော့။ သို့ရာတွင် အရှင်တို့ထံသို့ သူမရောက်မီ အကျွန်ုပ်တို့သည် သူ့ကိုသတ်ရန် အသင့်စောင့်နေကြပါမည်ဟု လျှောက်ကြ၏။
15 Agora, pois, notificai ao comandante, juntamente com o Sinédrio, que vo-lo apresente como se estivésseis para investigar mais acuradamente a sua causa; e nós, antes que ele chegue, estaremos prontos para assassiná-lo.
16 ထိုသို့လမ်းမှ ဆီးကြိုတိုက်ခိုက်မည့်အကြံကို ပေါလု၏တူဖြစ်သူ ကြားသိသွားသောအခါ သူသည်လာ၍ ခံတပ်အတွင်းသို့ ဝင်ပြီး ပေါလုအား ပြောပြလေ၏။-
16 Mas o filho da irmã de Paulo, tendo ouvido a trama, foi, entrou na fortaleza e de tudo avisou a Paulo.
17 ထိုအခါ ပေါလုသည် လူတစ်ရာတပ်မှူးတစ်ဦးကိုခေါ်၍ ဤလူရွယ်ကို တပ်မှူးထံပို့ပေးပါ။ သူ၌ တပ်မှူးအား သတင်း ပေးစရာရှိပါသည်ဟု ဆိုလေ၏။-
17 Então, este, chamando um dos centuriões, disse: Leva este rapaz ao comandante, porque tem alguma coisa a comunicar-lhe.
18 သို့ဖြစ်၍ လူတစ်ရာတပ်မှူးသည် ထိုလူရွယ်ကို တပ်မှူးထံသို့ခေါ်သွားပြီးလျှင် အကျဉ်းသားပေါလုသည် အကျွန်ုပ်ကိုခေါ်၍ ဤလူငယ်၌ အရှင့်အား သတင်းပေးစရာရှိသည့်အတွက် သူ့ကို အရှင့်ထံသို့ ပို့ပေးပါမည့်အကြောင်း တောင်းဆိုခဲ့ပါသည်ဟု ဆိုလေ၏။-
18 Tomando-o, pois, levou-o ao comandante, dizendo: O preso Paulo, chamando-me, pediu-me que trouxesse à tua presença este rapaz, pois tem algo que dizer-te.
19 ထိုအခါ ရောမတပ်မှူးသည် လူရွယ်၏လက်ကိုဆွဲ၍ ဘေးဘက်သို့ ခေါ်သွားပြီးလျှင် သင်သည် ငါ့အား မည်သည့် အကြောင်းကိစ္စကို တင်ပြလိုသနည်းဟု သီးခြားမေးလေ၏။-
19 Tomou-o pela mão o comandante e, pondo-se à parte, perguntou-lhe: Que tens a comunicar-me?
20 ထိုလူရွယ်ကလည်း ဂျူးလူမျိုးတို့သည် ပေါလု၏အမှုကို ပို၍တိကျစွာ စုံစမ်းစစ်ဆေးလိုဟန်ဖြင့် ပေါလုကို မနက်ဖြန်နေ့၌ တရားရုံးသို့ ခေါ်ဆောင်လာရန် အရှင့်အား တောင်းပန်ကြမည်ဟု တိုင်ပင်ထားကြပါ၏။-
20 Respondeu ele: Os judeus decidiram rogar-te que, amanhã, apresentes Paulo ao Sinédrio, como se houvesse de inquirir mais acuradamente a seu respeito.
21 သို့သော် သူတို့အား မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်ခန့်သည် လမ်းတွင် ချောင်းမြောင်းတိုက်ခိုက်ရန် စောင့်လျက်ရှိကြပါသည်။ ထိုသူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ဘဲနေကြရန် အဓိဋ္ဌာန်ပြုထားကြပါသည်။ ထိုသူတို့သည် ပေါလုကိုသတ်ရန် ယခုပင် အသင့်ပြင်ဆင်ကာ အရှင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပါသည်ဟု ဆိုလေ၏။-
21 Tu, pois, não te deixes persuadir, porque mais de quarenta entre eles estão pactuados entre si, sob anátema, de não comer, nem beber, enquanto não o matarem; e, agora, estão prontos, esperando a tua promessa.
22 ရောမတပ်မှူးကလည်း သင်သည် ငါ့အား ဤသတင်းကို ပေးပို့ခဲ့ကြောင်း မည်သူ့ကိုမျှ မပြောနှင့်ဟုဆို၍ လူရွယ်ကို ပြန်လွှတ်လိုက်လေ၏။
22 Então, o comandante despediu o rapaz, recomendando-lhe que a ninguém dissesse ter-lhe trazido estas informações.
23 ထို့နောက် ရောမတပ်မှူးသည် လူတစ်ရာတပ်မှူး နှစ်ယောက်ကိုခေါ်၍ ပြောသည်မှာ ယနေ့ည ကိုးနာရီတွင် ဆီဇားရိယမြို့သို့ ထွက်ခွာရန် စစ်သူရဲနှစ်ရာ၊ မြင်းစီးသူရဲခုနစ်ဆယ်နှင့် လှံကိုင်သူရဲနှစ်ရာတို့ကို အဆင်သင့်ပြင်ဆင်ထားလော့။-
23 Chamando dois centuriões, ordenou: Tende de prontidão, desde a hora terceira da noite, duzentos soldados, setenta de cavalaria e duzentos lanceiros para irem até Cesareia;
24 ပေါလုစီးရန်မြင်းကိုလည်း ပြင်ထား၍ သူ့ကို ဖေလစ်မင်းထံသို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးကြလော့ဟု အမိန့်ပေးလေ၏။-
24 preparai também animais para fazer Paulo montar e ir com segurança ao governador Félix.
25 ထို့နောက် ရောမတပ်မှူးသည် ဘုရင်ခံထံသို့ စာတစ်စောင်ကိုလည်း ရေးပေးလိုက်လေ၏။
25 E o comandante escreveu uma carta nestes termos:
26 ထိုစာတွင် ရေးထားသည်ကား ကလောဒီဦးလစ္စီယထံမှ ရိုသေလေးစားအပ်သော ဘုရင်ခံဖေလစ်ထံသို့ နှုတ်ခွန်းဆက်သ လိုက်ပါသည်။-
26 Cláudio Lísias ao excelentíssimo governador Félix, saúde.
27 ဂျူးလူမျိုးတို့သည် ဤသူ့ကိုဖမ်းဆီး၍ သတ်မည်ပြုကြပါသည်။ သို့သော် သူသည် ရောမနိုင်ငံသားဖြစ်ကြောင်း အကျွန်ုပ်ကြားသိရ သောကြောင့် စစ်သူရဲများနှင့်အတူ သွားပြီးလျှင် သူ့ကို ကယ်ဆယ်ထားခဲ့ပါသည်။-
27 Este homem foi preso pelos judeus e estava prestes a ser morto por eles, quando eu, sobrevindo com a guarda, o livrei, por saber que ele era romano.
28 အကျွန်ုပ်သည် သူ့ကို ဂျူးလူမျိုးတို့က မည်သို့သောစွဲချက်ဖြင့် အပြစ်တင်ကြသည်ကို သိလိုသဖြင့် သူတို့၏တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ပါ သည်။-
28 Querendo certificar-me do motivo por que o acusavam, fi-lo descer ao Sinédrio deles;
29 သူသည် ထိုသူတို့၏ပညတ်တရားနှင့်ဆိုင်သော ပြဿနာများဖြင့် စွဲချက်တင်ခံရခြင်းဖြစ်သော်လည်း သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံထိုက်သော အပြစ်တစ်စုံတစ်ရာ မရှိကြောင်း အကျွန်ုပ်တွေ့ရှိခဲ့ပါ၏။-
29 verifiquei ser ele acusado de coisas referentes à lei que os rege, nada, porém, que justificasse morte ou mesmo prisão.
30 ထို့နောက် သူ့ကိုလုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေကြသည့် သတင်းကိုရရှိသဖြင့် အကျွန်ုပ်သည် သူ့ကို အရှင့်ထံသို့ ယခုချက်ချင်း စေလွှတ်လိုက်ပါသည်။ သူ့ကိုစွပ်စွဲအပြစ်တင် သူများအားလည်း သူနှင့်ပတ်သက်၍ ပြောရန်ရှိသည်တို့ကို အရှင်၏ရှေ့မှောက်၌ လျှောက်ထားစေခြင်းငှာ အကျွန်ုပ် ညွန်ကြားလိုက်ပါသည်။ ကျန်းမာပါစေဟူ၍ ပါရှိလေ၏။
30 Sendo eu informado de que ia haver uma cilada contra o homem, tratei de enviá-lo a ti, sem demora, intimando também os acusadores a irem dizer, na tua presença, o que há contra ele. [Saúde.]
31 သို့ဖြစ်၍ စစ်သူရဲတို့သည် အမိန့်အတိုင်း ထိုညတွင် ပေါလုကို အန္တီပတ္ထရစ်မြို့အထိပို့ဆောင်ကြ၏။-
31 Os soldados, pois, conforme lhes foi ordenado, tomaram Paulo e, durante a noite, o conduziram até Antipátride;
32 နောက်တစ်နေ့တွင် သူတို့သည် ခံတပ်သို့ပြန်လာခဲ့ကြပြီး မြင်းစီးသူရဲများကိုမူ ပေါလုနှင့်အတူ ဆက်လက်လိုက်ပါသွားရန် ထားခဲ့ကြ၏။-
32 no dia seguinte, voltaram para a fortaleza, tendo deixado aos de cavalaria o irem com ele;
33 ဤသို့ဖြင့် ထိုသူတို့သည် ဆီဇားရိယမြို့သို့ ရောက်ကြသောအခါ တပ်မှူး၏စာကို ဘုရင်ခံထံ ဆက်သကြကာ ပေါလုကိုလည်း ရှေ့တော်သို့သွင်းကြ၏။-
33 os quais, chegando a Cesareia, entregaram a carta ao governador e também lhe apresentaram Paulo.
34 ဘုရင်ခံသည်လည်း စာကိုဖတ်ပြီးမှ သင်သည် မည်သည့်နယ်မှ လာသနည်းဟု ပေါလုကို မေးလေ၏။ ပေါလုသည် စီလိစိယနယ်မှ လာကြောင်း သူသိရသောအခါ၊-
34 Lida a carta, perguntou o governador de que província ele era; e, quando soube que era da Cilícia,
35 ဘုရင်ခံက သင့်ကိုစွပ်စွဲသူများ ရောက်လာကြသောအခါ သင်၏အမှုကို ငါကြားနာမည်ဟုဆို၏။ ထို့နောက် သူသည် ပေါလုကို ဟေရုဒ်၏ နန်းတော်အတွင်း၌ အစောင့်အကြပ်နှင့်ထားရန် အမိန့်ပေးလေ၏။
35 disse: Ouvir-te-ei quando chegarem os teus acusadores. E mandou que ele fosse detido no pretório de Herodes.
Atalhos do teclado
- Capítulo anterior←
- Próximo capítulo→
- Versículo anteriork
- Próximo versículoj
- Limpar seleçãoEsc
- Esta ajuda?
Estude este capítulo no WhatsApp
Peça à IA da Bíblia Fala para explicar Atos 23, comparar traduções ou montar um estudo — tudo direto pelo WhatsApp.